Wednesday, January 29, 2020
WHAT BUDDHISM MEANS TO A BUDDHIST
အပိုင်း (၁)
ဗုဒ္ဓဘာသာတယောက်အနေနဲ့ ဗုဒ္ဓဝါဒ ဆိုတာကို ဘယ်လိုနားလည်သဘောပေါက်ကြပါသလဲ?
ဆရာတော် အဂ္ဂဓမ္မပဏ္ဍိတ ဦးသေဋ္ဌိလ ၁၉၅၉ ခုနှစ်က ဟောကြားခဲ့တဲ့ “What Buddhism means to a Buddhist” ဆိုတဲ့ တရားကို တတ်နိုင်သလောက် ကြိုးစားပြီး မြန်မာလိုပြန်ကြည့်ထားပါတယ်။ မှားနေတာတွေ့ရင်လည်း ထောက်ပြပေးကြပါရန်…
အများနားလည်ကြသလို ဗုဒ္ဓဝါဒဟာ ဘာသာရေးတရပ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဝါဒက မအေးချမ်းမှု တွေလွှမ်းနေတဲ့ ကမ္ဘာတခွင်မှာ နည်းမှန်လမ်းမှန်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ငြိမ်းချမ်းစွာ ဘယ်လို နေထိုင်ကြ မလဲဆိုတဲ့ လက်တွေ့ဘဝနေနည်းကို လမ်းညွှန်ပြသပေးနေတာဖြစ်ပါတယ်။
ဗုဒ္ဓဝါဒကို ဘာသာရေးတရပ်မဟုတ်ဘူးလို့ ပြောရတဲ့အကြောင်းရင်းကတော့ ယုံကြည်မှုနဲ့ ဆုတောင်း ဝတ်ပြုကြတဲ့ စံနစ်တခုမဟုတ်လို့ပါဘဲ။ Religion ဘာသာရေးဆိုတဲ့ မူလအနက် အဓိပ္ပါယ်က ကိုးကွယ်ယုံကြည်မှုနဲ့ ဝတ်ပြုဆုတောင်းကြတဲ့ စံနစ်ဖြစ်ပြီး ဗုဒ္ဓဝါဒကတော့ ဘဝနေနည်းကို ပြသပေးတဲ့ ဝါဒဖြစ်ပါတယ်။ ဗုဒ္ဓဝါဒဟာတခြားလူတွေနဲ့ သဟဇာတဖြစ်အောင်၊ တရားမျှတခြင်းဆိုတဲ့ ဥပဒေသတွေနဲ့ အတူ ဘဝအခြေအနေကို နားလည်သဘောပေါက်အောင် နည်းပေးလမ်းပြတဲ့ လမ်းစဉ်ဖြစ်ပါတယ်။
ဗုဒ္ဓဝါဒပေါ်ထွန်းလာရတဲ့ အကြောင်းရင်းရှိပါတယ်။ ဘဝရဲ့ သဘာဝနိယာမ ဥပဒေသတွေကို သိပ္ပံနည်းကျ ရှင်းလင်းချက်တရပ်ကနေ ဗုဒ္ဓဝါဒအခြေခံပေါ်ပေါက်လာတာဖြစ်ပါတယ်။  Dogma ဆိုတဲ့ အတွေးအခေါ် ဒဿနတွေကို စုစည်းပြီး သြဇာညောင်းစွာနဲ့ ချပြတဲ့ ဘာသာရေးမဟုတ်ပါဘူး။ ဗုဒ္ဓဝါဒမှာ အတွေးအခေါ် ဒဿနတွေ မပါဝင်ပါဘူး။  Dogma ဆိုတဲ့ အတွေးအခေါ်ဆိုတာ အမှန်တရားကို ကိုယ်စားပြုတယ်လို့ သြဇာညောင်းပြီး အာဏာရှိတဲ့လူတွေက ချပြတဲ့ တင်းကျပ်တဲ့ စံနစ်တခုဖြစ်ပါတယ်တဲ့။ ဒါဟာ တဦးတယောက်ရဲ့ ထင်မြင်ယူဆချက်ကို အတ္တကြီးစွာနဲ့ ကြေညာသလိုမျိုးလို့လည်းပြောလို့ရပါတယ်။  ဗုဒ္ဓဝါဒမှာ ဒီလိုမျိုး ထင်မြင်ယူဆချက်တွေ မပါဝင်ပေမဲ့ လူနေမှုဘဝအတွက် လိုက်နာကျင့်ကြံရမယ့် အချက်တွေနဲ့ အခြေခံသဘောတရားတွေကို ချပြထားပါတယ်။
လူတယောက်အနေနဲ့ ကိုယ့်ကြမ္မာကို ကိုယ်တိုင်လက်တွေ့ အကောင်အထည်ဖေါ်နိုင်သူဖြစ်တယ်ဆို တာကို ဗုဒ္ဓဝါဒက  အကြောင်းနဲ့ အကျိုး ဥပဒေသ-ဓမ္မနိယာမတရား၊ ယေဘုယျဘုံဥပဒေသနဲ့ မှန်ကန်တဲ့ ဥပဒေသတွေကို လမ်းညွှန်ပေးတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတယောက်အနေနဲ့ ကိုယ့်ဘဝ ကို ကိုယ်တိုင်ပုံဖေါ်နိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ကျင့်သားမကျ-ပြင်ဆင်မထားတဲ့ စိတ်ကြောင့် သေခြင်းတရားကိုကြောက်ကြသူတိုင်းအတွက် ဗုဒ္ဓဝါဒက အကြောက်တရားကိုဖယ်ရှားပေးပါတယ်။ ဗုဒ္ဓဝါဒဟာ လူ့ဘဝအတွက် မှန်ကန်တဲ့နည်းပေးလမ်းပြဖြစ်ပြီး အဆိုးမြင်ဝါဒမဟုတ်သလို အရာရာကို အကောင်းမြင်တဲ့သဘောလည်းမဟုတ်ပါဘူး။
အနောက်နိုင်ငံတွေက လူတော်တော်များများက ဗုဒ္ဓဝါဒဟာ အဆိုးမြင်-အပြုသဘော မဆောင်တဲ့ ဝါဒရယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ တကယ်တော့ ဗုဒ္ဓဝါဒရဲ့ ဘဝနေနည်းဟာ အဆိုးမြင် သဘော မဟုတ်သလို အရာရာအကောင်းမြင်တာလည်းမဟုတ်ပါဘူး။ ကမ္ဘာတဝန်း လူအတော်များများက အထူးသဖြင့်ဘာကိုမှ အထွေအထူးမစဉ်းစားရဘဲ၊ စိတ်ကျဉ်းကျပ်မှုကင်းစွာ လွတ်လပ်စွာနဲ့ ဘဝကို အပြူသဘောဆောင်စွာနဲ့ ဖြတ်သန်းလိုကြတဲ့ အမြင်ရှိကြပါတယ်။ လူတယောက် စိတ်ဓါတ်ကျတဲ့အခါတိုင်း အပြုသဘောနဲ့ အကောင်းမြင်ဖို့ ဝိုင်းဝန်းအကြံပေးလေ့ရှိကြပေမဲ့ ဗုဒ္ဓဝါဒအမြင်အရတော့ လွဲနေပါတယ်။ အပြုသဘော အကောင်းမြင်ဝါဒဟာ ဘဝပေးအခြေအနေကို သာသာထိုးထိုးခန့်မှန်းတာဖြစ်သလို မှန်ကန်တဲ့အမြင်ကိုလမ်းပြပေးတာမဟုတ်ပါဘူး။ ဒီလိုပါဘဲ အဆိုးမြင်ဝါဒရဲ့ သဘောကလည်း တကယ့်လက်တွေ့ဘဝအခြေအနေကို မထင်ဟပ်ဘဲ လျှော့တွက်တာဖြစ်ပါတယ်တဲ့။
(Lecture by Venerable Aggamahāpaṇḍita U Thittila to the High Court Buddhist Association Rangoon.)
( Part-1)
++++++++++++++++++
The title of my talk this afternoon is “What Buddhism means to a Buddhist”.
To a Buddhist, Buddhism is not a religion in the sense in which that word is commonly understood; but to him or to her Buddhism is a practical method of life—to show how to live rightly thereby, happily and peacefully in spite of the unrest that is prevailing in the world.
****
Buddhism, we say, is not a religion because it is not a system of faith and worship.
The word ‘religion’ originally means a system of faith and worship but Buddhism is a way of life, and it is also a way of understanding the conditions of life so that a Buddhist may be able to live in harmony with other people and also in harmony with the laws of righteousness.
****
Buddhism is founded on reason.
Therefore it is a scientific explanation of the natural laws of life and not a set of dogmas laid down authoritatively.
There are no dogmas in Buddhism.
You know what a dogma means.
A dogma is a rigid system laid down by authorities as representing the Truth. It is so to speak, an arrogant declaration of one’s own opinion.
In Buddhism there are no such dogmas; but there are laid down a set of facts and principles for us to live by—for us to follow.
****
Buddhism declares the laws of righteousness, the Universal law, the laws of cause and effect (Dhamma Niyāma) proclaiming that Man is the master of his own destiny.
He can mould his own life according to his ideas as a Buddhist.
Buddhism removes that fear of death which haunts every untrained mind.
Buddhism is the right way of life which is neither optimistic nor pessimistic.
****
Many people in the West think that Buddhism is pessimistic.
On the contrary, the Buddhist way of life is neither optimistic nor pessimistic.
Many people in the world, especially the unthinking, carefree sort, would like to have an optimistic view of life.
Whenever such a man becomes depressed he is advised to be optimistic, but according to the Buddhist view this is not correct.
Optimism being an overestimated view of the condition of life does not take the right view; nor is the pessimist’s view which underestimates the actual condition of life, the right view.
အပိုင်း (၂)
မှန်ကန်တဲ့ ဘဝနေနည်းကတော့  အစွန်းနှစ်ဘက်ကြားက အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ပါဘဲ။  ဘယ်သူမဆို အဲဒီအစွန်းနှစ်ဘက်အတိုင်း လိုက်နာကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။  ဒါ့ကြောင့် ဗုဒ္ဓဝါဒရဲ့ ဘဝနေနည်း အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ဗုဒ္ဓဘာသာတယောက်အတွက် ပစ္စုပ္ပန်လက်ရှိ အချိန်မှာရော၊ အနာဂတ်အတွက်ပါ စိတ်ချလုံခြုံစွာနဲ့ ပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။  ဗြိတိန်နိုင်ငံက လူတွေက အနာဂတ်စိတ်ချလုံခြုံမှုကိုပြောလေ့ရှိကြပြီး၊ အဲဒီ လုံခြုံမှုက တဒင်္ဂ-ယာယီဘဲ ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒရဲ့ လုံခြုံစိတ်ချရတဲ့ နည်းကတော့ထာဝရ၊ အကန့်အသတ်မရှိ၊ ရေရှည်တည်တံ့ ပါတယ်။
လူ့ဘဝကို အကြောင်းနဲ့ အကျိုးဆက်စပ်တဲ့နိယာမ၊ စိတ်- ဒါမှမဟုတ် စိတ္တနိယာမကနေ စိုးမိုးချုပ်ကိုင်ထားပြီး စကြဝဠာတခွင် သက်ရှိသတ္တဝါတွေအားလုံးအတွက် အကြုံးဝင်ပါတယ်။ စကြဝဠာတခုလုံးကို ဒီထာဝရနိယာမတရားတွေက စိုးမိုးထားတာသာဖြစ်ပြီး၊ စိတ်ကူးထဲက ဘယ်ဘုရားကမှ စိုးမိုးထားတာမဟုတ်ပါဘူး။
ဥပမာ.. ဗုဒ္ဓဝါဒအရ အပြစ်ရှိတယ်ဆိုတာ ခရိယာန်အယူအရ (sin) အပြစ်ဆိုတဲ့ မူရင်းသဘောနဲ့ မတူပါဘူး။ ဗုဒ္ဓဝါဒကတော့ လူတယောက်အနေနဲ့ အမှန်တရားနဲ့ တရားမျှတမှုဥပဒေသတွေကို မသိကျိုးကျွန်ပြုပြီး အပြစ်ကျူးလွန်ခဲ့ရင်၊ အဲဒီလူအတွက် တိုက်ရိုက်ဆိုးကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပါဘဲ၊ အပြစ်နဲ့အတူ ပူဆွေးသောကတွေလည်းပါလာမှာ သေချာပါတယ်။ ဒါတွေဟာ မရိုးနိုင်တဲ့ ဘဝရဲ့ ထာဝရနိယာမတရားတွေပါဘဲ။
ကမ္ဘာကြီးကို သဘာဝနိယာမတရားက စိုးမိုးနေတာမဟုတ်ဘဲ၊ ဘုရားသခင်က စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲပေးနေတာပါလို့ ယုံကြည်သူ ဘယ်သူမဆို ပိုကောင်းမွန်သာယာတဲ့ လောကကြီးဖြစ်အောင် ဖန်တီးပေးနိုင်ဖို့ မြင့်မြတ်တဲ့ဘုရားသခင်ကို ကြိုးစားဆွဲဆောင်ကြမယ့် သဘောရှိမှာကတော့ သေချာပါတယ်။  ဒါ့ကြောင့် ဘုရားသခင်ရဲ့ အလိုတော်ကို မယုံကြည်သူတယောက်အပေါ် အမြဲတန်းဆိုသလို  ပြစ်တင်ရှုတ်ချတာ၊ စာနာ-ကရုဏာသက်အောင်လှုံ့ဆော်ပြီး တစိတ်တပိုင်းယုံကြည်လာအောင်လုပ်ခဲ့မယ်ဆိုရင် ဘုရားသခင်က ညိုငြင်ပါလိမ့်မယ်လို့ အဓိပ္ပါယ်ဖွင့်လို့ရနိုင်ကောင်းပါတယ်။
ဒါပေမဲ့ စကြဝဠာကို စိုးမိုးနေတဲ့ သဘာဝနိယာမနဲ့ တရားမျှတခြင်းကတော့ ဘယ်သူ့အပေါ်မဆို အမြဲတန်း တပြေးညီအတူတူဘဲဖြစ်တယ်လို့ ဗုဒ္ဓဝါဒကခံယူပါတယ်။ ဒါ့ကြောင့် လူတယောက်ရဲ့တာဝန်က ဒီသဘာဝနိယာမတွေ၊ တရားမျှတမှုဥပဒေသတွေကို မချိုးဖေါက်ဖို့ဖြစ်သလို၊ ဘယ်လိုဆုတောင်းမျိုးနဲ့မှ ဒီနိယာမတရားတွေကို ပြောင်းလဲပစ်ဖို့မကြိုးစားဘဲ၊ ထိန်းသိန်းစောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိယာမတရားတွေဟာ ထာဝရ၊ မပြောင်းလဲတတ်တဲ့သဘောရှိတယ်ဆိုတာ နားလည်သဘောပေါက်ပြီး သဘာဝနိယာမတရားတွေနဲ့ သဟာဇာတအတူတကွနေထိုင်သွားကြဖို့ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ သင်ပြလမ်းညွှန်မှုကတဆင့် ကိုယ့်ကိုကိုယ်အားကိုးတာ၊ ယုံကြည်တာ၊ စိတ်ပိုင်းဖြတ်နိုင်တာ၊ စွမ်းဆောင်ရည်၊ အလုပ်နဲ့ ကြိုးစားမှုစတဲ့ အချက်တွေကိုအခြေခံပြီး မှန်ကန်တဲ့လမ်းကိုတွေ့နိုင်ပါတယ်။ မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင်၊ ကိုယ့်ကြမ္မာကိုဖန်တီးနိုင်အောင် ဗုဒ္ဓဝါဒက လမ်းညွှန်ပေးပါတယ်။ ဘာဘဲလုပ်လုပ် သတိအမြဲမပြတ်ရှိဖို့ကို ဗုဒ္ဓဝါဒက အထူးနည်းလမ်းပြပါတယ်။ ဗုဒ္ဓတွေက သင်ကြားပြသပေးတဲ့ဆရာများသာဖြစ်ပြီး၊ သင်ကကိုယ့်ဟာကိုယ်ကြိုးစားအားထုတ်ရမှာဖြစ်တယ်လို့ ဓမ္မပဒကျမ်းမှာ ဥပမာအနေနဲ့ ဖေါ်ပြထားပါတယ်။ စဉ်းစားချင့်ချိန်နိုင်တဲ့လူဟာ အပြစ်ဆိုတဲ့အနှောင်အဖွဲ့ကနေ လွတ်ကင်းတဲ့ လမ်းကိုလျှောက်လှမ်းရမှာဖြစ်ပါတယ်တဲ့။
အမြဲသတိရှိတဲ့သူဟာ အားအင်အပြည့်နဲ့ အိုနာသေဘေး-သံသရာလွတ်ကင်းရာလမ်းကိုသိပြီး အမှုမဲ့၊ အမှတ်မဲ့ သတိကင်းတဲ့လူဟာ အသက်ရှင်စဉ်ကတည်းက သေလူဖြစ်ပြီးသားပါလို့ အဲဒီ ဓမ္မပဒကျမ်းမှာဘဲဖေါ်ပြထားပါတယ်။ (Magga Vagga 276/ Appamāda Vagga 21)
ဘယ်ယုံကြည်မှုမှာမဆို လွတ်မြောက်မှုဆိုတဲ့မျှော်မှန်းချက်က အရေးကြီးတာပါဘဲ။ ဘာသာရေးခေါင်းဆောင်တိုင်းဟာ သတ္တိရှိရှိ၊ ပြောင်ပြောင်တင်းတင်း အမြဲတန်း ဝင့်ဝင့်ကြွားကြွား ကြေညာတာကတော့ Freedom ဆိုတဲ့လွတ်မြောက်မှုဘဲဖြစ်ပါတယ်။
WHAT BUDDHISM MEANS TO A BUDDHIST
(Lecture by Venerable Aggamahāpaṇḍita U Thittila to the High Court Buddhist Association Rangoon.)
( Part-2)
++++++++++++++++++
The right view of life is the Middle Way (Majjhima-paṭipadā) between these two extremes.
Both these two extremes are futile for anyone to follow.
So to a Buddhist, Buddhism means the right way of life—a method by which a man can live happily, peacefully and with security for the present and security in the hereafter.
In Great Britain people talk of future security but the security they speak of is very temporary.
The Buddhist way of security is permanent, eternal and lasting.
****
The lives of men, and in fact the whole universe of living beings, are governed by unchanging, eternal laws, such as the Laws of Cause and Effect, the laws of the mind or the laws of Psychology (Citta-niyāma).
So the whole universe is governed by these eternal laws and not by any imaginary God.
****
For instance, sin, according to Buddhism, is not like the Original Sin mentioned in Christianity.
Sin, Buddhism says, is a direct consequence of man’s ignorance of these laws of righteousness, these laws of justice.
As you know, sin begets sorrow.
These are ancient or eternal laws of life.
****
To anyone who believes that the world is not governed by the laws of righteousness but by a changing, continually changing, God, it seems one must try to persuade a Supreme God to make it better.
It means that one does not believe that God’s Will is always just, for God has wrath which has to be deprecated, compassion to be aroused and partiality to be won.
But to the Buddhist the laws of nature, the laws of righteousness which govern the universe, are always the same, the same for one and all.
Therefore, a man’s duty is not to break these rules of nature—the laws of justice— not to try to change these laws by means of any prayer and by guarding against them but to know, to understand these eternal, unchanging laws and live in harmony with these laws.
****
Right through the Teachings of the Buddha stress is laid on such attributes as self-reliance, self-confidence, resolution, energy, work, effort.
Buddhism makes a man or woman stand on his or her own feet and be master or mistress of Fate.
Mindfulness is also emphasised greatly by the Buddha.
For instance, in the Dhammapada* it is said:
“You yourself must make an effort; the Buddhas are only teachers. The thoughtful who enter the Way are freed from the bondage of sin.”
Again, in the same book “Mindfulness is the path of immortality, sloth the path of death.
Those who are strenuous do not die; those who are slothful are as if dead already.”**
* Magga Vagga 276.
** Appamāda Vagga 21.
In any faith freedom of thought is important.
A very grand and one of the bravest and boldest
declarations ever made by any religious teacher.
ဗုဒ္ဓဘာသာတယောက်အနေနဲ့ ဗုဒ္ဓဝါဒ ဆိုတာကို ဘယ်လိုနားလည်သဘောပေါက်ကြပါသလဲ?
ဆရာတော် အဂ္ဂဓမ္မပဏ္ဍိတ ဦးသေဋ္ဌိလ ၁၉၅၉ ခုနှစ်က ဟောကြားခဲ့တဲ့ “What Buddhism means to a Buddhist” ဆိုတဲ့ တရားကို တတ်နိုင်သလောက် ကြိုးစားပြီး မြန်မာလိုပြန်ကြည့်ထားပါတယ်။ မှားနေတာတွေ့ရင်လည်း ထောက်ပြပေးကြပါရန်…အပိုင်း (၆) ခုထဲက…
အပိုင်း (၃)
သေဆုံးခြင်းကင်းမဲ့ရာဆိုတာကိုတော့ ဗုဒ္ဓက နိဗ္ဗာန်လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ အခြေအနေအရပ်ရပ်၊ အရာခပ်သိမ်း -တခြားသက်ရှိသတ္တဝါတွေမှာ သေဆုံးခြင်းသံသရာက ဘယ်တော့မှ ရုန်းထွက်လို့ မရနိုင်ပါဘူး။ မလျှော့တဲ့ဇွဲ-ဝီရိယနဲ့ မတုန်လှုပ်ဘဲ၊ ကြံ့ကြံ့ခံမှုကတဆင့် အရာရာထိုးထွင်း၊ သိမြင်နိုင်စွမ်း ရှိသူလို့ အဓိပ္ပါယ်ရှိတဲ့ ဗုဒ္ဓအဖြစ်၊ အလုံးစုံပြီးပြည့်စုံတဲ့ အထွဋ်မြတ်ဆုံးအဆင့်၊ သ ဉာဏ်အလင်းကို သူဘယ်လိုရရှိခဲ့တယ်ဆိုတာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သူ့ရဲ့ များစွာသော သုတ္တန်-တရားဒေသနာတွေမှာ ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဗုဒ္ဓအဖြစ်ခံယူမှုကို တဦးတည်းမူပိုင် မောင်ပိုင်စီးမထားဘဲ၊ သူ့ရဲ့ တပည့်သာဝကတွေကို သူ့လိုဘဲကြင့်ကြံ ကြိုးစားအားထုတ်လျင် အမြင့်ဆုံး အထွဋ်မြတ်ဆုံးဉာဏ်အလင်း ရတဲ့အထိ ဗုဒ္ဓဖြစ်နိုင်တယ်လို့ အားပေးတော်မူခဲ့တာပါ။  ဒါဟာ ဗုဒ္ဓဝါဒရဲ့ ထိပ်တန်း ဝိသေသလက္ခဏာဘဲ ဖြစ်ပါတယ်။
ဗုဒ္ဓဟာ သားသမီးတွေကို ပြုစုစောင့်ရှောက်တဲ့ ဖခင်ကောင်းတယောက်လိုပါဘဲ။ တကယ်လို့ သားသမီးတွေက စွမ်းဆောင်နိုင်မယ်ဆိုရင် သူနဲ့တန်းတူတင်မဟုတ်ဘဲ သူ့ထက်သာအောင်လုပ်ကြဖို့ ပံ့ပိုးပေးသူဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဝါဒရဲ့ကြည်နူးချမ်းမြေ့စရာ သင်္ကေတပါဘဲ။ ကိုယ်တိုင် ဉာဏ်အလင်း အရတဲ့ နည်းလမ်းကို ဗုဒ္ဓက သင်ပြပေးခဲ့ပါတယ်။
တပည့်သာဝကတွေအနေနဲ့ ကိုယ့်အကုသိုလ်တွေရဲ့ အပြစ်ဆိုးကျိုးတွေ ဆေးကြောရာမှာ၊ ကိုယ့်ကိုကိုယ်အားကိုးဖို့၊ ကိုယ့်ကြိုးပမ်းအားထုတ်မှုကိုသာ အလေးထားဖို့၊ ကောင်းကင်ဘုံကရော ကမ္ဘာမြေပေါ်ကပါ ဘယ်တဦးတယောက်ကမှ ကိုယ့်အတွက် အကူအညီပေးလို့မရဘူးဆိုတာကို ထပ်ခါတလဲလဲ ဗုဒ္ဓက သတိပေးတော်မူခဲ့ပါတယ်။
အကုသိုလ်လုပ်ခဲ့တာဟာ မိဘတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အကြံပေးသူတွေ မဟုတ်ဘဲ ကိုယ်တိုင်ပါဘဲဆိုတာ မမေ့ဖို့ ဗုဒ္ဓက သတိပေးခဲ့ပါတယ်။ ဒါ့ကြောင့် အကုသိုလ်ရဲ့ ဆိုးကျိုးကြောင့် ခါးသီးတဲ့ ခံစားချက်တွေကို ကိုယ်တိုင်တာဝန်ခံရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကုသိုလ်ကို ကိုယ်တိုင်တာဝန်ယူကြရမှာဖြစ်ပါတယ်။ ဒီအကုသိုလ်တွေရဲ့ အပြစ်တွေကနေ လွတ်ကင်းအောင် ဘယ်သူတဦးတယောက်ကမှ ကယ်တင်လို့မရပါဘူး။
ဘယ်သူ၊ ဘယ်ဘုရား၊ ဘယ်လိုကြီးကျယ်တဲ့ အခမ်းအနားကမှ စိတ်ဓါတ်ခွန်အားပေးပြီး မကယ်တင်နိုင်ပါဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။  တကယ့် ဗုဒ္ဓဘာသာအစစ်အမှန်ဆိုရင် ကိုယ့်ကိုကိုယ်အားကိုး၊ ကိုယ်တိုင်ကြိုးပမ်းအားထုတ်ဖို့ စိတ်အားထက်သန်ရမှာဖြစ်ပြီး၊ ကိုယ့်စွမ်းပကားနဲ့ တာဝန်ခံမှုအတွက် ယုံကြည်မှုရှိရမှာဖြစ်ပါတယ်။ ဘုရားသခင် ဒါမှမဟုတ် စိတ်ကူးထဲက တန်ခိုးရှင်ကို အားကိုးချင်စိတ်ဖြစ်လာမယ်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု လျော့ပါးလာပြီး ကိုယ်တာဝန်ခံမှု အသိတရားကလည်း ပျော့ညံ့သွားမှာဖြစ်ပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုနဲ့ တာဝန်ခံမှုအသိတရားက ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းအားကို ပိုခိုင်မာစေပါတယ်။  တရားသေလက်ခံထားတဲ့မူနဲ့ အာဏာပိုင်တွေရဲ့ သြဇာမပါဘဲ လွတ်လပ်စွာတွေးခေါ်နိုင်မှသာ၊ စိတ်ဓါတ်ရေးရာ တိုးတက်ဖို့ဖြစ်နိုင်ပါတယ်။ တရားသေလက်ခံထားတဲ့မူနဲ့ ချုပ်ချယ်ထားတဲ့အခါ စိတ်ဓါတ်ရေးရာတိုးတက်မှုမရှိနိုင်သလို ကိုယ်ကိုကိုယ်ယုံကြည်ကိုးစားမှုလျော့ကျလာပြီး သြဇာလွှမ်းမိုးတာကို ယုံစားရာကနေ စိတ်ဓါတ်က ချောင်ပိတ်မိနေမှဖြစ်ပါတယ်။
WHAT BUDDHISM MEANS TO A BUDDHIST
(Lecture by Venerable Aggamahāpaṇḍita U Thittila to the High Court Buddhist Association Rangoon.)
( Part-3)
++++++++++++++++++
By Deathlessness, the Buddha means Nibbāna.
All other conditions, all other lives are full of death—continual, unending death.
Also the Buddha said, it is in many scriptures either directly or indirectly, that it was through His ceaseless efforts and unshaking perseverance that he attained Buddhahood, the highest state of perfection, that is, Supreme Enlightenment.
Yet, the Buddha does not take a monopoly of his Buddhahood; instead the Buddha encouraged His followers to be as high as possible in the spiritual field, or if they try hard enough, even as high as Himself.
That is the chief characteristic of Buddhism.
****
The Buddha is like a good father who looks after his son well and likes him to be his equal or even to be his better, if the son can; that is the beauty of Buddhism.
And the Buddha shows the way to attain self-enlightenment.
He again and again reminded his followers that they will have to rely on themselves, rely on their own efforts and that there is no one anywhere either in heaven or on earth to help them, to save them from the results of their own misdeeds.
You will remember also the saying of the Buddha:
‘Evil deeds are done only by yourself,
not by your parents, friends, relatives or advisers.
So you yourself will have to reap the painful
results of these misdeeds.’
So we are responsible for our own evil deeds.
There is no one to save us from the results of these evil deeds.
****
Understanding that there is no one, no God, no big ceremony that can save us, that can give us spiritual salvation, the true Buddhist feels compelled to rely on himself and on his own efforts, and therefore he has confidence in his power and sense of responsibility.
The tendency to rely on any God or any imaginary power outside oneself weakens one’s own confidence and affects one’s own sense of responsibility.
The tendency to trust his own power strengthens his own confidence and sense of responsibility.
Moral and mental progress is only possible where there is freedom of thought, without dogmas, without authorities.
Where the dogmas come and fetter the mind there can be no spiritual progress; and reliance, trust in any outside authority, leads to spiritual stagnation.
ဗုဒ္ဓဘာသာတယောက်အနေနဲ့ ဗုဒ္ဓဝါဒ ဆိုတာကို ဘယ်လိုနားလည်သဘောပေါက်ကြပါသလဲ?
ဆရာတော် အဂ္ဂဓမ္မပဏ္ဍိတ ဦးသေဋ္ဌိလ ၁၉၅၉ ခုနှစ်က ဟောကြားခဲ့တဲ့ “What Buddhism means to a Buddhist” ဆိုတဲ့ တရားကို တတ်နိုင်သလောက် ကြိုးစားပြီး မြန်မာလိုပြန်ကြည့်ထားပါတယ်။ မှားနေတာတွေ့ရင်လည်း ထောက်ပြပေးကြပါရန်…အပိုင်း (၆) ခုထဲက…
အပိုင်း (၄)
ခရိယာန်တွေကြားမှာ နှစ်အတော်ကြာနေခဲ့ဘူးပါတယ်။ ခရိယာန်သူငယ်ချင်းတချို့က သူတို့ ဆုတောင်းတဲ့အခါ “အို..အဖဘုရားသခင်..ဘုရားသခင်ရှိတယ်ဆိုရင်၊ ကျနော်-ကျမတို့ရဲ့ ဝိညဉ်ကို ကယ်တင်တော်မူပါ၊ ကျနော်-ကျမတို့မှာလည်း ဝိညဉ်ရှိခဲ့မယ်ဆိုရင်ပေါ့..” လို့ နောက်ပြောင်သလို ပြောတတ်ကြပါတယ်။  အခုတော့ ဘယ်ယုံကြည်မှုမျိုးမှာမဆို လွတ်လပ်စွာတွေးခေါ်မှုက အရေးကြီးပါတယ်။ ဗုဒ္ဓရဲ့ တရားဂုဏ်တော် (၆) ပါးထဲက တပါးဖြစ်တဲ့ “ဧဟိပဿိကော” သိနိုင်မြင်နိုင်အောင် ကိုယ်တိုင်လက်တွေ့လာကြည့် လုပ်ကြည့်ပါ ဆိုတာကို သိကြပြီးဖြစ်မှာပါ။  သူဟောကြားတာတွေကိုလည်း မျက်စိမှိတ်ပြီး မယုံပါနဲ့ လို့သတိပေးခဲ့ပါတယ်။ ဘာသာတွေအားလုံးထဲမှာ ဗုဒ္ဓဝါဒက သတိပဌာန်-စိတ်အာရုံစူးစိုက်မှု၊ ရိုးသားမှုနဲ့ ခက်ခဲရုန်းကန်မှုစတဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအများဆုံးဖြစ်ပါတယ်။
ဗုဒ္ဓ ဟောခဲ့တဲ့ ကြော်ကြားလှတဲ့ ကာလာမသုတ်မှာ “ကြားတာကို အကြားအတိုင်းလက်မခံပါနဲ့၊ သူများပြောတဲ့ အပြောကိုလည်းလက်မခံပါနဲ့။ ကျမ်းဂံတွေမှာ ဖေါ်ပြထားလို့လည်း လက်မခံပါနဲ့။ ယုတ္တိရှိတဲ့ အကြောင်းပြချက်ကြောင့်လည်း မယုံပါနဲ့၊ ခန့်မှန်းပြောဆိုတာကို အားနာသည်းခံပြီးဖြစ်ဖြစ်၊ ကိုးကွယ်တဲ့ ဆရာတော်ဘုရားကဟောလို့ဘဲဖြစ်ဖြစ် လက်မခံပါနဲ့တဲ့။
ကာလာမတိုင်းသားတိုအနေနဲ့..သင်တို့ကိုယ်တိုင် ပညာရှိတို့ ချီးမွန်းထိုက်တဲ့ အပြစ်ကင်းမဲ့ပြီး ကောင်းမွန်တဲ့ အရည်အချင်းတွေနဲ့ စိတ်ချမ်းသာစွာနေနိုင်တဲ့လမ်းကို လေ့လာပြီး နားလည်သဘောပေါက်မှသာ လက်တွေ့ကျကျ ကျင့်သုံး လက်ခံသင့်ပါတယ်လို့ ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။
ဒါ့ကြောင့် သြဇာညောင်းသူတွေရဲ့ အပြောကိုလည်း မယုံကြဖို့ ဗုဒ္ဓက တိုက်တွန်းခဲ့ပါတယ်။ ရိုးရာဓလေ့ထုံတမ်း အစဉ်အလာတွေကြောင့်လည်း အရာရာကို ယုံကြည်စရာမလိုပါဘူး။ တချိန်တည်းမှာဘဲ ဒီလိုရိုးရာဓလေ့တွေကိုလည်း အလွယ်တကူ ပစ်ပယ်ဖို့မလိုပါဘူး။ သင်ကိုယ်တိုင် ကြိုးစားပြီး လက်တွေ့ စမ်းသပ်၊ ထဲထဲဝင်ဝင်လေ့လာပါ၊ တကယ်လို့ ကြိုးကြောင်းဆီလျော်တယ်၊ အကျိုးလည်းရှိတယ်၊ သင်လည်းစိတ်ချမ်းသာ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက်လည်း ကောင်းကျိုးဖြစ်ထွန်းမယ်ဆိုမှသာ ယုံကြည်လက်ခံပါလို့ ဗုဒ္ဓက နည်းလမ်းပြခဲ့ပါတယ်။
ဘာသာရေးခေါင်းဆောင်တွေရဲ့ ဟောကြားချက်တွေထဲမှာ ဗုဒ္ဓဝါဒဟာ အရဲရင့်ဆုံးနဲ့ အပွင့်လင်းဆုံး သတ္တိရှိရှိ ကြေညာခဲ့တာလို့ ပြောလို့ရနိုင်ပါတယ်။
====================
WHAT BUDDHISM MEANS TO A BUDDHIST
(Lecture by Venerable Aggamahāpaṇḍita U Thittila to the High Court Buddhist Association Rangoon.)
( Part-4)
++++++++++++++++++
I have lived many years among Christians.
Some of my Christian friends, in a joking way perhaps, say their prayers like this: ‘O God, if there be a God, save my soul, if I have a soul.’
Now, in any faith freedom of thought is important.
****
In one of the six qualities of the Buddha Dhamma these words, as you all know, are mentioned “Ehi Passiko” ‘Come and see for yourself’.
The Buddha asked us not to believe in a blind way what is said by Him.
Of all religions Buddhism makes most demands on mental activity—mindfulness, earnestness, strenuousness etc.
When the Buddha gave his famous exhortation to the Kalama Princes in the Kālāma Sutta He said:
‘Don’t accept (views) from hearsay, from what you have been told, because it is mentioned in the scriptures, by reason of logic, in consideration of the reasoning (being plausible), by tolerating the views based on speculation, because of its appearance of possibility and because “Our monk is venerable”.
When you Kālāmas realise by yourselves that these qualities are good, faultless, praised by the wise and that they lead to good and happiness when practised and observed, then Kālāmas, you should abide in them after acquiring them.’
****
So the Buddha urged us not to believe what is said merely on authority.
Also not to believe in anything because it is the traditional custom.....but at the same time it is better not to denounce such traditions very easily.
You must try to experiment with it, examine it thoroughly and after such examination, if it is reasonable and conducive to your happiness and the happiness and welfare of others, then take it, live up to it.
This could be said to be a very grand and one of the bravest and boldest declarations ever made by any religious teacher.
====================
To be continued….
( Extract from “The Light of the Dhamma”, Vol. VI, No.2, April 1959)
အပိုင်း (၅)
ကံ-ကမ္မ
ဗုဒ္ဓ နည်းလမ်းပြခဲ့တဲ့ မူတွေထဲက တချက်ဖြစ်တဲ့ ကံ-ကမ္မဆိုတဲ့ ဘဝရဲ့ အကျိုးအကြောင်း ဆက်စပ်မှုကို နားလည်သဘောပေါက်ဖို့လိုပါတယ်။  ပါဠိလို ကမ္မ - ကံဆိုတဲ့လုပ်ရပ်အကျိုးက ဗုဒ္ဓဝါဒကို ပိုပြီးသဘောပေါက်နားလည်စေနိုင်ဖို့ အထောက်အကူဖြစ်စေသလို နေ့စဉ်လူနေမှုဘဝ တိုးတက်စေမှာဖြစ်ပါတယ်။  ကောင်းတဲ့လုပ်ရပ်ဖြစ်ဖြစ်၊ မကောင်းတဲ့လုပ်ရပ်ဖြစ်ဖြစ် ကံဆိုတဲ့ လုပ်ရပ်-လှုပ်ရှားမှုဘဲဖြစ်ပါတယ်။
ကံဆိုတဲ့အလုပ်ထဲမှာ ကာယကံ၊ ဝစီကံနဲ့ မနောကံအားလုံး အကျုံးဝင်ပါတယ်။ အဆုံးမှာတော့ ကံဆိုတာ စိတ်ဆန္ဒ ခံစားမှုကအခြေခံတယ်လို့ ဣဂုတ္တရနိကာယမှာ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
စိတ်ဆန္ဒရှိတယ်ဆိုတဲ့ လုပ်ရပ်တခုတည်းကနေ ကာယကံ၊ ဝစီကံနဲ့ မနောကံအားလုံး ကို ဦးတည်စေပါတယ်။
ကံဆိုတဲ့ သဘောဟာ ဆုံးရှုံးစေတဲ့မူဝါဒမဟုတ်သလို ကြိုတင်အဆုံးအဖြတ်ပေးတဲ့ မူဝါဒလည်း မဟုတ်ပါဘူး။ ကံဟာ စကြဝဠာတခုလုံးကိုစိုးမိုးတဲ့ ပဌာန်း ၂၄ ပစ္စည်းထဲက တချက်ဖြစ်သလို ဗုဒ္ဓ လမ်းညွှန်ခဲ့တဲ့ သံသရာလည်ရခြင်းအကြောင်းရင်း ၁၂ ချက်ထဲက တချက်ဖြစ်ပါတယ်။ နောက်..ကံ ဟာ အဘိဓမ္မာနဲ့ သုတ္တန်တွေမှာဖေါ်ပြထားတဲ့ အကြောင်း ၄ ခုထဲက တခုလည်းဖြစ်ပါတယ်။ ကံ ဟာအတိတ်က လုပ်ရပ်အတွက်သက်သက်ဘဲမဟုတ်ပါဘူး။ အတိတ်က ပစ္စုပ္ပန်ကို လုံးဝအနေနဲ့ မဟုတ်၊ မဆိုသလောက်ဘဲ လွှမ်းမိုးနေတာဖြစ်ပါတယ်။ ကံဟာ အတိတ်နဲ့ ရော ပစ္စုပ္ပန်နဲ့ ပါ ဆက်စပ် နေပါတယ်။  အတိတ်ဟာ ပစ္စုပ္ပန်ဘဝ အခိုက်အတန့်လှုပ်ရှားမှုတွေရဲ့ နောက်ခံအဖြစ်နဲ့ သာရပ်တည်နေပါတယ်။ အတိတ်က ပစ္စုပ္ပန်ရဲ့ လွှမ်းမိုးမှုနဲ့ ပူးပေါင်းပြီး အနာဂတ်ဖြစ်ထွန်းလာပါတယ်။
တကယ်တော့ ပစ္စုပ္ပန်ကသာ ကိုယ်တိုင်ကွပ်ကဲထိန်းကျောင်းနိုင်တဲ့ လက်ရှိအခိုက်အတန့်ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိအခိုက်အတန့်ရဲ့ တာဝန်ယူနိုင်မှုကို အသုံးချပြီး တဦးချင်း တယောက်ချင်းစီရဲ့ မကောင်းတဲ့လုပ်ရပ်ဖြစ်စေ၊ ကောင်းတဲ့လုပ်ရပ်ဖြစ်စေ စီမံကွပ်ကဲလို့ရတယ်လို့ ပြောနိုင်ပါတယ်။ လုပ်ရပ်တိုင်းဟာ အကျိုးသက်ရောက်မှုရှိပါတယ်။ ဘယ်လိုလုပ်ရပ်မဆို ဒါမှမဟုတ် အကြောင်းအရာ တခုခုက အရင်ဖြစ်ပြီးမှ သက်ရောက်မှုအကျိုးက နောက်ကလိုက်ပါတယ်။ ဒါ့ကြောင့် ကမ္မ-ကံ အကြောင်း ပြောကြရင် အကြောင်း-အကျိုးဆက်စပ်တဲ့ သဘာဝနိယာမတရားလို့ ပြောကြတာဖြစ်ပါတယ်။
အမြဲပြောနေကျ ဥပမာတခုကိုပြောပြပါရစေ။ ခဲတလုံးကို ပစ်ပေါက်လိုက်တယ်ဆိုရင် ဒါဟာ cause အကြောင်း ဖြစ်ပါတယ်။ အဲဒီ ခဲလုံးက မှန်တချပ်ကိုထိလို့ မှန်ကွဲသွားတယ်ဆိုတဲ့ အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ ဒီလို မှန်ကွဲတော့ အစားထိုးဖို့ ငွေကုန်ကြေးကျဖြစ်ကြရမယ်။ ဒီတော့ စိတ်ကသိကအောက်လည်း ဖြစ်ကြမှာပေါ့။ စိတ်ပျက်တော့ ဒေါသကလည်း အလွယ်တကူထွက်နိုင်တယ်လေ။  ဒီဒေါသကြောင့် နောက်ထပ် ပြဿနာတက်နိုင်ပြန်ပါတယ်။ မနှစ်မြို့စရာ တစုံတခု ကို စိတ်လိုက်မာန်ပါ ကိုယ်ထိလက်ရောက် ဒါမှမဟုတ် ပြောမှားဆိုမှား လုပ်မိနိုင်ပါတယ်။ 
ခရိယာန်အယူမှာတော့ ဒီလိုခဲနဲ့ ပေါက်လို့၊ မှန်ကွဲတဲ့ဖြစ်စဉ်ဟာ ဘုရားသခင်က ဒဏ်ခတ်တယ်လို့ ပြောကြမှာပါ။ ဗုဒ္ဓဝါဒမှာတော့ သင့်ကို ဒဏ်ခတ်ဖို့အတွက် ဘုရားက ကြွလာမှာမဟုတ်ပါဘူး။
ဥပမာပေးခဲ့တဲ့အတိုင်းပါဘဲ၊ ကိုယ်က တစုံတယောက်ကို ကသိကအောက်ဖြစ်အောင်ပြောလိုက်ရင်၊ အပြောခံရတဲ့လူကလည်း အလားတူ တုန့်ပြန်ကောင်းတုန့်ပြန်နိုင်ပါတယ်။ ဒီလို နှစ်ဘက် အဆင်မပြေရာကနေ သတိနဲ့ မဆင်ခြင်ကြရင် ခိုက်ရန်ဖြစ်ပွားကြတဲ့အထိဖြစ်နိုင်ပါတယ်။
ဒီလိုပါဘဲ၊ နိုင်ငံ ၂ နိုင်ငံကြားမှာလည်း အဆင်မပြေဖြစ်ရာကနေ စစ်ဖြစ်တဲ့အထိ တောင်ကြီးကျယ်သွားနိုင်ပါတယ်။  ဒါ့ကြောင့် ဒီလိုအဖြစ်တွေအားလုံးဟာ ကြောင်းကျိုး ဆက်စပ်မှုနိယာမ ဖြစ်တည်မှုကို ရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။
တခြားနိုင်ငံက လူတွေ မေးလေ့ရှိပါတယ်။ အကြောင်း-အကျိုးဆက်စပ်တဲ့နိယာမက ဘယ်မှာလဲ။ ကမ္မ-ကံ ဆိုတဲ့ မူဝါဒအတွက် တရားမျှတမှုကကော..ဘယ်မှာပါလိမ့် စသဖြင့်မေးခွန်းထုတ်တတ်ကြပါတယ်။
WHAT BUDDHISM MEANS TO A BUDDHIST
(Lecture by Venerable Aggamahāpaṇḍita U Thittila to the High Court Buddhist Association Rangoon.)
( Part-5)
++++++++++++++++++
Doctrine of Kamma
===============
To understand the causes and the conditions of life, one of the doctrines taught by the Buddha is the doctrine of Kamma—It is always good to talk a little about the doctrine of Kamma because it helps us to understand Buddhism more and at the same time to understand our daily life better.
Kamma is a Pāḷi word meaning “action”.
Literally it means “good and bad actions”.
It covers all actions, be they mental, verbal or physical; in other words, thought, words and deeds.
In its ultimate sense Kamma means volition— mental volition.
In the Anguttara Nikāya mental volition is defined.
Having mental volition one acts by the mind, by words and by actions.
****
The doctrine of Kamma is not fatalism nor is it a doctrine of predetermination.
Kamma is one of the 24 causes mentioned by the Buddha in the Paṭṭhāna which govern the whole universe.
Kamma is one of the 12 causes which constitute the Wheel of life and death taught by the Buddha in the Vibhanga.
Kamma is also one of the four causes mentioned in the Abhidhamma and also in the Suttas.
Kamma is not of the past only; the past merely influences the present but does not fully dominate it because Kamma is not only the past but also the present.
The past forms only a background against which the present life works for the moment.
The past combined with the present influences the future which is to come.
Only the present moment exists and can be said to be within management, and the responsibility of using this present moment lies with each individual either for good or for evil.
Every action produces its effect.
It is the action or the cause that comes first and then the effect.
Therefore we speak of Kamma as the Universal Law of Cause and Effect.
*****
Let me give you a very common example which has been given many times.
For example, throwing a stone is action, which is a cause.
This stone strikes a glass window and breaks the pane.
The throwing of a stone is action, a cause, but the stone strikes the window pane and breaks it; that is the effect.
The act of throwing a stone at the window is the cause of the breaking of the window and the broken window is the effect.
This effect in its turn becomes a cause for further trouble, or effect; for instance, the wasting of money to replace the broken glass.
Because you have to replace the window pane and waste your money, the effect on your mind will be disappointment.
Then you become irritable.
When you are irritable your anger can easily be aroused.
Your anger is the result (or effect) but it also becomes a cause again; because of your anger you may say or do something unpleasant; and this something said or done in an unpleasant manner may hurt something or someone and so on.
*****
In Christian terminology: because you throw a stone and break the window and you have to pay money to buy a new window pane, the whole series of causes and effects leading to the final result is regarded by them as a punishment of God.
In Buddhism there is no room for God who would come and punish you.
So, to continue with my example, when you get angry you may say something unpleasant to somebody who may reply by saying something equally unpleasant to you.
After that, if you are not careful, this may lead the two of you to a furious quarrel.
For two persons this may lead to a fight.
Between two nations this sort of thing may lead to a war.
All this shows us clearly the existence of the laws of Cause and Effect.
---------
There is a common question asked
by people in other countries:
And where is the working of your laws of Cause and Effect?
Where ‘is the justice of this doctrine of Kamma?
အပိုင်း (၆)
ကံ - ကမ္မ ဆိုတာကို သေချာနားလည်သဘောပေါက်တယ်ဆိုလျင်၊ မနောဆိုတဲ့အတွေးတွေ၊ အပြောနဲ့ လုပ်ရပ်တွေကို မမှားရအောင် သေသေချာချာဂရုစိုက်လာတာနဲ့အမျှ..ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ လိုက်လျောညီထွေ၊ သဟဇာတ မျှတစွာနေရင်း၊ ပိုမိုကောင်းမွန်တဲ့ မွန်မြတ်တွေလုပ်ရပ်တွေကို ဦးတည်စေမှာဖြစ်ပါတယ်။  ဒါက ဥပမာတခုပါ။
တခြားနိုင်ငံကလူတွေ မေးနေကျ မေးခွန်းတခုရှိပါတယ်။ တခါတလေ စိတ်ကောင်း စေတနာထားပြီး လုပ်ပေမဲ့ အကျိုးမဖြစ်တာတွေ၊ အလဟသဖြစ်တာတွေနဲ့ ကြုံရတတ်ပါတယ်တဲ့။ အသိုင်းအဝိုင်းထဲမှာလည်း ကောက်ကြစ်ပြီး တကိုယ်ကောင်းဆန်တဲ့၊ မသမာတဲ့ လူတွေရှိတတ်ပါတယ်။ အဲဒီလူတွေဟာ လောဘလည်းကြီးကြတယ်။ ဒါပေမဲ့ လူ့ဘောင်အသိုင်းအဝိုင်းမှာ သူ့ကိုယ်သူ အောင်မြင်တဲ့ သူရဲကောင်းတယောက်ရယ်လို့ ဂုဏ်ယူဝင့်ကြွား တတ်ပါတယ်တဲ့။ ဒီလိုပါဘဲ ခွေးတွေကြားမှာလည်း အသန်မာဆုံးနဲ့ မာန်အဖီနိုင်ဆုံးခွေးက အကောင်းဆုံးအရိုးကိုက်ရတာပါဘဲ။  ကိုင်း..ဒါဆိုပြောပါဦး၊ အကြောင်း-အကျိုးတက်စပ်တဲ့နိယာမက ဘယ်မှာ အလုပ်ဖြစ်လို့တုန်း..တရားမျှတမှုကကော ဘယ်မှာလဲ..လို့မေးစရာရှိပါတယ်။
မေးတဲ့လူက Australia နိုင်ငံသားပါ။ ဒီလိုအမေးမျိုးက Australia နိုင်ငံတင်မကပါဘူး။ ကမ္ဘာတဝန်းတခြားနိုင်ငံတွေမှာလည်း ဒီလိုပါဘဲ၊ ကောက်ကြစ်ပြီး လောဘမသတ်နိုင်တဲ့သူတွေကို အများအားဖြင့် အားကျပြီး ဒီလောကအလယ်မှာ အောင်မြင်တဲ့ သူရဲကောင်းလို ချီးကျုးနေကြတာတွေလည်းရှိပါတယ်။ ဒီတော့..မေးစရာရှိပြီပေါ့။ ကိုယ်က စိတ်ကောင်းစေတနာထားပြီး ကောင်းအောင်ကြိုးစားလုပ်တဲ့ အကျိုးက ဘယ်တော့ခံစားရမှာပါလဲ? စိတ်ကောင်းထားပြီး ဘယ်လောက်ဘဲလုပ်လုပ် အကျိုးဖြစ်ထွန်းဖို့က သိပ်ကိုနှေးကွေးလွန်းနေပုံပါဘဲ။
နောက်တယောက်ရှိပါသေးတယ်။ သူ ဘုရားရှိခိုးတာ အသံကျယ်လို့ အိမ်နီးချင်းက ပြဿနာရှာတယ်တဲ့။  သူဘုရားရှိခိုးတာ ကောင်းတာလုပ်တာဘဲ။ ဘာဖြစ်လို့ ချက်ချင်းကောင်းကျိုးမပေးတာလဲ။ သိပ်ဆိုးပါတယ်တဲ့။ ကံ ကံရဲ့ အကျိုးကဘယ်မှာ အလုပ်ဖြစ်လို့လဲတဲ့။
သူ့ကို အခုလိုရှင်းပြလိုက်ပါတယ်။ ခင်ဗျား ဘုရားရှိခိုးနေတဲ့အခိုက်အတန့်မှာတော့ ရည်ရွယ်ချက်ကောင်းရှိကောင်းရှိနိုင်ပါတယ်။ အိမ်နီးချင်းက ဘာဖြစ်လို့ လာပြီးစော်ကားရတာလဲ ဆိုတာကို ပြန်သုံးသပ်ကြည့်ရပါမယ်။ သူနဲ့ အရင်က ကတောက်ကဆဖြစ်ခဲ့ဘူးလား။ သူမကြိုက်တာကို လုပ်ပြခဲ့ဘူးလား။ အကြောင်းတခုခုတော့ရှိနိုင်ပါတယ်။ ကိုယ်ကအမှုမဲ့ အမှတ်မဲ့ဖြစ်ပေမဲ့ အဲဒီလူက တေးထားတာလည်းဖြစ်နိုင်ပါတယ်။ ဘေးကလူတွေ သည်းမခံနိုင်အောင် အသံကျယ်ကျယ် ဘုရားရှိခိုးတာကကော ကုသိုလ်ရပါ့မလား။
ကိုယ်ကတခြားလူကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ခဲ့တာကို မေ့နေတတ်ကြပြီး၊ ခံခဲ့ရတဲ့လူက တုန့်ပြန်တဲ့အခါကျမှ ရုတ်တရက် အံ့အားသင့်ပြီး ငါဘာလုပ်မိလို့လဲဆိုပြီး တွေးတတ်ကြပါတယ်။ ဒါတွေဟာ အမြဲတန်းရုတ်တရက်ဖြစ်တတ်တာမဟုတ်သလို အံ့အားသင့်စေတာလည်းမဟုတ်ပါဘူး။
ကိုယ်လုပ်ခဲ့တာကို သတိမရတဲ့အတွက် ဖြစ်လာတဲ့ အခြေအနေကို လုံးဝနားလည်မှုလွဲနိုင်ပါတယ်။ ဒါ့ကြောင့် ဘာဘဲဖြစ်ဖြစ် မှန်ကန်တဲ့စိတ်ဓါတ်နဲ့ လက်ခံရပါလိမ့်မယ်။  သိပ်စိတ်ချမ်းသာစရာကောင်းတဲ့ အဖြစ်နဲ့ ကြုံတဲ့အခါ သိပ်ပြီး ဂုဏ်မယူသင့်ပါဘူး။ ဒါဟာ ကိုယ်ရဲ့ ကောင်းမွန်တဲ့ကံ အလုပ်ဆိုတဲ့ အကြောင်းကြောင့်၊ ကောင်းမွန်တဲ့အသီးအပွင့်တွေကို ခံစားရတဲ့ အကျိုးဖြစ်ထွန်းလာတာပါဘဲ။ ဒီလိုပါဘဲ၊ စိတ်မချမ်းသာစရာနဲ့ ကြုံရရင်လည်း ဒေါသမထွက်သင့်ပါဘူး၊ စိတ်ဓါတ်ကျတာ၊ စိတ်ပျက်တာတွေလည်း မဖြစ်သင့်ပါဘူး။
အတိတ်က လုပ်ခဲ့တဲ့အမှားတွေကြောင့် ဆိုးကျိုးတွေ ပြန်ခံရတာဘဲဆိုတာ နားလည်သဘောပေါက်ပြီး စိတ်အေးအေးထားသင့်ပါတယ်။  ကိုယ့်အတွက် စိတ်မချမ်းသာစရာတွေပေါ်လာပြီဆိုရင် ကြိုးစားပြီး ကောင်းအောင်နေကြည့်ပါ။ ပူပင်သောကတွေ၊ စိတ်လှုပ်ရှားတာတွေနဲ့ ဒေါသတွေကို ထိန်းပါ။ ဗုဒ္ဓဝါဒရဲ့ ကမ္မနိယာမ -အကြောင်း-အကျိုးဆက်စပ်မှု ဖြစ်စဉ်ကို နားလည်အောင် ကြိုးစားရင်း နေ့စဉ်လူနေမှုဘဝမှာ ဖြောင့်မတ်မှန်ကန်စွာရပ်တည်ကြဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ကြပါစို့။
ကမ္မနိယာမ ဟာ ဆုံးရှုံးမှုမဟုတ်သလို၊ ကြိုတင်အဆုံးအဖြတ်ပေးတဲ့ ဝါဒလည်းမဟုတ်ပါဘူး။ ကမ္မနိယာမ ဖြစ်စဉ်မှာ ကိုယ့်ကိုလာပြီး ဒဏ်ပေး၊ ဒဏ်ခတ်မယ့် ဘုရားသခင်အတွက် နေရာမရှိပါဘူး။
WHAT BUDDHISM MEANS TO A BUDDHIST
(Lecture by Venerable Aggamahāpaṇḍita U Thittila to the High Court Buddhist Association Rangoon.)
( Part-6) (Conclusion )
+++++++++++++++++++++
Doctrine of Kamma (Continuation)
==========================
If properly understood, the doctrine of Kamma teaches us to be careful with our thoughts, words and actions in daily life so that, as time goes on, it makes us better human beings willing to perform better and nobler actions towards all and live more harmoniously with our fellow human beings.
This is just one example.
There is a common question asked by people in other countries:
‘Sometimes we try to do good thinking the effect will be good but in some cases the result or the effect turned out to be just the opposite. The effect is bad.
In our locality a cunning, grasping man is called a ‘shrewd’ person; the more shrewd, the more wicked, the more greedy he is, the more is he praised as a successful hero in society.
Again, among the dogs, the strongest and the fiercest dog gets the best bone.
And where is the working of your laws of Cause and Effect?
Where ‘is the justice of this doctrine of Kamma?
****
Well, as for that not only in Australia, for the questioner was an Australian, but in other parts of the world as well, cunning, greedy people are generally praised as if they are the conquering heroes in society.
So, you too may ask, ‘When shall we get good results for the good that we have done or are trying to do?
The good we have done seems to be very slow in bearing fruit’.
******
Then, there was another man who told me that while he was engaged in saying his prayers aloud, to God, somebody— his neighbour— came and told him that he was making a lot of noise over it.
So he said to me ‘I was trying to perform a good act in good faith but the immediate effect is bad, very bad.
So your law of Kamma does not work out well for us.’
I said to him; ‘Though you may be worshipping God for a good purpose at that moment, in order to know why the man came and insulted you, you will have to think over what you did or said to him either that morning or the day before or sometime in the past. Then, you may be able to find some cause why he came to insult you.
People are apt to forget what they did to other people, so when the result comes they think it comes suddenly or that they are taken by surprise.
It is not always sudden or that they are caught by surprise.
It may be that you do not remember what you have done and the cause may be entirely misunderstood.
Therefore whatever comes to us is always just and must be accepted in the right spirit.
If something very pleasant happens to us we should not be proud of it. It just shows that our good Kamma has come back to us bearing good fruit.
If anything unpleasant occurs to us we should not be angry, depressed or disappointed but we should keep calm realising that our bad Kamma has come back to us to remind us of our past mistakes.
Whenever something comes to upset us let us try to be good, and let us never be worried, excited or angry. Let us make a firm resolve within ourselves to live rightly by trying to understand the working of these Laws of Cause and Effect—called the Law of Kamma in Buddhism.
==================
( Extract from “The Light of the Dhamma”, Vol. VI, No.2, April 1959)
The doctrine of Kamma is not fatalism nor
is it a doctrine of predetermination.
In Buddhism there is no room for God
who would come and punish you.
Ven. Sayadaw U Thittila (1896-1997)http://www.dhammaweb.net/thittila.html 
Born in 1896 in Pyawbwe, Myanmar.
Studied the scriptures at the age of seven to eight. Ordained a novice at the age of 15 and already well-versed with the primer to Abhidhamma studies, the Abhidhammatthasangaha, also the Mahasatipatthana Sutta and Kaccayana's Pali Grammar, and received his higher ordination in 1916.
Selected, from among five thousand candidates, as the Pathamakyaw Scholar of all Burma (1918), one of the four successful graduates from one hundred and fifty entrants for the highest of all monastic examinations, the Panyattisasanahita (1923). His success accorded him an appointment to co-head a monastery at a relatively young age. Went to India to study English and Sanskrit and had contributed much to the revival of Buddhism in South India (1933). Left for England and further his study of the English language at the London Polytechnic (1938-39). During this time forth he started to teach Abhidhamma to the West.
Accepted an invitation from the Association for Asian Studies at the University of Michigan, U.S.A., to lecture in America (1959), and delivered over a total of one hundred and sixty lectures at various universities and arranged meetings in six months. His later teaching engagement for two years in England allowed him the opportunity to translate into English from the Pali, for the very first time that it had ever been done, the second of the seven books of the Abhidhamma Pitaka, Vibhanga. It was published by the Pali Text Society in 1969 under the title of The Book of Analysis.
Served as the Spiritual Adviser to the central council of the Sangha Mahanayaka of Burma (1966-82); trustees of the Shwedagon Pagoda, Sule Pagoda, Kaba Aye Pagoda among others, examiner for the well known Abhidhamma Propagation Society in Rangoon, and had since traveled to more than 25 countries to lecture.
***********************************************
Wednesday, January 22, 2020
၆၅ နှစ်ပြည့်အမှတ်တရ..
၆၅ နှစ်ပြည့်အမှတ်တရ..
ဘုရား၊ ဘုရား..လူ့ဘဝထဲရောက်လာတာ ၆၅ နှစ်ရှိသွားပြန်ပါပေါ့..ပျမ်းမျှလူ့သက်တမ်းက ၈၀ မရှိလောက်ဘူး။ ၈၀ ဆိုရင်တောင် နောက်ထပ် ၁၅ နှစ်ဘဲ ကျန်တော့မှာ။ အဖေ့ရဲ့ အမေ..အဖွားဒေါ်ဖြူတုတ် (ရခိုင်နံမည်-စာဝမ်းဖြူ၊ အဖွားကရခိုင်သံနဲ့ပြောခဲ့တာကို ကြားမိတာကတော့ စံဝင်းဖြူ - RFA မှာ အချိန်ပိုင်း သတင်းဖတ်တုန်းက ဒီနံမည်ကို ၂ နှစ်ကြာသုံးခဲ့တာ) က မဆုံးခင် အသက် ၉၇ နှစ်အထိ မြေးတွေအင်္ကျီ မီးပူတိုက်ပေးတုန်း၊ အဖေနဲ့ အမေက ၉၀ ကျော်အရွယ် ကိုယ့်ဘာသာ လမ်းလျှောက်နိုင်တုန်း ဆုံးခဲ့ကြတာဆိုတော့ အသက်ရှည်ကြတာပေါ့။ ကိုယ်ကတော့ အသက် ၆၀ မပြည့်ခင် ခါးတခါခွဲ၊ တနှစ်က ခါးတခါခွဲ၊ ကော်လက်စထရော၊ သွေးတိုး၊ အရိုးပွ စတဲ့ ဝေဒနာတွေအတွက် ဆေးမျိုးစံကို ပဲလှော်လို မှီဝဲနေရတာ၊ ကော်လက်စထရောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သွေးမချိုအောင် အစားအသောက် ဂရုစိုက်နေရပြီး၊ ၉၆ ပါးရောဂါ တပါးဝင်၊ တပါးဝင်ထွက် မဖြစ်သေးတာကိုဘဲ ဂုဏ်ယူရတော့မလိုလို။
ဒီနိုင်ငံကိုရောက်တာ ၁၉၉၃ ခုနှစ်လယ်က၊ အမြဲတန်းအခြေချနေခဲ့တာ ၁၉၉၇ ခုနှစ်က ဆိုတော့..၂၆ နှစ်ကြာခဲ့ပြီ။ ရုန်းရင်းကန်ရင်း ၂၆ နှစ်ဆိုတဲ့ကာလကို ဖြတ်သန်းခဲ့တာ ဘာမှမကြာလိုက်သလိုပါဘဲ။ ဒီတော့..လူ့လောကထဲမှာနေရဖို့ ၁၅ နှစ်ဘဲ ကျန်တော့တယ်ဆိုတာ စိတ်ကူးနဲ့ Wishful thinking ပါ။ တကယ့်လက်တွေ့မှာတော့..ဒီနေ့ကစလို့ အချိန်မရွေး..သေမင်းကလာခေါ်နိုင်တယ်လေ။ အဲဒီအခါကျမှ..နေပါဦး..ရုံးကအလုပ်တွေမပြီးသေးလို့၊ သမီးအတွက် ဟင်းတွေချက်ပေးပါရစေဦး၊ မြေးမွေးနေ့ သွားအားပေးရမှာမို့..ဆိုပြီး သေမင်းကို စောဒကတက် ဆင်ခြေပေးလို့ရမှာတော့မဟုတ်ဘူး။ ကိုယ်တောင်မသိလိုက်ဘဲ သေမင်းကငေါက်ကနဲ လာခေါ်သွားမှ တီလုံး အသုဘအတွက် သားသမီးတွေရော သားသမီးတွေလို ချစ်ခင်ရင်းနှီးကြသူတွေပါ အလုပ်ရှုတ်ကြတော့မယ်။ ဘယ်သူမှ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘဝကူးကြရမယ်ဆိုတာ မသိနိုင်ပေမဲ့၊ သေချာတဲ့ကိစ္စဖြစ်လေတော့..ကြိုတင်ပြင်ဆင်ဖို့ အချိန်တန်ပြီပေါ့။ တကယ်လို့ မွေးစားတဲ့နိုင်ငံမှာ ဘဝကူးရမယ်ဆိုရင် ကျန်ရစ်သူတွေ ဒုက္ခမများရအောင်၊ စရိတ်ကျဉ်းကျဉ်းနဲ့ ကိစ္စပြီးအောင်စီစဉ်ရမှာပေါ့။ ရန်ကုန်ပြန်တုန်း ကူးရမယ်ဆိုရင်တော့..နာရေးကူတဲ့အသင်းတွေရှိတာဘဲလေ။ ကြုံတုန်းမေတ္တာရပ်ခံပါရစေ။ ဖွားလုံး အသုဘအတွက် အလဟဿ ဖြစ်မယ့်၊ လွှင့်ပစ်ရမယ့်၊ ပကာသနအတွက် အလှဆင်ဖို့ ပန်းတွေမပို့ကြပါနဲ့လို့ မေတ္တာရပ်ပါတယ်။ ပန်းတွေဝယ်မဲ့အစား ပျော်ပျော်ပါးပါး မုန့်တွေဝယ်စားလိုက်ကြပါ။ မရှိဆင်းရဲသားတွေကို ကျွေးလိုက်ပါ။ မိဘမဲ့တွေအတွက်လှူလိုက်ပါ။ ပန်းပေးချင်ရင် အသက်ရှင်တုန်း လာပေးကြပါ။ ဘုရားပန်းတင်မယ်၊ အိမ်မှာအလှထားမယ်လေ။
နောက် မိရိုးဖလာ မြန်မာဗုဒ္ဒဘာသာတွေရဲ့ ထုံးစံအတိုင်း သက်ပျောက်ဆွမ်း၊ အသုဘမှာ သရဏဂုံတင်၊ ရက်လည်ဆွမ်းသွတ် စတဲ့ လုပ်ရိုးလုပ်စဉ်တွေကတော့ ကျန်ရစ်သူတွေ စိတ်ချမ်းသာသလို လုပ်နိုင်ကြပေမဲ့၊ တကယ်သေသွားတဲ့လူအတွက် ထိရောက်မှုက ဆယ်ရေးတရေး..ကိုးရေး..တရာ တောင်မဖြစ်နိုင်သလို၊ မိုးပေါ်ကအပ်တစင်းနဲ့ မြေကြီးပေါ်ကအပ်တစင်း ထိဖို့မလွယ်တာထက်တောင်မှ လုံးဝမသေချာတဲ့အဖြစ်ပါ။ ပေးဝေတဲ့ ကုသိုလ်အမျှတွေကို သာဓုခေါ်နိုင်ဖို့က Power ball နဲ့ Mega Million အမေရိကန်ထီပေါက်ဖို့ထက်တောင် အဆတရာမက ခက်ခဲမှာမို့ပါ။ မီးရှို့မယ့် အလောင်းအတွက် ဈေးကြီးပေးရမယ့် အခေါင်း လည်းသွင်းဖို့မလိုပါဘူး။ Documentary film တခုမှာ မြင်ဘူးတဲ့အတိုင်း Cardboard box စက္ကူပုံးနဲ့ ထည့်ပြီး မီးသဂြိုလ်စက်ထဲထည့်ဖို့ပါဘဲ။ သေသူအတွက်က ဘဝမကူးခင် အသက်ရှင်တုန်း..လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတွေကသာ အဆုံးအဖြတ်ပေးမှာဖြစ်သလို သေခါနီး သတိရှိနေချိန်မှာ သံယောဇဉ်တွေဖြတ်ပြီး ကောင်းမှုကုသိုလ်တွေအာရုံပြုနိုင်ဖို့ ဘေးမှာရှိတဲ့ မိသားစုက ပံ့ပိုးပေးဖို့ပါဘဲ။ သေသွားတဲ့ ခန္ဒာကိုယ်ဟာ ၊ ဘာမှသုံးလို့မရတော့တဲ့အတွက် ပြာလည်းမလိုပါဘူး။
၆၅ နှစ်ပြည့်အမှတ်တရ..အိုနာသေဘေး..စေ့စေ့တွေးရင်း..စိတ်ကူးမိရာ..ရေးမိတာပါ..
စကားမစပ်...မြန်မာတွေရဲ့ဆိုရိုး..မိန်းမပြာသို..ယောကျ်ားဝါဆိုတဲ့..အမေကပြောတယ်..ကိုယ်ကပြာသိုတောင်ရိုးရိုးမဟုတ်၊ လပြည့်နေ့ နေတက်ရေတက်မွေးတာတဲ့၊ ကြီးပွားမယ့် မိလုံးပေါ့လို့ ဂုဏ်ယူခဲ့တာလေ..ဒါပေသိ..၈၈ အရေးအခင်းမှာ အာကျယ်မှုနဲ့ အလုပ်ပြုတ်တော့၊ ပြုတ်ဖေါ်ပြုတ်ဖက်ဆရာသမား ဦးသန်းထွန်းအောင်က သူ့မိတ်ဆွေ ဒေါက်တာကံညွန့်ကို မလုံးအတွက် ဗေဒင်တွက်ခိုင်းလိုက်ပါတယ်။ ဗေဒင်လက္ခဏာ သိပ်အယုံအကြည်မရှိပေမဲ့ သူဟောတာတွေ မှန်ချက်က ၉ ကျော်။ ပြာသိုလပြည့်မွေးပေမဲ့၊ အဲ့နှစ်က လကြပ်တယ်ဆိုဘဲ။ ဒါ့ကြောင့် ဘဝမှာ ဘာလုပ်လုပ်၊ အခက်အခဲတွေနဲ့ အကြပ်အတည်းတွေနဲ့ ရုန်းကန် နဘမ်းလုံးပြီးမှ အောင်မြင်တဲ့ဇာတာတဲ့။ ဝင်ငွေကောင်းပေမဲ့ အကြွေးတွေထူမယ်တဲ့၊ ထီပေါက်မယ်၊ ရာထူးတိုးမယ်၊ ကြီးပွားမယ် တလုံးမှမပါဘူး။ ဟုတ်ပါ့၊ ဒီနေ့ထိ မရုန်းကန်ရဘဲ၊ အခက်အခဲမရှိဘဲ အဆင်ပြေတဲ့အလုပ်မရှိသေးပါဘူး။ ကိုယ်မွေးတဲ့အချိန် အာကာသကောင်းကင်ယံမှာရှိနေတဲ့ နက္ခတ်တာရာ၊ ရာသီခွင်ကတော့ တကယ်ရှိနေခဲ့ကြတာဆိုတော့ မယုံလို့မဖြစ်ပေဘူးပေါ့။ အော်..သားသမီးကံကောင်းမယ်၊ အိုဇာတာကောင်းမယ်တဲ့..ဒါတေ့ာ မှန်ပါတယ်။ ဘာရယ်မဟုတ်..မနက်ဖြန်လပြည့်ညမှာသာမယ့် လကလေ.. ကမ္ဘာနဲ့ အနီးဆုံးအကြီးဆုံးမြင်ကြရမှာတဲ့။ လပြည့်ညမှာ လကြပ်တာနဲ့ တနာရီကြာ တထပ်တည်းကျပြီး Blood Moon အနီရောင်လပြည့်ဝန်းကြီးကို ရှုစားကြရဦးမှာလို့ နက္ခတ္တပညာရှင်တွေက ကြိုတင်ဟောကိန်းထုတ်ထားကြပြီဆိုတော့..စောင့်ကြည့်ကြပါစို့...
၆၆ နှစ်ပြည့်မွေးနေ့ ဆုတောင်း
ဒေါက်.ဒေါက်..
ဘယ်သူလဲ..
ယမမင်းရဲ့ စေတမာန်..
ဘုရား..ဘုရား..
ဘာအခုမှ..ဘုရားတနေတာလဲ..
..ဒီ..ဒီ..ဒီ..ဒီး…
ဖွားလုံးရဲ့ ၆၆ နှစ်ပြည့်မွေးနေ့မှာ ဆုတောင်းမေတ္တာပို့သကြတဲ့ ရပ်ဝေး၊ ရပ်နီးက ချစ်ခင်ကြတဲ့ မောင်နှမတွေ၊ တူ-တူမတွေ၊ မြေးတွေ၊ ငယ်သူငယ်ချင်းတွေ၊ သားသမီးတွေလိုချစ်စရာကောင်းတဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ၊ မိတ်ဆွေတွေ၊ Facebook Friends တွေအားလုံးကို သတိတရရှိကြတဲ့အတွက် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါကြောင်း၊ တယောက်ချင်းစီကို အသဲလေးတွေနဲ့ သာတုန့်ပြန်နိုင်တာခွင့်လွှတ်ပါ။ မွေးနေ့ကလည်း မြန်မာလိုပြည့်တဲ့နေ့ရော၊ ဘိုလိုတကယ်ပြည့်တဲ့နေ့ပါ FB တခွင် မျက်စေ့နောက်လောက် အောင် ဆုတောင်းပေးကြတာ စတိလောက်တော့ ရှက်မိပါရဲ့။ သား ၂ ယောာက်ကမွေးတဲ့ မြေး ၄ ယောက်နဲ့ တူ-တူမတွေကမွေးတဲ့ မြေးတွေအများကြီး (မရေနိုင်တော့လို့) ရဲ့ အဖွားမို့ ဂုဏ်ယူစွာနဲ့ ဖွားလုံးလို့ ကိုယ့်ဘာသာကင်ပွန်းတပ်လိုက်တာ။
၆၆ နှစ်ပြည့်ဆိုတော့ အိုပြီပေါ့။ နာ လည်းနာနေပါပြီ။ ၆၆ နှစ်ပြည့်ဖို့ တရက်အလိုမှာ…
ဒေါက်.ဒေါက်..
ဘယ်သူလဲ..
ယမမင်းရဲ့ စေတမာန်..
ဘုရား..ဘုရား..
ဘာအခုမှ..ဘုရားတနေတာလဲ..
တကယ်တော့ ဘုရားတောင် မရှိခိုးတာကြာပေါ့ဆြာရေ..အကျင့်ပါနေလို့သာ..တ မိတာပါစင့်..
ယမမင်းက ခေါ်ခိုင်းလို့..အချိန်ဆွဲမနေနဲ့..မြန်မြန်လုပ်..
ခဏလေးစောင့်ပါနော်..ဆရာဝန်နဲ့ ချိန်းထားလို့..
ပြောတော့..အိုနာသေဘေး..သံသရာကလွတ်မြောက်ရာလမ်းကို ဘာသာပြန်ပေးနေတာဆို..
အော်..အဲဒါက FB က သယ်ရင်းတွေဖတ်ဖို့လေ..ကိုယ်ကတော့..သေရမှာ ကြောက်ကြောက်..
ကြောက်မနေနဲ့..လူဆိုတာ..သေမျိုးလေ..အချိန်မရွေးဘဲ..
အဆင်သင့်မဖြစ်သေးလို့ပါဆိုနေမှ
အာ့ကြောင့်..သမ္မာဒေဝနတ်ကောင်း နတ်မြတ်တွေက ANGELS တွေမလွှတ်ဘဲ၊ ယမမင်းက ကျုပ်ကိုလွှတ်လိုက်တာ။
လိန်ပျံနဲ့ လိုက်ရမှာဆိုရင်တော့ ခါးနာနေတာ အကြာကြီးမစီးနိုင်ဘူးနော်.
သယ်…လိန်ပျံဝေးလို့..ဆိုက်ကားတောင်မပါဘူး။ ပါလာတဲ့ ခရင်းခွနဲ့ ထိုးပြီး ဒီအတိုင်းဆွဲချမှာဟဲ့။
..ဒီ..ဒီ..ဒီ..ဒီး…
အင်..နာရီ ALARM ကလည်း ..မြည်…အော်..ချွေးတွေတောင်ပျံ..
ဟူး….တော်ပါသေးရဲ့..အိပ်မက်..မက်နေတာကို..IT’S NOT A DREAM, IT’S A NIGHTMARE
ကြာသပတေးနေ့က မနက် ၂ နာရီ ၁၅ မိနစ်အိပ်ယာထ..ကော်ဖီဖျော်..ရေမိုးချိုး..ပြင်ဆင်ပြီး ရုံးကို ၃ နာရီ ၁၅ ထွက်..၄ နာရီရုံးရောက်..အလုပ် လုပ်နေရင်း ခေါင်းညာဘက်ခြမ်းကိုက်..ကိုက်နေတာ ၄ ရက်လောက်မပျောက်၊ PRESSURE က ဆေးသောက်နေလို့လားမသိ ပုံမှန်ဘဲ။ ဘယ်ဘက်လက်မောင်း လက်ပြင်က ထုံသလိုလို၊ ကျဉ်သလိုလိုဖြစ်၊ သွားကိုက်သလို..ပျောက်လိုက် ပေါ်လိုက်နဲ့..အဲဒါနဲ့ လေဖြတ်ချင်တာများလားဆိုပြီး၊ ပြနေကျ FAMILY DOCTOR ရှိတဲ့ DC မြို့လယ်ကဆေးခန်းကို ကားမောင်းပြီး သွားလိုက်ပါတယ်။
ဆေးခန်းရောက်တော့ မနက် ၇:၄၅။ ဆရာဝန်က စမ်းသပ်ပြီး ချက်ချင်းဘဲ AMBULANCE ခေါ်ပြီး GEORGE WASHINGTON HOSIPTAL ကို ပို့လိုက်တယ်။ ဘာမှမဖြစ်ဘူး၊ ကိုယ်တိုင်ကားမောင်းလာတာ လမ်းလျှောက်နိုင်တယ် ပြောလည်းမရဘူး။ STRECHER ပေါ်တင် တုပ်နှောင်ပြီး လူနာလို အသယ်ခံလိုက်ရတော့..အင်း ညက အိပ်မက်ကို သွားသတိရ.
သားကြီးက အဲ့ဆေးရုံမှာ အနှစ် ၂၀ လောက် လုပ်ခဲ့ဘူးတော့ REGISTER လုပ်ရင်း DR. AUNG MYINT’S MOTHER ဆိုပြီးကြွားလိုက်တာပေါ့. သားကြီးက အဲ့ဆေးရုံမှာ ပြာတာ သန့်ရှင်းရေးကအစ..ဆေးရုံအုပ်ကြီးအဆုံး မသိတဲ့သူမရှိဘူးဆိုတော့..ဝိုင်းပြီး ဂရုစိုက်ကြတာပေါ့။ ပထမ CT SCAN ရိုက်တော့ RESULT က တခုခုမှားနေတယ်။ BLOOD VESSEL GAP လား မသဲကွဲဘူးတဲ့။ နောက်ထပ်ဆေးသွင်းပြီး CT SCAN ထပ်ရိုက်ရမယ်တဲ့။ မရိုက်ခင် ခေါင်းကိုက်တာ RELIEF ဖြစ်အောင် DRIP နဲ့ ဆေးသွင်းပေးတယ်။ သွေးစစ်၊ ဆေးသွင်း အနားယူပြီးမှ ဆေးသွင်းပြီး CT SCAN ရိုက်မယ့်နေရာကို လိုက်ပို့ပေးပါတယ်။
မစခင် RADIOLOGIST က ရှင်းပြတယ်။ ဆေးသွင်းတဲ့နည်းကလေ..ရုပ်ရှင်တွေထဲမှာ သေဒဏ်ပေးခံရတဲ့ အကျဉ်းသားကို LETHAL INJECTION သွင်းတဲ့နည်းလိုပါဘဲ။ ဆေးပုလင်း ၂ ခုထဲကဆေးကို လေ PRESSURE နဲ့ တွန်းထိုးထည့်တာပေါ့။ ခေါင်းထဲမှာ ဘာဖြစ်နေလဲသဲသဲကွဲကွဲ သိရအောင် ဆေးရောင်သွင်းပြီး ကြည့်တာတဲ့။ ခန္ဒာကိုယ်တခုလုံး ခေါင်းကနေခြေဖျားအထိ ပူလောင် တဲ့ဝေဒနာခံစားရတယ်။ အိပ်မက်ထဲက မသွားရသေးတဲ့နေရာ အမြည်းပေးတာထင်ပါရဲ့။
နောက်..CT SCAN စက်ထဲကို သွင်းတော့ ပက်လက်အနေအထားနဲ့ ခေါင်းကိုငြိမ်အောင် FOAM တွေနဲ့ ညှပ်၊ ကိုယ်ကို ကြိုးတွေနဲ့ ချည်၊ တဖြည်းဖြည်း စက်ထဲကိုလှိမ့်သွင်းတာ၊ ဘာနဲ့တူလဲ စဉ်းစားကြည့်တော့..မီးသင်္ဂြိုလ်စက်ထဲသွင်းတဲ့မြင်ကွင်းကို..ပြေးမြင်မိပါလေရော.. အော်..ငါသေလို့ မီးရှို့ရင် ဒီပုံစံမျိုးလေးနေမှာပါဘဲလို့..အသုဘရှုရင်း မှတ်နေလိုက်ပါတယ်။
ကံကောင်းချင်တော့...ယမမင်းက..နေရာလွတ်မရှိသေးလို့ထင်ပါရဲ့..လောလောဆယ် ခေါ်သေးပါဘူးတဲ့။
ဒုတိယ CT SCAN RESULT က NEGATIVE တဲ့။ ဒါပေသိ..OBSERVATION ဆိုပြီး တနေကုန်ဆေးရုံတက်လိုက်ရတယ်။ သမီးဝါဝါနဲ့ သားငယ် ဇာနည်တို့လည်း မေမေ EMERGENCY ရောက်နေတယ်ဆိုတာနုဲ့ စိတ်ပူစိုးရိမ်စွာနဲ့ အပြေးအလွှားရောက်လာကြတာပေါ့။ အိမ်ကို ညကျမှပြန်ရောက်..MY BETTER HALF လည်း လည်ပင်းညောင်ရေအိုးဖြစ်။
ချစ်တူမ ဒေါက်တာခိုင်လည်း ဆေးရုံးကအပြန်ဝင်ကြည့်ပါတယ်။ ခိုင်ပြောမှ ဘယ်လက်ကျဉ်တာ ခါးဖြစ်သလို ဇက်မှာ အကြောညပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာဘဲပြောပြော..အရေးပေါ်ဆေးစစ်လိုက်ရတာ အမြတ်လို့ပြောရမှာပါ။ ခေါင်းကိုက်၊ လက်ကျဉ်၊ လက်ထုံတာကို လေဖြတ်တော့မှာဘဲဆိုပြီး ဆေးခန်းသွားလိုက်တာ လေမဖြတ်ဘဲ BILL တော့အဖြတ်ခံလိုက်ရတယ်တဲ့..MY BETTER HALF ကပြောတာ။ ဆေးရုံ ဆေးစစ်ခတွေ ဒေါ်လာ တသောင်းကျော်မှာတော့ သေချာတယ်။ INSURANCE ကပေးပေမဲ့ အိပ်စိုက်လေးတော့..ပေးရမယ်လေ။ အားလုံးကြားကြားသမျှ..အမျှ..အမျှ..အမျှ..ယူတော်မူကြပါကုန်လော့…