အေဖ အသက္ ၁၀၀ ျပည့္အမွတ္တရ...
အော်...ဘာလိုလိုနဲ့ အဖေဆုံးတာ ၁၀ နှစ်တောင်ရှိသွားပြီ။ အသက် ၉၀ မှာဆုံးတာဆိုတော့ အဖေရှိသေးရင် အခုဆို အသက် ၁၀၀ ပြည့်တဲ့နှစ်ပေါ့။ တိုင်းပြည်အခြေအနေအရ ပြန်လို့မရတဲ့ အချိန်ဆိုတော့ အဖေ့နောက်ဆုံးခရီးမှာ အဝေးကနေဘဲ ကန်တော့ဖြစ်ပါတယ်။ အဖေက နောက်ဆုံးနေမကောင်းဖြစ်တော့၊ ဆေးရုံမသွားခင် သူခန္ဓာကိုယ်လှူထားတဲ့ Certificate ကို သူကိုယ်တိုင်ယူပြီး ဆေးရုံကုတင်ခေါင်းရင်းမှာ တင်ထားတာတဲ့။ အဖေမဆုံးခင် ဖုန်းပြောဖြစ်တော့ သူနေကောင်းတယ်တဲ့၊ စိတ်မပူနဲ့တဲ့၊ အဆင်ပြေအောင်နေတဲ့။ သူ့မြေးတွေအကြောင်းမေး၊ အဖေက မလုံးကလေး ၃ ယောက် ဖိုးပါ၊ ဖိုးတာနဲ့ ဝါဝါ တို့ရဲ့ ပညာရေး Status ကို အမြဲမေး။ သူက ရန်ကုန်မှာ ပြုစုမယ့်လူတွေ ဝိုင်းဝိုင်းလည်နေတာတဲ့၊ ခပ်ပျော်ပျော်၊ ရယ်ရယ်မောမောဘဲပြောနေတာ။ သူဘာမှမဖြစ်သလိုပါဘဲ။ မဆုံးခင်အချိန်အထိ သတိအမြဲရှိနေခဲ့တယ်လို့ ယူဆရပါတယ်။ အဖေ့ကို ဆေးရုံမှာအနီးကပ်ပြုစုတဲ့ သမီးအကြီးဆုံးဒေါက်တာမေမြင့်ဦးရဲ့ မွေးနေ့က အောက်တိုဘာလ ၁၇ ရက်နေ့၊ ခဲအိုဒေါက်တာခင်မောင်သွင်က သူ့ဇနီး အဖေ့အနားမှာ နေ့ညပြုစုနေရလို့ပင်ပန်းတာရယ်၊ မွေးနေ့ Breakfast စားဖို့ အပြင်ခေါ်ထုတ်တဲ့အချိန်နောက်ပိုင်း၊ အဲဒီနေ့မှာဘဲ အဖေဆုံးသွားတာဆိုတော့ လွတ်လွတ်ကျွတ်ကျွတ် ဘဝကူးပြောင်းနိုင်ခဲ့ပုံရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့အဖေ၊ မသေခင် သူ့ပိုင်ဆိုင်မှုတွေ အားလုံး သားကြီးနံမည်နဲ့ လွှဲပေးခဲ့၊ လှူစရာရှိတာတွေ အပြတ်လှူ (နိုင်ငံတော်ကပေးအပ်တဲ့ ဆုတွေကို ရခိုင်ပြည်နယ်ကပြတိုက်ကိုလှူခဲ့တာ၊ ပါလီမန်အစိုးရလက်ထက်က ရခဲ့တဲ့ ၃ ကျပ်သား ဇေယျကျော်ထင်ရွှေပြား အပါအဝင် ဆုတံဆိပ်တွေ)၊ ပိုင်ဆိုင်တာဆိုလို့ သုဝဏ္ဏ လူကြီးမွဲရပ်ကွက်က အိမ်အိုလေးတလုံးပါ။ သူ့သားကြီးကိုဝေလင်းအောင်ကိုလည်း မှာခဲ့တယ်။ မောင်နှမတွေ ဥမကွဲသိုက်မပျက် ချစ်ချစ်ခင်ခင်နေကြဖို့။
အမေကလည်း အဖေ့ထက်တောင် လောဘနည်းပါတယ်။ နှစ်ဘက်အမျိုး ဘယ်သူလာလာ၊ မငြိုညင်ဘူး။ လျက်လျော ပေးကမ်းတဲ့နေရာမှာ စံပြ၊ သူလုပ်နိုင်တဲ့ အထိ နေ့စဉ် ဆွမ်းလောင်းမပျက်၊ ဗိုလ်မှူးကြီးကတော်ဆိုပြီး နားပေါက်တောင်မရှိတဲ့အမေပါ။ ဘာလက်ဝတ်ရတနာမှ မမက်၊ ဆံပင်ကို အမြဲဘီးစပတ်နဲ့ ထုံးတော့ လက်ဝတ်ရတနာဆိုလို့ ရွှေဘီးတချောင်းဘဲပိုင်တာ။ အလှဖီးမဟုတ်၊ တကယ်ဖီးလို့ရတဲ့ ရွှေဘီး။ အမေ့ မိဘလက်ထက်ကတည်းကသုံးခဲ့တဲ့ရွှေဘီး။ သေတဲ့အထိ မျက်နှာမှာ မိတ်ကပ်မလိမ်းဖူးဘူး၊ မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ သနပ်ခါးရေကြဲလိမ်းတာ။ အသက် ၉၀ အရွယ်သေတဲ့အထိ အမေ့အသားက ဝင်းနုစိုပြေ၊ မှဲ့ပေါက်ကင်းစင်နေတာပါဘဲတဲ့။ အမေက အဖေဆုံးပြီး ၉ လအကြာ၊ အသက် ၉၀ အရွယ်မှာဆုံးပါတယ်။ အမေဆုံးပြီး ၂ လအကြာမှာ မလုံးပြည်တော်ပြန်ခွင့်ရပါတယ်။
အဖေနဲ့ အမေက ညီအကိုမောင်နှမ မရှိကြတော့၊(အဖေက ညီတယောက်ရှိခဲ့ပေမဲ့ ငယ်ငယ်နဲ့ ဆုံးသွားတယ်တဲ့၊ အမေက အမ ၂ ယောက်စလုံး စစ်ပြေးချိန် တောရွာမှာ အဆုတ်ရောဂါနဲ့ ဆုံးကြတာတဲ့) သားသမီး ၇ ယောက်စလုံး ကိုမေတ္တာအပြည့်နဲ့ ချစ်ခဲ့၊ ကျွေးမွေးပြုစုခဲ့လို့ ဒီနေ့အထိ သိပ်ချစ်ကြတဲ့မောင်နှမတွေအဖြစ်၊ အမျိုးတွေကော၊ မိတ်ဆွေ အသိုင်းအဝိုင်းတွေကပါ ချီးကျူးကြရတဲ့အထိပါဘဲ။ မေတ္တာရတဲ့ ကလေးတွေက မေတ္တာထားတတ်ကြတဲ့ သဘာဝပါ။ သားသမီး ၇ ယောက်စလုံး ပညာတတ်၊ အသက်မွေးမှုပညာပြည့်စုံကြသလို၊(ဆရာဝန်၊ စစ်ဗိုလ်၊ လေယာဉ်မှူးကြီး၊ တက္ကသိုလ်ကထိက၊ အင်ဂျင်နီယာ၊ လေကြောင်းပြအရာရှိ ) မြေးတွေ၊ မြစ်တွေအထိ ပညာထူးချွန်ကြတာ အဖေနဲ့အမေတို့ရဲ့ DNA မျိုးဗီဇ ကောင်းလို့ဖြစ်မှာပါ။
တခါတလေ Facebook မှာတွေ့ဘူးပါတယ်။မောင်နှမတွေ သိပ်ချစ်ကြတယ်လား၊ အမွေကောခွဲပြီးကြပြီလားတဲ့။ မောင်နှမ ၇ ယောက် မိဘ ထားခဲ့တဲ့အမွေခွဲလိုက်ကြတာ၊ ဘာသံမှမကြားရ၊ အားလုံး အညီအမျှ၊ အမွေမခွဲခင်ကလည်း တယောက်လိုရင် ရှိတဲ့တယောက်က ကူတာပါဘဲ။ အမကြီးနဲ့ အကိုကလည်း အကြီးတွေ ပီသပါပေတယ်။ မောင် ၃ ယောက်ကလည်း ချစ်စရာကောင်း၊ ယောင်းမတွေလည်း မေ့ထားလို့မရ၊ အဖေနဲ့အမေက ချွေးမတွေ၊ သားမက်တွေကို သားသမီးအရင်းတွေလိုဘဲ ချစ်ခဲ့ကြပါတယ်။ အမလတ်မကြည်ကတော့ အအေးဆုံး၊ ဘယ်သူ့ကိုမှ ဒုက္ခမပေး၊ အမေနဲ့အဖေကို မဆုံးခင်အချိန်အထိ အနီးကပ်ပြုစုခဲ့တဲ့ တုနှိုင်းမရတဲ့ ကုသိုလ်ကြောင့်၊ အမေကြီးကားမှာ အိမ်အကြီးကြီး၊ ကားအကြီးကြီးနဲ့ မကြောင့်မကျ၊ မတောင့်မတ ပြည့်စုံစွာ တဦးတည်းသောသမီး ဆရာဝန်မရဲ့ မြေးတွေကို ပျော်ပျော်ကြီးထိန်း နေလေရဲ့။
နိုင်ငံခြားရေးဝန်ကြီးဌာန MOFA 80 Assistant Officer/ Attaché batch အတူတူဝင်ခဲ့ကြတဲ့ သူငယ်ချင်းကျော်ဝင်းက Colonel ချစ်မြိုင်ရဲ့ သားငယ်ဒေါက်တာချစ်ခင်ဝေ၊ သူ့အဖေ Biography ရေးနေတာကို ကူညီပေးနေတော့ ကျော်ဝင်းက ညည်းအဖေ့အကြောင်းလည်းရေးပါလားတဲ့။ ကျော်ဝင်းက ညည်းတို့အဖေတွေခေတ်က တပ်မတော်က သိပ်လေးစားစရာကောင်းတယ်တဲ့။ ဒီခေတ်စစ်တပ်နဲ့ တခြားစီဘဲတဲ့။ အဖေ့အကြောင်းက ရေးမယ်ဆိုအများကြီးပါဘဲ။ ရေးမယ်လို့ကြံစည်နေတာလည်း ကြာပါပြီ။ အလုပ်တဖက်နဲ့ ရေးရင် Concentration လုပ်ရတာအဆင်မပြေ၊ စာရေးတယ်ဆိုတာကလည်း စိတ်ကူးကောင်းအောင် mood ကလည်းပါမှ။ ပင်စင်ယူမှ ရေးမလားလို့ စိတ်ကူးနေတာ။ ခေတ်ကာလက ရောဂန္တရကပ်ဆိုက်နေလေတော့၊ ရေးစရာရှိတာရေးထားမှ။ တော်ကြာ ကပ်ထဲပါမပါ ပြောလို့မရ။
ရေးမယ်ဆိုရင်လည်း မှတ်တမ်းမှတ်ရာပြည့်စုံဖို့လိုပါတယ်။ အဖေက ရှေးခေတ်စစ်သားပီပီ၊ စည်းကမ်းကြီးတော့ မှတ်တမ်းတွေစံနစ်တကျရှိပါတယ်။ ၁၀ တန်းအောင်လက်မှတ်ကအစ၊ ခရီးသွားမှတ်တမ်းတွေအဆုံးပေါ့။ အဖေ့မှတ်တမ်းတွေထဲက ရေးချင်တဲ့ သမိုင်းကတော့ ကပ္ပလီကျွန်းပြန်တွေအကြောင်းပါဘဲ။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ အဖေက ကအိန္ဒိယသမုဒ္ဒရာထဲက ကပ္ပလီကျွန်းမှာ တသက်တကျွန်းကျနေတဲ့ မြန်မာတိုင်းရင်းသားတွေ ပြည်တော်ပြန်ခေါ်ယူရေးအဖွဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ယူခဲ့ရတဲ့ Mission Accomplishment မှတ်တမ်းကို ပြန်ပြောပြချင်တာပါ။
ဗြိတိသျှတွေ မြန်မာပြည်အောက်ပိုင်းကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ ၁၈၂၄ ကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်အတွင်း (မြန်မာနိုင်ငံကို ၁၉၁၉ ကနေ ၁၉၃၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အဖြစ် အုပ်ချုပ်ခဲ့တဲ့ ကာလတွေအတွင်း) တသက်တကျွန်းကျတဲ့ အကျဉ်သားတွေ ကို ကပ္ပလီကျွန်း-နီကိုဘာကျွန်းစု Andaman and Nicobar Islands ကို ပို့ခဲ့တာကြောင့် သူတို့ရဲ့ ဆွေစဉ်မျိုးဆက်တွေက ပြည်တော်ပြန်ချင်ကြလို့ မေတ္တာရပ်ခံခဲ့ကြတာတဲ့။ အဲ့ဒီမှတ်တမ်းတွေ အဖေသိမ်းထားခဲ့တာကို့external hard drive နဲ့ ကူးလာတာ တနှစ်ရှိပြီ။ ရေးမှဖြစ်တော့မယ်။ စောင့်မျှော် ဖတ်ရှုအားပေးကြပါ အမျိုးတို့ရေ..အားမွေးလိုက်ပါဦးမည်။ ရေးမယ်ဆိုတာလည်း ဖတ်စေချင်လို့၊ စာအုပ်ထုတ်တဲ့အဆင့်တော့ လက်လှမ်းမှီမယ်မထင်ပါဘူး။ ဒါပေသိ Facebook အားကိုးနဲ့ အဖေ့ နှစ် ၁၀၀ ပြည့်အမှတ်တရ ရေးကြည့်ပါဦးမယ်။
ဒီခေတ်လူငယ်တွေ စိတ်ဝင်စားမယ်လို့ မထင်ပါဘူး။ သူတို့လေးတွေ ၈၈၈၈ သမိုင်းတောင် သိပ်မသိကြတာ၊ တော်လှန်ရေးကောင်စီအစိုးရဆိုတာ ဘာလဲလို့ မေးကောင်းမေးနိုင်ပါတယ်။
Zawgyi
ေအာ္...ဘာလိုလိုနဲ႔ အေဖဆံုးတာ ၁၀ နွစ္ေတာင္ရွိသြားၿပီ။ အသက္ ၉၀ မွာဆံုးတာဆိုေတာ့ အေဖရွိေသးရင္ အခုဆို အသက္ ၁၀၀ ျပည့္တဲ့ႏွစ္ေပါ့။ တိုင္းျပည္အေျခအေနအရ ျပန္လို႔မရတဲ့ အခ်ိန္ဆိုေတာ့ အေဖ့ေနာက္ဆံုးခရီးမွာ အေဝးကေနဘဲ ကန္ေတာ့ျဖစ္ပါတယ္။ အေဖက ေနာက္ဆံုးေနမေကာင္းျဖစ္ေတာ့၊ ေဆးရံုမသြားခင္ သူခႏၶာကိုယ္လွဴထားတဲ့ Certificate ကို သူကိုယ္တိုင္ယူၿပီး ေဆးရံုကုတင္ေခါင္းရင္းမွာ တင္ထားတာတဲ့။ အေဖမဆံုးခင္ ဖုန္းေျပာျဖစ္ေတာ့ သူေနေကာင္းတယ္တဲ့၊ စိတ္မပူနဲ႔တဲ့၊ အဆင္ေျပေအာင္ေနတဲ့။ သူ႔ေျမးေတြအေၾကာင္းေမး၊ အေဖက မလံုးကေလး ၃ ေယာက္ ဖိုးပါ၊ ဖိုးတာနဲ႔ ဝါဝါ တို႔ရဲ႔ ပညာေရး Status ကို အၿမဲေမး။ သူက ရန္ကုန္မွာ ျပဳစုမယ့္လူေတြ ဝိုင္းဝိုင္းလည္ေနတာတဲ့၊ ခပ္ေပ်ာ္ေပ်ာ္၊ ရယ္ရယ္ေမာေမာဘဲေျပာေနတာ။ သူဘာမွမျဖစ္သလိုပါဘဲ။ မဆံုးခင္အခ်ိန္အထိ သတိအၿမဲရွိေနခဲ့တယ္လို႔ ယူဆရပါတယ္။ အေဖ့ကို ေဆးရံုမွာအနီးကပ္ျပဳစုတဲ့ သမီးအႀကီးဆံုးေဒါက္တာေမျမင့္ဦးရဲ႕ ေမြးေန႔က ေအာက္တိုဘာလ ၁၇ ရက္ေန႔၊ ခဲအိုေဒါက္တာခင္ေမာင္သြင္က သူ႔ဇနီး အေဖ့အနားမွာ ေန႔ညျပဳစုေနရလို႔ပင္ပန္းတာရယ္၊ ေမြးေန႔ Breakfast စားဖို႔ အျပင္ေခၚထုတ္တဲ့အခ်ိန္ေနာက္ပိုင္း၊ အဲဒီေန႔မွာဘဲ အေဖဆံုးသြားတာဆိုေတာ့ လြတ္လြတ္ကၽြတ္ကၽြတ္ ဘဝကူးေျပာင္းႏိုင္ခဲ့ပံုရပါတယ္။
ေလာဘ၊ ေဒါသ၊ ေမာဟ ကင္းတဲ့အေဖ၊ မေသခင္ သူ႔ပိုင္ဆိုင္မႈေတြ အားလံုး သားႀကီးနံမည္နဲ႔ လႊဲေပးခဲ့၊ လွဴစရာရွိတာေတြ အျပတ္လွဴ (ႏိုင္ငံေတာ္ကေပးအပ္တဲ့ ဆုေတြကို ရခိုင္ျပည္နယ္ကျပတိုက္ကိုလွဴခဲ့တာ၊ ပါလီမန္အစိုးရလက္ထက္က ရခဲ့တဲ့ ၃ က်ပ္သား ေဇယ်ေက်ာ္ထင္ေရႊျပား အပါအဝင္ ဆုတံဆိပ္ေတြ)၊ ပိုင္ဆိုင္တာဆိုလို႔ သုဝဏၰ လူႀကီးမြဲရပ္ကြက္က အိမ္အိုေလးတလံုးပါ။ သူ႔သားႀကီးကိုေဝလင္းေအာင္ကိုလည္း မွာခဲ့တယ္။ ေမာင္ႏွမေတြ ဥမကြဲသိုက္မပ်က္ ခ်စ္ခ်စ္ခင္ခင္ေနၾကဖို႔။
အေမကလည္း အေဖ့ထက္ေတာင္ ေလာဘနည္းပါတယ္။ နွစ္ဘက္အမ်ိဳး ဘယ္သူလာလာ၊ မၿငိဳညင္ဘူး။ လ်က္ေလ်ာ ေပးကမ္းတဲ့ေနရာမွာ စံျပ၊ သူလုပ္ႏိုင္တဲ့ အထိ ေန႔စဥ္ ဆြမ္းေလာင္းမပ်က္၊ ဗိုလ္မွဴးႀကီးကေတာ္ဆိုၿပီး နားေပါက္ေတာင္မရွိတဲ့အေမပါ။ ဘာလက္ဝတ္ရတနာမွ မမက္၊ ဆံပင္ကို အၿမဲဘီးစပတ္နဲ႔ ထံုးေတာ့ လက္ဝတ္ရတနာဆိုလို႔ ေရႊဘီးတေခ်ာင္းဘဲပိုင္တာ။ အလွဖီးမဟုတ္၊ တကယ္ဖီးလို႔ရတဲ့ ေရႊဘီး။ အေမ့ မိဘလက္ထက္ကတည္းကသံုးခဲ့တဲ့ေရႊဘီး။ ေသတဲ့အထိ မ်က္နွာမွာ မိတ္ကပ္မလိမ္းဖူးဘူး၊ မိုးလင္း မ်က္နွာသစ္ၿပီးတာနဲ႔ သနပ္ခါးေရၾကဲလိမ္းတာ။ အသက္ ၉၀ အရြယ္ေသတဲ့အထိ အေမ့အသားက ဝင္းႏုစိုေျပ၊ မွဲ႔ေပါက္ကင္းစင္ေနတာပါဘဲတဲ့။ အေမက အေဖဆံုးၿပီး ၉ လအၾကာ၊ အသက္ ၉၀ အရြယ္မွာဆံုးပါတယ္။ အေမဆံုးၿပီး ၂ လအၾကာမွာ မလံုးျပည္ေတာ္ျပန္ခြင့္ရပါတယ္။
အေဖနဲ႔ အေမက ညီအကိုေမာင္ႏွမ မရွိၾကေတာ့၊(အေဖက ညီတေယာက္ရွိခဲ့ေပမဲ့ ငယ္ငယ္နဲ႔ ဆံုးသြားတယ္တဲ့၊ အေမက အမ ၂ ေယာက္စလံုး စစ္ေျပးခ်ိန္ ေတာရြာမွာ အဆုတ္ေရာဂါနဲ႔ ဆံုးၾကတာတဲ့) သားသမီး ၇ ေယာက္စလံုး ကိုေမတၱာအျပည့္နဲ႔ ခ်စ္ခဲ့၊ ေကၽြးေမြးျပဳစုခဲ့လို႔ ဒီေန႔အထိ သိပ္ခ်စ္ၾကတဲ့ေမာင္ႏွမေတြအျဖစ္၊ အမ်ိဳးေတြေကာ၊ မိတ္ေဆြ အသိုင္းအဝိုင္းေတြကပါ ခ်ီးက်ဴးၾကရတဲ့အထိပါဘဲ။ ေမတၱာရတဲ့ ကေလးေတြက ေမတၱာထားတတ္ၾကတဲ့ သဘာဝပါ။ သားသမီး ၇ ေယာက္စလံုး ပညာတတ္၊ အသက္ေမြးမႈပညာျပည့္စံုၾကသလို၊(ဆရာဝန္၊ စစ္ဗိုလ္၊ ေလယာဥ္မွဴးႀကီး၊ တကၠသိုလ္ကထိက၊ အင္ဂ်င္နီယာ၊ ေလေၾကာင္းျပအရာရွိ ) ေျမးေတြ၊ ျမစ္ေတြအထိ ပညာထူးခၽြန္ၾကတာ အေဖနဲ႔အေမတို႔ရဲ႕ DNA မ်ိဳးဗီဇ ေကာင္းလို႔ျဖစ္မွာပါ။
တခါတေလ Facebook မွာေတြ႔ဘူးပါတယ္။ေမာင္ႏွမေတြ သိပ္ခ်စ္ၾကတယ္လား၊ အေမြေကာခြဲၿပီးၾကၿပီလားတဲ့။ ေမာင္ႏွမ ၇ ေယာက္ မိဘ ထားခဲ့တဲ့အေမြခြဲလိုက္ၾကတာ၊ ဘာသံမွမၾကားရ၊ အားလံုး အညီအမွ်၊ အေမြမခြဲခင္ကလည္း တေယာက္လိုရင္ ရွိတဲ့တေယာက္က ကူတာပါဘဲ။ အမႀကီးနဲ႔ အကိုကလည္း အႀကီးေတြ ပီသပါေပတယ္။ ေမာင္ ၃ ေယာက္ကလည္း ခ်စ္စရာေကာင္း၊ ေယာင္းမေတြလည္း ေမ့ထားလို႔မရ၊ အေဖနဲ႔အေမက ေခၽြးမေတြ၊ သားမက္ေတြကို သားသမီးအရင္းေတြလိုဘဲ ခ်စ္ခဲ့ၾကပါတယ္။ အမလတ္မၾကည္ကေတာ့ အေအးဆံုး၊ ဘယ္သူ႔ကိုမွ ဒုကၡမေပး၊ အေမနဲ႔အေဖကို မဆံုးခင္အခ်ိန္အထိ အနီးကပ္ျပဳစုခဲ့တဲ့ တုႏိႈင္းမရတဲ့ ကုသိုလ္ေၾကာင့္၊ အေမႀကီးကားမွာ အိမ္အႀကီးႀကီး၊ ကားအႀကီးႀကီးနဲ့ မေၾကာင့္မက်၊ မေတာင့္မတ ျပည့္စံုစြာ တဦးတည္းေသာသမီး ဆရာဝန္မရဲ႔ ေျမးေတြကို ေပ်ာ္ေပ်ာ္ႀကီးထိန္း ေနေလရဲ႕။
ႏိုင္ငံျခားေရးဝန္ႀကီးဌာန MOFA 80 Assistant Officer/ Attaché batch အတူတူဝင္ခဲ့ၾကတဲ့ သူငယ္ခ်င္းေက်ာ္ဝင္းက Colonel ခ်စ္ၿမိဳင္ရဲ႕ သားငယ္ေဒါက္တာခ်စ္ခင္ေဝ၊ သူ႔အေဖ Biography ေရးေနတာကို ကူညီေပးေနေတာ့ ေက်ာ္ဝင္းက ညည္းအေဖ့အေၾကာင္းလည္းေရးပါလားတဲ့။ ေက်ာ္ဝင္းက ညည္းတို႔အေဖေတြေခတ္က တပ္မေတာ္က သိပ္ေလးစားစရာေကာင္းတယ္တဲ့။ ဒီေခတ္စစ္တပ္နဲ႔ တျခားစီဘဲတဲ့။ အေဖ့အေၾကာင္းက ေရးမယ္ဆိုအမ်ားႀကီးပါဘဲ။ ေရးမယ္လို႔ႀကံစည္ေနတာလည္း ၾကာပါၿပီ။ အလုပ္တဖက္နဲ႔ ေရးရင္ Concentration လုပ္ရတာအဆင္မေျပ၊ စာေရးတယ္ဆိုတာကလည္း စိတ္ကူးေကာင္းေအာင္ mood ကလည္းပါမွ။ ပင္စင္ယူမွ ေရးမလားလို႔ စိတ္ကူးေနတာ။ ေခတ္ကာလက ေရာဂႏၲရကပ္ဆိုက္ေနေလေတာ့၊ ေရးစရာရွိတာေရးထားမွ။ ေတာ္ၾကာ ကပ္ထဲပါမပါ ေျပာလို႔မရ။
ေရးမယ္ဆိုရင္လည္း မွတ္တမ္းမွတ္ရာျပည့္စံုဖို႔လိုပါတယ္။ အေဖက ေရွးေခတ္စစ္သားပီပီ၊ စည္းကမ္းႀကီးေတာ့ မွတ္တမ္းေတြစံနစ္တက်ရွိပါတယ္။ ၁၀ တန္းေအာင္လက္မွတ္ကအစ၊ ခရီးသြားမွတ္တမ္းေတြအဆံုးေပါ့။ အေဖ့မွတ္တမ္းေတြထဲက ေရးခ်င္တဲ့ သမိုင္းကေတာ့ ကပၸလီကၽြန္းျပန္ေတြအေၾကာင္းပါဘဲ။ ေတာ္လွန္ေရးေကာင္စီအစိုးရလက္ထက္မွာ အေဖက ကအိႏၵိယသမုဒၵရာထဲက ကပၸလီကၽြန္းမွာ တသက္တကၽြန္းက်ေနတဲ့ ျမန္မာတိုင္းရင္းသားေတြ ျပည္ေတာ္ျပန္ေခၚယူေရးအဖြဲ႔ ေခါင္းေဆာင္အေနနဲ႔ တာဝန္ယူခဲ့ရတဲ့ Mission Accomplishment မွတ္တမ္းကို ျပန္ေျပာျပခ်င္တာပါ။
ၿဗိတိသွ်ေတြ ျမန္မာျပည္ေအာက္ပိုင္းကို ကိုလိုနီနယ္ခ်ဲ႔ခဲ့တဲ့ ၁၈၂၄ ကေန လြတ္လပ္ေရးရတဲ့ ၁၉၄၈ ခုႏွစ္အတြင္း (ျမန္မာႏိုင္ငံကို ၁၉၁၉ ကေန ၁၉၃၇ ခုႏွစ္အထိ အိႏၵိယႏိုင္ငံရဲ႕ ျပည္နယ္အျဖစ္ အုပ္ခ်ဳပ္ခဲ့တဲ့ ကာလေတြအတြင္း) တသက္တကၽြန္းက်တဲ့ အက်ဥ္သားေတြ ကို ကပၸလီကၽြန္း-နီကိုဘာကၽြန္းစု Andaman and Nicobar Islands ကို ပို႔ခဲ့တာေၾကာင့္ သူတို႔ရဲ႕ ေဆြစဥ္မ်ိဳးဆက္ေတြက ျပည္ေတာ္ျပန္ခ်င္ၾကလို႔ ေမတၱာရပ္ခံခဲ့ၾကတာတဲ့။ အဲ့ဒီမွတ္တမ္းေတြ အေဖသိမ္းထားခဲ့တာကို ့external hard drive နဲ႔ ကူးလာတာ တႏွစ္ရွိၿပီ။ ေရးမွျဖစ္ေတာ့မယ္။ ေစာင့္ေမွ်ာ္ ဖတ္ရႈအားေပးၾကပါ အမ်ိဳးတို႔ေရ..အားေမြးလိုက္ပါဦးမည္။ ေရးမယ္ဆိုတာလည္း ဖတ္ေစခ်င္လို႔၊ စာအုပ္ထုတ္တဲ့အဆင့္ေတာ့ လက္လွမ္းမွီမယ္မထင္ပါဘူး။ ဒါေပသိ Facebook အားကိုးနဲ႔ အေဖ့ ႏွစ္ ၁၀၀ ျပည့္အမွတ္တရ ေရးၾကည့္ပါဦးမယ္။
ဒီေခတ္လူငယ္ေတြ စိတ္ဝင္စားမယ္လို႔ မထင္ပါဘူး။ သူတို႔ေလးေတြ ၈၈၈၈ သမိုင္းေတာင္ သိပ္မသိၾကတာ၊ ေတာ္လွန္ေရးေကာင္စီအစိုးရဆိုတာ ဘာလဲလို႔ ေမးေကာင္းေမးႏိုင္ပါတယ္။
No comments:
Post a Comment