Wednesday, January 22, 2020

၆၅ ႏွစ္ျပည့္အမွတ္တရ..

ဘုရား၊ ဘုရား..လူ႔ဘဝထဲေရာက္လာတာ ၆၅ ႏွစ္ရွိသြားျပန္ပါေပါ့..ပ်မ္းမွ်လူ႔သက္တမ္းက ၈၀ မရွိေလာက္ဘူး။ ၈၀ ဆိုရင္ေတာင္ ေနာက္ထပ္ ၁၅ ႏွစ္ဘဲ က်န္ေတာ့မွာ။ အေဖ့ရဲ႕ အေမ..အဖြားေဒၚျဖဴတုတ္ (ရခိုင္နံမည္-စာဝမ္းျဖဴ၊ အဖြားကရခိုင္သံနဲ႔ေျပာခဲ့တာကို ၾကားမိတာကေတာ့ စံဝင္းျဖဴ - RFA မွာ အခ်ိန္ပိုင္း သတင္းဖတ္တုန္းက ဒီနံမည္ကို ၂ ႏွစ္ၾကာသံုးခဲ့တာ) က မဆံုးခင္ အသက္ ၉၇ ႏွစ္အထိ ေျမးေတြအကၤ်ီ မီးပူတိုက္ေပးတုန္း၊ အေဖနဲ႔ အေမက ၉၀ ေက်ာ္အရြယ္ ကိုယ့္ဘာသာ လမ္းေလွ်ာက္ႏိုင္တုန္း ဆံုးခဲ့ၾကတာဆိုေတာ့ အသက္ရွည္ၾကတာေပါ့။ ကိုယ္ကေတာ့ အသက္ ၆၀ မျပည့္ခင္ ခါးတခါခြဲ၊ တႏွစ္က ခါးတခါခြဲ၊ ေကာ္လက္စထေရာ၊ ေသြးတိုး၊ အရိုးပြ စတဲ့ ေဝဒနာေတြအတြက္ ေဆးမ်ိဳးစံကိုု ပဲေလွာ္လို မွီဝဲေနရတာ၊ ေကာ္လက္စထေရာေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ ေသြးမခ်ိဳေအာင္ အစားအေသာက္ ဂရုစိုက္ေနရၿပီး၊ ၉၆ ပါးေရာဂါ တပါးဝင္၊ တပါးဝင္ထြက္ မျဖစ္ေသးတာကိုဘဲ ဂုဏ္ယူရေတာ့မလိုလို။

ဒီႏိုင္ငံကိုေရာက္တာ ၁၉၉၃ ခုႏွစ္လယ္က၊ အၿမဲတန္းအေျခခ်ေနခဲ့တာ ၁၉၉၇ ခုနွစ္က ဆိုေတာ့..၂၆ ႏွစ္ၾကာခဲ့ၿပီ။ ရုန္းရင္းကန္ရင္း ၂၆ ႏွစ္ဆိုတဲ့ကာလကို ျဖတ္သန္းခဲ့တာ ဘာမွမၾကာလိုက္သလိုပါဘဲ။ ဒီေတာ့..လူ႔ေလာကထဲမွာေနရဖို႔ ၁၅ နွစ္ဘဲ က်န္ေတာ့တယ္ဆိုတာ စိတ္ကူးနဲ႔ Wishful thinking ပါ။ တကယ့္လက္ေတြ႔မွာေတာ့..ဒီေန႔ကစလို႔ အခ်ိန္မေရြး..ေသမင္းကလာေခၚႏိုင္တယ္ေလ။ အဲဒီအခါက်မွ..ေနပါဦး..ရံုးကအလုပ္ေတြမၿပီးေသးလို႔၊ သမီးအတြက္ ဟင္းေတြခ်က္ေပးပါရေစဦး၊ ေျမးေမြးေန႔ သြားအားေပးရမွာမို႔..ဆိုၿပီး ေသမင္းကို ေစာဒကတက္ ဆင္ေျခေပးလို႔ရမွာေတာ့မဟုတ္ဘူး။ ကိုယ္ေတာင္မသိလိုက္ဘဲ ေသမင္းကေငါက္ကနဲ လာေခၚသြားမွ တီလံုး အသုဘအတြက္ သားသမီးေတြေရာ သားသမီးေတြလို ခ်စ္ခင္ရင္းႏွီးၾကသူေတြပါ အလုပ္ရႈတ္ၾကေတာ့မယ္။ ဘယ္သူမွ ဘယ္ေန႔၊ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ ဘဝကူးၾကရမယ္ဆိုတာ မသိႏိုင္ေပမဲ့၊ ေသခ်ာတဲ့ကိစၥျဖစ္ေလေတာ့..ႀကိဳတင္ျပင္ဆင္ဖို႔ အခ်ိန္တန္ၿပီေပါ့။ တကယ္လို႔ ေမြးစားတဲ့ႏိုင္ငံမွာ ဘဝကူးရမယ္ဆိုရင္ က်န္ရစ္သူေတြ ဒုကၡမမ်ားရေအာင္၊ စရိတ္က်ဥ္းက်ဥ္းနဲ႔ ကိစၥၿပီးေအာင္စီစဥ္ရမွာေပါ့။ ရန္ကုန္ျပန္တုန္း ကူးရမယ္ဆိုရင္ေတာ့..နာေရးကူတဲ့အသင္းေတြရွိတာဘဲေလ။ ႀကံဳတုန္းေမတၱာရပ္ခံပါရေစ။ ဖြားလံုး အသုဘအတြက္ အလဟႆ ျဖစ္မယ့္၊ လႊင့္ပစ္ရမယ့္၊ ပကာသနအတြက္ အလွဆင္ဖို႔ ပန္းေတြမပို႔ၾကပါနဲ႔လို႔ ေမတၱာရပ္ပါတယ္။ ပန္းေတြဝယ္မဲ့အစား ေပ်ာ္ေပ်ာ္ပါးပါး မုန္႔ေတြဝယ္စားလိုက္ၾကပါ။ မရွိဆင္းရဲသားေတြကို ေကၽြးလိုက္ပါ။ မိဘမဲ့ေတြအတြက္လွဴလိုက္ပါ။ ပန္းေပးခ်င္ရင္ အသက္ရွင္တုန္း လာေပးၾကပါ။ ဘုရားပန္းတင္မယ္၊ အိမ္မွာအလွထားမယ္ေလ။

ေနာက္ မိရိုးဖလာ ျမန္မာဗုဒၵဘာသာေတြရဲ႕ ထံုးစံအတိုင္း သက္ေပ်ာက္ဆြမ္း၊ အသုဘမွာ သရဏဂံုတင္၊ ရက္လည္ဆြမ္းသြတ္ စတဲ့ လုပ္ရိုးလုပ္စဥ္ေတြကေတာ့ က်န္ရစ္သူေတြ စိတ္ခ်မ္းသာသလို လုပ္ႏိုင္ၾကေပမဲ့၊ တကယ္ေသသြားတဲ့လူအတြက္ ထိေရာက္မႈက ဆယ္ေရးတေရး..ကိုးေရး..တရာ ေတာင္မျဖစ္ႏိုင္သလို၊ မိုးေပၚကအပ္တစင္းနဲ႔ ေျမႀကီးေပၚကအပ္တစင္း ထိဖို႔မလြယ္တာထက္ေတာင္မွ လံုးဝမေသခ်ာတဲ့အျဖစ္ပါ။ ေပးေဝတဲ့ ကုသိုလ္အမွ်ေတြကို သာဓုေခၚႏိုင္ဖို႔က Power ball နဲ႔ Mega Million အေမရိကန္ထီေပါက္ဖို႔ထက္ေတာင္ အဆတရာမက ခက္ခဲမွာမို႔ပါ။ မီးရိႈ႔မယ့္ အေလာင္းအတြက္ ေစ်းႀကီးေပးရမယ့္ အေခါင္း လည္းသြင္းဖို႔မလိုပါဘူး။ Documentary film တခုမွာ ျမင္ဘူးတဲ့အတိုင္း Cardboard box စကၠဴပံုးနဲ႔ ထည့္ၿပီး မီးသၿဂိဳလ္စက္ထဲထည့္ဖို႔ပါဘဲ။ ေသသူအတြက္က ဘဝမကူးခင္ အသက္ရွင္တုန္း..လုပ္ခဲ့တဲ့ ကုသိုလ္၊ အကုသိုလ္ကံေတြကသာ အဆံုးအျဖတ္ေပးမွာျဖစ္သလို ေသခါနီး သတိရွိေနခ်ိန္မွာ သံေယာဇဥ္ေတြျဖတ္ၿပီး ေကာင္းမႈကုသိုလ္ေတြအာရံုျပဳႏိုင္ဖို႔ ေဘးမွာရွိတဲ့ မိသားစုက ပံ့ပိုးေပးဖို႔ပါဘဲ။ ေသသြားတဲ့ ခႏၵာကိုယ္ဟာ ၊ ဘာမွသံုးလို႔မရေတာ့တဲ့အတြက္ ျပာလည္းမလိုပါဘူး။

၆၅ ႏွစ္ျပည့္အမွတ္တရ..အိုနာေသေဘး..ေစ့ေစ့ေတြးရင္း..စိတ္ကူးမိရာ..ေရးမိတာပါ..
စကားမစပ္...ျမန္မာေတြရဲ႕ဆိုရိုး..မိန္းမျပာသို..ေယာက်္ားဝါဆိုတဲ့..အေမကေျပာတယ္..ကိုယ္ကျပာသိုေတာင္ရိုးရိုးမဟုတ္၊ လျပည့္ေန႔ ေနတက္ေရတက္ေမြးတာတဲ့၊ ႀကီးပြားမယ့္ မိလံုးေပါ့လို႔ ဂုဏ္ယူခဲ့တာေလ..ဒါေပသိ..၈၈ အေရးအခင္းမွာ အာက်ယ္မႈနဲ႔ အလုပ္ျပဳတ္ေတာ့၊ ျပဳတ္ေဖၚျပဳတ္ဖက္ဆရာသမား ဦးသန္းထြန္းေအာင္က သူ႔မိတ္ေဆြ ေဒါက္တာကံညြန္႔ကို မလံုးအတြက္ ေဗဒင္တြက္ခိုင္းလိုက္ပါတယ္။ ေဗဒင္လကၡဏာ သိပ္အယံုအၾကည္မရွိေပမဲ့ သူေဟာတာေတြ မွန္ခ်က္က ၉ ေက်ာ္။ ျပာသိုလျပည့္ေမြးေပမဲ့၊ အဲ့ႏွစ္က လၾကပ္တယ္ဆိုဘဲ။ ဒါ့ေၾကာင့္ ဘဝမွာ ဘာလုပ္လုပ္၊ အခက္အခဲေတြနဲ႔ အၾကပ္အတည္းေတြနဲ႔ ရုန္းကန္ နဘမ္းလံုးၿပီးမွ ေအာင္ျမင္တဲ့ဇာတာတဲ့။ ဝင္ေငြေကာင္းေပမဲ့ အေၾကြးေတြထူမယ္တဲ့၊ ထီေပါက္မယ္၊ ရာထူးတိုးမယ္၊ ႀကီးပြားမယ္ တလံုးမွမပါဘူး။ ဟုတ္ပါ့၊ ဒီေန႔ထိ မရုန္းကန္ရဘဲ၊ အခက္အခဲမရွိဘဲ အဆင္ေျပတဲ့အလုပ္မရွိေသးပါဘူး။ ကိုယ္ေမြးတဲ့အခ်ိန္ အာကာသေကာင္းကင္ယံမွာရွိေနတဲ့ နကၡတ္တာရာ၊ ရာသီခြင္ကေတာ့ တကယ္ရွိေနခဲ့ၾကတာဆိုေတာ့ မယံုလို႔မျဖစ္ေပဘူးေပါ့။ ေအာ္..သားသမီးကံေကာင္းမယ္၊ အိုဇာတာေကာင္းမယ္တဲဲ့..ဒါေတ့ာ မွန္ပါတယ္။ ဘာရယ္မဟုတ္..မနက္ျဖန္လျပည့္ညမွာသာမယ့္ လကေလ.. ကမၻာနဲ႔ အနီးဆံုးအႀကီးဆံုးျမင္ၾကရမွာတဲ့။ လျပည့္ညမွာ လၾကပ္တာနဲ႔ တနာရီၾကာ တထပ္တည္းက်ၿပီး Blood Moon အနီေရာင္လျပည့္ဝန္းႀကီးကို ရႈစားၾကရဦးမွာလို႔ နကၡတၱပညာရွင္ေတြက ႀကိဳတင္ေဟာကိန္းထုတ္ထားၾကၿပီဆိုေတာ့..ေစာင့္ၾကည့္ၾကပါစို႔...

၆၅ နှစ်ပြည့်အမှတ်တရ..

ဘုရား၊ ဘုရား..လူ့ဘဝထဲရောက်လာတာ ၆၅ နှစ်ရှိသွားပြန်ပါပေါ့..ပျမ်းမျှလူ့သက်တမ်းက ၈၀ မရှိလောက်ဘူး။ ၈၀ ဆိုရင်တောင် နောက်ထပ် ၁၅ နှစ်ဘဲ ကျန်တော့မှာ။ အဖေ့ရဲ့ အမေ..အဖွားဒေါ်ဖြူတုတ် (ရခိုင်နံမည်-စာဝမ်းဖြူ၊ အဖွားကရခိုင်သံနဲ့ပြောခဲ့တာကို ကြားမိတာကတော့ စံဝင်းဖြူ - RFA မှာ အချိန်ပိုင်း သတင်းဖတ်တုန်းက ဒီနံမည်ကို ၂ နှစ်ကြာသုံးခဲ့တာ) က မဆုံးခင် အသက် ၉၇ နှစ်အထိ မြေးတွေအင်္ကျီ မီးပူတိုက်ပေးတုန်း၊ အဖေနဲ့ အမေက ၉၀ ကျော်အရွယ် ကိုယ့်ဘာသာ လမ်းလျှောက်နိုင်တုန်း ဆုံးခဲ့ကြတာဆိုတော့ အသက်ရှည်ကြတာပေါ့။ ကိုယ်ကတော့ အသက် ၆၀ မပြည့်ခင် ခါးတခါခွဲ၊ တနှစ်က ခါးတခါခွဲ၊ ကော်လက်စထရော၊ သွေးတိုး၊ အရိုးပွ စတဲ့ ဝေဒနာတွေအတွက် ဆေးမျိုးစံကို ပဲလှော်လို မှီဝဲနေရတာ၊ ကော်လက်စထရောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သွေးမချိုအောင် အစားအသောက် ဂရုစိုက်နေရပြီး၊ ၉၆ ပါးရောဂါ တပါးဝင်၊ တပါးဝင်ထွက် မဖြစ်သေးတာကိုဘဲ ဂုဏ်ယူရတော့မလိုလို။


ဒီနိုင်ငံကိုရောက်တာ ၁၉၉၃ ခုနှစ်လယ်က၊ အမြဲတန်းအခြေချနေခဲ့တာ ၁၉၉၇ ခုနှစ်က ဆိုတော့..၂၆ နှစ်ကြာခဲ့ပြီ။ ရုန်းရင်းကန်ရင်း ၂၆ နှစ်ဆိုတဲ့ကာလကို ဖြတ်သန်းခဲ့တာ ဘာမှမကြာလိုက်သလိုပါဘဲ။ ဒီတော့..လူ့လောကထဲမှာနေရဖို့ ၁၅ နှစ်ဘဲ ကျန်တော့တယ်ဆိုတာ စိတ်ကူးနဲ့ Wishful thinking ပါ။ တကယ့်လက်တွေ့မှာတော့..ဒီနေ့ကစလို့ အချိန်မရွေး..သေမင်းကလာခေါ်နိုင်တယ်လေ။ အဲဒီအခါကျမှ..နေပါဦး..ရုံးကအလုပ်တွေမပြီးသေးလို့၊ သမီးအတွက် ဟင်းတွေချက်ပေးပါရစေဦး၊ မြေးမွေးနေ့ သွားအားပေးရမှာမို့..ဆိုပြီး သေမင်းကို စောဒကတက် ဆင်ခြေပေးလို့ရမှာတော့မဟုတ်ဘူး။ ကိုယ်တောင်မသိလိုက်ဘဲ သေမင်းကငေါက်ကနဲ လာခေါ်သွားမှ တီလုံး အသုဘအတွက် သားသမီးတွေရော သားသမီးတွေလို ချစ်ခင်ရင်းနှီးကြသူတွေပါ အလုပ်ရှုတ်ကြတော့မယ်။ ဘယ်သူမှ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘဝကူးကြရမယ်ဆိုတာ မသိနိုင်ပေမဲ့၊ သေချာတဲ့ကိစ္စဖြစ်လေတော့..ကြိုတင်ပြင်ဆင်ဖို့ အချိန်တန်ပြီပေါ့။ တကယ်လို့ မွေးစားတဲ့နိုင်ငံမှာ ဘဝကူးရမယ်ဆိုရင် ကျန်ရစ်သူတွေ ဒုက္ခမများရအောင်၊ စရိတ်ကျဉ်းကျဉ်းနဲ့ ကိစ္စပြီးအောင်စီစဉ်ရမှာပေါ့။ ရန်ကုန်ပြန်တုန်း ကူးရမယ်ဆိုရင်တော့..နာရေးကူတဲ့အသင်းတွေရှိတာဘဲလေ။ ကြုံတုန်းမေတ္တာရပ်ခံပါရစေ။ ဖွားလုံး အသုဘအတွက် အလဟဿ ဖြစ်မယ့်၊ လွှင့်ပစ်ရမယ့်၊ ပကာသနအတွက် အလှဆင်ဖို့ ပန်းတွေမပို့ကြပါနဲ့လို့ မေတ္တာရပ်ပါတယ်။ ပန်းတွေဝယ်မဲ့အစား ပျော်ပျော်ပါးပါး မုန့်တွေဝယ်စားလိုက်ကြပါ။ မရှိဆင်းရဲသားတွေကို ကျွေးလိုက်ပါ။ မိဘမဲ့တွေအတွက်လှူလိုက်ပါ။ ပန်းပေးချင်ရင် အသက်ရှင်တုန်း လာပေးကြပါ။ ဘုရားပန်းတင်မယ်၊ အိမ်မှာအလှထားမယ်လေ။


နောက် မိရိုးဖလာ မြန်မာဗုဒ္ဒဘာသာတွေရဲ့ ထုံးစံအတိုင်း သက်ပျောက်ဆွမ်း၊ အသုဘမှာ သရဏဂုံတင်၊ ရက်လည်ဆွမ်းသွတ် စတဲ့ လုပ်ရိုးလုပ်စဉ်တွေကတော့ ကျန်ရစ်သူတွေ စိတ်ချမ်းသာသလို လုပ်နိုင်ကြပေမဲ့၊ တကယ်သေသွားတဲ့လူအတွက် ထိရောက်မှုက ဆယ်ရေးတရေး..ကိုးရေး..တရာ တောင်မဖြစ်နိုင်သလို၊ မိုးပေါ်ကအပ်တစင်းနဲ့ မြေကြီးပေါ်ကအပ်တစင်း ထိဖို့မလွယ်တာထက်တောင်မှ လုံးဝမသေချာတဲ့အဖြစ်ပါ။ ပေးဝေတဲ့ ကုသိုလ်အမျှတွေကို သာဓုခေါ်နိုင်ဖို့က Power ball နဲ့ Mega Million အမေရိကန်ထီပေါက်ဖို့ထက်တောင် အဆတရာမက ခက်ခဲမှာမို့ပါ။ မီးရှို့မယ့် အလောင်းအတွက် ဈေးကြီးပေးရမယ့် အခေါင်း လည်းသွင်းဖို့မလိုပါဘူး။ Documentary film တခုမှာ မြင်ဘူးတဲ့အတိုင်း Cardboard box စက္ကူပုံးနဲ့ ထည့်ပြီး မီးသဂြိုလ်စက်ထဲထည့်ဖို့ပါဘဲ။ သေသူအတွက်က ဘဝမကူးခင် အသက်ရှင်တုန်း..လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတွေကသာ အဆုံးအဖြတ်ပေးမှာဖြစ်သလို သေခါနီး သတိရှိနေချိန်မှာ သံယောဇဉ်တွေဖြတ်ပြီး ကောင်းမှုကုသိုလ်တွေအာရုံပြုနိုင်ဖို့ ဘေးမှာရှိတဲ့ မိသားစုက ပံ့ပိုးပေးဖို့ပါဘဲ။ သေသွားတဲ့ ခန္ဒာကိုယ်ဟာ ၊ ဘာမှသုံးလို့မရတော့တဲ့အတွက် ပြာလည်းမလိုပါဘူး။


၆၅ နှစ်ပြည့်အမှတ်တရ..အိုနာသေဘေး..စေ့စေ့တွေးရင်း..စိတ်ကူးမိရာ..ရေးမိတာပါ..

စကားမစပ်...မြန်မာတွေရဲ့ဆိုရိုး..မိန်းမပြာသို..ယောကျ်ားဝါဆိုတဲ့..အမေကပြောတယ်..ကိုယ်ကပြာသိုတောင်ရိုးရိုးမဟုတ်၊ လပြည့်နေ့ နေတက်ရေတက်မွေးတာတဲ့၊ ကြီးပွားမယ့် မိလုံးပေါ့လို့ ဂုဏ်ယူခဲ့တာလေ..ဒါပေသိ..၈၈ အရေးအခင်းမှာ အာကျယ်မှုနဲ့ အလုပ်ပြုတ်တော့၊ ပြုတ်ဖေါ်ပြုတ်ဖက်ဆရာသမား ဦးသန်းထွန်းအောင်က သူ့မိတ်ဆွေ ဒေါက်တာကံညွန့်ကို မလုံးအတွက် ဗေဒင်တွက်ခိုင်းလိုက်ပါတယ်။ ဗေဒင်လက္ခဏာ သိပ်အယုံအကြည်မရှိပေမဲ့ သူဟောတာတွေ မှန်ချက်က ၉ ကျော်။ ပြာသိုလပြည့်မွေးပေမဲ့၊ အဲ့နှစ်က လကြပ်တယ်ဆိုဘဲ။ ဒါ့ကြောင့် ဘဝမှာ ဘာလုပ်လုပ်၊ အခက်အခဲတွေနဲ့ အကြပ်အတည်းတွေနဲ့ ရုန်းကန် နဘမ်းလုံးပြီးမှ အောင်မြင်တဲ့ဇာတာတဲ့။ ဝင်ငွေကောင်းပေမဲ့ အကြွေးတွေထူမယ်တဲ့၊ ထီပေါက်မယ်၊ ရာထူးတိုးမယ်၊ ကြီးပွားမယ် တလုံးမှမပါဘူး။ ဟုတ်ပါ့၊ ဒီနေ့ထိ မရုန်းကန်ရဘဲ၊ အခက်အခဲမရှိဘဲ အဆင်ပြေတဲ့အလုပ်မရှိသေးပါဘူး။ ကိုယ်မွေးတဲ့အချိန် အာကာသကောင်းကင်ယံမှာရှိနေတဲ့ နက္ခတ်တာရာ၊ ရာသီခွင်ကတော့ တကယ်ရှိနေခဲ့ကြတာဆိုတော့ မယုံလို့မဖြစ်ပေဘူးပေါ့။ အော်..သားသမီးကံကောင်းမယ်၊ အိုဇာတာကောင်းမယ်တဲ့..ဒါတေ့ာ မှန်ပါတယ်။ ဘာရယ်မဟုတ်..မနက်ဖြန်လပြည့်ညမှာသာမယ့် လကလေ.. ကမ္ဘာနဲ့ အနီးဆုံးအကြီးဆုံးမြင်ကြရမှာတဲ့။ လပြည့်ညမှာ လကြပ်တာနဲ့ တနာရီကြာ တထပ်တည်းကျပြီး Blood Moon အနီရောင်လပြည့်ဝန်းကြီးကို ရှုစားကြရဦးမှာလို့ နက္ခတ္တပညာရှင်တွေက ကြိုတင်ဟောကိန်းထုတ်ထားကြပြီဆိုတော့..စောင့်ကြည့်ကြပါစို့...

No comments:

Post a Comment