Tuesday, June 30, 2020

က်မသိတဲ့ ေဒါက္တာခင္ေဇာ္ဝင္း

ေျမႇာက္ေပးတဲ့သူေတြရွိေတာ့လည္း..က်မရဲ႕ Memory bank ထဲမွာ အတိုးမတက္၊ အရင္းအတိုင္းရွိေနေသးတဲ့ Memoir ေလး တပုဒ္ ေရးခ်ပါရေစ။ တႏုံ႔ႏုံ႔နဲ႔ ေျပာခ်င္ေနတာၾကာေပါ့။ သားေလး Nay Lin ေျပာတဲ့ သံျပဳတ္မွတ္တမ္းဆိုပါစို႔။

က်မရဲ႕ memoir ပါ။ ဒါေပမဲ့ ဒီ  memoir ရဲ႕ အဓိကဇတ္ေဆာင္က let bygone be bygone ဆိုၿပီး အရာရာကို ျပည္ဖုန္းကားခ်ထားၿပီး သူယုံၾကည္ရာကို ဇြဲမေလွ်ာ့ဘဲ လုပ္စရာရွိတာဆက္လုပ္ေနသူျဖစ္ပါတယ္။ က်မ ထဲထဲဝင္ဝင္ပါဝင္ခဲ့ရတဲ့ မေမ့ႏိုင္တဲ့ မွတ္တမ္းပါ။

က်မတို႔ ၁၉၈၈ ႏွစ္ကုန္ပိုင္းက ထူေထာင္ခဲ့တဲ့ ရတနာပုံ Enterprises ရဲ႕ Consultancy အဖြဲ႕က ႏိုင္ငံျခားက ေရနံကုမၼဏီေတြအပါအဝင္ Corporation ႀကီးေတြ၊ Export-Import Business ေတြတင္မကပါဘူး၊အထူးသျဖင့္ UN နဲ႔  INGO ေတြကို ဝန္ေဆာင္မႈေပးပါတယ္။  မွတ္မိသေလာက္ Early 1990 စစ္အစိုးရလက္ထက္ ျမန္မာျပည္ကို ပထမဆုံး ဝင္ဖို႔ႀကိဳးစားတာ MSF ျပင္သစ္ နယ္စည္းမထားဆရာဝန္မ်ားအဖြဲ႕ပါ။  က်မတို႔ရတနာပုံကို MSF က Stephen (Spelling and last name မမွတ္မိ) ကို ေဒါက္တာခင္ေဇာ္ဝင္း မိတ္ဆက္ေပးခဲ့တာပါ။  က်မနဲ႔ ေဒါက္တာခင္ေဇာ္ဝင္းက ေမာင္ႏွမေတြလို ခ်စ္ခင္ရင္းႏွီးၾကပါတယ္။ ေျပာမနာဆိုမနာ၊ မရွိအတူ ရွိအတူ ႐ုန္းကန္ခဲ့ၾကတာေပါ့။

Photo: Far left: Dr. Khin Zaw Win, Ko Myo Tun Aye, Leo, KSW & puppy Bowie, U Tun Naing & U Zaw Min (At my residence in Highland Ave, 7 and half mile, Rangoon)

ဒီေခတ္မီဒီယာသမားေတြကေတာ့ ေဒါက္တာခင္ေဇာ္ဝင္းကို မသိတဲ့လူမရွိပါဘူ။ သူ႔ကို ကို Kelvin လို႔ ရင္းႏွီးသူေတြကေခၚၾကပါတယ္။ သူ႔ဖခင္က MOFA က အတြင္းဝန္ႀကီး ဦးဝင္းေဘာ္၊ သူက Kelvin Win Baw. ရန္ကုန္ သိမ္ျဖဴလမ္းမွာ တိုက္အႀကီးႀကီးနဲ႔ ေဆြႀကီးမ်ိဳးႀကီးအသိုင္းအဝိုင္းကပါ။ က်မ အမအႀကီးဆုံး ေဒါက္တာေမျမင့္ဦးနဲ႔ ေဆးေက်ာင္းမွာ အတန္းတူ၊ ေနာက္ေတာ့ Dental Surgeon ဘက္ေျပာင္းသြားခဲ့တာ။ အမအၿမဲေျပာေလ့ရွိတာ Kelvin က စာသိပ္ေတာ္တယ္ State Scholarship ေတာင္အေ႐ြးခံရတာတဲ့။ သူ႔ဇနီး ေဒါက္တာခင္မ်ိဳးျမင့္ (ပခုကၠဴသူ) ကလည္း အမနဲ႔ ေဆးေက်ာင္းတက္ဖက္ပါဘဲ။

ဒါတင္မကေသးပါဘူး။ သူ႔ညီမေလး ၂ ေယာက္၊ ကလ်ာနဲ႔ ကၪၥနာဝင္းေဘာ္ တို႔က MOFA မွာ အလုပ္လုပ္ခဲ့ၾကတာဆိုေတာ့ ကိုယ့္ညီမေလးေတြပါဘဲ။ ကၪၥနာရဲ႕ ခင္ပြန္းကိုမ်ိဳးထြန္းေအးက က်မတို႔ MOFA ျပဳတ္ထဲမွာ ထိပ္ဆုံးက။ ရတနာပုံရဲ႕ ဒါ႐ိုက္တာအဖြဲ႕ဝင္တေယာက္ေပါ့။ က်မရဲ႕ လုပ္ေဖၚကိုင္ဘက္ေတြထဲမွာ ကိုမ်ိဳးထြန္းေအးလို လူမ်ိဳးကေတာ့ စံျပပါဘဲ။ ၈၈ အေရးအခင္းကာလ MOFA မွာသူက အုပ္ခ်ဳပ္ေရးနဲ႔ ဝန္ထမ္းေရးရာဌာန ဒု-ၫႊန္မႉး၊ လူထုလႈပ္ရွားမႈမွာ တက္ႂကြစြာပါဝင္တဲ့လူေတြ ျဖဳတ္ဖို႔ ေထာက္လွမ္းေရးက စာရင္းပို႔ေတာ့ ကိုမ်ိဳးထြန္းေအးနံမည္ပါ ပါတယ္ေလ။ သူ႔နံမည္ပါတဲ့ MOFA ရဲ႕ အလုပ္ထုတ္တဲ့ စာရင္းကို အုပ္ခ်ဳပ္ေရးနဲ႔ ဝန္ထမ္းေရးရာကဆိုေတာ့ သူကိုယ္တိုင္ Draft အၾကမ္းေရးေပးခဲ့ရတဲ့ အျဖစ္ပါ။ သူကလူေအး၊ ခ်စ္စရာေကာင္းတဲ့ အကိုပါဘဲ။ အႏုပညာ ပန္းခ်ီ ပန္းပု စိတ္ဝင္စားေတာ့ ရတနာပုံရဲ႕ Arts & Craft Director ေပါ့။ က်မက ေန႔တိုင္းလိုလို သံ႐ုံးေတြ၊ ကုမၼဏီပြဲေတြ၊ Wedding ေတြသြားတဲ့အခါ ဝတ္စားျပင္ဆင္ထားရင္ မ်က္ေစ့ေနာက္ၿပီး ေသာက္ရႈိးဘဲထုတ္ေနတာလို႔ ဆူတတ္ပါတယ္။ ေဒါက္တာခင္ေဇာ္ဝင္းနဲ႔ က်မရဲ႕ ခင္မင္ရင္းႏွီးမႈအတိုင္းအတာကို ေဖၚက်ဴးတဲ့အေနနဲ႔ ဆက္စပ္ပုံကိုေရးျပေနတာပါ။

ေဒါက္တာခင္ေဇာ္ဝင္းက ငယ္ငယ္က  India မွာေက်ာင္းတက္ခဲ့တာရယ္၊ ေခတ္ေကာင္းတုန္းက ရန္ကုန္  English Methodist ေက်ာင္းမွာေနခဲ့ရတာေတြေၾကာင့္ထင္ပါရဲ႕ Command of English ေကာင္းပါတယ္။ အေရးအသား အေျပာ အတုယူစရာေတြအမ်ားႀကီးပါ။ က်မက အဖြားတို႔ေျပာတဲ့ ေခတ္ေကာင္းမမွီလိုက္ေတာ့ Broken English မီးက်ိဳးေမာင္းပ်က္ ဘဲေျပာတတ္၊ ေရးတတ္တာျဖစ္ပါတယ္။ က်မ English လိုအမွားေျပာတဲ့အခါ သူက ျပင္ေပးတတ္ပါတယ္။ က်မရဲ႕ Broken English ေတြကိုျပင္ေပးတဲ့သူေတြထဲမွာ Vicky Bowman လည္းအပါအဝင္ေပါ့။ Vicky ျမန္မာလိုေျပာတာက က်မ English လိုေျပာတာထက္အမ်ားႀကီး ပိုေကာင္းပါတယ္။

အဲဒီေခတ္က သံ႐ုံးေတြကို ဝင္ထြက္ရင္ အႏၲရာယ္ရွိပါတယ္။ က်မနဲ႔ ကို Kelvin ကေတာ့ သံ႐ုံးပြဲေတြ သြားစရာရွိ အတူတူသြားၾကပါတယ္။ က်မေမာင္းတဲ့ကားကို စီးၿပီး နယ္ခရီးေတြလည္း အတူတူထြက္ျဖစ္ၾကပါတယ္။ သံ႐ုံးကားနဲ႔ အတူတူထြက္တဲ့ခရီးေတြမွာ ေထာက္လွမ္းေရးလိုက္လို႔ ေျပးရတဲ့အျဖစ္ေတြနဲ႔လည္းႀကဳံဖူးးပါရဲ႕။ မွတ္မွတ္ရရ ၁၉၉၁ ခုႏွစ္  က သူ႔ေက်းဇူးနဲ႔  British သံ႐ုံးက က်မတို႔ရဲ႕ mutual friend နဲ႔ အတူ ကင္းတားဘက္စုံေရေလွာင္တမံႀကီးဘက္ကေန Pre-historic ျပဒါးလင္းဂူကိုေရာက္ဖူးခဲ့ပါတယ္။ အဲဒီကတဆင့္၊ ေရဇင္းဆည္ Guest House မွာတည္းၿပီး တာ႐ိုးေပၚက ညအလွကိုခံစားရင္း Champaign နဲ႔ Happy New Year ကိုႀကိဳဆိုခဲ့ၾကဘူးပါတယ္။

က်မတို႔ ရတနာပုံက MSF ႐ုံးဖြင့္ခြင့္ရေအာင္ နည္းလမ္းရွာၾကပါတယ္။ MSF က လူမႈေရးကူညီတဲ့အဖြဲ႕ဆိုေတာ့ ပထမ ျပည္ထဲေရးကို တင္ၾကည့္ပါတယ္။ ျပည္ထဲေရးက ဆရာဝန္ေတြဆိုေတာ့ က်န္းမာေရးနဲ႔ ဆိုင္တယ္တဲ့။ ဒါနဲ႔ က်န္းမာေရးဝန္ႀကီးဌာနကိုတင္တာ ထုံးစံအတိုင္း ႏွစ္နဲ႔ခ်ီၾကာပါတယ္။ ၁၉၉၂ က်မွ MSF ရန္ကုန္မွာ တရားဝင္ ႐ုံးဖြင့္ခြင့္ရပါတယ္။ MSF ရဲ႕ လုပ္ငန္းေတြ အေတာ္မ်ာမ်ား ရတနာပုံက ဝန္ေဆာင္မႈေပးပါတယ္။ ကုမၼဏီမပိတ္ခင္အထိ လႈိင္သာယာမွာ Feeding center အတြက္ Service ေပးခဲ့ရတယ္ထင္ပါတယ္။ ကို Kelvin က အဲဒီအခ်ိန္က ရန္ကုန္ UNICEF ႐ုံးမွာ Consultant လုပ္ပါတယ္။  UNICEF က သူ႔ကို Consultancy Retainer fees ေပးဖို႔ အဆင္ေျပေအာင္ ရတနာပုံက UNICEF ကို Contract နဲ Consultancy Service ေပးပါတယ္။ ကို Kelvin က ရတနာပုံ Consultancy group ထဲကေန Service ေပးတဲ့သေဘာေပါ့။ ရတနာပုံက UNICEF ရဲ႕ Project တခ်ိဳ႕ ဝန္ေဆာင္မႈေပးခဲ့တာေတြရွိပါတယ္။ UNICEF ရဲ႕ Weaning food project ႏို႔စို႔အ႐ြယ္ကေလးကေန အစားစားႏိုင္တဲ့ အဆင့္အတြက္ စားစရာ လုပ္ငန္းကို ႀကိဳးစားခဲ့ဘူးသလား မမွတ္မိေတာ့..

ဇတ္လမ္းက အခုမွစမွာေလ..UNICEF မွာ Consultant လုပ္ရင္း ၁၉၉၂-၉၃ မွာ ကို Kelvin တေယာက္ စကၤာပူ NUS National University of Singapore မွာ MIPP - Master in Public Policy တက္ဖို႔ Scholarship award ရပါတယ္။ သူက နဂိုကတည္းက စာသိပ္ဖတ္တဲ့ စာဂ်ပိုး၊ ႏိုင္ငံတကာဘာသာရပ္လည္းေၾကညက္တယ္။ သူ႔အတြက္ ဒီပညာသင္အခြင့္အလမ္းက ထီေပါက္တာထက္ ကံေကာင္းတယ္ေလ။ ေပ်ာ္စရာႀကီးေပါ့။  က်မ ၁၉၉၃ အေမရိကားနဲ႔ UK ခရီးကအျပန္ စကၤာပူဝင္ေတာ့ ကို Kelvin ကို တည္းတဲ့အိမ္ကိုဖိတ္ၿပီး ဗမာထမင္းဟင္းခ်က္ေကြၽးခဲ့ပါေသးတယ္။ က်မက စကၤာပူေရာက္တုန္း ေဘာင္းဘီတိုဝတ္လို႔ သူ ဆူတာ ခုထိ မေမ့။

သူ႔ရဲ႕ MIPP final dissertation အတြက္ ေ႐ြးတဲ့ေခါင္းစဥ္က ျမန္မာႏိုင္ငံရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒတဲ့။ ၁၉၉၄ Summer မွာ စာတမ္းအတြက္ ရန္ကုန္ျပန္လာၿပီး နံမည္ေက်ာ္ အမ်ိဳးသားညီလာခံတက္သူေတြနဲ႔ ဆက္သြယ္ရတာေပါ့။ ညီလာခံကိုယ္စားလွယ္ေတြကို ခ်ိန္းၿပီး ဗ်ဴး၊ မွတ္တမ္းတင္၊ စာတမ္းအတြက္ အခ်က္အလက္ေတြရေအာင္ သူ႔ကိုဝိုင္းကူၾကေပါ့။ အဲဒီ ေခတ္က memory stick , thumb drive မေပၚေသးဘူး။ file ေတြကို diskette နဲ႔ save ၾကရတာ။ ရတနာပုံက လူငယ္တခ်ိဳ႕ နဲ႔ စာေရးဆရာမ သာယာဝတီစမ္းစမ္းႏြဲ႕ရဲ႕ သမီးက စာ႐ိုက္ေပးၾကတယ္လို႔ မွတ္မိပါတယ္။

က်မတို႔ ရတနာပုံက ဆရာဦးသန္းထြန္းေအာင္ အလုပ္ကိစၥနဲ႔ စကၤာပူသြားဖို႔ရွိေတာ့ ကို Kelvin ျပန္မယ့္ရက္နဲ႔ ခ်ိန္ၿပီးစီစဥ္ၾကပါတယ္။ ဆရာက July 2 ရက္ေန႔ အေရာက္သြားရမွာ၊ ကို Kelvin က ၄ ရက္ေန႔ လက္မွတ္ဝယ္ၿပီးသားဆိုေတာ့ စကၤာပူက်မွ ဆုံၾကမယ္ေပါ့။ ဆရာက Hotel မွာတည္းရတာတေယာက္တည္းပ်င္းေတာ့ ကို Kelvin နဲ႔ အလုပ္ကိစၥေတြတိုင္ပင္ရင္း hangout လုပ္ဖို႔ ျပင္ေနတာ။ ကို Kelvin က July 4 မွာ ရန္ကုန္ကေန စကၤာပူျပန္၊ ေလဆိပ္ကို သူ႔ဇနီးမမခင္မ်ိဳးျမင့္နဲ႔ သမီးထားထားတို႔ လိုက္ပို႔ခဲ့ၾကပါတယ္။ က်မက ဆရာ့ကိုယ္စား အေမရိကန္လြတ္လပ္ေရးေန႔ Fourth of July reception တက္ျဖစ္ပါတယ္။ ေနာက္ေန႔ ဆရာဦးသန္းထြန္းေအာင္က Kelvin စကၤာပူ ကို ျပန္ေရာက္မလာဘူးတဲ့။ သူ႔အခန္းမွာ ဆရာသြားေစာင့္ေနတာ တေနကုန္တဲ့။ ေဟာေတာ့..ဒါနဲ႔ မမ ခင္မ်ိဳးျမင့္ကိုဆက္ၿပီး သြားျဖစ္ရဲ႕လားေမးရပါတယ္။ မမ က သူတို႔ကိုယ္တိုင္ ေလဆိပ္ လိုက္ပို႔ေပးခဲ့တာတဲ့။ ဒါနဲ႔ က်မလည္း ကို Kelvin ေပ်ာက္ရွာပုံေတာ္ဖြင့္ရပါေတာ့တယ္။
ေလဆိပ္လုံၿခဳံေရးက က်မရဲ႕ ေဘာ္ဒါေတြလွမ္းေမးေတာ့ MI ေထာက္လွမ္းေရးက ကို Kelvin ကို ေလယာဥ္ပ်ံေပၚမတက္ခင္ လာေခၚသြားတာတဲ့။ ကဲ..ဘယ္လိုလုပ္ၾကမတုန္း။  ေထာက္လွမ္းေရးက ေခၚသြားတယ္ဆိုကတည္းက ျပန္လမ္းမျမင္၊ ဘာေၾကာင့္လဲဆိုတာ စဥ္းစားစရာမလို။ ဒီေန႔အထိ အကဲဆတ္လွတဲ့ ေညာင္ႏွစ္ပင္မွတ္တမ္းေပါ့။

အေၾကာက္တရားႀကီးစိုးေနတဲ့ေခတ္မွာ က်မရဲ႕ ရွာပုံေတာ္စစ္ဆင္ေရးက မေအာင္ျမင္ပါဘူး။ ၄၅ ရက္ျပည့္ေတာ့ Ko Kelvin ရဲ႕ ဇနီးေဒါက္တာခင္မ်ိဳးျမင့္ကို ေထာက္လွမ္းေရးကလာေခၚပါတယ္။ မ်က္ႏွာကို ေခါင္းစြပ္အုပ္ၿပီး ကားေပၚတင္ေခၚတဲ့ အေမွာင္ေခတ္ဆိုးပါ။ ဘယ္ေနရာမွန္းမသိတဲ့ အိမ္ႀကီးတအိမ္မွာတဲ့၊ ကို Kelvin ကို အင္းစိန္ေထာင္မပို႔ခင္ ေတြ႕ခြင့္ေပးတာတဲ့။ ေလဆိပ္ကေနသိမ္းလာတဲ့ Suitcase ေတြနဲ႔ အထုတ္ေတြျပန္ေပးလိုက္တယ္တဲ့။ မမခင္မ်ိဳးျမင့္ျပန္ေျပာျပတာနားေထာင္ၿပီး မ်က္ရည္က်ခဲ့ရပါတယ္။

၈၈ ကိုျဖတ္သန္းခဲ့တဲ့ ျမန္ျပည္သားေတြ မွတ္မိၾကဦးမွာပါ။ စစ္အစိုးရရဲ႕ သတင္းစာရွင္းလင္းပြဲေတြေလ။ ကို Kelvin ကို အင္းစိန္ေထာင္ပို႔ၿပီး ေနာက္ သတင္းစာရွင္းလင္းပြဲမွာ ေဒါက္တာခင္ေဇာ္ဝင္းဟာ ႏိုင္ငံျခားေငြတရားမဝင္ကိုင္ေဆာင္မႈ၊ ေက်ာက္မ်က္ရတနာေတြ ခိုးထုတ္မႈနဲ႔  တရားစြဲဆိုၿပီး ေထာင္ခ်လိုက္ပါတယ္တဲ့ အရပ္ကတို႔ေရ..စကၤာပူေဒၚလာ ၂၀၀ မျပည့္တျပည့္၊ ဗိုလ္ခ်ဳပ္ေဈးကဝယ္လာတဲ့ လက္ေဆာင္ေပးဖို႔ ေက်ာက္စိမ္းအမွတ္တရပစၥည္းေလးတခ်ိဳ႕ ကို ဓါတ္ပုံနဲ႔တကြျပထားတာ။ ေအာ္..ငါ့ႏွယ္..ျပစ္မႈကႀကီးမားပါေပ့။ သူတို႔ ဆတ္ဆတ္ထိမခံ အမ်ိဳးသားညာလာခံ အေၾကာင္းတစိုးတေစ့မွမပါ။ ကို Kelvin ေရးမယ့္ စာတမ္းကို ရန္ရွာတာေပါ့။ ေထာင္ဒဏ္ ဘယ္ႏွစ္ႏွစ္က်တာလဲမမွတ္မိေတာ့ေပမဲ့ ၁၉၉၄ ကေထာင္က်တာ၂၀၀၅ က်မွလြတ္တာဆိုေတာ့ ၁၁ ႏွစ္ေပါ့။

သူေထာင္က်ေနစဥ္ကာလအတြင္း မမခင္မ်ိဳးျမင့္နဲ႔ မိသားစုကို က်မတို႔ ရတနာပုံက အတတ္ႏိုင္ဆုံး ပံ့ပိုးေပးပါတယ္။ က်မႏိုင္ငံျခားမထြက္ခင္ ကို Kelvin အင္းစိန္ေထာင္ကေန ျမစ္ႀကီးနားေထာင္ကို ေ႐ႊ႕လိုက္ပါတယ္။ သူေထာင္ေျပာင္းတဲ့ ပုံရိပ္ကို ၾကားရတာနဲ႔တင္ မ်က္ရည္က်မိပါတယ္။ ၁၅ မိနစ္ဘဲေထာင္ဝင္စာေတြ႕ခြင့္ရတဲ့ ျမစ္ႀကီးနားကို ရန္ကုန္ကေန မညည္းမျငဴ သြားေတြ႕ခဲ့တဲ့ မမခင္မ်ိဳးျမင့္ကို ခ်ီးက်ဴးပါတယ္။မိသားစုစားဝတ္ေနေရးအဆင္ေျပေအာင္ ေဘာက္ေထာ္ေက်ာက္ကုန္းက အိမ္ကို ငွားၿပီး ဒဂုံၿမိဳ႕သစ္မွာေျပာင္းေနၾကရပါတယ္။ ဒဂုံၿမိဳ႕သစ္မွာေနတုန္း မသန္စြမ္းတဲ့ သမီးေလးေခ်ာစုဆုံးရွာပါတယ္။ ကို Kelvin သားႀကီးကို က်မတို႔ ရတနာပုံက စကၤာပူမွာအလုပ္ရွာေပးထားပါတယ္။ ေဘာက္ေထာ္က အိမ္ငွားေတြက အိမ္ကို ဟိုအခန္းဖြင့္လို႔ က်မ ကိုယ္တိုင္စာၾကမ္းေရးေပးၿပီး ရန္ကုန္တိုင္း တိုင္မႉး ဗိုလ္ခ်ဳပ္ခင္ေမာင္သန္းဆီ တိုင္စာပို႔ေပးခဲ့ရပါတယ္။
ျမန္မာျပည္မွာ ႏိုင္ငံေရးအက်ဥ္းသားမရွိဘူး။ ရာဇဝတ္မႈက်ဴးလြန္လို႔ ေထာင္ခ်ထားတာေတြလို႔ ေျပာတဲ့အသံေတြၾကားရတိုင္း က်မ ရင္ႏွစ္ျခမ္းျဗန္းကနဲကြဲေအာင္ ေအာ္ဆဲျပစ္ခ်င္တာ ကို Kelvin ေၾကာင့္ပါဘဲ။ သူ႔ကို အျပင္မွာျမင္ဘူး ေတြ႕ဘူးသူတိုင္းသတိထားမိမွာပါ။ သိပ္ႏူးညံ့သိမ္ေမြ႕တဲ့ လူ႔ယဥ္ေက်း ပညာတတ္တေယာက္ပါ။ သူ႔ကို ရာဇဝတ္သားတေယာက္လိုေထာင္ခ်လိုက္တဲ့ စစ္အစိုးရ..

ထားပါေတာ့..စစ္အစိုးရက..အာဏာရွင္ လုပ္ခ်င္သလိုလုပ္ေပါ့..ဒါေပသိ. စစ္အစိုးရရဲ႕ ဝါဒျဖန႔္ မႈိင္းမိသူေတြထဲမွာ VOA ျမန္မာပိုင္းကလူႀကီးေတြလည္းပါတာေတြ႕ရေတာ့ က်မရင္ထဲေအာင့္သက္သက္နဲ႔ အေတာ္ခံစားခဲ့ရပါတယ္။ က်မ ၂၀၀၂ ခုႏွစ္ VOA မွာအလုပ္ဝင္ေတာ့ ေဒါက္တာခင္ေဇာ္ဝင္းကို ႏိုင္ငံေရးအက်ဥ္းသားအျဖစ္ သတ္မွတ္တာကို VOA ကလူႀကီးအမ်ားစုက ေဝဖန္ေနၾကတာေတြ႕ရလို႔ပါ။ ႏိုင္ငံျခားေငြတရားမဝင္ကိုင္ေဆာင္မႈ၊ ေက်ာက္မ်က္ရတနာေတြခိုးထုတ္မႈနဲ႔ ေထာင္က်တာတဲ့..က်မလည္းမေနႏိုင္ ရွင္းျပေပမဲ့ သူတို႔က အင္တင္တင္..အဲ့လူႀကီးေတြ အခု VOA မွာမရွိေတာ့ပါဘူး။ ေအာ္..စစ္အစိုးရ သတင္းစာရွင္းလင္းပြဲေတြကို ယုံယုံၾကည္ၾကည္ မွတ္သားတဲ့ မီဒီယာသမားႀကီးေတြ ေလးစားမိပါရဲ႕။

၂၀၀၅ ခုႏွစ္ July လမွာ လႊတ္တဲ့ အက်ဥ္းသား ၂၀၀ ေက်ာ္ထဲ ကို Kelvin ပါလာေတာ့ ဝမ္းသာလြန္းလို႔ ငိုမိပါတယ္။ အဲဒီတုန္းက Vicky Bowman က British သံအမတ္ႀကီးအျဖစ္ရန္ကုန္မွာဆိုေတာ့ Email နဲ႔ လွမ္းသတင္းေမးရပါတယ္။ ကို Kelvin ေထာင္က်ေနစဥ္အတြင္း ICRC နဲ႔ ခင္မင္တဲ့ သံတမန္ မိတ္ေဆြေတြက ရတနာပုံကတဆင့္ ေဖးမကူညီခဲ့ၾကပါတယ္။

ေဒါက္တာခင္ေဇာ္ဝင္းရဲ႕ Master in Public Policy Dissertation စာတမ္းသာ ၿပီးေအာင္ေရးျဖစ္ခဲ့မယ္ဆိုရင္..ဘာျဖစ္မွာလဲ။ စစ္အစိုးရျပဳတ္က်မွာလား၊ မျပဳတ္ပါဘူး။ နာဂစ္မုန္တိုင္းအၿပီး ျမန္မာျပည္မွာ ရွိတဲ့လူဦးေရထက္ေတာင္ ေထာက္ခံတဲ့မဲ ပိုၿပီးရခဲ့ ဆႏၵခံယူပြဲနဲ႔ အတည္ျပဳထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ႀကီးပါဘဲေလ..

ဒီ မွတ္တမ္းကို ေဒါက္တာခင္ေဇာ္ဝင္းရဲ႕ ခြင့္ျပဳခ်က္မပါဘဲေရးၿပီးတင္တာပါ။ က်မရဲ႕ Memoir နဲ႔ က်မရဲ႕ perspective အျမင္ သက္သက္ပါ။ က်မသိတဲ့ ကို Kelvin အေၾကာင္းေပါ့ရွင္...

Unicode version

မြှောက်ပေးတဲ့သူတွေရှိတော့လည်း..ကျမရဲ့ Memory bank ထဲမှာ အတိုးမတက်၊ အရင်းအတိုင်းရှိနေသေးတဲ့ Memoir လေး တပုဒ် ရေးချပါရစေ။ တနုံ့နုံ့နဲ့ ပြောချင်နေတာကြာပေါ့။ သားလေး Nay Lin ပြောတဲ့ သံပြုတ်မှတ်တမ်းဆိုပါစို့။

ကျမရဲ့ memoir ပါ။ ဒါပေမဲ့ ဒီ  memoir ရဲ့ အဓိကဇတ်ဆောင်က let bygone be bygone ဆိုပြီး အရာရာကို ပြည်ဖုန်းကားချထားပြီး သူယုံကြည်ရာကို ဇွဲမလျှော့ဘဲ လုပ်စရာရှိတာဆက်လုပ်နေသူဖြစ်ပါတယ်။ ကျမ ထဲထဲဝင်ဝင်ပါဝင်ခဲ့ရတဲ့ မမေ့နိုင်တဲ့ မှတ်တမ်းပါ။

ကျမတို့ ၁၉၈၈ နှစ်ကုန်ပိုင်းက ထူထောင်ခဲ့တဲ့ ရတနာပုံ Enterprises ရဲ့ Consultancy အဖွဲ့က နိုင်ငံခြားက ရေနံကုမ္မဏီတွေအပါအဝင် Corporation ကြီးတွေ၊ Export-Import Business တွေတင်မကပါဘူး၊အထူးသဖြင့် UN နဲ့  INGO တွေကို ဝန်ဆောင်မှုပေးပါတယ်။  မှတ်မိသလောက် Early 1990 စစ်အစိုးရလက်ထက် မြန်မာပြည်ကို ပထမဆုံး ဝင်ဖို့ကြိုးစားတာ MSF ပြင်သစ် နယ်စည်းမထားဆရာဝန်များအဖွဲ့ပါ။  ကျမတို့ရတနာပုံကို MSF က Stephen (Spelling and last name မမှတ်မိ) ကို ဒေါက်တာခင်ဇော်ဝင်း မိတ်ဆက်ပေးခဲ့တာပါ။  ကျမနဲ့ ဒေါက်တာခင်ဇော်ဝင်းက မောင်နှမတွေလို ချစ်ခင်ရင်းနှီးကြပါတယ်။ ပြောမနာဆိုမနာ၊ မရှိအတူ ရှိအတူ ရုန်းကန်ခဲ့ကြတာပေါ့။
Photo: Far left: Dr. Khin Zaw Win, Ko Myo Tun Aye, Leo, KSW & puppy Bowie, U Tun Naing & U Zaw Min (At my residence in Highland Ave, 7 and half mile, Rangoon)

ဒီခေတ်မီဒီယာသမားတွေကတော့ ဒေါက်တာခင်ဇော်ဝင်းကို မသိတဲ့လူမရှိပါဘူ။ သူ့ကို ကို Kelvin လို့ ရင်းနှီးသူတွေကခေါ်ကြပါတယ်။ သူ့ဖခင်က MOFA က အတွင်းဝန်ကြီး ဦးဝင်းဘော်၊ သူက Kelvin Win Baw. ရန်ကုန် သိမ်ဖြူလမ်းမှာ တိုက်အကြီးကြီးနဲ့ ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းကပါ။ ကျမ အမအကြီးဆုံး ဒေါက်တာမေမြင့်ဦးနဲ့ ဆေးကျောင်းမှာ အတန်းတူ၊ နောက်တော့ Dental Surgeon ဘက်ပြောင်းသွားခဲ့တာ။ အမအမြဲပြောလေ့ရှိတာ Kelvin က စာသိပ်တော်တယ် State Scholarship တောင်အရွေးခံရတာတဲ့။ သူ့ဇနီး ဒေါက်တာခင်မျိုးမြင့် (ပခုက္ကူသူ) ကလည်း အမနဲ့ ဆေးကျောင်းတက်ဖက်ပါဘဲ။

ဒါတင်မကသေးပါဘူး။ သူ့ညီမလေး ၂ ယောက်၊ ကလျာနဲ့ ကဉ္စနာဝင်းဘော် တို့က MOFA မှာ အလုပ်လုပ်ခဲ့ကြတာဆိုတော့ ကိုယ့်ညီမလေးတွေပါဘဲ။ ကဉ္စနာရဲ့ ခင်ပွန်းကိုမျိုးထွန်းအေးက ကျမတို့ MOFA ပြုတ်ထဲမှာ ထိပ်ဆုံးက။ ရတနာပုံရဲ့ ဒါရိုက်တာအဖွဲ့ဝင်တယောက်ပေါ့။ ကျမရဲ့ လုပ်ဖေါ်ကိုင်ဘက်တွေထဲမှာ ကိုမျိုးထွန်းအေးလို လူမျိုးကတော့ စံပြပါဘဲ။ ၈၈ အရေးအခင်းကာလ MOFA မှာသူက အုပ်ချုပ်ရေးနဲ့ ဝန်ထမ်းရေးရာဌာန ဒု-ညွှန်မှူး၊ လူထုလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်တဲ့လူတွေ ဖြုတ်ဖို့ ထောက်လှမ်းရေးက စာရင်းပို့တော့ ကိုမျိုးထွန်းအေးနံမည်ပါ ပါတယ်လေ။
သူ့နံမည်ပါတဲ့ MOFA ရဲ့ အလုပ်ထုတ်တဲ့ စာရင်းကို အုပ်ချုပ်ရေးနဲ့ ဝန်ထမ်းရေးရာကဆိုတော့ သူကိုယ်တိုင် Draft အကြမ်းရေးပေးခဲ့ရတဲ့ အဖြစ်ပါ။ သူကလူအေး၊ ချစ်စရာကောင်းတဲ့ အကိုပါဘဲ။ အနုပညာ ပန်းချီ ပန်းပု စိတ်ဝင်စားတော့ ရတနာပုံရဲ့ Arts & Craft Director ပေါ့။ ကျမက နေ့တိုင်းလိုလို သံရုံးတွေ၊ ကုမ္မဏီပွဲတွေ၊ Wedding တွေသွားတဲ့အခါ ဝတ်စားပြင်ဆင်ထားရင် မျက်စေ့နောက်ပြီး သောက်ရှိုးဘဲထုတ်နေတာလို့ ဆူတတ်ပါတယ်။ ဒေါက်တာခင်ဇော်ဝင်းနဲ့ ကျမရဲ့ ခင်မင်ရင်းနှီးမှုအတိုင်းအတာကို ဖေါ်ကျူးတဲ့အနေနဲ့ ဆက်စပ်ပုံကိုရေးပြနေတာပါ။

ဒေါက်တာခင်ဇော်ဝင်းက ငယ်ငယ်က  India မှာကျောင်းတက်ခဲ့တာရယ်၊ ခေတ်ကောင်းတုန်းက ရန်ကုန်  English Methodist ကျောင်းမှာနေခဲ့ရတာတွေကြောင့်ထင်ပါရဲ့ Command of English ကောင်းပါတယ်။ အရေးအသား အပြော အတုယူစရာတွေအများကြီးပါ။ ကျမက အဖွားတို့ပြောတဲ့ ခေတ်ကောင်းမမှီလိုက်တော့ Broken English မီးကျိုးမောင်းပျက် ဘဲပြောတတ်၊ ရေးတတ်တာဖြစ်ပါတယ်။ ကျမ English လိုအမှားပြောတဲ့အခါ သူက ပြင်ပေးတတ်ပါတယ်။ ကျမရဲ့ Broken English တွေကိုပြင်ပေးတဲ့သူတွေထဲမှာ Vicky Bowman လည်းအပါအဝင်ပေါ့။ Vicky မြန်မာလိုပြောတာက ကျမ English လိုပြောတာထက်အများကြီး ပိုကောင်းပါတယ်။

အဲဒီခေတ်က သံရုံးတွေကို ဝင်ထွက်ရင် အန္တရာယ်ရှိပါတယ်။ ကျမနဲ့ ကို Kelvin ကတော့ သံရုံးပွဲတွေ သွားစရာရှိ အတူတူသွားကြပါတယ်။ ကျမမောင်းတဲ့ကားကို စီးပြီး နယ်ခရီးတွေလည်း အတူတူထွက်ဖြစ်ကြပါတယ်။ သံရုံးကားနဲ့ အတူတူထွက်တဲ့ခရီးတွေမှာ ထောက်လှမ်းရေးလိုက်လို့ ပြေးရတဲ့အဖြစ်တွေနဲ့လည်းကြုံဖူးးပါရဲ့။ မှတ်မှတ်ရရ ၁၉၉၁ ခုနှစ်  က သူ့ကျေးဇူးနဲ့  British သံရုံးက ကျမတို့ရဲ့ mutual friend နဲ့ အတူ ကင်းတားဘက်စုံရေလှောင်တမံကြီးဘက်ကနေ Pre-historic ပြဒါးလင်းဂူကိုရောက်ဖူးခဲ့ပါတယ်။ အဲဒီကတဆင့်၊ ရေဇင်းဆည် Guest House မှာတည်းပြီး တာရိုးပေါ်က ညအလှကိုခံစားရင်း Champaign နဲ့ Happy New Year ကိုကြိုဆိုခဲ့ကြဘူးပါတယ်။

ကျမတို့ ရတနာပုံက MSF ရုံးဖွင့်ခွင့်ရအောင် နည်းလမ်းရှာကြပါတယ်။ MSF က လူမှုရေးကူညီတဲ့အဖွဲ့ဆိုတော့ ပထမ ပြည်ထဲရေးကို တင်ကြည့်ပါတယ်။ ပြည်ထဲရေးက ဆရာဝန်တွေဆိုတော့ ကျန်းမာရေးနဲ့ ဆိုင်တယ်တဲ့။ ဒါနဲ့ ကျန်းမာရေးဝန်ကြီးဌာနကိုတင်တာ ထုံးစံအတိုင်း နှစ်နဲ့ချီကြာပါတယ်။ ၁၉၉၂ ကျမှ MSF ရန်ကုန်မှာ တရားဝင် ရုံးဖွင့်ခွင့်ရပါတယ်။ MSF ရဲ့ လုပ်ငန်းတွေ အတော်မျာများ ရတနာပုံက ဝန်ဆောင်မှုပေးပါတယ်။ ကုမ္မဏီမပိတ်ခင်အထိ လှိုင်သာယာမှာ Feeding center အတွက် Service ပေးခဲ့ရတယ်ထင်ပါတယ်။ ကို Kelvin က အဲဒီအချိန်က ရန်ကုန် UNICEF ရုံးမှာ Consultant လုပ်ပါတယ်။  UNICEF က သူ့ကို Consultancy Retainer fees ပေးဖို့ အဆင်ပြေအောင် ရတနာပုံက UNICEF ကို Contract နဲ Consultancy Service ပေးပါတယ်။ ကို Kelvin က ရတနာပုံ Consultancy group ထဲကနေ Service ပေးတဲ့သဘောပေါ့။ ရတနာပုံက UNICEF ရဲ့ Project တချို့ ဝန်ဆောင်မှုပေးခဲ့တာတွေရှိပါတယ်။ UNICEF ရဲ့ Weaning food project နို့စို့အရွယ်ကလေးကနေ အစားစားနိုင်တဲ့ အဆင့်အတွက် စားစရာ လုပ်ငန်းကို ကြိုးစားခဲ့ဘူးသလား မမှတ်မိတော့..

ဇတ်လမ်းက အခုမှစမှာလေ..UNICEF မှာ Consultant လုပ်ရင်း ၁၉၉၂-၉၃ မှာ ကို Kelvin တယောက် စင်္ကာပူ NUS National University of Singapore မှာ MIPP - Master in Public Policy တက်ဖို့ Scholarship award ရပါတယ်။ သူက နဂိုကတည်းက စာသိပ်ဖတ်တဲ့ စာဂျပိုး၊ နိုင်ငံတကာဘာသာရပ်လည်းကြေညက်တယ်။ သူ့အတွက် ဒီပညာသင်အခွင့်အလမ်းက ထီပေါက်တာထက် ကံကောင်းတယ်လေ။ ပျော်စရာကြီးပေါ့။  ကျမ ၁၉၉၃ အမေရိကားနဲ့ UK ခရီးကအပြန် စင်္ကာပူဝင်တော့ ကို Kelvin ကို တည်းတဲ့အိမ်ကိုဖိတ်ပြီး ဗမာထမင်းဟင်းချက်ကျွေးခဲ့ပါသေးတယ်။ ကျမက စင်္ကာပူရောက်တုန်း ဘောင်းဘီတိုဝတ်လို့ သူ ဆူတာ ခုထိ မမေ့။

သူ့ရဲ့ MIPP final dissertation အတွက် ရွေးတဲ့ခေါင်းစဉ်က မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတဲ့။ ၁၉၉၄ Summer မှာ စာတမ်းအတွက် ရန်ကုန်ပြန်လာပြီး နံမည်ကျော် အမျိုးသားညီလာခံတက်သူတွေနဲ့ ဆက်သွယ်ရတာပေါ့။ ညီလာခံကိုယ်စားလှယ်တွေကို ချိန်းပြီး ဗျူး၊ မှတ်တမ်းတင်၊ စာတမ်းအတွက် အချက်အလက်တွေရအောင် သူ့ကိုဝိုင်းကူကြပေါ့။ အဲဒီ ခေတ်က memory stick , thumb drive မပေါ်သေးဘူး။ file တွေကို diskette နဲ့ save ကြရတာ။ ရတနာပုံက လူငယ်တချို့ နဲ့ စာရေးဆရာမ သာယာဝတီစမ်းစမ်းနွဲ့ရဲ့ သမီးက စာရိုက်ပေးကြတယ်လို့ မှတ်မိပါတယ်။

ကျမတို့ ရတနာပုံက ဆရာဦးသန်းထွန်းအောင် အလုပ်ကိစ္စနဲ့ စင်္ကာပူသွားဖို့ရှိတော့ ကို Kelvin ပြန်မယ့်ရက်နဲ့ ချိန်ပြီးစီစဉ်ကြပါတယ်။ ဆရာက July 2 ရက်နေ့ အရောက်သွားရမှာ၊ ကို Kelvin က ၄ ရက်နေ့ လက်မှတ်ဝယ်ပြီးသားဆိုတော့ စင်္ကာပူကျမှ ဆုံကြမယ်ပေါ့။ ဆရာက Hotel မှာတည်းရတာတယောက်တည်းပျင်းတော့ ကို Kelvin နဲ့ အလုပ်ကိစ္စတွေတိုင်ပင်ရင်း hangout လုပ်ဖို့ ပြင်နေတာ။ ကို Kelvin က July 4 မှာ ရန်ကုန်ကနေ စင်္ကာပူပြန်၊ လေဆိပ်ကို သူ့ဇနီးမမခင်မျိုးမြင့်နဲ့ သမီးထားထားတို့ လိုက်ပို့ခဲ့ကြပါတယ်။ ကျမက ဆရာ့ကိုယ်စား အမေရိကန်လွတ်လပ်ရေးနေ့ Fourth of July reception တက်ဖြစ်ပါတယ်။ နောက်နေ့ ဆရာဦးသန်းထွန်းအောင်က Kelvin စင်္ကာပူ ကို ပြန်ရောက်မလာဘူးတဲ့။ သူ့အခန်းမှာ ဆရာသွားစောင့်နေတာ တနေကုန်တဲ့။ ဟောတော့..ဒါနဲ့ မမ ခင်မျိုးမြင့်ကိုဆက်ပြီး သွားဖြစ်ရဲ့လားမေးရပါတယ်။ မမ က သူတို့ကိုယ်တိုင် လေဆိပ် လိုက်ပို့ပေးခဲ့တာတဲ့။ ဒါနဲ့ ကျမလည်း ကို Kelvin ပျောက်ရှာပုံတော်ဖွင့်ရပါတော့တယ်။

လေဆိပ်လုံခြုံရေးက ကျမရဲ့ ဘော်ဒါတွေလှမ်းမေးတော့ MI ထောက်လှမ်းရေးက ကို Kelvin ကို လေယာဉ်ပျံပေါ်မတက်ခင် လာခေါ်သွားတာတဲ့။ ကဲ..ဘယ်လိုလုပ်ကြမတုန်း။  ထောက်လှမ်းရေးက ခေါ်သွားတယ်ဆိုကတည်းက ပြန်လမ်းမမြင်၊ ဘာကြောင့်လဲဆိုတာ စဉ်းစားစရာမလို။ ဒီနေ့အထိ အကဲဆတ်လှတဲ့ ညောင်နှစ်ပင်မှတ်တမ်းပေါ့။

အကြောက်တရားကြီးစိုးနေတဲ့ခေတ်မှာ ကျမရဲ့ ရှာပုံတော်စစ်ဆင်ရေးက မအောင်မြင်ပါဘူး။ ၄၅ ရက်ပြည့်တော့ Ko Kelvin ရဲ့ ဇနီးဒေါက်တာခင်မျိုးမြင့်ကို ထောက်လှမ်းရေးကလာခေါ်ပါတယ်။ မျက်နှာကို ခေါင်းစွပ်အုပ်ပြီး ကားပေါ်တင်ခေါ်တဲ့ အမှောင်ခေတ်ဆိုးပါ။ ဘယ်နေရာမှန်းမသိတဲ့ အိမ်ကြီးတအိမ်မှာတဲ့၊ ကို Kelvin ကို အင်းစိန်ထောင်မပို့ခင် တွေ့ခွင့်ပေးတာတဲ့။ လေဆိပ်ကနေသိမ်းလာတဲ့ Suitcase တွေနဲ့ အထုတ်တွေပြန်ပေးလိုက်တယ်တဲ့။ မမခင်မျိုးမြင့်ပြန်ပြောပြတာနားထောင်ပြီး မျက်ရည်ကျခဲ့ရပါတယ်။

၈၈ ကိုဖြတ်သန်းခဲ့တဲ့ မြန်ပြည်သားတွေ မှတ်မိကြဦးမှာပါ။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲတွေလေ။ ကို Kelvin ကို အင်းစိန်ထောင်ပို့ပြီး နောက် သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာခင်ဇော်ဝင်းဟာ နိုင်ငံခြားငွေတရားမဝင်ကိုင်ဆောင်မှု၊ ကျောက်မျက်ရတနာတွေ ခိုးထုတ်မှုနဲ့  တရားစွဲဆိုပြီး ထောင်ချလိုက်ပါတယ်တဲ့ အရပ်ကတို့ရေ..စင်္ကာပူဒေါ်လာ ၂၀၀ မပြည့်တပြည့်၊ ဗိုလ်ချုပ်ဈေးကဝယ်လာတဲ့ လက်ဆောင်ပေးဖို့ ကျောက်စိမ်းအမှတ်တရပစ္စည်းလေးတချို့ ကို ဓါတ်ပုံနဲ့တကွပြထားတာ။ အော်..ငါ့နှယ်..ပြစ်မှုကကြီးမားပါပေ့။ သူတို့ ဆတ်ဆတ်ထိမခံ အမျိုးသားညာလာခံ အကြောင်းတစိုးတစေ့မှမပါ။ ကို Kelvin ရေးမယ့် စာတမ်းကို ရန်ရှာတာပေါ့။ ထောင်ဒဏ် ဘယ်နှစ်နှစ်ကျတာလဲမမှတ်မိတော့ပေမဲ့ ၁၉၉၄ ကထောင်ကျတာ၂၀၀၅ ကျမှလွတ်တာဆိုတော့ ၁၁ နှစ်ပေါ့။

သူထောင်ကျနေစဉ်ကာလအတွင်း မမခင်မျိုးမြင့်နဲ့ မိသားစုကို ကျမတို့ ရတနာပုံက အတတ်နိုင်ဆုံး ပံ့ပိုးပေးပါတယ်။ ကျမနိုင်ငံခြားမထွက်ခင် ကို Kelvin အင်းစိန်ထောင်ကနေ မြစ်ကြီးနားထောင်ကို ရွှေ့လိုက်ပါတယ်။ သူထောင်ပြောင်းတဲ့ ပုံရိပ်ကို ကြားရတာနဲ့တင် မျက်ရည်ကျမိပါတယ်။ ၁၅ မိနစ်ဘဲထောင်ဝင်စာတွေ့ခွင့်ရတဲ့ မြစ်ကြီးနားကို ရန်ကုန်ကနေ မညည်းမငြူ သွားတွေ့ခဲ့တဲ့ မမခင်မျိုးမြင့်ကို ချီးကျူးပါတယ်။မိသားစုစားဝတ်နေရေးအဆင်ပြေအောင် ဘောက်ထော်ကျောက်ကုန်းက အိမ်ကို ငှားပြီး ဒဂုံမြို့သစ်မှာပြောင်းနေကြရပါတယ်။ ဒဂုံမြို့သစ်မှာနေတုန်း မသန်စွမ်းတဲ့ သမီးလေးချောစုဆုံးရှာပါတယ်။ ကို Kelvin သားကြီးကို ကျမတို့ ရတနာပုံက စင်္ကာပူမှာအလုပ်ရှာပေးထားပါတယ်။ ဘောက်ထော်က အိမ်ငှားတွေက အိမ်ကို ဟိုအခန်းဖွင့်လို့ ကျမ ကိုယ်တိုင်စာကြမ်းရေးပေးပြီး ရန်ကုန်တိုင်း တိုင်မှူး ဗိုလ်ချုပ်ခင်မောင်သန်းဆီ တိုင်စာပို့ပေးခဲ့ရပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူး။ ရာဇဝတ်မှုကျူးလွန်လို့ ထောင်ချထားတာတွေလို့ ပြောတဲ့အသံတွေကြားရတိုင်း ကျမ ရင်နှစ်ခြမ်းဗြန်းကနဲကွဲအောင် အော်ဆဲပြစ်ချင်တာ ကို Kelvin ကြောင့်ပါဘဲ။ သူ့ကို အပြင်မှာမြင်ဘူး တွေ့ဘူးသူတိုင်းသတိထားမိမှာပါ။ သိပ်နူးညံ့သိမ်မွေ့တဲ့ လူ့ယဉ်ကျေး ပညာတတ်တယောက်ပါ။ သူ့ကို ရာဇဝတ်သားတယောက်လိုထောင်ချလိုက်တဲ့ စစ်အစိုးရ..

ထားပါတော့..စစ်အစိုးရက..အာဏာရှင် လုပ်ချင်သလိုလုပ်ပေါ့..ဒါပေသိ. စစ်အစိုးရရဲ့ ဝါဒဖြန့် မှိုင်းမိသူတွေထဲမှာ VOA မြန်မာပိုင်းကလူကြီးတွေလည်းပါတာတွေ့ရတော့ ကျမရင်ထဲအောင့်သက်သက်နဲ့ အတော်ခံစားခဲ့ရပါတယ်။ ကျမ ၂၀၀၂ ခုနှစ် VOA မှာအလုပ်ဝင်တော့ ဒေါက်တာခင်ဇော်ဝင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တာကို VOA ကလူကြီးအများစုက ဝေဖန်နေကြတာတွေ့ရလို့ပါ။ နိုင်ငံခြားငွေတရားမဝင်ကိုင်ဆောင်မှု၊ ကျောက်မျက်ရတနာတွေခိုးထုတ်မှုနဲ့ ထောင်ကျတာတဲ့..ကျမလည်းမနေနိုင် ရှင်းပြပေမဲ့ သူတို့က အင်တင်တင်..အဲ့လူကြီးတွေ အခု VOA မှာမရှိတော့ပါဘူး။ အော်..စစ်အစိုးရ သတင်းစာရှင်းလင်းပွဲတွေကို ယုံယုံကြည်ကြည် မှတ်သားတဲ့ မီဒီယာသမားကြီးတွေ လေးစားမိပါရဲ့။

၂၀၀၅ ခုနှစ် July လမှာ လွှတ်တဲ့ အကျဉ်းသား ၂၀၀ ကျော်ထဲ ကို Kelvin ပါလာတော့ ဝမ်းသာလွန်းလို့ ငိုမိပါတယ်။ အဲဒီတုန်းက Vicky Bowman က British သံအမတ်ကြီးအဖြစ်ရန်ကုန်မှာဆိုတော့ Email နဲ့ လှမ်းသတင်းမေးရပါတယ်။  ကို Kelvin ထောင်ကျနေစဉ်အတွင်း ICRC နဲ့ ခင်မင်တဲ့ သံတမန် မိတ်ဆွေတွေက ရတနာပုံကတဆင့် ဖေးမကူညီခဲ့ကြပါတယ်။

ဒေါက်တာခင်ဇော်ဝင်းရဲ့ Master in Public Policy Dissertation စာတမ်းသာ ပြီးအောင်ရေးဖြစ်ခဲ့မယ်ဆိုရင်..ဘာဖြစ်မှာလဲ။ စစ်အစိုးရပြုတ်ကျမှာလား၊ မပြုတ်ပါဘူး။ နာဂစ်မုန်တိုင်းအပြီး မြန်မာပြည်မှာ ရှိတဲ့လူဦးရေထက်တောင် ထောက်ခံတဲ့မဲ ပိုပြီးရခဲ့ ဆန္ဒခံယူပွဲနဲ့ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြီးပါဘဲလေ..

ဒီ မှတ်တမ်းကို ဒေါက်တာခင်ဇော်ဝင်းရဲ့ ခွင့်ပြုချက်မပါဘဲရေးပြီးတင်တာပါ။ ကျမရဲ့ Memoir နဲ့ ကျမရဲ့ perspective အမြင် သက်သက်ပါ။ ကျမသိတဲ့ ကို Kelvin အကြောင်းပေါ့ရှင်...

Monday, June 29, 2020

ေမာ္စကိုျပန္ ကိုမ်ိဳးလြင္

က်မရဲ႕ ရွန္ဟိုင္းခရီးမွတ္တမ္းထဲက ဒီစာပိုဒ္နဲ႔ ပတ္သက္ၿပီး ဆက္ေရးဖို႔ ကိုမ်ိဳးလြင္ရဲ႕ သမီး Simone Lwin နဲ႔ မိတ္ေဆြေတြက.. တိုက္တြန္းအားေပးၾကေတာ့ ရင္ဖြင့္ပါရေစ..

"1996 September ေက်ာင္းသားေတြ ဒီမိုကေရစီေရး ဆႏၵျပလို႔ အဖမ္းခံရၿပီး မၾကာခင္လုပ္တဲ့ပြဲဆိုေတာ့ ေျပာစရာက ရင္နဲ႔အျပည့္၊ ကိုယ္နဲ႔အတူ MOFA ကျပဳတ္ၿပီး အတူတူအလုပ္လုပ္တဲ့ ကိုမ်ိဳးလြင္ တေယာက္လွည္းတန္းမွာ သမီးႀကိဳရင္း ႐ိုက္ႏွက္အဖမ္းခံ၊ က်ိဳကၠစံကြင္းကေန အင္းစိန္ပို႔..ဇတ္လမ္းကရွည္မွာစိုးလို႔..."

၈၈ အေရးေတာ္ပုံမွာ MOFA ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေန အျဖဳတ္ခံရသူ ၁၈ ေယာက္ထဲမွာ အကိုရင္းတေယာက္လို ခ်စ္ခင္ရတဲ့ ကိုမ်ိဳးလြင္လည္းပါတာေပါ့။ MOFA ဆိုတာ တကယ္ေတာ့ ေရေပၚဆီ Elite ေတြ၊ အခြင့္ထူးခံလူတန္းစားေတြရယ္လို႔ အမ်ားကျမင္ၾကတာပါ။ ၈၈ အေရးေတာ္ပုံမွာ ဘာတာဝန္ေတြယူခဲ့လို႔ ျဖဳတ္ခံရတာလဲဆိုတဲ့ အေၾကာင္းေတြကို အေသးစိတ္မေရးေတာ့ပါဘူး။ ျပည္သူေတြနဲ႔ အတူ ရပ္တည္ခဲ့ၾကတဲ့ လုပ္ေဖၚကိုင္ဘက္ေတြပါ။

ေနာက္တန္း ဝဲစြန္- ကိုမ်ိဳးလြင္၊ အလယ္ - ဦးသန္းထြန္းေအာင္၊ Peter Sein Maung, who was about to leave Rangoon to join his wife Ma Ma Pyone in Australia.
ေရွ႕တန္း...က်မနဲ႔ မီးမီး ဥမၼာမင္း (စိန္ေမာင္ရုပ္ရွင္ရဲ႕ ေျမးဦး)

အလုပ္ျပဳတ္တာ ၁၉၈၈ ေအာက္တိုဘာလကုန္ပိုင္း၊ က်မတို႔ျပဳတ္တဲ့လူေတြစုၿပီး တခုခု လုပ္ၾကရရင္ေကာင္းမယ္လို႔ တိုင္ပင္မိၾကတာနဲ႔။ က်မနဲ႔ MOFA မွာ သံအရာရွိအတူတူျဖစ္ခဲ့တဲ့ သူငယ္ခ်င္း မာလာစိန္ေမာင္က လမ္းမေတာ္ၿမိဳ႕နယ္၊ လွည္းတန္းနဲ႔ မဟာဗႏၶဳလ လမ္းေထာင့္မွာ သူ႔မိဘ (စိန္ေမာင္႐ုပ္ရွင္နဲ႔ ႐ြက္ေလွဘီစကြတ္စက္႐ုံပိုင္ရွင္) ပိုင္ပြဲ႐ုံတခုလြတ္ေနတာရွိတယ္။ လခလည္းေပးစရာမလိုဘူး။ လူစုၿပီး တိုင္ပင္စရာရွိတာ တိုင္ပင္၊ ဆိုင္ဖြင့္ဖြင့္၊ လုပ္စရာရွိတာလုပ္ပါဆိုၿပီး ၃ ထပ္တိုက္ႀကီးရဲ႕ ေအာက္ဆုံးထပ္တခုလုံးကို သဒၶါတရားထက္သန္စြာ ေမတၱာအျပည့္၊ လ်က္ေလ်ာ (ရက္ေရာ) စြာ အသုံးျပဳခြင့္ ေပးပါတယ္။

Left to right: Ko Myo Tun Aye, U Than Htun Aung, KSW, Peter Sein Maung, Ko Sein Win & Ko Myo Lwin at Yadanabon. 

အဲဒီေနရာမွာ လုပ္ငန္းကုမၼဏီမွတ္ပုံတင္က်ဖို႔ေစာင့္ရင္း ပထမဆုံး စတိုးဆိုင္ ယာယီဖြင့္ျဖစ္ပါတယ္။ အဲဒီေခတ္က Mini market ဆိုလို႔ စိန္ေဂဟာတခုဘဲ ရွိေသးတာပါ။ ကုမၼဏီမွတ္ပုံတင္က်ေတာ့ ရတနာပုံလုပ္ငန္းစုလီမိတက္ Yadanabon Enterprises Group Ltd. ဆိုၿပီး Export Import, Construction, Freight Forwarding, Travel & Tours, Consultancy and Human Resources ၿပီး လုပ္ငန္းေတြခြဲလုပ္ၾကပါတယ္။ မွတ္မွတ္ရရ..ကိုေအာင္ေဆြက Yadanabon logo Design ေလးဆြဲေပးပါတယ္။ YE ကို ဆဌဂံ ပုံစံေလး။ ရတနာပုံက ဘာလုပ္တာလဲေမးရင္ Everything under the Sun, which makes money, except..ဆိုၿပီးဟာသေႏွာခဲ့ရဘူးပါတယ္။ ရတနာပုံရဲ႕ လြမ္းေမာစရာ Achievements ေတြနဲ႔ Failures ေတြကို မွတ္မိသေလာက္ ေရးၾကည့္ပါဦးမယ္။ က်မတို႔ ရတနာပုံမွာ ကိုမ်ိဳးလြင္က ေငြစာရင္းကိုင္ပါတယ္။

ကိုမ်ိဳးလြင္က ဟသၤာတဇာတိ၊ က်မက ဟသၤာတေထာင္ေရွ႕က အထက (၁) မွာ ၅ တန္း တက္ခဲ့ဘူးေတာ့ ေလေပးပိုေျဖာင့္။ က်မ မွတ္မိတဲ့ဆရာ၊ ဆရာမ၊ အတန္းတူငယ္ခ်င္းေတြကို သူရွာေပးတတ္ပါတယ္။ က်မရဲ႕ ၅ တန္း အတန္းပိုင္ဆရာမ အပ်ိဳႀကီး ေဒၚခင္သင္းစိန္ ဆုံးေတာ့ သူသတင္းေပးပါတယ္။ ဟသၤာတ ဦးဝိစာရလမ္းမွာေနတဲ့ က်မ အတန္းေဖၚ မေအးသန္း ကိုလည္း ကိုမ်ိဳးလြင္ဘဲ ျပန္ဆက္သြယ္ေပးလို႔ ႏွစ္ေယာက္သားေပ်ာ္လိုက္ၾကတာ။ ဟသၤာတက ဘုရားေတြ သတိရတိုင္းနံမယ္ေတြ ျပန္ေျပာျပေတာ့ သူက က်မကို မွတ္ဉာဏ္ေကာင္းတယ္လို႔ ခ်ီးက်ဴးေပါ့။ စားဖူးတဲ့ ငါးသေလာက္ဥေၾကာ္၊ ေကာက္ညႇင္းေပါင္းေတြထည့္စားတဲ့ ဟသၤာတမုန႔္ဟင္းခါး၊ ငါးဖယ္ငါးဆုတ္ကို အုန္းႏို႔နဲ႔ ခ်က္တဲ့ အေၾကာင္း၊ စုံေနေအာင္ ေျပာၾကေပါ့။

ကိုမ်ိဳးလြင္က သိပ္ကိုေပ်ာ္ေပ်ာ္ေနတတ္ပါတယ္။ ၾကည့္လိုက္ရင္ ၿပဳံးၿပဳံးေလးနဲ႔ ေဆးလိပ္ကို အၿမဲလိုလိုခဲထားပါတယ္။ က်မကို ခ်စ္စႏိုးနဲ႔ ညီမေလးလို႔ေခၚပါတယ္။ က်မ က ရတနာပုံမွာ Public Relations သေဘာမ်ိဳး အဆက္အသြယ္နဲ႔ Marketing လုပ္ရေတာ့၊ ထုံးစံအရ အလႉထည့္ရတဲ့အခါေတြရွိပါတယ္။ သူက ေငြကိုင္ဆိုေတာ့ အျပင္ထြက္ရင္ ညီမေလး အခုသြားမွာက အဝင္လား အထြက္လား၊ ေငြဝင္မွာလား၊ ထြက္မွာလားေပါ့။ အျပင္ထြက္တိုင္း က်မ စိတ္ဆိုးေအာင္ သူက စ ေနာက္၊ က်မက စိတ္ဆိုး ကက္ကက္လန္..ဆူညံပြက္ေလာ႐ိုက္..သူကေပ်ာ္.. ကိုမ်ိဳးလြင္ရဲ႕ ဇနီး မမေအးၿမိဳင္က ၾကင္နာတတ္တဲ့ သူနာျပဳဆရာမႀကီးပါ။ သား ၃ ေယာက္ သမီး တေယာက္ထြန္းကားပါတယ္။

၁၉၉၆ စက္တင္ဘာကုန္ပိုင္းကေန ဒီဇင္ဘာလဆန္းပိုင္းအထိ ေက်ာင္းသားေတြ ပညာေရးနဲ႔ ပတ္သက္ၿပီး ေတာင္းဆို ဆႏၵျပၾကနဲ႔ တာနဲ႔ပတ္သက္ၿပီး NLD လူႀကီးေတြ က ေသြးထိုးလႈံ႕ေဆာ္တာဆိုၿပီး စစ္အစိုးရက ေဒါသထြက္၊ ေက်ာင္းသားေတြ လွည္းတန္းမွာ ထိုင္သပိတ္နဲ႔ ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ ဒီဇင္ဘာ ၅ နဲ႔ ၆ ထင္ပါရဲ႕။ ထိုင္သပိတ္နဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖၚတဲ့ေက်ာင္းသူေက်ာင္းသားေတြကို မီးသတ္ပိုက္နဲ႔ ေရျဖန္းၿပီး လူစုခြဲတာ ေရေတြက ႐ႊံ႕ေရေတြဆိုေတာ့ မြန္းၿပီး ေမ့လဲၾက၊ ဒဏ္ရာရၾက၊ မေျပးႏိုင္တဲ့လူေတြအဖမ္းခံၾကရတာ အမ်ားအသိပါ။ ေျမနီကုန္း-ျပည္လမ္းမွာေနတဲ့ ကိုမ်ိဳးလြင္က လွည္းတန္းမွာ လမ္းေတြပိတ္ထားေတာ့ သမီးကို စိတ္ပူၿပီး သြားႀကိဳခ်ိန္..စစ္သားအျပည့္နဲ႔ Lorry ကားဆိုက္ခ်ိန္နဲ႔ တိုးပါေလေရာတဲ့။ ဆႏၵျပေက်ာင္းသားေတြကို ေထာက္ခံသူေတြကို အၿငိဳးနဲ႔ ဖမ္းခ်င္ပုံရပါတယ္။ ကိုမ်ိဳးလြင္လည္းေရွာင္ခ်ိန္ မရ၊ ရွင္းျပခြင့္မရ၊ စစ္သားေတြက သူ႔ကို ႐ိုက္ႏွက္ၿပီး ကားေပၚ တင္လိုက္ပါတယ္။ ကိုမ်ိဳးလြင္နဲ႔အတူ သူတို႔အိမ္နားက အသိျဖစ္သူ အရပ္ဝတ္နဲ႔ ရဲအရာရွိ နယ္ထိန္းႀကီးကိုပါ ႐ိုက္ႏွက္ၿပီး ကားေပၚတင္ဖမ္းထည့္လိုက္တာပါဘဲတဲ့။ ေက်ာင္းသားေတြကို ေသာက္ေရသန႔္နဲ႔ စားစရာလႉတဲ့ လွည္းတန္းရတနာထြန္းစတိုးဆိုင္ရွင္ က်မတို႔ရဲ႕မိတ္ေဆြ ဦးေမာင္ေမာင္လည္း အဖမ္းခံရၿပီး ေထာင္က်ခဲ့ဘူးပါတယ္။

ကိုမ်ိဳးလြင္ အဖမ္းခံရၿပီး စစ္ကားေပၚပါသြားတယ္ၾကားရေတာ့ စိတ္ပူၿပီး ကိုမ်ိဳးလြင္ရဲ႕ အားကိုးရတဲ့ သားႀကီးၾသရႆ ကိုမိုးလြင္က လိုက္စုံစမ္းပါတယ္။ ကိုမိုးလြင္က သြက္လက္ဖ်တ္လတ္တယ္၊ သူက YES English Language School ဖြင့္ထားေတာ့ အဆက္အသြယ္ေကာင္းတယ္ေလ။ လွည္းတန္းကေနဖမ္းသြားတဲ့လူေတြကို က်ိဳကၠစံကြင္းမွာထားတယ္လို႔ သတင္းရတာနဲ႔ ကိုမိုးလြင္လိုက္သြားပါတယ္။ သူျပန္လာေတာ့ သတင္းေကာင္းၾကားရပါတယ္။ ဆႏၵျပပြဲနဲ႔ မဆိုင္တဲ့လူေတြ စိစစ္ၿပီးျပန္လႊတ္ေပးမွာတဲ့။ လူမ်ားေတာ့ နည္းနည္းၾကာမယ္ေပါ့။ ကိုမ်ိဳးလြင္ကေတာ့အ႐ိုက္ခံထားရတဲ့ဒဏ္နဲ႔ အေတာ္ခံစားေနရရွာတယ္တဲ့။

ကိုမ်ိဳးလြင္တေယာက္ တရက္ေနလည္းျပန္မလြတ္၊ ၂ ရက္ေနလည္းျပန္မလြတ္၊ ေနာက္ထပ္စုံစမ္းေတာ့ အင္းစိန္ေထာင္ပို႔လိုက္ၿပီတဲ့။ ဘုရားေရ..ဘယ္လိုျဖစ္တာလဲေပါ့။ က်ိဳကၠစံကြင္းမွာဖမ္းထားတဲ့လူေတြကို စိစစ္ေတာ့ ကိုယ္ေရးရာဇဝင္ပုံစံျဖည့္ခိုင္းတယ္တဲ့။ ကိုမ်ိဳးလြင္က အရင္ကလုပ္ခဲ့ဘူးတဲ့ အလုပ္အကိုင္ေနရာမွာ MOFA အၿငိမ္းစားေပါ့။ ဘာလို႔ အေစာႀကီးပင္စင္စားတာလဲဆိုေတာ့ ၈၈ အေရးအခင္းမွာ ပါလို႔ အၿငိမ္းစားေပးခံရတာပါလို႔ အမွန္အတိုင္းေျပာျပလိုက္တာ.တခါတည္း အင္းစိန္ေထာင္ပို႔မယ့္စာရင္းထဲ ေအာ္တိုမက္တစ္ပါသြားပါေလေရာတဲ့..

အင္းစိန္ေထာင္ဆိုေတာ့ လိုက္သြားလို႔လည္းမရ၊ အဆက္အသြယ္လုပ္ဖို႔ နည္းလမ္းမ်ိဳးစုံရွာၾကေပါ့။ အဲ့ဒီအခ်ိန္က ေထာက္လွမ္းေရးေသာင္းက်န္းတဲ့ေခတ္ဆိုေတာ့ ဘယ္သူ႔ဘယ္သူမွမကယ္ႏိုင္၊ အဆက္အသြယ္ျပတ္သြားပါတယ္။ ေနာက္ဆုံးႀကံရာမရ၊ က်မ အရဲစြန႔္ၿပီး DDSI တပ္မေတာ္ေထာက္လွမ္းေရးက အသိ DSA ဆင္း ကိုခင္ေအာင္ကို ဆက္သြယ္ၿပီး နားပူနားဆာလုပ္၊ ဂ်ီတိုက္၊ ကိုမ်ိဳးလြင္ကို စုံစမ္းေပးဖို႔ ေပါ့။ ကိုခင္ေအာင္က အဲဒီအခ်ိန္က တြင္း ၁ ရဲ႕ အနီးကပ္။ ကိုခင္ေအာင္ေျပာေပးလို႔ဘဲလား၊ လြတ္ခ်ိန္တန္လို႔လားေတာ့မသိ၊ ၄၅ ရက္အၾကာမွာ ကိုမ်ိဳးလြင္ကို ခံဝန္နဲ႔ လႊတ္ေပးပါတယ္။

ေအာ္..ဘာအျပစ္မွမလုပ္ရပါဘဲ၊ ႐ိုက္ႏွက္၊ ဖမ္းခ်ဳပ္၊ တရားစီရင္တာလည္းမရွိ၊ ခုခံပိုင္ခြင့္လည္းမေပး၊ ေထာင္ထဲတန္းပို႔၊ လႊတ္ေတာ့၊ ေကာင္းမြန္စြာေနပါ့မယ္ဆိုတဲ့ ခံဝန္ထိုးခိုင္းတဲ့ တရားမဲ့ ေ႐ႊျပည္ေတာ္ႀကီးပါ..ကမာၻေပၚမွာ အလွဆုံးတိုင္းျပည္..ကမာၻေပၚမွာေနခ်င္စရာ..အေကာင္းဆုံး..ဒီတိုင္းျပည္..

ဒါတင္မၿပီးေသးပါဘူး။ ေနတဲ့ရပ္ကြက္မွာလည္း ခံဝန္ထိုး ေစာင့္ၾကည့္ခံတဲ့။ ကဲ..ပါ ဘာဘဲေျပာေျပာ ငါတို႔ အကို လြတ္လာၿပီဘဲ..ေအာင္မေလး..ေတြ႕ေတြ႕ခ်င္း..ရင္စို႔..ငိုခ်င္းသည္က်မပါဘဲ..ျပည့္ျပည့္ၿဖိဳးၿဖိဳး ကိုမ်ိဳးလြင္တေယာက္ ငါးေဖါင္႐ိုးျဖစ္..ဝတ္သြားတဲ့ ပုဆိုးက ဒူးအထက္ေရာက္ေအာင္တို..ျဖစ္ေၾကာင္းရယ္ကုန္စင္..နတ္သံေႏွာ..ျပန္ေျပာျပတာကေတာ့..အင္းစိန္ေထာင္ပို႔တဲ့ညက လူ ၃၀ ကို ၁၀ ေပပတ္လည္အခန္းထဲထည့္လိုက္တာ၊ မတ္တတ္ေမွးခဲ့ရတယ္တဲ့။ ေနာက္ေန႔ေတြလူေလွ်ာ့ေပမဲ့လည္း လွဲအိပ္လို႔ရတယ္ဆို႐ုံဘဲတဲ့။ ေထာင္ထဲ ဂန္ဖလားနဲ႔ ဝမ္းေတာ္သြားၾကရတာ သိၾကၿပီးသား ျဖစ္မွာပါ။ ကိုမ်ိဳးလြင္ကေတာ့ ညီမေရ..ငရဲဘဲတဲ့။ လူၾကားထဲထိုင္ ဝမ္းသြားဖို႔ဆိုတာ ေတာ္ေတာ္စြန႔္ရတာတဲ့၊ ဝမ္းခ်ဳပ္တဲ့ဒဏ္၊ ႀကိဳးစားသြားေတာ့ ကုန္းစရာကမရွိ၊ ပုဆိုးေအာက္ပိုင္းနည္းနည္းစီ ဆုတ္ၿပီး ကိစၥရွင္းခဲ့ရတာ၊ လြတ္တဲ့ေန႔ အဝွာမေပၚတာ ကံေကာင္းလို႔တဲ့။

ကိုမ်ိဳးလြင္ကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့လူဆိုေတာ့ ေထာင္တြင္းအေတြ႕အႀကဳံေတြကို ဟာသေႏွာၿပီးေျပာျပပါတယ္။ ေထာင္ထဲမွာ သူမ်ားေတြဆိုျပတဲ့ သီခ်င္းေတြနားေထာင္ေကာင္းလြန္းလို႔တဲ့။ တြံေတးသိန္တန္၊ ကိုသန္းလႈိင္၊ ကိုတင္လႈိင္၊ မ်ိဳးျမင့္ေလး၊ ေဇာ္ဝမ္း စုံေနတာဘဲတဲ့။ ေနာက္ ထိုင္းအက်ဥ္းသားရဲ႕ စိုက္ခင္းက ဟင္းသီးဟင္း႐ြက္ေတြနဲ႔ အသက္ဆက္ခဲ့ရတာ၊ အက်ဥ္းက်ေဖၚအခ်င္းခ်င္း ေဖးမခဲ့ၾကတာေတြ ျပန္ေျပာျပပါတယ္။

၁၉၈၈ ႏွစ္ကုန္ပိုင္းကေန ၁၉၉၇ ႏွစ္ဆန္းပိုင္းအထိ ၁၀ ႏွစ္နီးပါး ရတနာပုံမွာဘဲ က်မ ေဇာက္ခ် လုပ္ခဲ့တာပါ။ အာဏာပိုင္ေတြအျမင္မၾကည္လင္လို႔ထင္ပါရဲ႕ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ရတနာပုံကုမၼဏီမွတ္ပုံတင္ သက္တမ္းတိုးခြင့္မရေတာ့ပါဘူး။ ကိုမ်ိဳးလြင္ကေတာ့ ရတနာပုံပိတ္တဲ့အထိ လုပ္ခဲ့ၿပီး ၂၀၀၁ ခုႏွစ္ August မွာ အသဲေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ တာဝန္ထမ္းေဆာင္စဥ္၊ Australia, Japan and Bangladesh ႏိုင္ငံေတြမွာ သံတမန္အျဖစ္ တာဝန္က်ခဲ့ဘူးပါတယ္။ ကိုမ်ိဳးလြင္ကေတာ့ Russia မွာတာဝန္မက်ခဲ့ေပမဲ့ Moscow ကိုေရာက္ခဲ့ရတဲ့အျဖစ္ပါ။

က်မေရးတဲ့ ရွန္ဟိုင္ခရီးစဥ္ မွတ္စုမွာ ကိုမ်ိဳးလြင္အေၾကာင္း စတိေရးမိတာနဲ႔ Green Card မဲေပါက္ၿပီး အေမရိကန္ျပည္ေထာင္စု Idaho ျပည္နယ္မွာအေျခခ်ေနထိုင္တဲ့ ကိုမ်ိဳးလြင္ရဲ႕ သမီး Simone Lwin နဲ႔ ျပန္ဆက္သြယ္မိလို႔ ဒီ မွတ္စုေရးျဖစ္တာပါ။ ေနာက္ ကိုမ်ိဳးလြင္ရဲ႕ မိတ္ေဆြတခ်ိဳ႕က ဆက္ေရးဖို႔ Request လုပ္ၾကပါတယ္။ ၁၉၆၂ ၊ ၁၉၇၄၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇ စတဲ့ႏွစ္ေတြ၊ ေျပာရရင္ ဒီေန႔အထိ ကိုမ်ိဳးလြင္လို ဘုမသိ ဘမသိ အဖမ္းခံရ၊ ေထာင္ခ်ခံရတဲ့ လူေတြ..လူမသိ သူမသိ..အသက္ေပးခဲ့ရသူေတြ..အတြက္..ဘယ္တရားခြင္က တရားစီရင္ေပးမွာပါလိမ့္...

.ေနာက္တေယာက္ရွိပါေသးတယ္။ က်မတို႔ သံျပဳတ္အဖြဲ႕ကို ေနရာထိုင္ခင္း အလကားေပးၿပီး အလုပ္လုပ္ခြင့္ေပးတဲ့ စိန္ေမာင္႐ုပ္ရွင္ မိသားစုရဲ႕ သားႀကီးၾသရႆHarry Sein Maung ဦးစိုးမင္း..ဘုမသိ ဘမသိ..၈၈ အေရးေတာ္ပုံမွာ သူမ်ားကိုကူညီမိလို႔.. အင္းစိန္နဲ႔ သာယာဝတီေထာင္ ၁၀ ႏွစ္ စံျမန္းခဲ့ရတဲ့ ဇတ္လမ္းရွိပါေသးတယ္။ မိသားစု ခြင့္ျပဳခ်က္ရလ်င္ ခ်ေရးပါဦးမည္။

တခ်ိဳ႕ကေတာ့ ၈၈ မွာအလုပ္ျပဳတ္ခဲ့တာကိုဘဲ အခဲမေၾက ဇာခ်ဲ႔ အဝွာေျခာက္ေရႏွဴးေနတယ္လိုေျပာေကာင္းေျပာေနၾကမွာပါ။ ျပဳတ္ခဲ့လို႔ေက်းဇူးတင္ေနမိတာပါ။ မျပဳတ္ခဲ့ရင္ MOFA မွာေခ်ာင္ထိုးခံျဖစ္မွာေလ။ သိပ္မေဝးလွေသးတဲ့ သမိုင္းမွာ လုပ္ခ်င္သလိုလုပ္ခဲ့တဲ့ တရားမဲ့အျဖစ္ေတြ အမ်ားႀကီးထဲက ကိုယ္တိုင္ပါဝင္ခဲ့တဲ့ အျဖစ္ေတြကို သတိေကာင္းတုန္းမွတ္တမ္းတင္ထားတာပါ။ အသိတရားနဲ႔ ဆင္ျခင္ႏိုင္ဖို႔ပါဘဲ။

Unicode

ကျမရဲ့ ရှန်ဟိုင်းခရီးမှတ်တမ်းထဲက ဒီစာပိုဒ်နဲ့ ပတ်သက်ပြီး ဆက်ရေးဖို့ ကိုမျိုးလွင်ရဲ့ သမီး Simone Lwin နဲ့ မိတ်ဆွေတွေက.. တိုက်တွန်းအားပေးကြတော့ ရင်ဖွင့်ပါရစေ..

"1996 September ကျောင်းသားတွေ ဒီမိုကရေစီရေး ဆန္ဒပြလို့ အဖမ်းခံရပြီး မကြာခင်လုပ်တဲ့ပွဲဆိုတော့ ပြောစရာက ရင်နဲ့အပြည့်၊ ကိုယ်နဲ့အတူ MOFA ကပြုတ်ပြီး အတူတူအလုပ်လုပ်တဲ့ ကိုမျိုးလွင် တယောက်လှည်းတန်းမှာ သမီးကြိုရင်း ရိုက်နှက်အဖမ်းခံ၊ ကျိုက္ကစံကွင်းကနေ အင်းစိန်ပို့..ဇတ်လမ်းကရှည်မှာစိုးလို့..."

၈၈ အရေးတော်ပုံမှာ MOFA နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အဖြုတ်ခံရသူ ၁၈ ယောက်ထဲမှာ အကိုရင်းတယောက်လို ချစ်ခင်ရတဲ့ ကိုမျိုးလွင်လည်းပါတာပေါ့။ MOFA ဆိုတာ တကယ်တော့ ရေပေါ်ဆီ Elite တွေ၊ အခွင့်ထူးခံလူတန်းစားတွေရယ်လို့ အများကမြင်ကြတာပါ။ ၈၈ အရေးတော်ပုံမှာ ဘာတာဝန်တွေယူခဲ့လို့ ဖြုတ်ခံရတာလဲဆိုတဲ့ အကြောင်းတွေကို အသေးစိတ်မရေးတော့ပါဘူး။ ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဘက်တွေပါ။

နောက်တန်း ဝဲစွန်- ကိုမျိုးလွင်၊ အလယ် - ဦးသန်းထွန်းအောင်၊ Peter Sein Maung, who was about to leave Rangoon to join his wife Ma Ma Pyone in Australia.
ရှေ့တန်း...ကျမနဲ့ မီးမီး ဥမ္မာမင်း (စိန်မောင်ရုပ်ရှင်ရဲ့ မြေးဦး)

အလုပ်ပြုတ်တာ ၁၉၈၈ အောက်တိုဘာလကုန်ပိုင်း၊ ကျမတို့ပြုတ်တဲ့လူတွေစုပြီး တခုခု လုပ်ကြရရင်ကောင်းမယ်လို့ တိုင်ပင်မိကြတာနဲ့။ ကျမနဲ့ MOFA မှာ သံအရာရှိအတူတူဖြစ်ခဲ့တဲ့ သူငယ်ချင်း မာလာစိန်မောင်က လမ်းမတော်မြို့နယ်၊ လှည်းတန်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်မှာ သူ့မိဘ (စိန်မောင်ရုပ်ရှင်နဲ့ ရွက်လှေဘီစကွတ်စက်ရုံပိုင်ရှင်) ပိုင်ပွဲရုံတခုလွတ်နေတာရှိတယ်။ လခလည်းပေးစရာမလိုဘူး။ လူစုပြီး တိုင်ပင်စရာရှိတာ တိုင်ပင်၊ ဆိုင်ဖွင့်ဖွင့်၊ လုပ်စရာရှိတာလုပ်ပါဆိုပြီး ၃ ထပ်တိုက်ကြီးရဲ့ အောက်ဆုံးထပ်တခုလုံးကို သဒ္ဓါတရားထက်သန်စွာ မေတ္တာအပြည့်၊ လျက်လျော (ရက်ရော) စွာ အသုံးပြုခွင့် ပေးပါတယ်။

Left to right: Ko Myo Tun Aye, U Than Htun Aung, KSW, Peter Sein Maung, Ko Sein Win & Ko Myo Lwin at Yadanabon. 

အဲဒီနေရာမှာ လုပ်ငန်းကုမ္မဏီမှတ်ပုံတင်ကျဖို့စောင့်ရင်း ပထမဆုံး စတိုးဆိုင် ယာယီဖွင့်ဖြစ်ပါတယ်။ အဲဒီခေတ်က Mini market ဆိုလို့ စိန်ဂေဟာတခုဘဲ ရှိသေးတာပါ။ ကုမ္မဏီမှတ်ပုံတင်ကျတော့ ရတနာပုံလုပ်ငန်းစုလီမိတက် Yadanabon Enterprises Group Ltd. ဆိုပြီး Export Import, Construction, Freight Forwarding, Travel & Tours, Consultancy and Human Resources ပြီး လုပ်ငန်းတွေခွဲလုပ်ကြပါတယ်။ မှတ်မှတ်ရရ..ကိုအောင်ဆွေက Yadanabon logo Design လေးဆွဲပေးပါတယ်။ YE ကို ဆဌဂံ ပုံစံလေး။ ရတနာပုံက ဘာလုပ်တာလဲမေးရင် Everything under the Sun, which makes money, except..ဆိုပြီးဟာသနှောခဲ့ရဘူးပါတယ်။ ရတနာပုံရဲ့ လွမ်းမောစရာ Achievements တွေနဲ့ Failures တွေကို မှတ်မိသလောက် ရေးကြည့်ပါဦးမယ်။ ကျမတို့ ရတနာပုံမှာ ကိုမျိုးလွင်က ငွေစာရင်းကိုင်ပါတယ်။

ကိုမျိုးလွင်က ဟင်္သာတဇာတိ၊ ကျမက ဟင်္သာတထောင်ရှေ့က အထက (၁) မှာ ၅ တန်း တက်ခဲ့ဘူးတော့ လေပေးပိုဖြောင့်။ ကျမ မှတ်မိတဲ့ဆရာ၊ ဆရာမ၊ အတန်းတူငယ်ချင်းတွေကို သူရှာပေးတတ်ပါတယ်။ ကျမရဲ့ ၅ တန်း အတန်းပိုင်ဆရာမ အပျိုကြီး ဒေါ်ခင်သင်းစိန် ဆုံးတော့ သူသတင်းပေးပါတယ်။ ဟင်္သာတ ဦးဝိစာရလမ်းမှာနေတဲ့ ကျမ အတန်းဖေါ် မအေးသန်း ကိုလည်း ကိုမျိုးလွင်ဘဲ ပြန်ဆက်သွယ်ပေးလို့ နှစ်ယောက်သားပျော်လိုက်ကြတာ။ ဟင်္သာတက ဘုရားတွေ သတိရတိုင်းနံမယ်တွေ ပြန်ပြောပြတော့ သူက ကျမကို မှတ်ဉာဏ်ကောင်းတယ်လို့ ချီးကျူးပေါ့။ စားဖူးတဲ့ ငါးသလောက်ဥကြော်၊ ကောက်ညှင်းပေါင်းတွေထည့်စားတဲ့ ဟင်္သာတမုန့်ဟင်းခါး၊ ငါးဖယ်ငါးဆုတ်ကို အုန်းနို့နဲ့ ချက်တဲ့ အကြောင်း၊ စုံနေအောင် ပြောကြပေါ့။

ကိုမျိုးလွင်က သိပ်ကိုပျော်ပျော်နေတတ်ပါတယ်။ ကြည့်လိုက်ရင် ပြုံးပြုံးလေးနဲ့ ဆေးလိပ်ကို အမြဲလိုလိုခဲထားပါတယ်။ ကျမကို ချစ်စနိုးနဲ့ ညီမလေးလို့ခေါ်ပါတယ်။ ကျမ က ရတနာပုံမှာ Public Relations သဘောမျိုး အဆက်အသွယ်နဲ့ Marketing လုပ်ရတော့၊ ထုံးစံအရ အလှူထည့်ရတဲ့အခါတွေရှိပါတယ်။ သူက ငွေကိုင်ဆိုတော့ အပြင်ထွက်ရင် ညီမလေး အခုသွားမှာက အဝင်လား အထွက်လား၊ ငွေဝင်မှာလား၊ ထွက်မှာလားပေါ့။ အပြင်ထွက်တိုင်း ကျမ စိတ်ဆိုးအောင် သူက စ နောက်၊ ကျမက စိတ်ဆိုး ကက်ကက်လန်..ဆူညံပွက်လောရိုက်..သူကပျော်.. ကိုမျိုးလွင်ရဲ့ ဇနီး မမအေးမြိုင်က ကြင်နာတတ်တဲ့ သူနာပြုဆရာမကြီးပါ။ သား ၃ ယောက် သမီး တယောက်ထွန်းကားပါတယ်။

၁၉၉၆ စက်တင်ဘာကုန်ပိုင်းကနေ ဒီဇင်ဘာလဆန်းပိုင်းအထိ ကျောင်းသားတွေ ပညာရေးနဲ့ ပတ်သက်ပြီး တောင်းဆို ဆန္ဒပြကြနဲ့ တာနဲ့ပတ်သက်ပြီး NLD လူကြီးတွေ က သွေးထိုးလှုံ့ဆော်တာဆိုပြီး စစ်အစိုးရက ဒေါသထွက်၊ ကျောင်းသားတွေ လှည်းတန်းမှာ ထိုင်သပိတ်နဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ဒီဇင်ဘာ ၅ နဲ့ ၆ ထင်ပါရဲ့။ ထိုင်သပိတ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်တဲ့ကျောင်းသူကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ ရေဖြန်းပြီး လူစုခွဲတာ ရေတွေက ရွှံ့ရေတွေဆိုတော့ မွန်းပြီး မေ့လဲကြ၊ ဒဏ်ရာရကြ၊ မပြေးနိုင်တဲ့လူတွေအဖမ်းခံကြရတာ အများအသိပါ။ မြေနီကုန်း-ပြည်လမ်းမှာနေတဲ့ ကိုမျိုးလွင်က လှည်းတန်းမှာ လမ်းတွေပိတ်ထားတော့ သမီးကို စိတ်ပူပြီး သွားကြိုချိန်..စစ်သားအပြည့်နဲ့ Lorry ကားဆိုက်ချိန်နဲ့ တိုးပါလေရောတဲ့။ ဆန္ဒပြကျောင်းသားတွေကို ထောက်ခံသူတွေကို အငြိုးနဲ့ ဖမ်းချင်ပုံရပါတယ်။ ကိုမျိုးလွင်လည်းရှောင်ချိန် မရ၊ ရှင်းပြခွင့်မရ၊ စစ်သားတွေက သူ့ကို ရိုက်နှက်ပြီး ကားပေါ် တင်လိုက်ပါတယ်။ ကိုမျိုးလွင်နဲ့အတူ သူတို့အိမ်နားက အသိဖြစ်သူ အရပ်ဝတ်နဲ့ ရဲအရာရှိ နယ်ထိန်းကြီးကိုပါ ရိုက်နှက်ပြီး ကားပေါ်တင်ဖမ်းထည့်လိုက်တာပါဘဲတဲ့။ ကျောင်းသားတွေကို သောက်ရေသန့်နဲ့ စားစရာလှူတဲ့ လှည်းတန်းရတနာထွန်းစတိုးဆိုင်ရှင် ကျမတို့ရဲ့မိတ်ဆွေ ဦးမောင်မောင်လည်း အဖမ်းခံရပြီး ထောင်ကျခဲ့ဘူးပါတယ်။

ကိုမျိုးလွင် အဖမ်းခံရပြီး စစ်ကားပေါ်ပါသွားတယ်ကြားရတော့ စိတ်ပူပြီး ကိုမျိုးလွင်ရဲ့ အားကိုးရတဲ့ သားကြီးသြရဿ ကိုမိုးလွင်က လိုက်စုံစမ်းပါတယ်။ ကိုမိုးလွင်က သွက်လက်ဖျတ်လတ်တယ်၊ သူက YES English Language School ဖွင့်ထားတော့ အဆက်အသွယ်ကောင်းတယ်လေ။ လှည်းတန်းကနေဖမ်းသွားတဲ့လူတွေကို ကျိုက္ကစံကွင်းမှာထားတယ်လို့ သတင်းရတာနဲ့ ကိုမိုးလွင်လိုက်သွားပါတယ်။ သူပြန်လာတော့ သတင်းကောင်းကြားရပါတယ်။ ဆန္ဒပြပွဲနဲ့ မဆိုင်တဲ့လူတွေ စိစစ်ပြီးပြန်လွှတ်ပေးမှာတဲ့။ လူများတော့ နည်းနည်းကြာမယ်ပေါ့။ ကိုမျိုးလွင်ကတော့အရိုက်ခံထားရတဲ့ဒဏ်နဲ့ အတော်ခံစားနေရရှာတယ်တဲ့။

ကိုမျိုးလွင်တယောက် တရက်နေလည်းပြန်မလွတ်၊ ၂ ရက်နေလည်းပြန်မလွတ်၊ နောက်ထပ်စုံစမ်းတော့ အင်းစိန်ထောင်ပို့လိုက်ပြီတဲ့။ ဘုရားရေ..ဘယ်လိုဖြစ်တာလဲပေါ့။ ကျိုက္ကစံကွင်းမှာဖမ်းထားတဲ့လူတွေကို စိစစ်တော့ ကိုယ်ရေးရာဇဝင်ပုံစံဖြည့်ခိုင်းတယ်တဲ့။ ကိုမျိုးလွင်က အရင်ကလုပ်ခဲ့ဘူးတဲ့ အလုပ်အကိုင်နေရာမှာ MOFA အငြိမ်းစားပေါ့။ ဘာလို့ အစောကြီးပင်စင်စားတာလဲဆိုတော့ ၈၈ အရေးအခင်းမှာ ပါလို့ အငြိမ်းစားပေးခံရတာပါလို့ အမှန်အတိုင်းပြောပြလိုက်တာ.တခါတည်း အင်းစိန်ထောင်ပို့မယ့်စာရင်းထဲ အော်တိုမက်တစ်ပါသွားပါလေရောတဲ့..

အင်းစိန်ထောင်ဆိုတော့ လိုက်သွားလို့လည်းမရ၊ အဆက်အသွယ်လုပ်ဖို့ နည်းလမ်းမျိုးစုံရှာကြပေါ့။ အဲ့ဒီအချိန်က ထောက်လှမ်းရေးသောင်းကျန်းတဲ့ခေတ်ဆိုတော့ ဘယ်သူ့ဘယ်သူမှမကယ်နိုင်၊ အဆက်အသွယ်ပြတ်သွားပါတယ်။ နောက်ဆုံးကြံရာမရ၊ ကျမ အရဲစွန့်ပြီး DDSI တပ်မတော်ထောက်လှမ်းရေးက အသိ DSA ဆင်း ကိုခင်အောင်ကို ဆက်သွယ်ပြီး နားပူနားဆာလုပ်၊ ဂျီတိုက်၊ ကိုမျိုးလွင်ကို စုံစမ်းပေးဖို့ ပေါ့။ ကိုခင်အောင်က အဲဒီအချိန်က တွင်း ၁ ရဲ့ အနီးကပ်။ ကိုခင်အောင်ပြောပေးလို့ဘဲလား၊ လွတ်ချိန်တန်လို့လားတော့မသိ၊ ၄၅ ရက်အကြာမှာ ကိုမျိုးလွင်ကို ခံဝန်နဲ့ လွှတ်ပေးပါတယ်။

အော်..ဘာအပြစ်မှမလုပ်ရပါဘဲ၊ ရိုက်နှက်၊ ဖမ်းချုပ်၊ တရားစီရင်တာလည်းမရှိ၊ ခုခံပိုင်ခွင့်လည်းမပေး၊ ထောင်ထဲတန်းပို့၊ လွှတ်တော့၊ ကောင်းမွန်စွာနေပါ့မယ်ဆိုတဲ့ ခံဝန်ထိုးခိုင်းတဲ့ တရားမဲ့ ရွှေပြည်တော်ကြီးပါ..ကမ္ဘာပေါ်မှာ အလှဆုံးတိုင်းပြည်..ကမ္ဘာပေါ်မှာနေချင်စရာ..အကောင်းဆုံး..ဒီတိုင်းပြည်..

ဒါတင်မပြီးသေးပါဘူး။ နေတဲ့ရပ်ကွက်မှာလည်း ခံဝန်ထိုး စောင့်ကြည့်ခံတဲ့။ ကဲ..ပါ ဘာဘဲပြောပြော ငါတို့ အကို လွတ်လာပြီဘဲ..အောင်မလေး..တွေ့တွေ့ချင်း..ရင်စို့..ငိုချင်းသည်ကျမပါဘဲ..ပြည့်ပြည့်ဖြိုးဖြိုး ကိုမျိုးလွင်တယောက် ငါးဖေါင်ရိုးဖြစ်..ဝတ်သွားတဲ့ ပုဆိုးက ဒူးအထက်ရောက်အောင်တို..ဖြစ်ကြောင်းရယ်ကုန်စင်..နတ်သံနှော..ပြန်ပြောပြတာကတော့..အင်းစိန်ထောင်ပို့တဲ့ညက လူ ၃၀ ကို ၁၀ ပေပတ်လည်အခန်းထဲထည့်လိုက်တာ၊ မတ်တတ်မှေးခဲ့ရတယ်တဲ့။ နောက်နေ့တွေလူလျှော့ပေမဲ့လည်း လှဲအိပ်လို့ရတယ်ဆိုရုံဘဲတဲ့။ ထောင်ထဲ ဂန်ဖလားနဲ့ ဝမ်းတော်သွားကြရတာ သိကြပြီးသား ဖြစ်မှာပါ။ ကိုမျိုးလွင်ကတော့ ညီမရေ..ငရဲဘဲတဲ့။ လူကြားထဲထိုင် ဝမ်းသွားဖို့ဆိုတာ တော်တော်စွန့်ရတာတဲ့၊ ဝမ်းချုပ်တဲ့ဒဏ်၊ ကြိုးစားသွားတော့ ကုန်းစရာကမရှိ၊ ပုဆိုးအောက်ပိုင်းနည်းနည်းစီ ဆုတ်ပြီး ကိစ္စရှင်းခဲ့ရတာ၊ လွတ်တဲ့နေ့ အဝှာမပေါ်တာ ကံကောင်းလို့တဲ့။

ကိုမျိုးလွင်ကတော့ ပျော်ပျော်နေတတ်တဲ့လူဆိုတော့ ထောင်တွင်းအတွေ့အကြုံတွေကို ဟာသနှောပြီးပြောပြပါတယ်။ ထောင်ထဲမှာ သူများတွေဆိုပြတဲ့ သီချင်းတွေနားထောင်ကောင်းလွန်းလို့တဲ့။ တွံတေးသိန်တန်၊ ကိုသန်းလှိုင်၊ ကိုတင်လှိုင်၊ မျိုးမြင့်လေး၊ ဇော်ဝမ်း စုံနေတာဘဲတဲ့။ နောက် ထိုင်းအကျဉ်းသားရဲ့ စိုက်ခင်းက ဟင်းသီးဟင်းရွက်တွေနဲ့ အသက်ဆက်ခဲ့ရတာ၊ အကျဉ်းကျဖေါ်အချင်းချင်း ဖေးမခဲ့ကြတာတွေ ပြန်ပြောပြပါတယ်။

၁၉၈၈ နှစ်ကုန်ပိုင်းကနေ ၁၉၉၇ နှစ်ဆန်းပိုင်းအထိ ၁၀ နှစ်နီးပါး ရတနာပုံမှာဘဲ ကျမ ဇောက်ချ လုပ်ခဲ့တာပါ။ အာဏာပိုင်တွေအမြင်မကြည်လင်လို့ထင်ပါရဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ရတနာပုံကုမ္မဏီမှတ်ပုံတင် သက်တမ်းတိုးခွင့်မရတော့ပါဘူး။ ကိုမျိုးလွင်ကတော့ ရတနာပုံပိတ်တဲ့အထိ လုပ်ခဲ့ပြီး ၂၀၀၁ ခုနှစ် August မှာ အသဲရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်စဉ်၊ Australia, Japan and Bangladesh နိုင်ငံတွေမှာ သံတမန်အဖြစ် တာဝန်ကျခဲ့ဘူးပါတယ်။ ကိုမျိုးလွင်ကတော့ Russia မှာတာဝန်မကျခဲ့ပေမဲ့ Moscow ကိုရောက်ခဲ့ရတဲ့အဖြစ်ပါ။

ကျမရေးတဲ့ ရှန်ဟိုင်ခရီးစဉ် မှတ်စုမှာ ကိုမျိုးလွင်အကြောင်း စတိရေးမိတာနဲ့ Green Card မဲပေါက်ပြီး အမေရိကန်ပြည်ထောင်စု Idaho ပြည်နယ်မှာအခြေချနေထိုင်တဲ့ ကိုမျိုးလွင်ရဲ့ သမီး Simone Lwin နဲ့ ပြန်ဆက်သွယ်မိလို့ ဒီ မှတ်စုရေးဖြစ်တာပါ။ နောက် ကိုမျိုးလွင်ရဲ့ မိတ်ဆွေတချို့က ဆက်ရေးဖို့ Request လုပ်ကြပါတယ်။ ၁၉၆၂ ၊ ၁၉၇၄၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇ စတဲ့နှစ်တွေ၊ ပြောရရင် ဒီနေ့အထိ ကိုမျိုးလွင်လို ဘုမသိ ဘမသိ အဖမ်းခံရ၊ ထောင်ချခံရတဲ့ လူတွေ..လူမသိ သူမသိ..အသက်ပေးခဲ့ရသူတွေ..အတွက်..ဘယ်တရားခွင်က တရားစီရင်ပေးမှာပါလိမ့်...

.နောက်တယောက်ရှိပါသေးတယ်။ ကျမတို့ သံပြုတ်အဖွဲ့ကို နေရာထိုင်ခင်း အလကားပေးပြီး အလုပ်လုပ်ခွင့်ပေးတဲ့ စိန်မောင်ရုပ်ရှင် မိသားစုရဲ့ သားကြီးသြရဿHarry Sein Maung ဦးစိုးမင်း..ဘုမသိ ဘမသိ..၈၈ အရေးတော်ပုံမှာ သူများကိုကူညီမိလို့.. အင်းစိန်နဲ့ သာယာဝတီထောင် ၁၀ နှစ် စံမြန်းခဲ့ရတဲ့ ဇတ်လမ်းရှိပါသေးတယ်။ မိသားစု ခွင့်ပြုချက်ရလျင် ချရေးပါဦးမည်။

တချို့ကတော့ ၈၈ မှာအလုပ်ပြုတ်ခဲ့တာကိုဘဲ အခဲမကြေ ဇာချဲ့ အဝှာခြောက်ရေနှူးနေတယ်လိုပြောကောင်းပြောနေကြမှာပါ။ ပြုတ်ခဲ့လို့ကျေးဇူးတင်နေမိတာပါ။ မပြုတ်ခဲ့ရင် MOFA မှာချောင်ထိုးခံဖြစ်မှာလေ။ သိပ်မဝေးလှသေးတဲ့ သမိုင်းမှာ လုပ်ချင်သလိုလုပ်ခဲ့တဲ့ တရားမဲ့အဖြစ်တွေ အများကြီးထဲက ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အဖြစ်တွေကို သတိကောင်းတုန်းမှတ်တမ်းတင်ထားတာပါ။ အသိတရားနဲ့ ဆင်ခြင်နိုင်ဖို့ပါဘဲ။

Wednesday, June 24, 2020

သတိရမိတဲ့ ရွန္ဟိုင္းခရီးမွတ္တမ္း

 ခရီးသွား Challenge Accept လုပ်တာ မဟုတ်ပါဘူး။ ပြည်ကြီးက အထင်ကရ Shanghai မြို့တော်ကြီးကို ၁၉၉၆ ခုနှစ်က ရောက်ခဲ့ဘူးတာလေး မှတ်မိသလောက် မှတ်တမ်းတင်ရင်း Share လုပ်ပါရစေ။  ရန်ကုန် Australia သံရုံး၊ The Asia-Australia Institute, The University of New South Wales ကနေ စီစဉ်ပြီး Maria Aw (Hong Kong Tiger Balm - Aw family) ရဲ့ Sponsor နဲ့  တရုတ်နိုင်ငံ Shanghai မြို့ကြီးမှာ ကျင်းပတဲ့ 1996 Asia Young Leader Forum နှီးနှောဖလှယ်ပွဲကို မြန်မာကိုယ်စားလှယ်အဖြစ် ကျမ တက်ရောက်ခွင့် ရခဲ့ပါတယ်။  မြန်မာကိုယ်စားလှယ်ဆိုလို့ အစိုးရက လွှတ်တာမဟုတ်ပါဘူး။ သိရင်တောင် အဖမ်းခံရကိန်းရှိတယ်လေ။ နိုင်ငံတကာ ကဖိတ်တဲ့ ညီလာခံတွေ၊ လေ့လာရေးခရီးတွေကို အိမ်ကလူတွေတောင် အသိမပေးရဲဘဲ တိတ်တိတ်လေး သွားတက်ကြရတဲ့ခေတ်ပါ။ အဲ့ဒီ အမြင်ကျဉ်းမြောင်းလှတဲ့ အမှောင်ခေတ်ဆိုးကို ဖြတ်သန်းဘူးတဲ့ ကျမတို့ မျိုးဆက်တွေ သိကြပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ဆိုတာကလည်း ကျားမြီးသာဆွဲလိုက်ချင်ရဲ့ လို့သာညည်းခဲ့ကြရတဲ့ခေတ်။ နောက်ဆုံး အသပြာဆိုတဲ့ လာဘ်ကြီးရဲ့ ကောင်းမှုနဲ့ ကုမ္မဏီအနေနဲ့ Business Passport လျှောက်ပြီး ကိုင်ထား။ ဖိတ်စာရရင် တိတိတ်ကလေးနေ..စီစဉ်စရာရှိတာ သံရုံးတွေနဲ့ တိုင်ပင်..သေချာအောင်လုပ်ပြီး ထွက်ပေါ့။ ပညာသင်သွားမယ်ဆိုလည်း ဒီလိုဘဲ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Passport လျှောက်ကြ၊ လူမသိစေနဲ့..passport က ပညာသင်သွားမလို့ ဆိုပြီး အဲဒီခေတ်က လျှောက်လို့မရဘူးလေ..Shore Job ဆိုပြီး အလုပ်ခန့်စာအတုတွေပြပြီးလျှောက်ကြရတာ။ စစ်အစိုးရက ကိုယ့်လူတွေကို တော်တော် အထင်ကြီးခဲ့တာကလား..ဘယ့်နှယ်..မြန်မာပြည်ကလူတယောက်ကို နိုင်ငံရပ်ခြားကနေ တကူးတက အလုပ်ခန့်ပါ့မလား။ (ချွင်းချက်တော့ရှိမှာပါ..ဆရာဝန်ကြီးတွေ၊ ပညာရှင်ကြီး..) ။ တုတု..စစ်စစ်..အဲ့ အလုပ်ခန့်စာပါမှဖြစ်တာ။ နောက်ပိုင်း ဖြေလျှော့တဲ့အနေနဲ့ ကုမ္မဏီပိုင်ရှင်တွေ၊ Shareholders တွေကို Business Passport ဆိုပြီး ထုတ်ပေးပါတယ်။

အမေရိကား ပညာသင်လာတုန်းကလည်း ဒီလိုပါဘဲ။ တိုးတိုးတိတ်တိတ် Business passport နဲ့ Visa ရခဲ့တာ။ passport ဆိုတာ နိုင်ငံသားတိုင်း ကိုင်ဆောင်ခွင့်ရှိတဲ့ လက်မှတ်ပေမဲ့၊ တချိန်က မြန်ပြည်ကြီးမှာ သာမန်လူတယောက်အတွက်တောင်မလွယ်တာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၈ လေးလုံးနဲ့ ပြုတ်တဲ့ ကျမတို့ အတွက်တော့ ဝေလာဝေးပေါ့။  ၁၉၃ ခုနှစ် Ordinary passport လျှောက်တုန်းကတော့ MOFA ဒုဝန်ကြီး ဦးညွန့်ဆွေနဲ့ ဆရာအေး (သံအမတ်ကြီး ဦးအေး - Dr. Myint's younger bro) ရဲ့ ကျေးဇူးနဲ့ passport အနီ အပထမဆုံးအကြိမ်ကိုင်ခွင့်ရခဲ့ဘူးပါတယ်။ ပြည်ပကပြန်လာရင် လေဆိပ်မှာ passport အသိမ်းခံရတဲ့ခေတ်ပါ။ ဒီခေတ်လူငယ်တွေ သိကြမယ်မထင်ပါဘူး။   ကြုံတုန်းကိုယ်ခံစားခဲ့ရတဲ့ ရွှေပြည်တော်ရဲ့ လွမ်းစရာလေးတွေကို ရေးနေမိတာနဲ့ ရှန်ဟိုင်းခရီးစဉ်က ဘယ်ရောက်သွားပါလိမ့်..သည်းခံပြီး ဖတ်ကြပါနော်..

၁၉၉၀ ပြည့်နှစ်တွေတုန်းက သာမန်လူတယောက်အနေနဲ့ နိုင်ငံခြားမှာ သင်တန်း၊ အစည်းအဝေး၊ Workshop, seminars တွေတက်ဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ NGO တွေလည်း မရှိသလောက်ပါဘဲ။ အစိုးရဌာနတွေကနေလည်း လွှတ်ဖို့မလွယ်ပါဘူး။ ဒေသတွင်း အသည်းအဝေးလောက်ဘဲ သွားခွင့်ရကြတာ။ သံရုံးတွေ အထူးသဖြင့် အနောက်နိုင်ငံ သံရုံးတွေကို ဆက်သွယ် ဝင်ထွက်လျင် ထောက်လှမ်းရေးလက်စာမိနိုင်တယ်။ အခန့်မသင့်ရင်ဆွဲစေ့ခံရမှာ။ ဒီခေတ်လူငယ်တွေ အခုဆို လွတ်လပ်စွာ ကမ္ဘာပတ်၊ ဖိတ်ချင်တဲ့နိုင်ငံကဖိတ်၊ အဆင်ပြေရင် ပျော်ပျော်ကြီးပါဝင်ဆင်နွှဲကြပေါ့။  ဒီလိုအပြောင်းအလဲတွေအတွက် ပေးဆပ်ခဲ့ကြရတဲ့ အဖြစ်တွေကို သတိရစေချင်ပါတယ်။ 

ဓါတ်ပုံတွေကြားမှာ Shanghai ခရီးစဉ် Album လေးထွက်လာတာနဲ့ ဘာရယ်မဟုတ် ရေးမိတဲ့စာစုပါ။  ၁၉၉၆ ခုနှစ် နိုဝင်ဘာလ - ဘန်ကောက်ကနေ တဆင့် Shanghai ကို ရောက်ပြီး Shanghai မြို့ Huangpu မြစ်ကမ်းနဖူးက ခမ်းနားလှတဲ့ Peace Hotel မှာတည်းရပါတယ်။ မြစ်ကမ်းနားမှာ လူလျှောက်တဲ့ Platform လမ်းကျယ်၊ အမေရီးကားမှာတော့ Boardwalk ခေါ်တယ်။ ရှန်ဟိုင်းကတော့ Huangpu မြစ်ကမ်းနားတလျှောက် တဘက်ကမ်းက Pudong City မြင်ကွင်းကိုပါ ခံစားနိုင်တဲ့ Boardwalk ကို Bund လို့ပြောကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က သမ္မတ Bill Clinton လက်ထက်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး William Perry နဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း Peace Hotel မှာဘဲတည်းကြတော့ နှုတ်ဆက်ဖြစ်ပါတယ်။ သိပ်ယဉ်ကျေးမွန်ရည်တဲ့ ပုဂ္ဂိုလ်ကြီးပါဘဲ။

Forum က ၃ ရက်ဘဲကျင်းပတာပါ။ အရှေ့နဲ့ အရှေ့တောင်အာရှက လူငယ်ခေါင်းဆောင်တွေကို စုစည်းပြီး Leadership Responsibilities ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့ သဘောပါဘဲ။ Workshop ပုံစံမဟုတ်တဲ့ နှီးနှောပွဲပါ။
Australia ကလာတက်တဲ့ TV presenter (နံမည်မမှတ်မိ) က WWW-World Wide Web နဲ့ Globalization ကို တာဝန်သိသိ ထိရောက်အောင် အသုံးချဖို့ အကြောင်းပြောတော့ သိပ်ခေတ်နောက်ကျနေတဲ့ ကိုယ့်နိုင်ငံအစား အားငယ်မိတာပေါ့။ အဲခေတ်က email, internet မရှိ၊ fax machine ရှိရင် ဖွက်ထားရတဲ့ခေတ်လေ..ကိုယ်တွေက နိုင်ငံခြားနဲ့ Business လုပ်တော့ fax, Telex နဲ့ ဆက်သွယ်ရတာ။ messenger က စာတိုက်ကြီးကို သွားပို့ရတာ။ messenger ဆိုလို့ Facebook က messenger မဟုတ်၊ လူတယောက်ကို တာဝန်ပေးထားရတာလေ။

ကျမ Forum ပြောဖြစ်တဲ့ အဓိက အကြောင်းအရာကတော့ မြန်ပြည်ကြီးဟာ အရှေ့တောင်အာရှနိုင်ငံတွေကြားမှာ ခေတ်နောက်ကျကျန်နေရတဲ့အဖြစ်နဲ့ Freedom of Expression လစ်ဟင်းနေတဲ့အဖြစ်နဲ့ လူထုခေါင်းဆောင်အပါအဝင်၊ ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တွေ နှိပ်ကွပ်ခံနေရတဲ့ ပြဿနာတွေ၊ နိုင်ငံတကာဖိအားတွေ..အာစီယံအသင်း မှာ ဘာဖြစ်လို့ မပါသေးတာလဲကအစ စိတ်ဝင်တစားမေးကြပေါ့..မဝင်ဖြစ်သေးတဲ့အခြေအနေ. ဝင်မယ့်အလားအလာ..Burmese Diplomat ဖြစ်ခဲ့ဘူးသူအနေနဲ့  မြန်မာနိုင်ငံရဲ့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ...ကုလအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဒေသတွင်းအဖွဲ့တွေမှာပါစရာမလို. စတဲ့အကြောင်းအရာတွေ ဝိုင်းဆွေးနွေးကြပေါ့.(ကျမနဲ့ အတူ MOFA ပြုတ်ဖေါ်ပြုတ်ဖက် ဆရာ ဦးသန်းထွန်းအောင်က ပြောစရာ အချက်အလက်တွေကို English လိုရေးပေးလိုက်လို့ ခွေးအကြီး လှည်းအနင်းမခံခဲ့ရဘူးလေ။) ခေါင်းဆောင်ကောင်းတွေမွေးထုတ်ရမယ့်အစား နှိပ်ကွပ်နေတဲ့ အဖြစ်တွေကို ရင်ဖွင့်မိသလိုတော့ ဖြစ်ခဲ့တဲ့သဘောပါဘဲ။ 1996 September ကျောင်းသားတွေ ဒီမိုကရေစီနေး ဆန္ဒပြလို့ အဖမ်းခံရပြီး မကြာခင်လုပ်တဲ့ပွဲဆိုတော့ ပြောစရာက ရင်နဲ့အပြည့်၊ ကိုယ်နဲ့အတူ MOFA ကပြုတ်ပြီး အတူတူအလုပ်လုပ်တဲ့ ကိုမျိုးလွင် တယောက်လှည်းတန်းမှာ သမီးကြိုရင်း ရိုက်နှက်အဖမ်းခံ၊ ကျိုက္ကစံကွင်းကနေ အင်းစိန်ပို့..ဇတ်လမ်းကရှည်မှာစိုးလို့...

စင်္ကာပူက လာတက်တဲ့ နံမည်ကြီးစာရေးဆရာ -ပြဇတ်ရေးဆရာ Michael Chiang ကလည်း လီကွမ်ယူလက်ထက် စင်္ကာပူအခြေအနေ ကို ဟာသနှောပြီး ခပ်ပါးပါးလေးဘဲ ပြောပါတယ်။  စင်္ကာပူစီးပွားရေးဘယ်လိုလဲလို့မေးတော့ လီကွမ်ယူက Generally is Good တဲ့..အမှန်က သူ့သား General Lee is good လို့ပြောတာတဲ့. အဲ့ခေတ်က Lee Hsien Loong ကို Brigadier General - BG Lee, Baby God Lee လို့ လူထုကြားပြောင်ခေါ်ခဲ့ကြတာ။  Michael Chiang ရေးတဲ့ Private Parts ဆိုတဲ့ transgender ပြဇတ်က စင်္ကာပူမှာ အခုထိ popular ပါဘဲ။ Shanghai ခရီးစဉ်မှာ သိခဲ့တဲ့ Michael က ကျမ စင်္ကာပူရောက်တိုင်း ဧည့်ခံပါတယ်။

တခြားနိုင်ငံတွေကလာတဲ့ delegates တွေပြောတာတွေက စိတ်ဝင်စားစရာမကောင်းတော့ မမှတ်မိတော့ပါဘူး။ ၂၄ နှစ်ဆိုတော့လည်း..မှတ်မိတာတွေကျပြန်တော့ မနေ့တနေ့ကလိုပါဘဲ။ William Perry နဲ့ ဆုံတဲ့ ခရီးစဉ်မှာ မပြန်ခင် နိုဝင်ဘာ ၂၃ ရက်နေ့ည TV ကြည့်တော့ CNN မှာ  Ethiopian Airline Hijacked အလုပ်ခံရပြီး  ပင်လယ်ထဲထိုးကျတဲ့ သတင်းတွေ့ပါတယ်။ ထူးဆန်းတာက ပင်လယ်ထဲမှာ Life jacket တွေနဲ့ ပေါ်နေတဲ့ ခရီးသည်တွေထဲ ကျမနဲ့ ရင်းနှီးတဲ့ Pancho ကို တွေ့လိုက်ရလို့ Shock ဖြစ်သွားပါဘဲ။  William Perry Delegation ကလူတွေကလည်း Pancho က မြန်မာပြည်မှာ  အမေရိကန်သံရုံး Chargé d'affaires  CDA 1990-94 လုပ်သွားတာဆိုတော့ ကျမနဲ့ သိလားဆိုပြီးမေးကြပေါ့။  Pancho ဆိုတာ သူ့ Nick name. နံမည်ရင်းက Franklin P. Huddle.  သူ့ဇနီး Pom က ထိုင်း၊ သူတို့ Mumbai, India မှာ တာဝန်ကျနေတုန်း Safari vacation အသွား Indian Ocean ထဲလေယာဉ်ပျက်ကျတဲ့ အဖြစ်၊ သေကံမရောက်သက်မပျောက်..လွန်ခဲ့တဲ့ ၄ နှစ်ကထင်ပါရဲ့ အနှစ် ၂၀ မြောက်လေယာဉ်ပျက်ကျတဲ့ အထိမ်းအမှတ် Ethiopia Airline က complimentary ဖိတ်တာ Pancho တို့ စုံတွဲ လိုက်သွားတယ်လို့ ကြားမိပါတယ်။ ပင်လယ်ထဲ လေယာဉ်ပျက်ကျပြီး မသေတဲ့ ခရီးသည်စုံတွဲ...အင်း..ငါသာဆိုရင်..

ရှန်ဟိုင်းမြို့ Sightseeing ထွက်တော့ မြန်မာပြည်က ကျောက်စိမ်းဆင်းတု စံပါယ်တဲ့ ဘုရားကျောင်း၊ အပန်းဖြေပန်းခြံတွေ၊ မြစ်တဖက်ကမ်းက ခေတ်မှီ Pudong City ကို လေ့လာခဲ့ပါတယ်။ အဲဒီခေတ်က Pudong City ရဲ့ အမြင့်ဆုံး TV Tower, top floor က Restaurant မှာ Lunch စားခဲ့ရပါတယ်။ ပြောရင်လည်းလွန်ရာကျမယ်။ ပြည်ကြီးက တရုတ်စာက မြန်မာပြည်က တရုတ်စာတွေလို အရသာမရှိဘူးတော့..
မပြောမဖြစ်ပြောရမှာကတော့ လူဦးရေပါဘဲ။ အဲ့အချိန်က ရှန်ဟိုင်းမြို့ မှာတင် လူဦးရေ ၁၁ သန်းရှိတယ်တဲ့။ (27 million in 2020) ကျမ ဟိုတယ်ကထွက်ပြီး ခြေကျင် Shopping သွားတော့ လူတွေလမ်းမပေါ်မှာ များလွန်းလို့ ညပ်ပြီး အဖေါ်တွေနဲ့ ကွဲသွားပါတယ်။ နောက်ဆုံး ညနေစောင်း ကြောက်ကြောက်နဲ့ Traffic Police ကို Peace Hotel ကို ပြန်ပို့ခိုင်းရပါတယ်။ ပါသွားတဲ့ မရှိမဲ့ရှိမဲ့ ဒေါ်လာထည့်ထားတဲ့အိပ်ကလေးပါ ပျောက်ကျ၊ တော်ပါသေးရဲ့ sponsor က လိုရမယ်ရ ပေးလိုက်တဲ့ American Express Traveler's Check ပါလို့ အရှက်မကွဲတာ။ 

တရုတ်လူဦးရေထိန်းချုပ်တဲ့မူအရ၊ မိသားတစု ကလေး ၁ ယောက်ပေါ့။ တယောက်မကမွေးရင် ခံစားရမယ့်အကျိုးဆက်က မလွယ်ဘူးလေ။ ရှန်ဟိုင်းတဝိုက်..Homeless ကလေးတွေအကြောင်း ပေါ်ပေါ်ထင်ထင် မဟုတ် တစေ့တစောင်းလေ့လာခဲ့ရတာ အခုချိန်ထိ တွေးမိတိုင်း စိတ်မကောင်းဖြစ်နေဆဲပါ။ လျှမ်းလျှမ်းတောက် ခေတ်မှီတဲ့ မြို့တော်ကြီးရဲ့ ချောင်ကျကျ နေရာတွေ၊ တံတားအောက်တွေမှာ ပေတေလေလွင့်၊ ကော်ရှူနေတဲ့ကလေးတွေ၊ ဒီကလေးတွေကို စာနာပြီး မရှိတဲ့ကြားက ကူညီနေတဲ့ အလှူရှင်တွေ၊ ကလေးပျောက် စိတ်ဝေဒနာရှင်တွေရဲ့ ပုံရိပ်တွေ..

ကျမရဲ့ ဒီခရီးစဉ်အတွက် ကုန်ကျစားရိတ်လှူ တဲ့ Maria Aw က Hong Kong Save the Children ရဲ့ Patron ပါ။ Tiger Balm - Aw Boon Haw and Aw Boon Pah မိသားစုက မြန်မာပြည်ဇာတိဆိုတော့ Maria Aw က မြန်မာတယောက် ရှန်ဟိုင်း Forum လာဖို့ အဆင်ပြေတယ်ကြားတာနဲ့ fund contribute လုပ်တာတဲ့။ ကျေးဇူးတင်ကြောင်း Australia သံရုံးကတဆင့် ကျမ စာရေးခဲ့တာကလွဲလို့ မဆုံဖြစ်လိုက်ပါဘူး။ ၂၀၁၇ မှာ Maria Aw ဆုံးတာ Google မှာဖတ်လိုက်ရပါတယ်။  သူက ဒီခရီးစဉ်မှာ ကျမတို့ Delegates တွေကို ဒီကလေးတွေအဖြစ်ကို မသိမသာပြစေချင်ပုံရပါတယ်။  Singapore မှာနေခဲ့တုန်းကတော့ အသက် ၈၀ အရွယ်၊ကျားဘမ်းသူဌေးမကြီး အန်တီမာ့ရဲ့ Fund raising တွေမှာ မြန်မာ နှစ်ပါးသွားအက နဲ့ အားဖြည့်ခဲ့ဘူးပါတယ်။ အန်တီမာက မင်းသမီးလိုဝတ်၊ ကျမက မင်းသားပေါ့။ ရေစက်ဆိုတာကြံဖန်ဆုံရတတ်ပါတယ်။
Forum နောက်ဆုံးရက်မှာ Cambodia နိုင်ငံက အမျိုးသမီးဝန်ကြီးက အပိတ်ကျေးဇူးတင်စကားပြောဖို့ စီစဉ်ထားပြီး Cancelled လုပ်လိုက်တော့၊ Delegates တွေက မဲပေးပြီး speech ပေးဖို့လူရွေးတာ..မဲအားလုံး ကျမကိုဘဲပေးကြလို့ စင်ပေါ်တက် စကားပြောခဲ့ရပါတယ်။ အပြောကောင်းလို့လားတော့မသိဘူး၊ ကျမကို Asia Australia Institute က 1997 Asia Young Leader Forum Steering Committee ဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ 1997 Forum အတွက် အကြိုညှိနှိုင်းဖို့ သွက်လက်တဲ့လူကိုရွေးတာဆိုဘဲ..ဟုတ်ပါ့မလား.. ကျမက 1997 May မှာ အမေရီးကား ပညာသင်သွားရမှာဆိုတော့ ဝမ်းနည်းစွာနဲ့ Asia Young Leader Forum ကို Regret လုပ်လိုက်ရပါတယ်။

ဒီ ရှန်ဟိုင်း Forum ကနေ ရခဲ့တဲ့ အကျိုးကတော့ Self confidence ပါဘဲ။ အစိုးရကခိုင်းတဲ့ ပါရာဖတ်မဟုတ်၊သာမန်ပြည်သူတယောက်အနေနဲ့ ရင်ထဲက စကား၊ ကိုယ့်ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်းပြောခွင့်ရခဲ့တာ၊ ဒေသတွင်း wave length ချင်းတူသူတွေနဲ့ အမြင်ချင်းဖလှယ်နိုင်ခဲ့တာတွေပေါ့...

ကျမ အမေရီးကားမလာဖြစ်ခဲ့ရင်..အင်းစိန်တောရ..မော်စကို ကိုရောက်သွားမလား၊ အခုချိန်ဆို Australia မှာလား၊ Hong Kong မှာလား..လူ့ဘောင်အသိုင်းအဝိုင်းကို လက်ရှိဘဝထက် ပိုပြီး အကျိုးပြုနေမှာလား၊ မတွေးတတ်ပါဘူး..ကဲ..ပစ္စုပ္ပန်ကိုဘဲ တည့်တည့်ရှုပါတော့မယ်..

အော်..စကားမစပ်..Young Leader Forum သွားတက်တုန်းက ကျမ အသက် ၄၂ နှစ်ပါ..

Unicode version

သတိရမိတဲ့ ရှန်ဟိုင်းခရီးမှတ်တမ်း

ခရီးသွား Challenge Accept လုပ်တာ မဟုတ်ပါဘူး။ ပြည်ကြီးက အထင်ကရ Shanghai မြို့တော်ကြီးကို ၁၉၉၆ ခုနှစ်က ရောက်ခဲ့ဘူးတာလေး မှတ်မိသလောက် မှတ်တမ်းတင်ရင်း Share လုပ်ပါရစေ။  ရန်ကုန် Australia သံရုံး၊ The Asia-Australia Institute, The University of New South Wales ကနေ စီစဉ်ပြီး Maria Aw (Hong Kong Tiger Balm - Aw family) ရဲ့ Sponsor နဲ့  တရုတ်နိုင်ငံ Shanghai မြို့ကြီးမှာ ကျင်းပတဲ့ 1996 Asia Young Leader Forum နှီးနှောဖလှယ်ပွဲကို မြန်မာကိုယ်စားလှယ်အဖြစ် ကျမ တက်ရောက်ခွင့် ရခဲ့ပါတယ်။  မြန်မာကိုယ်စားလှယ်ဆိုလို့ အစိုးရက လွှတ်တာမဟုတ်ပါဘူး။ သိရင်တောင် အဖမ်းခံရကိန်းရှိတယ်လေ။ နိုင်ငံတကာ ကဖိတ်တဲ့ ညီလာခံတွေ၊ လေ့လာရေးခရီးတွေကို အိမ်ကလူတွေတောင် အသိမပေးရဲဘဲ တိတ်တိတ်လေး သွားတက်ကြရတဲ့ခေတ်ပါ။ အဲ့ဒီ အမြင်ကျဉ်းမြောင်းလှတဲ့ အမှောင်ခေတ်ဆိုးကို ဖြတ်သန်းဘူးတဲ့ ကျမတို့ မျိုးဆက်တွေ သိကြပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ဆိုတာကလည်း ကျားမြီးသာဆွဲလိုက်ချင်ရဲ့ လို့သာညည်းခဲ့ကြရတဲ့ခေတ်။ နောက်ဆုံး အသပြာဆိုတဲ့ လာဘ်ကြီးရဲ့ ကောင်းမှုနဲ့ ကုမ္မဏီအနေနဲ့ Business Passport လျှောက်ပြီး ကိုင်ထား။ ဖိတ်စာရရင် တိတိတ်ကလေးနေ..စီစဉ်စရာရှိတာ သံရုံးတွေနဲ့ တိုင်ပင်..သေချာအောင်လုပ်ပြီး ထွက်ပေါ့။ ပညာသင်သွားမယ်ဆိုလည်း ဒီလိုဘဲ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Passport လျှောက်ကြ၊ လူမသိစေနဲ့..passport က ပညာသင်သွားမလို့ ဆိုပြီး အဲဒီခေတ်က လျှောက်လို့မရဘူးလေ..Shore Job ဆိုပြီး အလုပ်ခန့်စာအတုတွေပြပြီးလျှောက်ကြရတာ။ စစ်အစိုးရက ကိုယ့်လူတွေကို တော်တော် အထင်ကြီးခဲ့တာကလား..ဘယ့်နှယ်..မြန်မာပြည်ကလူတယောက်ကို နိုင်ငံရပ်ခြားကနေ တကူးတက အလုပ်ခန့်ပါ့မလား။ (ချွင်းချက်တော့ရှိမှာပါ..ဆရာဝန်ကြီးတွေ၊ ပညာရှင်ကြီး..) ။ တုတု..စစ်စစ်..အဲ့ အလုပ်ခန့်စာပါမှဖြစ်တာ။ နောက်ပိုင်း ဖြေလျှော့တဲ့အနေနဲ့ ကုမ္မဏီပိုင်ရှင်တွေ၊ Shareholders တွေကို Business Passport ဆိုပြီး ထုတ်ပေးပါတယ်။

အမေရိကား ပညာသင်လာတုန်းကလည်း ဒီလိုပါဘဲ။ တိုးတိုးတိတ်တိတ် Business passport နဲ့ Visa ရခဲ့တာ။ passport ဆိုတာ နိုင်ငံသားတိုင်း ကိုင်ဆောင်ခွင့်ရှိတဲ့ လက်မှတ်ပေမဲ့၊ တချိန်က မြန်ပြည်ကြီးမှာ သာမန်လူတယောက်အတွက်တောင်မလွယ်တာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၈ လေးလုံးနဲ့ ပြုတ်တဲ့ ကျမတို့ အတွက်တော့ ဝေလာဝေးပေါ့။  ၁၉၉၃ ခုနှစ် Ordinary passport လျှောက်တုန်းကတော့ MOFA ဒုဝန်ကြီး ဦးညွန့်ဆွေနဲ့ ဆရာအေး (သံအမတ်ကြီး ဦးအေး - Dr. Myint's younger bro) ရဲ့ ကျေးဇူးနဲ့ passport အနီ အပထမဆုံးအကြိမ်ကိုင်ခွင့်ရခဲ့ဘူးပါတယ်။ ပြည်ပကပြန်လာရင် လေဆိပ်မှာ passport အသိမ်းခံရတဲ့ခေတ်ပါ။ ဒီခေတ်လူငယ်တွေ သိကြမယ်မထင်ပါဘူး။   ကြုံတုန်းကိုယ်ခံစားခဲ့ရတဲ့ ရွှေပြည်တော်ရဲ့ လွမ်းစရာလေးတွေကို ရေးနေမိတာနဲ့ ရှန်ဟိုင်းခရီးစဉ်က ဘယ်ရောက်သွားပါလိမ့်..သည်းခံပြီး ဖတ်ကြပါနော်..