Wednesday, June 24, 2020

သတိရမိတဲ့ ရွန္ဟိုင္းခရီးမွတ္တမ္း

 ခရီးသွား Challenge Accept လုပ်တာ မဟုတ်ပါဘူး။ ပြည်ကြီးက အထင်ကရ Shanghai မြို့တော်ကြီးကို ၁၉၉၆ ခုနှစ်က ရောက်ခဲ့ဘူးတာလေး မှတ်မိသလောက် မှတ်တမ်းတင်ရင်း Share လုပ်ပါရစေ။  ရန်ကုန် Australia သံရုံး၊ The Asia-Australia Institute, The University of New South Wales ကနေ စီစဉ်ပြီး Maria Aw (Hong Kong Tiger Balm - Aw family) ရဲ့ Sponsor နဲ့  တရုတ်နိုင်ငံ Shanghai မြို့ကြီးမှာ ကျင်းပတဲ့ 1996 Asia Young Leader Forum နှီးနှောဖလှယ်ပွဲကို မြန်မာကိုယ်စားလှယ်အဖြစ် ကျမ တက်ရောက်ခွင့် ရခဲ့ပါတယ်။  မြန်မာကိုယ်စားလှယ်ဆိုလို့ အစိုးရက လွှတ်တာမဟုတ်ပါဘူး။ သိရင်တောင် အဖမ်းခံရကိန်းရှိတယ်လေ။ နိုင်ငံတကာ ကဖိတ်တဲ့ ညီလာခံတွေ၊ လေ့လာရေးခရီးတွေကို အိမ်ကလူတွေတောင် အသိမပေးရဲဘဲ တိတ်တိတ်လေး သွားတက်ကြရတဲ့ခေတ်ပါ။ အဲ့ဒီ အမြင်ကျဉ်းမြောင်းလှတဲ့ အမှောင်ခေတ်ဆိုးကို ဖြတ်သန်းဘူးတဲ့ ကျမတို့ မျိုးဆက်တွေ သိကြပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ဆိုတာကလည်း ကျားမြီးသာဆွဲလိုက်ချင်ရဲ့ လို့သာညည်းခဲ့ကြရတဲ့ခေတ်။ နောက်ဆုံး အသပြာဆိုတဲ့ လာဘ်ကြီးရဲ့ ကောင်းမှုနဲ့ ကုမ္မဏီအနေနဲ့ Business Passport လျှောက်ပြီး ကိုင်ထား။ ဖိတ်စာရရင် တိတိတ်ကလေးနေ..စီစဉ်စရာရှိတာ သံရုံးတွေနဲ့ တိုင်ပင်..သေချာအောင်လုပ်ပြီး ထွက်ပေါ့။ ပညာသင်သွားမယ်ဆိုလည်း ဒီလိုဘဲ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Passport လျှောက်ကြ၊ လူမသိစေနဲ့..passport က ပညာသင်သွားမလို့ ဆိုပြီး အဲဒီခေတ်က လျှောက်လို့မရဘူးလေ..Shore Job ဆိုပြီး အလုပ်ခန့်စာအတုတွေပြပြီးလျှောက်ကြရတာ။ စစ်အစိုးရက ကိုယ့်လူတွေကို တော်တော် အထင်ကြီးခဲ့တာကလား..ဘယ့်နှယ်..မြန်မာပြည်ကလူတယောက်ကို နိုင်ငံရပ်ခြားကနေ တကူးတက အလုပ်ခန့်ပါ့မလား။ (ချွင်းချက်တော့ရှိမှာပါ..ဆရာဝန်ကြီးတွေ၊ ပညာရှင်ကြီး..) ။ တုတု..စစ်စစ်..အဲ့ အလုပ်ခန့်စာပါမှဖြစ်တာ။ နောက်ပိုင်း ဖြေလျှော့တဲ့အနေနဲ့ ကုမ္မဏီပိုင်ရှင်တွေ၊ Shareholders တွေကို Business Passport ဆိုပြီး ထုတ်ပေးပါတယ်။

အမေရိကား ပညာသင်လာတုန်းကလည်း ဒီလိုပါဘဲ။ တိုးတိုးတိတ်တိတ် Business passport နဲ့ Visa ရခဲ့တာ။ passport ဆိုတာ နိုင်ငံသားတိုင်း ကိုင်ဆောင်ခွင့်ရှိတဲ့ လက်မှတ်ပေမဲ့၊ တချိန်က မြန်ပြည်ကြီးမှာ သာမန်လူတယောက်အတွက်တောင်မလွယ်တာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၈ လေးလုံးနဲ့ ပြုတ်တဲ့ ကျမတို့ အတွက်တော့ ဝေလာဝေးပေါ့။  ၁၉၃ ခုနှစ် Ordinary passport လျှောက်တုန်းကတော့ MOFA ဒုဝန်ကြီး ဦးညွန့်ဆွေနဲ့ ဆရာအေး (သံအမတ်ကြီး ဦးအေး - Dr. Myint's younger bro) ရဲ့ ကျေးဇူးနဲ့ passport အနီ အပထမဆုံးအကြိမ်ကိုင်ခွင့်ရခဲ့ဘူးပါတယ်။ ပြည်ပကပြန်လာရင် လေဆိပ်မှာ passport အသိမ်းခံရတဲ့ခေတ်ပါ။ ဒီခေတ်လူငယ်တွေ သိကြမယ်မထင်ပါဘူး။   ကြုံတုန်းကိုယ်ခံစားခဲ့ရတဲ့ ရွှေပြည်တော်ရဲ့ လွမ်းစရာလေးတွေကို ရေးနေမိတာနဲ့ ရှန်ဟိုင်းခရီးစဉ်က ဘယ်ရောက်သွားပါလိမ့်..သည်းခံပြီး ဖတ်ကြပါနော်..

၁၉၉၀ ပြည့်နှစ်တွေတုန်းက သာမန်လူတယောက်အနေနဲ့ နိုင်ငံခြားမှာ သင်တန်း၊ အစည်းအဝေး၊ Workshop, seminars တွေတက်ဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ NGO တွေလည်း မရှိသလောက်ပါဘဲ။ အစိုးရဌာနတွေကနေလည်း လွှတ်ဖို့မလွယ်ပါဘူး။ ဒေသတွင်း အသည်းအဝေးလောက်ဘဲ သွားခွင့်ရကြတာ။ သံရုံးတွေ အထူးသဖြင့် အနောက်နိုင်ငံ သံရုံးတွေကို ဆက်သွယ် ဝင်ထွက်လျင် ထောက်လှမ်းရေးလက်စာမိနိုင်တယ်။ အခန့်မသင့်ရင်ဆွဲစေ့ခံရမှာ။ ဒီခေတ်လူငယ်တွေ အခုဆို လွတ်လပ်စွာ ကမ္ဘာပတ်၊ ဖိတ်ချင်တဲ့နိုင်ငံကဖိတ်၊ အဆင်ပြေရင် ပျော်ပျော်ကြီးပါဝင်ဆင်နွှဲကြပေါ့။  ဒီလိုအပြောင်းအလဲတွေအတွက် ပေးဆပ်ခဲ့ကြရတဲ့ အဖြစ်တွေကို သတိရစေချင်ပါတယ်။ 

ဓါတ်ပုံတွေကြားမှာ Shanghai ခရီးစဉ် Album လေးထွက်လာတာနဲ့ ဘာရယ်မဟုတ် ရေးမိတဲ့စာစုပါ။  ၁၉၉၆ ခုနှစ် နိုဝင်ဘာလ - ဘန်ကောက်ကနေ တဆင့် Shanghai ကို ရောက်ပြီး Shanghai မြို့ Huangpu မြစ်ကမ်းနဖူးက ခမ်းနားလှတဲ့ Peace Hotel မှာတည်းရပါတယ်။ မြစ်ကမ်းနားမှာ လူလျှောက်တဲ့ Platform လမ်းကျယ်၊ အမေရီးကားမှာတော့ Boardwalk ခေါ်တယ်။ ရှန်ဟိုင်းကတော့ Huangpu မြစ်ကမ်းနားတလျှောက် တဘက်ကမ်းက Pudong City မြင်ကွင်းကိုပါ ခံစားနိုင်တဲ့ Boardwalk ကို Bund လို့ပြောကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က သမ္မတ Bill Clinton လက်ထက်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး William Perry နဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း Peace Hotel မှာဘဲတည်းကြတော့ နှုတ်ဆက်ဖြစ်ပါတယ်။ သိပ်ယဉ်ကျေးမွန်ရည်တဲ့ ပုဂ္ဂိုလ်ကြီးပါဘဲ။

Forum က ၃ ရက်ဘဲကျင်းပတာပါ။ အရှေ့နဲ့ အရှေ့တောင်အာရှက လူငယ်ခေါင်းဆောင်တွေကို စုစည်းပြီး Leadership Responsibilities ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့ သဘောပါဘဲ။ Workshop ပုံစံမဟုတ်တဲ့ နှီးနှောပွဲပါ။
Australia ကလာတက်တဲ့ TV presenter (နံမည်မမှတ်မိ) က WWW-World Wide Web နဲ့ Globalization ကို တာဝန်သိသိ ထိရောက်အောင် အသုံးချဖို့ အကြောင်းပြောတော့ သိပ်ခေတ်နောက်ကျနေတဲ့ ကိုယ့်နိုင်ငံအစား အားငယ်မိတာပေါ့။ အဲခေတ်က email, internet မရှိ၊ fax machine ရှိရင် ဖွက်ထားရတဲ့ခေတ်လေ..ကိုယ်တွေက နိုင်ငံခြားနဲ့ Business လုပ်တော့ fax, Telex နဲ့ ဆက်သွယ်ရတာ။ messenger က စာတိုက်ကြီးကို သွားပို့ရတာ။ messenger ဆိုလို့ Facebook က messenger မဟုတ်၊ လူတယောက်ကို တာဝန်ပေးထားရတာလေ။

ကျမ Forum ပြောဖြစ်တဲ့ အဓိက အကြောင်းအရာကတော့ မြန်ပြည်ကြီးဟာ အရှေ့တောင်အာရှနိုင်ငံတွေကြားမှာ ခေတ်နောက်ကျကျန်နေရတဲ့အဖြစ်နဲ့ Freedom of Expression လစ်ဟင်းနေတဲ့အဖြစ်နဲ့ လူထုခေါင်းဆောင်အပါအဝင်၊ ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တွေ နှိပ်ကွပ်ခံနေရတဲ့ ပြဿနာတွေ၊ နိုင်ငံတကာဖိအားတွေ..အာစီယံအသင်း မှာ ဘာဖြစ်လို့ မပါသေးတာလဲကအစ စိတ်ဝင်တစားမေးကြပေါ့..မဝင်ဖြစ်သေးတဲ့အခြေအနေ. ဝင်မယ့်အလားအလာ..Burmese Diplomat ဖြစ်ခဲ့ဘူးသူအနေနဲ့  မြန်မာနိုင်ငံရဲ့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ...ကုလအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဒေသတွင်းအဖွဲ့တွေမှာပါစရာမလို. စတဲ့အကြောင်းအရာတွေ ဝိုင်းဆွေးနွေးကြပေါ့.(ကျမနဲ့ အတူ MOFA ပြုတ်ဖေါ်ပြုတ်ဖက် ဆရာ ဦးသန်းထွန်းအောင်က ပြောစရာ အချက်အလက်တွေကို English လိုရေးပေးလိုက်လို့ ခွေးအကြီး လှည်းအနင်းမခံခဲ့ရဘူးလေ။) ခေါင်းဆောင်ကောင်းတွေမွေးထုတ်ရမယ့်အစား နှိပ်ကွပ်နေတဲ့ အဖြစ်တွေကို ရင်ဖွင့်မိသလိုတော့ ဖြစ်ခဲ့တဲ့သဘောပါဘဲ။ 1996 September ကျောင်းသားတွေ ဒီမိုကရေစီနေး ဆန္ဒပြလို့ အဖမ်းခံရပြီး မကြာခင်လုပ်တဲ့ပွဲဆိုတော့ ပြောစရာက ရင်နဲ့အပြည့်၊ ကိုယ်နဲ့အတူ MOFA ကပြုတ်ပြီး အတူတူအလုပ်လုပ်တဲ့ ကိုမျိုးလွင် တယောက်လှည်းတန်းမှာ သမီးကြိုရင်း ရိုက်နှက်အဖမ်းခံ၊ ကျိုက္ကစံကွင်းကနေ အင်းစိန်ပို့..ဇတ်လမ်းကရှည်မှာစိုးလို့...

စင်္ကာပူက လာတက်တဲ့ နံမည်ကြီးစာရေးဆရာ -ပြဇတ်ရေးဆရာ Michael Chiang ကလည်း လီကွမ်ယူလက်ထက် စင်္ကာပူအခြေအနေ ကို ဟာသနှောပြီး ခပ်ပါးပါးလေးဘဲ ပြောပါတယ်။  စင်္ကာပူစီးပွားရေးဘယ်လိုလဲလို့မေးတော့ လီကွမ်ယူက Generally is Good တဲ့..အမှန်က သူ့သား General Lee is good လို့ပြောတာတဲ့. အဲ့ခေတ်က Lee Hsien Loong ကို Brigadier General - BG Lee, Baby God Lee လို့ လူထုကြားပြောင်ခေါ်ခဲ့ကြတာ။  Michael Chiang ရေးတဲ့ Private Parts ဆိုတဲ့ transgender ပြဇတ်က စင်္ကာပူမှာ အခုထိ popular ပါဘဲ။ Shanghai ခရီးစဉ်မှာ သိခဲ့တဲ့ Michael က ကျမ စင်္ကာပူရောက်တိုင်း ဧည့်ခံပါတယ်။

တခြားနိုင်ငံတွေကလာတဲ့ delegates တွေပြောတာတွေက စိတ်ဝင်စားစရာမကောင်းတော့ မမှတ်မိတော့ပါဘူး။ ၂၄ နှစ်ဆိုတော့လည်း..မှတ်မိတာတွေကျပြန်တော့ မနေ့တနေ့ကလိုပါဘဲ။ William Perry နဲ့ ဆုံတဲ့ ခရီးစဉ်မှာ မပြန်ခင် နိုဝင်ဘာ ၂၃ ရက်နေ့ည TV ကြည့်တော့ CNN မှာ  Ethiopian Airline Hijacked အလုပ်ခံရပြီး  ပင်လယ်ထဲထိုးကျတဲ့ သတင်းတွေ့ပါတယ်။ ထူးဆန်းတာက ပင်လယ်ထဲမှာ Life jacket တွေနဲ့ ပေါ်နေတဲ့ ခရီးသည်တွေထဲ ကျမနဲ့ ရင်းနှီးတဲ့ Pancho ကို တွေ့လိုက်ရလို့ Shock ဖြစ်သွားပါဘဲ။  William Perry Delegation ကလူတွေကလည်း Pancho က မြန်မာပြည်မှာ  အမေရိကန်သံရုံး Chargé d'affaires  CDA 1990-94 လုပ်သွားတာဆိုတော့ ကျမနဲ့ သိလားဆိုပြီးမေးကြပေါ့။  Pancho ဆိုတာ သူ့ Nick name. နံမည်ရင်းက Franklin P. Huddle.  သူ့ဇနီး Pom က ထိုင်း၊ သူတို့ Mumbai, India မှာ တာဝန်ကျနေတုန်း Safari vacation အသွား Indian Ocean ထဲလေယာဉ်ပျက်ကျတဲ့ အဖြစ်၊ သေကံမရောက်သက်မပျောက်..လွန်ခဲ့တဲ့ ၄ နှစ်ကထင်ပါရဲ့ အနှစ် ၂၀ မြောက်လေယာဉ်ပျက်ကျတဲ့ အထိမ်းအမှတ် Ethiopia Airline က complimentary ဖိတ်တာ Pancho တို့ စုံတွဲ လိုက်သွားတယ်လို့ ကြားမိပါတယ်။ ပင်လယ်ထဲ လေယာဉ်ပျက်ကျပြီး မသေတဲ့ ခရီးသည်စုံတွဲ...အင်း..ငါသာဆိုရင်..

ရှန်ဟိုင်းမြို့ Sightseeing ထွက်တော့ မြန်မာပြည်က ကျောက်စိမ်းဆင်းတု စံပါယ်တဲ့ ဘုရားကျောင်း၊ အပန်းဖြေပန်းခြံတွေ၊ မြစ်တဖက်ကမ်းက ခေတ်မှီ Pudong City ကို လေ့လာခဲ့ပါတယ်။ အဲဒီခေတ်က Pudong City ရဲ့ အမြင့်ဆုံး TV Tower, top floor က Restaurant မှာ Lunch စားခဲ့ရပါတယ်။ ပြောရင်လည်းလွန်ရာကျမယ်။ ပြည်ကြီးက တရုတ်စာက မြန်မာပြည်က တရုတ်စာတွေလို အရသာမရှိဘူးတော့..
မပြောမဖြစ်ပြောရမှာကတော့ လူဦးရေပါဘဲ။ အဲ့အချိန်က ရှန်ဟိုင်းမြို့ မှာတင် လူဦးရေ ၁၁ သန်းရှိတယ်တဲ့။ (27 million in 2020) ကျမ ဟိုတယ်ကထွက်ပြီး ခြေကျင် Shopping သွားတော့ လူတွေလမ်းမပေါ်မှာ များလွန်းလို့ ညပ်ပြီး အဖေါ်တွေနဲ့ ကွဲသွားပါတယ်။ နောက်ဆုံး ညနေစောင်း ကြောက်ကြောက်နဲ့ Traffic Police ကို Peace Hotel ကို ပြန်ပို့ခိုင်းရပါတယ်။ ပါသွားတဲ့ မရှိမဲ့ရှိမဲ့ ဒေါ်လာထည့်ထားတဲ့အိပ်ကလေးပါ ပျောက်ကျ၊ တော်ပါသေးရဲ့ sponsor က လိုရမယ်ရ ပေးလိုက်တဲ့ American Express Traveler's Check ပါလို့ အရှက်မကွဲတာ။ 

တရုတ်လူဦးရေထိန်းချုပ်တဲ့မူအရ၊ မိသားတစု ကလေး ၁ ယောက်ပေါ့။ တယောက်မကမွေးရင် ခံစားရမယ့်အကျိုးဆက်က မလွယ်ဘူးလေ။ ရှန်ဟိုင်းတဝိုက်..Homeless ကလေးတွေအကြောင်း ပေါ်ပေါ်ထင်ထင် မဟုတ် တစေ့တစောင်းလေ့လာခဲ့ရတာ အခုချိန်ထိ တွေးမိတိုင်း စိတ်မကောင်းဖြစ်နေဆဲပါ။ လျှမ်းလျှမ်းတောက် ခေတ်မှီတဲ့ မြို့တော်ကြီးရဲ့ ချောင်ကျကျ နေရာတွေ၊ တံတားအောက်တွေမှာ ပေတေလေလွင့်၊ ကော်ရှူနေတဲ့ကလေးတွေ၊ ဒီကလေးတွေကို စာနာပြီး မရှိတဲ့ကြားက ကူညီနေတဲ့ အလှူရှင်တွေ၊ ကလေးပျောက် စိတ်ဝေဒနာရှင်တွေရဲ့ ပုံရိပ်တွေ..

ကျမရဲ့ ဒီခရီးစဉ်အတွက် ကုန်ကျစားရိတ်လှူ တဲ့ Maria Aw က Hong Kong Save the Children ရဲ့ Patron ပါ။ Tiger Balm - Aw Boon Haw and Aw Boon Pah မိသားစုက မြန်မာပြည်ဇာတိဆိုတော့ Maria Aw က မြန်မာတယောက် ရှန်ဟိုင်း Forum လာဖို့ အဆင်ပြေတယ်ကြားတာနဲ့ fund contribute လုပ်တာတဲ့။ ကျေးဇူးတင်ကြောင်း Australia သံရုံးကတဆင့် ကျမ စာရေးခဲ့တာကလွဲလို့ မဆုံဖြစ်လိုက်ပါဘူး။ ၂၀၁၇ မှာ Maria Aw ဆုံးတာ Google မှာဖတ်လိုက်ရပါတယ်။  သူက ဒီခရီးစဉ်မှာ ကျမတို့ Delegates တွေကို ဒီကလေးတွေအဖြစ်ကို မသိမသာပြစေချင်ပုံရပါတယ်။  Singapore မှာနေခဲ့တုန်းကတော့ အသက် ၈၀ အရွယ်၊ကျားဘမ်းသူဌေးမကြီး အန်တီမာ့ရဲ့ Fund raising တွေမှာ မြန်မာ နှစ်ပါးသွားအက နဲ့ အားဖြည့်ခဲ့ဘူးပါတယ်။ အန်တီမာက မင်းသမီးလိုဝတ်၊ ကျမက မင်းသားပေါ့။ ရေစက်ဆိုတာကြံဖန်ဆုံရတတ်ပါတယ်။
Forum နောက်ဆုံးရက်မှာ Cambodia နိုင်ငံက အမျိုးသမီးဝန်ကြီးက အပိတ်ကျေးဇူးတင်စကားပြောဖို့ စီစဉ်ထားပြီး Cancelled လုပ်လိုက်တော့၊ Delegates တွေက မဲပေးပြီး speech ပေးဖို့လူရွေးတာ..မဲအားလုံး ကျမကိုဘဲပေးကြလို့ စင်ပေါ်တက် စကားပြောခဲ့ရပါတယ်။ အပြောကောင်းလို့လားတော့မသိဘူး၊ ကျမကို Asia Australia Institute က 1997 Asia Young Leader Forum Steering Committee ဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ 1997 Forum အတွက် အကြိုညှိနှိုင်းဖို့ သွက်လက်တဲ့လူကိုရွေးတာဆိုဘဲ..ဟုတ်ပါ့မလား.. ကျမက 1997 May မှာ အမေရီးကား ပညာသင်သွားရမှာဆိုတော့ ဝမ်းနည်းစွာနဲ့ Asia Young Leader Forum ကို Regret လုပ်လိုက်ရပါတယ်။

ဒီ ရှန်ဟိုင်း Forum ကနေ ရခဲ့တဲ့ အကျိုးကတော့ Self confidence ပါဘဲ။ အစိုးရကခိုင်းတဲ့ ပါရာဖတ်မဟုတ်၊သာမန်ပြည်သူတယောက်အနေနဲ့ ရင်ထဲက စကား၊ ကိုယ့်ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်းပြောခွင့်ရခဲ့တာ၊ ဒေသတွင်း wave length ချင်းတူသူတွေနဲ့ အမြင်ချင်းဖလှယ်နိုင်ခဲ့တာတွေပေါ့...

ကျမ အမေရီးကားမလာဖြစ်ခဲ့ရင်..အင်းစိန်တောရ..မော်စကို ကိုရောက်သွားမလား၊ အခုချိန်ဆို Australia မှာလား၊ Hong Kong မှာလား..လူ့ဘောင်အသိုင်းအဝိုင်းကို လက်ရှိဘဝထက် ပိုပြီး အကျိုးပြုနေမှာလား၊ မတွေးတတ်ပါဘူး..ကဲ..ပစ္စုပ္ပန်ကိုဘဲ တည့်တည့်ရှုပါတော့မယ်..

အော်..စကားမစပ်..Young Leader Forum သွားတက်တုန်းက ကျမ အသက် ၄၂ နှစ်ပါ..

Unicode version

သတိရမိတဲ့ ရှန်ဟိုင်းခရီးမှတ်တမ်း

ခရီးသွား Challenge Accept လုပ်တာ မဟုတ်ပါဘူး။ ပြည်ကြီးက အထင်ကရ Shanghai မြို့တော်ကြီးကို ၁၉၉၆ ခုနှစ်က ရောက်ခဲ့ဘူးတာလေး မှတ်မိသလောက် မှတ်တမ်းတင်ရင်း Share လုပ်ပါရစေ။  ရန်ကုန် Australia သံရုံး၊ The Asia-Australia Institute, The University of New South Wales ကနေ စီစဉ်ပြီး Maria Aw (Hong Kong Tiger Balm - Aw family) ရဲ့ Sponsor နဲ့  တရုတ်နိုင်ငံ Shanghai မြို့ကြီးမှာ ကျင်းပတဲ့ 1996 Asia Young Leader Forum နှီးနှောဖလှယ်ပွဲကို မြန်မာကိုယ်စားလှယ်အဖြစ် ကျမ တက်ရောက်ခွင့် ရခဲ့ပါတယ်။  မြန်မာကိုယ်စားလှယ်ဆိုလို့ အစိုးရက လွှတ်တာမဟုတ်ပါဘူး။ သိရင်တောင် အဖမ်းခံရကိန်းရှိတယ်လေ။ နိုင်ငံတကာ ကဖိတ်တဲ့ ညီလာခံတွေ၊ လေ့လာရေးခရီးတွေကို အိမ်ကလူတွေတောင် အသိမပေးရဲဘဲ တိတ်တိတ်လေး သွားတက်ကြရတဲ့ခေတ်ပါ။ အဲ့ဒီ အမြင်ကျဉ်းမြောင်းလှတဲ့ အမှောင်ခေတ်ဆိုးကို ဖြတ်သန်းဘူးတဲ့ ကျမတို့ မျိုးဆက်တွေ သိကြပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ဆိုတာကလည်း ကျားမြီးသာဆွဲလိုက်ချင်ရဲ့ လို့သာညည်းခဲ့ကြရတဲ့ခေတ်။ နောက်ဆုံး အသပြာဆိုတဲ့ လာဘ်ကြီးရဲ့ ကောင်းမှုနဲ့ ကုမ္မဏီအနေနဲ့ Business Passport လျှောက်ပြီး ကိုင်ထား။ ဖိတ်စာရရင် တိတိတ်ကလေးနေ..စီစဉ်စရာရှိတာ သံရုံးတွေနဲ့ တိုင်ပင်..သေချာအောင်လုပ်ပြီး ထွက်ပေါ့။ ပညာသင်သွားမယ်ဆိုလည်း ဒီလိုဘဲ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Passport လျှောက်ကြ၊ လူမသိစေနဲ့..passport က ပညာသင်သွားမလို့ ဆိုပြီး အဲဒီခေတ်က လျှောက်လို့မရဘူးလေ..Shore Job ဆိုပြီး အလုပ်ခန့်စာအတုတွေပြပြီးလျှောက်ကြရတာ။ စစ်အစိုးရက ကိုယ့်လူတွေကို တော်တော် အထင်ကြီးခဲ့တာကလား..ဘယ့်နှယ်..မြန်မာပြည်ကလူတယောက်ကို နိုင်ငံရပ်ခြားကနေ တကူးတက အလုပ်ခန့်ပါ့မလား။ (ချွင်းချက်တော့ရှိမှာပါ..ဆရာဝန်ကြီးတွေ၊ ပညာရှင်ကြီး..) ။ တုတု..စစ်စစ်..အဲ့ အလုပ်ခန့်စာပါမှဖြစ်တာ။ နောက်ပိုင်း ဖြေလျှော့တဲ့အနေနဲ့ ကုမ္မဏီပိုင်ရှင်တွေ၊ Shareholders တွေကို Business Passport ဆိုပြီး ထုတ်ပေးပါတယ်။

အမေရိကား ပညာသင်လာတုန်းကလည်း ဒီလိုပါဘဲ။ တိုးတိုးတိတ်တိတ် Business passport နဲ့ Visa ရခဲ့တာ။ passport ဆိုတာ နိုင်ငံသားတိုင်း ကိုင်ဆောင်ခွင့်ရှိတဲ့ လက်မှတ်ပေမဲ့၊ တချိန်က မြန်ပြည်ကြီးမှာ သာမန်လူတယောက်အတွက်တောင်မလွယ်တာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၈ လေးလုံးနဲ့ ပြုတ်တဲ့ ကျမတို့ အတွက်တော့ ဝေလာဝေးပေါ့။  ၁၉၉၃ ခုနှစ် Ordinary passport လျှောက်တုန်းကတော့ MOFA ဒုဝန်ကြီး ဦးညွန့်ဆွေနဲ့ ဆရာအေး (သံအမတ်ကြီး ဦးအေး - Dr. Myint's younger bro) ရဲ့ ကျေးဇူးနဲ့ passport အနီ အပထမဆုံးအကြိမ်ကိုင်ခွင့်ရခဲ့ဘူးပါတယ်။ ပြည်ပကပြန်လာရင် လေဆိပ်မှာ passport အသိမ်းခံရတဲ့ခေတ်ပါ။ ဒီခေတ်လူငယ်တွေ သိကြမယ်မထင်ပါဘူး။   ကြုံတုန်းကိုယ်ခံစားခဲ့ရတဲ့ ရွှေပြည်တော်ရဲ့ လွမ်းစရာလေးတွေကို ရေးနေမိတာနဲ့ ရှန်ဟိုင်းခရီးစဉ်က ဘယ်ရောက်သွားပါလိမ့်..သည်းခံပြီး ဖတ်ကြပါနော်..

၁၉၉၀ ပြည့်နှစ်တွေတုန်းက သာမန်လူတယောက်အနေနဲ့ နိုင်ငံခြားမှာ သင်တန်း၊ အစည်းအဝေး၊ Workshop, seminars တွေတက်ဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ NGO တွေလည်း မရှိသလောက်ပါဘဲ။ အစိုးရဌာနတွေကနေလည်း လွှတ်ဖို့မလွယ်ပါဘူး။ ဒေသတွင်း အသည်းအဝေးလောက်ဘဲ သွားခွင့်ရကြတာ။ သံရုံးတွေ အထူးသဖြင့် အနောက်နိုင်ငံ သံရုံးတွေကို ဆက်သွယ် ဝင်ထွက်လျင် ထောက်လှမ်းရေးလက်စာမိနိုင်တယ်။ အခန့်မသင့်ရင်ဆွဲစေ့ခံရမှာ။ ဒီခေတ်လူငယ်တွေ အခုဆို လွတ်လပ်စွာ ကမ္ဘာပတ်၊ ဖိတ်ချင်တဲ့နိုင်ငံကဖိတ်၊ အဆင်ပြေရင် ပျော်ပျော်ကြီးပါဝင်ဆင်နွှဲကြပေါ့။  ဒီလိုအပြောင်းအလဲတွေအတွက် ပေးဆပ်ခဲ့ကြရတဲ့ အဖြစ်တွေကို သတိရစေချင်ပါတယ်။

ဓါတ်ပုံတွေကြားမှာ Shanghai ခရီးစဉ် Album လေးထွက်လာတာနဲ့ ဘာရယ်မဟုတ် ရေးမိတဲ့စာစုပါ။  ၁၉၉၆ ခုနှစ် နိုဝင်ဘာလ - ဘန်ကောက်ကနေ တဆင့် Shanghai ကို ရောက်ပြီး Shanghai မြို့ Huangpu မြစ်ကမ်းနဖူးက ခမ်းနားလှတဲ့ Peace Hotel မှာတည်းရပါတယ်။ မြစ်ကမ်းနားမှာ လူလျှောက်တဲ့ Platform လမ်းကျယ်၊ အမေရီးကားမှာတော့ Boardwalk ခေါ်တယ်။ ရှန်ဟိုင်းကတော့ Huangpu မြစ်ကမ်းနားတလျှောက် တဘက်ကမ်းက Pudong City မြင်ကွင်းကိုပါ ခံစားနိုင်တဲ့ Boardwalk ကို Bund လို့ပြောကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က သမ္မတ Bill Clinton လက်ထက်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး William Perry နဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း Peace Hotel မှာဘဲတည်းကြတော့ နှုတ်ဆက်ဖြစ်ပါတယ်။ သိပ်ယဉ်ကျေးမွန်ရည်တဲ့ ပုဂ္ဂိုလ်ကြီးပါဘဲ။

Forum က ၃ ရက်ဘဲကျင်းပတာပါ။ အရှေ့နဲ့ အရှေ့တောင်အာရှက လူငယ်ခေါင်းဆောင်တွေကို စုစည်းပြီး Leadership Responsibilities ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့ သဘောပါဘဲ။ Workshop ပုံစံမဟုတ်တဲ့ နှီးနှောပွဲပါ။
Australia ကလာတက်တဲ့ TV presenter (နံမည်မမှတ်မိ) က WWW-World Wide Web နဲ့ Globalization ကို တာဝန်သိသိ ထိရောက်အောင် အသုံးချဖို့ အကြောင်းပြောတော့ သိပ်ခေတ်နောက်ကျနေတဲ့ ကိုယ့်နိုင်ငံအစား အားငယ်မိတာပေါ့။ အဲခေတ်က email, internet မရှိ၊ fax machine ရှိရင် ဖွက်ထားရတဲ့ခေတ်လေ..ကိုယ်တွေက နိုင်ငံခြားနဲ့ Business လုပ်တော့ fax, Telex နဲ့ ဆက်သွယ်ရတာ။ messenger က စာတိုက်ကြီးကို သွားပို့ရတာ။ messenger ဆိုလို့ Facebook က messenger မဟုတ်၊ လူတယောက်ကို တာဝန်ပေးထားရတာလေ။

ကျမ Forum ပြောဖြစ်တဲ့ အဓိက အကြောင်းအရာကတော့ မြန်ပြည်ကြီးဟာ အရှေ့တောင်အာရှနိုင်ငံတွေကြားမှာ ခေတ်နောက်ကျကျန်နေရတဲ့အဖြစ်နဲ့ Freedom of Expression လစ်ဟင်းနေတဲ့အဖြစ်နဲ့ လူထုခေါင်းဆောင်အပါအဝင်၊ ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တွေ နှိပ်ကွပ်ခံနေရတဲ့ ပြဿနာတွေ၊ နိုင်ငံတကာဖိအားတွေ..အာစီယံအသင်း မှာ ဘာဖြစ်လို့ မပါသေးတာလဲကအစ စိတ်ဝင်တစားမေးကြပေါ့..မဝင်ဖြစ်သေးတဲ့အခြေအနေ. ဝင်မယ့်အလားအလာ..Burmese Diplomat ဖြစ်ခဲ့ဘူးသူအနေနဲ့  မြန်မာနိုင်ငံရဲ့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ...ကုလအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဒေသတွင်းအဖွဲ့တွေမှာပါစရာမလို. စတဲ့အကြောင်းအရာတွေ ဝိုင်းဆွေးနွေးကြပေါ့.(ကျမနဲ့ အတူ MOFA ပြုတ်ဖေါ်ပြုတ်ဖက် ဆရာ ဦးသန်းထွန်းအောင်က ပြောစရာ အချက်အလက်တွေကို English လိုရေးပေးလိုက်လို့ ခွေးအကြီး လှည်းအနင်းမခံခဲ့ရဘူးလေ။) ခေါင်းဆောင်ကောင်းတွေမွေးထုတ်ရမယ့်အစား နှိပ်ကွပ်နေတဲ့ အဖြစ်တွေကို ရင်ဖွင့်မိသလိုတော့ ဖြစ်ခဲ့တဲ့သဘောပါဘဲ။ 1996 September ကျောင်းသားတွေ ဒီမိုကရေစီနေး ဆန္ဒပြလို့ အဖမ်းခံရပြီး မကြာခင်လုပ်တဲ့ပွဲဆိုတော့ ပြောစရာက ရင်နဲ့အပြည့်၊ ကိုယ်နဲ့အတူ MOFA ကပြုတ်ပြီး အတူတူအလုပ်လုပ်တဲ့ ကိုမျိုးလွင် တယောက်လှည်းတန်းမှာ သမီးကြိုရင်း ရိုက်နှက်အဖမ်းခံ၊ ကျိုက္ကစံကွင်းကနေ အင်းစိန်ပို့..ဇတ်လမ်းကရှည်မှာစိုးလို့...

စင်္ကာပူက လာတက်တဲ့ နံမည်ကြီးစာရေးဆရာ -ပြဇတ်ရေးဆရာ Michael Chiang ကလည်း လီကွမ်ယူလက်ထက် စင်္ကာပူအခြေအနေ ကို ဟာသနှောပြီး ခပ်ပါးပါးလေးဘဲ ပြောပါတယ်။  စင်္ကာပူစီးပွားရေးဘယ်လိုလဲလို့မေးတော့ လီကွမ်ယူက Generally is Good တဲ့..အမှန်က သူ့သား General Lee is good လို့ပြောတာတဲ့. အဲ့ခေတ်က Lee Hsien Loong ကို Brigadier General - BG Lee, Baby God Lee လို့ လူထုကြားပြောင်ခေါ်ခဲ့ကြတာ။  Michael Chiang ရေးတဲ့ Private Parts ဆိုတဲ့ transgender ပြဇတ်က စင်္ကာပူမှာ အခုထိ popular ပါဘဲ။ Shanghai ခရီးစဉ်မှာ သိခဲ့တဲ့ Michael က ကျမ စင်္ကာပူရောက်တိုင်း ဧည့်ခံပါတယ်။

တခြားနိုင်ငံတွေကလာတဲ့ delegates တွေပြောတာတွေက စိတ်ဝင်စားစရာမကောင်းတော့ မမှတ်မိတော့ပါဘူး။ ၂၄ နှစ်ဆိုတော့လည်း..မှတ်မိတာတွေကျပြန်တော့ မနေ့တနေ့ကလိုပါဘဲ။ William Perry နဲ့ ဆုံတဲ့ ခရီးစဉ်မှာ မပြန်ခင် နိုဝင်ဘာ ၂၃ ရက်နေ့ည TV ကြည့်တော့ CNN မှာ  Ethiopian Airline Hijacked အလုပ်ခံရပြီး  ပင်လယ်ထဲထိုးကျတဲ့ သတင်းတွေ့ပါတယ်။ ထူးဆန်းတာက ပင်လယ်ထဲမှာ Life jacket တွေနဲ့ ပေါ်နေတဲ့ ခရီးသည်တွေထဲ ကျမနဲ့ ရင်းနှီးတဲ့ Pancho ကို တွေ့လိုက်ရလို့ Shock ဖြစ်သွားပါဘဲ။  William Perry Delegation ကလူတွေကလည်း Pancho က မြန်မာပြည်မှာ  အမေရိကန်သံရုံး Chargé d'affaires  CDA 1990-94 လုပ်သွားတာဆိုတော့ ကျမနဲ့ သိလားဆိုပြီးမေးကြပေါ့။  Pancho ဆိုတာ သူ့ Nick name. နံမည်ရင်းက Franklin P. Huddle.  သူ့ဇနီး Pom က ထိုင်း၊ သူတို့ Mumbai, India မှာ တာဝန်ကျနေတုန်း Safari vacation အသွား Indian Ocean ထဲလေယာဉ်ပျက်ကျတဲ့ အဖြစ်၊ သေကံမရောက်သက်မပျောက်..လွန်ခဲ့တဲ့ ၄ နှစ်ကထင်ပါရဲ့ အနှစ် ၂၀ မြောက်လေယာဉ်ပျက်ကျတဲ့ အထိမ်းအမှတ် Ethiopia Airline က complimentary ဖိတ်တာ Pancho တို့ စုံတွဲ လိုက်သွားတယ်လို့ ကြားမိပါတယ်။ ပင်လယ်ထဲ လေယာဉ်ပျက်ကျပြီး မသေတဲ့ ခရီးသည်စုံတွဲ...အင်း..ငါသာဆိုရင်..

ရှန်ဟိုင်းမြို့ Sightseeing ထွက်တော့ မြန်မာပြည်က ကျောက်စိမ်းဆင်းတု စံပါယ်တဲ့ ဘုရားကျောင်း၊ အပန်းဖြေပန်းခြံတွေ၊ မြစ်တဖက်ကမ်းက ခေတ်မှီ Pudong City ကို လေ့လာခဲ့ပါတယ်။ အဲဒီခေတ်က Pudong City ရဲ့ အမြင့်ဆုံး TV Tower, top floor က Restaurant မှာ Lunch စားခဲ့ရပါတယ်။ ပြောရင်လည်းလွန်ရာကျမယ်။ ပြည်ကြီးက တရုတ်စာက မြန်မာပြည်က တရုတ်စာတွေလို အရသာမရှိဘူးတော့..

မပြောမဖြစ်ပြောရမှာကတော့ လူဦးရေပါဘဲ။ အဲ့အချိန်က ရှန်ဟိုင်းမြို့ မှာတင် လူဦးရေ ၁၁ သန်းရှိတယ်တဲ့။ (27 million in 2020) ကျမ ဟိုတယ်ကထွက်ပြီး ခြေကျင် Shopping သွားတော့ လူတွေလမ်းမပေါ်မှာ များလွန်းလို့ ညပ်ပြီး အဖေါ်တွေနဲ့ ကွဲသွားပါတယ်။ နောက်ဆုံး ညနေစောင်း ကြောက်ကြောက်နဲ့ Traffic Police ကို Peace Hotel ကို ပြန်ပို့ခိုင်းရပါတယ်။ ပါသွားတဲ့ မရှိမဲ့ရှိမဲ့ ဒေါ်လာထည့်ထားတဲ့အိပ်ကလေးပါ ပျောက်ကျ၊ တော်ပါသေးရဲ့ sponsor က လိုရမယ်ရ ပေးလိုက်တဲ့ American Express Traveler's Check ပါလို့ အရှက်မကွဲတာ။

တရုတ်လူဦးရေထိန်းချုပ်တဲ့မူအရ၊ မိသားတစု ကလေး ၁ ယောက်ပေါ့။ တယောက်မကမွေးရင် ခံစားရမယ့်အကျိုးဆက်က မလွယ်ဘူးလေ။ ရှန်ဟိုင်းတဝိုက်..Homeless ကလေးတွေအကြောင်း ပေါ်ပေါ်ထင်ထင် မဟုတ် တစေ့တစောင်းလေ့လာခဲ့ရတာ အခုချိန်ထိ တွေးမိတိုင်း စိတ်မကောင်းဖြစ်နေဆဲပါ။ လျှမ်းလျှမ်းတောက် ခေတ်မှီတဲ့ မြို့တော်ကြီးရဲ့ ချောင်ကျကျ နေရာတွေ၊ တံတားအောက်တွေမှာ ပေတေလေလွင့်၊ ကော်ရှူနေတဲ့ကလေးတွေ၊ ဒီကလေးတွေကို စာနာပြီး မရှိတဲ့ကြားက ကူညီနေတဲ့ အလှူရှင်တွေ၊ ကလေးပျောက် စိတ်ဝေဒနာရှင်တွေရဲ့ ပုံရိပ်တွေ..

ကျမရဲ့ ဒီခရီးစဉ်အတွက် ကုန်ကျစားရိတ်လှူ တဲ့ Maria Aw က Hong Kong Save the Children ရဲ့ Patron ပါ။ Tiger Balm - Aw Boon Haw and Aw Boon Pah မိသားစုက မြန်မာပြည်ဇာတိဆိုတော့ Maria Aw က မြန်မာတယောက် ရှန်ဟိုင်း Forum လာဖို့ အဆင်ပြေတယ်ကြားတာနဲ့ fund contribute လုပ်တာတဲ့။ ကျေးဇူးတင်ကြောင်း Australia သံရုံးကတဆင့် ကျမ စာရေးခဲ့တာကလွဲလို့ မဆုံဖြစ်လိုက်ပါဘူး။ ၂၀၁၇ မှာ Maria Aw ဆုံးတာ Google မှာဖတ်လိုက်ရပါတယ်။  သူက ဒီခရီးစဉ်မှာ ကျမတို့ Delegates တွေကို ဒီကလေးတွေအဖြစ်ကို မသိမသာပြစေချင်ပုံရပါတယ်။  Singapore မှာနေခဲ့တုန်းကတော့ အသက် ၈၀ အရွယ်၊ကျားဘမ်းသူဌေးမကြီး အန်တီမာ့ရဲ့ Fund raising တွေမှာ မြန်မာ နှစ်ပါးသွားအက နဲ့ အားဖြည့်ခဲ့ဘူးပါတယ်။ အန်တီမာက မင်းသမီးလိုဝတ်၊ ကျမက မင်းသားပေါ့။ ရေစက်ဆိုတာကြံဖန်ဆုံရတတ်ပါတယ်။

Forum နောက်ဆုံးရက်မှာ Cambodia နိုင်ငံက အမျိုးသမီးဝန်ကြီးက အပိတ်ကျေးဇူးတင်စကားပြောဖို့ စီစဉ်ထားပြီး Cancelled လုပ်လိုက်တော့၊ Delegates တွေက မဲပေးပြီး speech ပေးဖို့လူရွေးတာ..မဲအားလုံး ကျမကိုဘဲပေးကြလို့ စင်ပေါ်တက် စကားပြောခဲ့ရပါတယ်။ အပြောကောင်းလို့လားတော့မသိဘူး၊ ကျမကို Asia Australia Institute က 1997 Asia Young Leader Forum Steering Committee ဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ 1997 Forum အတွက် အကြိုညှိနှိုင်းဖို့ သွက်လက်တဲ့လူကိုရွေးတာဆိုဘဲ..ဟုတ်ပါ့မလား.. ကျမက 1997 May မှာ အမေရီးကား ပညာသင်သွားရမှာဆိုတော့ ဝမ်းနည်းစွာနဲ့ Asia Young Leader Forum ကို Regret လုပ်လိုက်ရပါတယ်။

ဒီ ရှန်ဟိုင်း Forum ကနေ ရခဲ့တဲ့ အကျိုးကတော့ Self confidence ပါဘဲ။ အစိုးရကခိုင်းတဲ့ ပါရာဖတ်မဟုတ်၊သာမန်ပြည်သူတယောက်အနေနဲ့ ရင်ထဲက စကား၊ ကိုယ့်ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်းပြောခွင့်ရခဲ့တာ၊ ဒေသတွင်း wave length ချင်းတူသူတွေနဲ့ အမြင်ချင်းဖလှယ်နိုင်ခဲ့တာတွေပေါ့...

ကျမ အမေရီးကားမလာဖြစ်ခဲ့ရင်..အင်းစိန်တောရ..မော်စကို ကိုရောက်သွားမလား၊ အခုချိန်ဆို Australia မှာလား၊ Hong Kong မှာလား..လူ့ဘောင်အသိုင်းအဝိုင်းကို လက်ရှိဘဝထက် ပိုပြီး အကျိုးပြုနေမှာလား၊ မတွေးတတ်ပါဘူး..ကဲ..ပစ္စုပ္ပန်ကိုဘဲ တည့်တည့်ရှုပါတော့မယ်..

အော်..စကားမစပ်..Young Leader Forum သွားတက်တုန်းက ကျမ အသက် ၄၂ နှစ်ပါ..

Wednesday, June 10, 2020

က်မ ေလးစားမိတဲ့ ျပည္သူ႔ဘက္ေတာ္သား တပ္မေတာ္သားႀကီး

ေမာင္ေလး သန႔္ဇင္က သူ႔ေဖေဖ ဦတင္ဦးနဲ႔ က်မ ဆုံတဲ့အခါ ေျပာျဖစ္တာေလးေတြ အမွတ္တရေရးေပးပါဆိုလို႔..ေရးခ်င္လ်က္ လက္တို႔ေပါ့..ဒါေပမဲ့..က်မ က အန္ကယ္တင္ဦးကို  က်မအေဖနဲ႔ ဆက္စပ္ၿပီး သိခဲ့၊ ရင္းႏွီးခဲ့တာဆိုေတာ့ ကိုယ့္အေဖ အေၾကာင္းက ပိုမ်ားေနမလားဘဲ။

၁၉၉၇ ခုႏွစ္က က်မ ျပည္ပထြက္ၿပီး၊ ၁၄ ႏွစ္အၾကာ၂၀၁၁ ခုႏွစ္ စက္တင္ဘာလ ျပည္ေတာ္ျပန္ခြင့္ရတဲ့ေန႔ ေနာက္တရက္ Power 54 ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အိမ္ဝင္းထဲ မွာ အန္ကယ္နဲ႔ ျပန္ဆုံခြင့္ရေတာ့ ဝမ္းသာဝမ္းနည္းျဖစ္ရပါတယ္။  ေတြ႕ေတြ႕ခ်င္း အန္ကယ္မမွတ္မိမွာစိုးလို႔ ျပန္မိတ္ဆက္ေတာ့ ဝမ္းသာအားရ မဝိုင္းမဟုတ္လားတဲ့..အန္ကယ္က အၿမဲတန္း အဝိုင္းနဲ႔ အလုံး မွားေခၚေနက်ေလ။  က်မအေဖ  ၂၀၁၀ ေအာက္တိုဘာလ ဆုံးေတာ့ သုဝဏၰအိမ္ကို သတင္းေမး၊ အားေပးဖို႔ အန္ကယ္နဲ႔ အန္တီေရာက္ျဖစ္တဲ့အေၾကာင္းနဲ႔ အေမ့ကို ကန္ေတာ့ျဖစ္ခဲ့တဲ့အေၾကာင္း ေျပာျပပါတယ္။

အဲဒီအခ်ိန္က ႏိုင္ငံေရးအေျခအေနေၾကာင့္ အေဝးေရာက္သမီးတေယာက္အေနနဲ႔ အေဖနဲ႔ အေမ မိဘ ႏွစ္ပါး ဆုံးတာကို ကန္ေတာ့ခြင့္မရတဲ့အေၾကာင္း၊ အန္ကယ္သတင္းေမး အားေပးတဲ့ပုံေတြ ေမာင္ႏွမေတြက ပို႔ေပးလို႔ ေတြ႕တဲ့အေၾကာင္းနဲ႔ ေက်းဇူးတင္ေၾကာင္းေျပာျပမိပါတယ္။ အန္ကယ္က က်မ အေမဆုံးတာ အေၾကာင္းမၾကားလို႔၊ သူမသိလိုက္လို႔ မသြားျဖစ္တဲ့အေၾကာင္း စိတ္မေကာင္းေၾကာင္းေျပာျပပါတယ္။

တူေလးက တယ္လီဖုန္းအေဟာင္းေလးနဲ႔ ရိုက္ထားေတာ့ ပံုေတြက မႈံေနပါတယ္။

(ႀကံဳတုန္း အေမ့အေၾကာင္းေလးနည္းနည္းေရးပါရေစ။ အန္ကယ္ အသက္ ၉၀ အရြယ္ အေမ့ကို ကန္ေတာ့တာ သူ႔ထက္အသက္ႀကီးလို႔ထက္ အေမက အေဖ့ထက္ ပို သတၱိရွိတဲ့ ဖက္ဆစ္ေတာ္လွန္းေရး ရဲေမႀကီးျဖစ္ခဲ့တဲ့အတြက္လို႔ ယူဆပါတယ္။ အေဖက ဂ်ပန္ေခတ္စစ္တကၠသိုလ္ သင္တန္းဆရာ၊ အေမက ေတာ္လွန္းေရးရဲေဘာ္ေတြအတြက္ လက္နက္ေတြ ဖြက္ေပးခဲ့တဲ့ ရဲေမ၊ မိရင္ အသက္ေပးရမယ့္ အႏၱရာယ္ကို မေၾကာက္ စြန္႔စားခဲ့တဲ့အေမ။ အဲဒီအခ်ိန္က ဗိုလ္ခ်ဳပ္ေအာင္ဆန္းညႊန္ၾကားခ်က္နဲ႔ သမိုင္းဘူတာရံုလမ္းက အေမ့အိမ္ကို ကားေမာင္းၿပီး လက္နက္ေတြလာပို႔တဲ့ တပ္ႀကပ္ႀကီးဘကြန္းက အေမ ငယ္ငယ္က သြက္လက္ျဖတ္လတ္သလို သိပ္ေခ်ာတာဘဲလို႔ေျပာဘူးပါတယ္။ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း သူလက္နက္ေတြ ဖြက္ေပးခဲ့တဲ့ လူေတြက အေမ့ကို အေသေၾကာက္၊ တပ္ထဲမွာ ျပန္ဆံုခဲ့ဘူးပါတယ္။ အေမေျပာျပဘူးတဲ့ ဂ်ပန္ေခတ္အေတြ႔အႀကံဳေတြကို မွတ္မိေနဆဲပါ။)

မိသားစုခ်င္း ရင္းႏွီးၾကေတာ့ က်မအကို ကိုေဝလင္းေအာင္နဲ႔ မဥမၼာစန္းလြင္တို႔ရဲ႕ ၁၉၇၆ ခုႏွစ္က Inya Lake Hotel မွာလုပ္တဲံ မဂၤလာေဆာင္ကိုလည္း အန္ကယ္တက္ေရာက္ခ်ီးျမင့္ပါတယ္။

အန္ကယ္ ဂ်ပန္ေခတ္စစ္တကၠသိုလ္ တတိယပတ္ဗိုလ္သင္တန္းတက္ေတာ့ အေဖက တပ္ခြဲမႉးသင္တန္းဆရာ အျဖစ္နဲ႔ သိခဲ့၊ ရင္းႏွီးခဲ့ၾကတာ၊ ေနာက္ဆုံး အေဖ ဆုံးတဲ့အထိပါဘဲ။

၂၀၁၆ ခုႏွစ္ အေမရိကန္သံ႐ုံး လြတ္လပ္ေရးေန႔ အခမ္းအနားမွာ အန္ကယ္နဲ႔ ဆုံေတာ့ က်မအေဖအေၾကာင္း ေျပာျပတာကို Video ႐ိုက္မွတ္တမ္းတင္လိုက္ႏိုင္ပါတယ္။

"အန္ကယ္လ္ အေဖ့အေၾကာင္း ေျပာေနတာေလးကို မွတ္တမ္းတင္ေနတာ လို႔ က်မကေျပာေတာ့၊  "တင္ပါ ရပါတယ္ သူဟာ အလြန႔္ကို ခ်စ္စရာေကာင္းတဲ့ တပ္ခြဲမႉးပါ။  တပ္ခြဲမႉးေတြရွိတယ္ဗ်ာ ဗိုလ္ျမင့္ဦးရွိတယ္ဗ်ာ ဗိုလ္ျမင့္ဦးဟာဆိုရင္ သူ႔တပ္ခြဲနဲ႔သူ႔တပ္စုက လူဆိုရင္ ညႇာတယ္ မ႐ိုက္ဘူး။ သူမ်ားတပ္ခြဲ တပ္စုကဆိုရင္ ႐ိုက္တယ္။ ဆရာထြန္းဦးေအာင္ေက်ာ္က ဘယ္တပ္ခြဲ ဘယ္တပ္မႉးက ကိုမွ ႐ိုက္တယ္ဆိုတာ မရွိဘူး သူ ေဒါသျဖစ္တယ္ဆိုတာလည္း ရယ္ၿပီး ေဒါသျဖစ္တာ။ သူမ်ားလို ႐ုပ္ပ်က္ဆင္းပ်က္ေဒါသျဖစ္တာမဟုတ္ ရယ္ၿပီးေတာ့ ဟင္း ဘာ ညာဆိုၿပီးေတာ့ သြား ဒါပဲဆိုၿပီး ေျပာတာ (လက္ဟန္ေျခဟန္နဲ႔ျပတယ္)  ေနာက္ လူခ်င္းကြဲသြားၿပီးေတာ့... သူနဲ႔ အဆကး ျပတ္သြားတယ္ထင္တယ္။  က်ေနာ္တို႔ - ေကာ္မရွင္ရၿပီးေတာ့ သူ ေလ့က်င့္ေရးတပ္ရင္းကို ျပန္ၿပီးေတာ့ ဆာဂ်င္အေနနဲ႔ ေရာက္လာတာ။"

အေဖက ေနာက္မွ ဗိုလ္သင္တန္းျပန္တက္ ေကာ္မရွင္ရေတာ့ တပ္မွာ အန္ကယ္တို႔ထက္ junior ျဖစ္သြားပါတယ္။ ဒါေပမဲ့ အန္ကယ့္လို ကာကြယ္ေရးဦးစီးခ်ဳပ္၊ မ်က္မွန္ႀကီးေထာက္လွမ္းေရးအႀကီးအကဲ ဗိုလ္ခ်ဳပ္တင္ဦး၊ သမၼတေဒါက္တာေမာင္ေမာင္နဲ႔ သူ႔တပ္ခြဲမွာ ဗိုလ္ေလာင္းျဖစ္ခဲ့တဲ့ အရာရွိႀကီးေတြက အေဖ့ကို ဆရာထြန္းေအာင္ေက်ာ္လို႔ဘဲ ေခၚၾကပါတယ္။

အန္ကယ္ တပ္မေတာ္ၾကည္းကာကြယ္ေရး ဦးစီးခ်ဳပ္ျဖစ္ေတာ့ အေဖက DSA စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီး၊ အန္ကယ္က အလ်ဥ္းသင့္သလို ေက်ာင္းဆင္းပြဲေတြ လာၿပီးခ်ီးျမင့္ပါတယ္။  မွတ္မွတ္ရရ၊ ေက်ာင္းဆင္းပြဲတခု DSA 14 intake ထင္ပါတယ္။ က်မအကို ကိုေဝလင္းေအာင္ေက်ာင္းဆင္းပြဲ Dinner မွာ အန္ကယ္က မွတ္မွတ္ရရ  ဂ်ပန္ေခတ္စစ္တကၠသိုလ္မွ သူဗိုလ္ေလာင္းသင္တန္းတက္ေတာ့  အေဖက သူ႔တပ္ခြဲမႉး ဆရာလို႔ ေျပာျပပါတယ္။

အန္ကယ့္ကို ႏိုင္ငံေတာ္ပုန္ကန္မႈကို ထိန္ခ်န္တယ္ဆိုၿပီး အေရးမယူခင္ကာလ က်မရဲ႕ Daddy ေယာကၡမ ဗိုလ္မႉးႀကီးသိန္းေမာင္က ဘန္ေကာက္မွာ သံအမတ္ႀကီးတာဝန္က်ပါတယ္။ ၁၉၇၇ ခုႏွစ္ Daddy ျမန္မာျပည္ျပန္လာေတာ့ အန္ကယ့္မိသားစု ျပည္ပေဆးကု ခရီးစဥ္နဲ႔ ပတ္သက္ၿပီး အစစ္ခံရတယ္ဆိုတာ ေရးေတးေတး မွတ္မိပါတယ္။

အန္ကယ္ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ယူေတာ့ ေရွ႕တန္းစစ္ဆင္ေရးေတြ သြားၾကည့္တဲ့အခါ အေဖ့ကိုပါေခၚတတ္ပါတယ္။ ဓါတ္ပုံက ဘယ္တုန္းက ဘယ္မွာ ႐ိုက္တာလဲ မသိေပမဲ့ ေရွ႕တန္းတေနရာမွာျဖစ္ႏိုင္ပါတယ္။ အေဖ့ ပုခုန္းေပၚက အပြင့္ေတြက ေ႐ႊေရာင္မဟုတ္၊ အမည္းေရာင္ဆိုေတာ့ ေရွ႕တန္းမွာေပါ့။  အေဖက Full Colonel ျဖစ္ေနၿပီဆိုေတာ့ အေရွ႔ပိုင္းတိုင္း စစ္ဦးစီးမွဴး-ဗ်ဴဟာ ၄ ဗ်ဴဟာမွဴးေတာ့ မဟုတ္ေတာ့ဘူး။ DSA ေက်ာင္းအုပ္ႀကီးကေန DMT- ကကက်င့္ တပ္မေတာ္ေလ့က်င့္ေရးညႊန္ၾကားေရးမွဴး ျဖစ္တဲ့အခ်ိန္လည္း စစ္ဆင္ေရးသြားတာမျဖစ္ႏိုင္..

၈ ေလးလုံးဒီမိုကေရစီအေရးေတာ္ပုံမွာ တပ္မႉးေဟာင္းမ်ားအဖြဲ႕မွာ အေဖပါဝင္ခဲ့ၿပီး၊ ၁၉၉၀ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျဖစ္တဲ့အေဖက သူ႔ဇာတိပုဏၰားကြၽန္းၿမိဳ႕နယ္ကေနဝင္ၿပိဳင္ျဖစ္ပါတယ္။ အေဖ ေ႐ြးေကာက္ပြဲ အတြက္ ရခိုင္ျပည္ကို စည္း႐ုံးေရးထြက္ေတာ့ အန္ကယ္က အန္တီ့ပါေခၚၿပီး အပင္ပန္းခံ လိုက္ၿပီး အားေပးပါတယ္။

အဲဒီတုံးက အမအႀကီးဆုံး ဆရာဝန္မႀကီးက ဇီးကုန္းမွာတာဝန္က်ေနတာပါ။ ခဲအိုက ၿမိဳ႕နယ္ဆရာဝန္ႀကီးေပါ့။ အေဖတို႔မဲဆြယ္ စည္း႐ုံးခရီးက ရန္ကုန္ကေန ရခိုင္႐ိုးမကိုအသြား ဇီးကုန္းမွာခရီးတေထာက္နားၾကေတာ့၊ ဇီးကုန္း NLD ပါတီဝင္ေတြကို အန္ကယ္နဲ႔ အတူ ႏႈတ္ဆက္ၾကတယ္တဲ့။ အေဖက ဇီးကုန္းေရာက္တုံး သမီးကို ႏႈတ္ဆက္တယ္ဆို႐ုံဘဲေတြ႕ခဲ့ေပမဲ့ အေဖတို႔ ဇီးကုန္းက ရခိုင္ကို ခရီးဆက္ထြက္ေတာ့ဇီးကုန္းၿမိဳ႕က မဟာေထာက္လွမ္းေရးက အမတို႔ ေဒါက္တာဇနီးေမာင္ႏွံ၊ ေကာင္းေကာင္း ႏွိပ္ကြပ္ ပါတယ္တဲ့။  အမနဲ႔ ခဲအို ကို ႏွိပ္စက္၊ စစ္ေဆးလို႔အားမရေတာ့၊ အမတို႔ေဆး႐ုံက က်န္းမားေရးမႉးႀကီးကို ဖမ္းခ်ဳပ္ၿပီး ႏွိပ္စက္ပါေလေရာတဲ့။ ေထာက္လွမ္းေရးတို႔ထုံးစံအတိုင္း ႂကြက္မႏိုင္က်ီမီးနဲ႔ရႈိ႕ေပါ့။ သူ႔ခမ်ာ ဘာအျပစ္မွလည္းမရွိဘဲ၊ အေဖ့ခရီးစဥ္နဲ႔ ဘယ္လိုမွ မပတ္သက္ခဲ့ရပါဘဲနဲ႔ တညလုံးမအိပ္ခိုင္းဘဲ၊ ေမာ္ေတာ္ဆိုင္ကယ္စီးတဲ့ ပုံစံထိုင္ခိုင္း၊ ထပ္တလဲလဲ အရည္မရအဖတ္မရေတြေမးၿပီး ႏွိပ္စက္ခဲ့တာတဲ့။ တႏြယ္ငင္တစင္ပါဆိုရေအာင္လည္း၊ အဲ့ဒီ က်န္းမာေရးမႉးက အမ်ိဳးလည္းမေတာ္ပါဘူး။ အမတို႔ရဲ႕ လုပ္ေဖၚကိုင္ဖက္တေယာက္ကို သက္သက္ဆြဲေစ့တဲ့ ဥပေဒမဲ့ မတရားတဲ့လုပ္ရပ္ပါ။  အန္ကယ္နဲ႔ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဒီပဲယင္းစည္း႐ုံးေရးခရီးစဥ္မွာ အၾကမ္းဖက္ခံရတာနဲ႔ စာရင္ ဒီအျဖစ္က ဘာမွမေျပာပေလာက္ပါဘူး။  အန္ကယ္ကေတာ့  ေလာကဓံ ၈ ပါးကို ေတာ္ေတာ္ခံႏိုင္ရည္ရွိတယ္လို႔ ေျပာရမွာပါ။  ရိုးသားသလို၊ သတၱိလည္းရွိတဲ့ စစ္သားႀကီးပါ။

အန္ကယ္က က်မတို႔ VOA ကေန တယ္လီဖုန္းဆက္ၿပီး အင္တာဗ်ဴးရင္ ဘယ္ေတာ့မွ မျငင္းပါဘူး။ အိပ္ယာကေနႏႈိးၿပီးေတာင္ ေမးခဲ့ၾကတာပါ။ ျပည္သူေတြဘက္ကရပ္တည္တဲ့၊ ျပည္သူေတြရဲ႕ အသက္၊ အိုးအိမ္၊ စည္းစိမ္ကို အကာအကြယ္ေပးခဲ့တဲ့၊ အခုထိလည္း ဒီမိုကေရစီဘက္ေတာ္သားအျဖစ္ မားမားမတ္မတ္ရပ္တည္ေပးေနတဲ့ စစ္သားေကာင္းႀကီးအျဖစ္ ျမန္မာ့သမိုင္းမွာ ဂုဏ္ယူဝင့္ႂကြားစြာ မႈတ္ေက်ာက္ အတင္ခံႏိုင္တဲ့ ပုဂၢိဳလ္ႀကီးအေနနဲ႔ ႐ိုေသေလးစားစြာ ဂါရဝျပဳအပ္ပါတယ္။

၂၀၁၃ ခုႏွစ္ က စၿပီး ရန္ကုန္မွာ တာဝန္က်တဲ့အခါ ညေနဘက္ သံရံုးဧည့္ခံပြဲေတြမွာ အန္ကယ္နဲ႔ ဆံုတိုင္း အမွတ္တရ ရိုက္ျဖစ္တဲ့ပံုေလးေတြ..

မောင်လေး သန့်ဇင်က သူ့ဖေဖေ ဦတင်ဦးနဲ့ ကျမ ဆုံတဲ့အခါ ပြောဖြစ်တာလေးတွေ အမှတ်တရရေးပေးပါဆိုလို့..ရေးချင်လျက် လက်တို့ပေါ့..ဒါပေမဲ့..ကျမ က အန်ကယ်တင်ဦးကို  ကျမအဖေနဲ့ ဆက်စပ်ပြီး သိခဲ့၊ ရင်းနှီးခဲ့တာဆိုတော့ ကိုယ့်အဖေ အကြောင်းက ပိုများနေမလားဘဲ။

၁၉၉၇ ခုနှစ်က ကျမ ပြည်ပထွက်ပြီး၊ ၁၄ နှစ်အကြာ၂၀၁၁ ခုနှစ် စက်တင်ဘာလ ပြည်တော်ပြန်ခွင့်ရတဲ့နေ့ နောက်တရက် Power 54 ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဝင်းထဲ မှာ အန်ကယ်နဲ့ ပြန်ဆုံခွင့်ရတော့ ဝမ်းသာဝမ်းနည်းဖြစ်ရပါတယ်။  တွေ့တွေ့ချင်း အန်ကယ်မမှတ်မိမှာစိုးလို့ ပြန်မိတ်ဆက်တော့ ဝမ်းသာအားရ မဝိုင်းမဟုတ်လားတဲ့..အန်ကယ်က အမြဲတန်း အဝိုင်းနဲ့ အလုံး မှားခေါ်နေကျလေ။  ကျမအဖေ  ၂၀၁၀ အောက်တိုဘာလ ဆုံးတော့ သုဝဏ္ဏအိမ်ကို သတင်းမေး၊ အားပေးဖို့ အန်ကယ်နဲ့ အန်တီရောက်ဖြစ်တဲ့အကြောင်းနဲ့ အမေ့ကို ကန်တော့ဖြစ်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။ 

အဲဒီအချိန်က နိုင်ငံရေးအခြေအနေကြောင့် အဝေးရောက်သမီးတယောက်အနေနဲ့ အဖေနဲ့ အမေ မိဘ နှစ်ပါး ဆုံးတာကို ကန်တော့ခွင့်မရတဲ့အကြောင်း၊ အန်ကယ်သတင်းမေး အားပေးတဲ့ပုံတွေ မောင်နှမတွေက ပို့ပေးလို့ တွေ့တဲ့အကြောင်းနဲ့ ကျေးဇူးတင်ကြောင်းပြောပြမိပါတယ်။ အန်ကယ်က ကျမ အမေဆုံးတာ အကြောင်းမကြားလို့၊ သူမသိလိုက်လို့ မသွားဖြစ်တဲ့အကြောင်း စိတ်မကောင်းကြောင်းပြောပြပါတယ်။

တူလေးက တယ်လီဖုန်းအဟောင်းလေးနဲ့ ရိုက်ထားတော့ ပုံတွေက မှုံနေပါတယ်။

(ကြုံတုန်း အမေ့အကြောင်းလေးနည်းနည်းရေးပါရစေ။ အန်ကယ် အသက် ၉၀ အရွယ် အမေ့ကို ကန်တော့တာ သူ့ထက်အသက်ကြီးလို့ထက် အမေက အဖေ့ထက် ပို သတ္တိရှိတဲ့ ဖက်ဆစ်တော်လှန်းရေး ရဲမေကြီးဖြစ်ခဲ့တဲ့အတွက်လို့ ယူဆပါတယ်။ အဖေက ဂျပန်ခေတ်စစ်တက္ကသိုလ် သင်တန်းဆရာ၊ အမေက တော်လှန်းရေးရဲဘော်တွေအတွက် လက်နက်တွေ ဖွက်ပေးခဲ့တဲ့ ရဲမေ၊ မိရင် အသက်ပေးရမယ့် အန္တရာယ်ကို မကြောက် စွန့်စားခဲ့တဲ့အမေ။ အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းညွှန်ကြားချက်နဲ့ သမိုင်းဘူတာရုံလမ်းက အမေ့အိမ်ကို ကားမောင်းပြီး လက်နက်တွေလာပို့တဲ့ တပ်ကြပ်ကြီးဘကွန်းက အမေ ငယ်ငယ်က သွက်လက်ဖြတ်လတ်သလို သိပ်ချောတာဘဲလို့ပြောဘူးပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း သူလက်နက်တွေ ဖွက်ပေးခဲ့တဲ့ လူတွေက အမေ့ကို အသေကြောက်၊ တပ်ထဲမှာ ပြန်ဆုံခဲ့ဘူးပါတယ်။ အမေပြောပြဘူးတဲ့ ဂျပန်ခေတ်အတွေ့အကြုံတွေကို မှတ်မိနေဆဲပါ။)

မိသားစုချင်း ရင်းနှီးကြတော့ ကျမအကို ကိုဝေလင်းအောင်နဲ့ မဥမ္မာစန်းလွင်တို့ရဲ့ ၁၉၇၆ ခုနှစ်က Inya Lake Hotel မှာလုပ်တဲံ မင်္ဂလာဆောင်ကိုလည်း အန်ကယ်တက်ရောက်ချီးမြင့်ပါတယ်။

အန်ကယ် ဂျပန်ခေတ်စစ်တက္ကသိုလ် တတိယပတ်ဗိုလ်သင်တန်းတက်တော့ အဖေက တပ်ခွဲမှူးသင်တန်းဆရာ အဖြစ်နဲ့ သိခဲ့၊ ရင်းနှီးခဲ့ကြတာ၊ နောက်ဆုံး အဖေ ဆုံးတဲ့အထိပါဘဲ။ 

၂၀၁၆ ခုနှစ် အမေရိကန်သံရုံး လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အန်ကယ်နဲ့ ဆုံတော့ ကျမအဖေအကြောင်း ပြောပြတာကို Video ရိုက်မှတ်တမ်းတင်လိုက်နိုင်ပါတယ်။ 

"အန်ကယ်လ် အဖေ့အကြောင်း ပြောနေတာလေးကို မှတ်တမ်းတင်နေတာ လို့ ကျမကပြောတော့၊  "တင်ပါ ရပါတယ် သူဟာ အလွန့်ကို ချစ်စရာကောင်းတဲ့ တပ်ခွဲမှူးပါ။  တပ်ခွဲမှူးတွေရှိတယ်ဗျာ ဗိုလ်မြင့်ဦးရှိတယ်ဗျာ ဗိုလ်မြင့်ဦးဟာဆိုရင် သူ့တပ်ခွဲနဲ့သူ့တပ်စုက လူဆိုရင် ညှာတယ် မရိုက်ဘူး။ သူများတပ်ခွဲ တပ်စုကဆိုရင် ရိုက်တယ်။ ဆရာထွန်းဦးအောင်ကျော်က ဘယ်တပ်ခွဲ ဘယ်တပ်မှူးက ကိုမှ ရိုက်တယ်ဆိုတာ မရှိဘူး သူ ဒေါသဖြစ်တယ်ဆိုတာလည်း ရယ်ပြီး ဒေါသဖြစ်တာ။ သူများလို ရုပ်ပျက်ဆင်းပျက်ဒေါသဖြစ်တာမဟုတ် ရယ်ပြီးတော့ ဟင်း ဘာ ညာဆိုပြီးတော့ သွား ဒါပဲဆိုပြီး ပြောတာ (လက်ဟန်ခြေဟန်နဲ့ပြတယ်)  နောက် လူချင်းကွဲသွားပြီးတော့... သူနဲ့ အဆကး ပြတ်သွားတယ်ထင်တယ်။  ကျနော်တို့ - ကော်မရှင်ရပြီးတော့ သူ လေ့ကျင့်ရေးတပ်ရင်းကို ပြန်ပြီးတော့ ဆာဂျင်အနေနဲ့ ရောက်လာတာ။" 

အဖေက နောက်မှ ဗိုလ်သင်တန်းပြန်တက် ကော်မရှင်ရတော့ တပ်မှာ အန်ကယ်တို့ထက် junior ဖြစ်သွားပါတယ်။ ဒါပေမဲ့ အန်ကယ့်လို ကာကွယ်ရေးဦးစီးချုပ်၊ မျက်မှန်ကြီးထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်တင်ဦး၊ သမ္မတဒေါက်တာမောင်မောင်နဲ့ သူ့တပ်ခွဲမှာ ဗိုလ်လောင်းဖြစ်ခဲ့တဲ့ အရာရှိကြီးတွေက အဖေ့ကို ဆရာထွန်းအောင်ကျော်လို့ဘဲ ခေါ်ကြပါတယ်။ 

အန်ကယ် တပ်မတော်ကြည်းကာကွယ်ရေး ဦးစီးချုပ်ဖြစ်တော့ အဖေက DSA စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အန်ကယ်က အလျဉ်းသင့်သလို ကျောင်းဆင်းပွဲတွေ လာပြီးချီးမြင့်ပါတယ်။  မှတ်မှတ်ရရ၊ ကျောင်းဆင်းပွဲတခု DSA 14 intake ထင်ပါတယ်။ ကျမအကို ကိုဝေလင်းအောင်ကျောင်းဆင်းပွဲ Dinner မှာ အန်ကယ်က မှတ်မှတ်ရရ  ဂျပန်ခေတ်စစ်တက္ကသိုလ်မှ သူဗိုလ်လောင်းသင်တန်းတက်တော့  အဖေက သူ့တပ်ခွဲမှူး ဆရာလို့ ပြောပြပါတယ်။

အန်ကယ့်ကို နိုင်ငံတော်ပုန်ကန်မှုကို ထိန်ချန်တယ်ဆိုပြီး အရေးမယူခင်ကာလ ကျမရဲ့ Daddy ယောက္ခမ ဗိုလ်မှူးကြီးသိန်းမောင်က ဘန်ကောက်မှာ သံအမတ်ကြီးတာဝန်ကျပါတယ်။ ၁၉၇၇ ခုနှစ် Daddy မြန်မာပြည်ပြန်လာတော့ အန်ကယ့်မိသားစု ပြည်ပဆေးကု ခရီးစဉ်နဲ့ ပတ်သက်ပြီး အစစ်ခံရတယ်ဆိုတာ ရေးတေးတေး မှတ်မိပါတယ်။

အန်ကယ် ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူတော့ ရှေ့တန်းစစ်ဆင်ရေးတွေ သွားကြည့်တဲ့အခါ အဖေ့ကိုပါခေါ်တတ်ပါတယ်။ ဓါတ်ပုံက ဘယ်တုန်းက ဘယ်မှာ ရိုက်တာလဲ မသိပေမဲ့ ရှေ့တန်းတနေရာမှာဖြစ်နိုင်ပါတယ်။ အဖေ့ ပုခုန်းပေါ်က အပွင့်တွေက ရွှေရောင်မဟုတ်၊ အမည်းရောင်ဆိုတော့ ရှေ့တန်းမှာပေါ့။  အဖေက Full Colonel ဖြစ်နေပြီဆိုတော့ အရှေ့ပိုင်းတိုင်း စစ်ဦးစီးမှူး-ဗျူဟာ ၄ ဗျူဟာမှူးတော့ မဟုတ်တော့ဘူး။ DSA ကျောင်းအုပ်ကြီးကနေ DMT- ကကကျင့် တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူး ဖြစ်တဲ့အချိန်လည်း စစ်ဆင်ရေးသွားတာမဖြစ်နိုင်..

၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံမှာ တပ်မှူးဟောင်းများအဖွဲ့မှာ အဖေပါဝင်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ဖြစ်တဲ့အဖေက သူ့ဇာတိပုဏ္ဏားကျွန်းမြို့နယ်ကနေဝင်ပြိုင်ဖြစ်ပါတယ်။ အဖေ ရွေးကောက်ပွဲ အတွက် ရခိုင်ပြည်ကို စည်းရုံးရေးထွက်တော့ အန်ကယ်က အန်တီ့ပါခေါ်ပြီး အပင်ပန်းခံ လိုက်ပြီး အားပေးပါတယ်။

အဲဒီတုံးက အမအကြီးဆုံး ဆရာဝန်မကြီးက ဇီးကုန်းမှာတာဝန်ကျနေတာပါ။ ခဲအိုက မြို့နယ်ဆရာဝန်ကြီးပေါ့။ အဖေတို့မဲဆွယ် စည်းရုံးခရီးက ရန်ကုန်ကနေ ရခိုင်ရိုးမကိုအသွား ဇီးကုန်းမှာခရီးတထောက်နားကြတော့၊ ဇီးကုန်း NLD ပါတီဝင်တွေကို အန်ကယ်နဲ့ အတူ နှုတ်ဆက်ကြတယ်တဲ့။ အဖေက ဇီးကုန်းရောက်တုံး သမီးကို နှုတ်ဆက်တယ်ဆိုရုံဘဲတွေ့ခဲ့ပေမဲ့ အဖေတို့ ဇီးကုန်းက ရခိုင်ကို ခရီးဆက်ထွက်တော့ဇီးကုန်းမြို့က မဟာထောက်လှမ်းရေးက အမတို့ ဒေါက်တာဇနီးမောင်နှံ၊ ကောင်းကောင်း နှိပ်ကွပ် ပါတယ်တဲ့။  အမနဲ့ ခဲအို ကို နှိပ်စက်၊ စစ်ဆေးလို့အားမရတော့၊ အမတို့ဆေးရုံက ကျန်းမားရေးမှူးကြီးကို ဖမ်းချုပ်ပြီး နှိပ်စက်ပါလေရောတဲ့။ ထောက်လှမ်းရေးတို့ထုံးစံအတိုင်း ကြွက်မနိုင်ကျီမီးနဲ့ရှို့ပေါ့။ သူ့ခမျာ ဘာအပြစ်မှလည်းမရှိဘဲ၊ အဖေ့ခရီးစဉ်နဲ့ ဘယ်လိုမှ မပတ်သက်ခဲ့ရပါဘဲနဲ့ တညလုံးမအိပ်ခိုင်းဘဲ၊ မော်တော်ဆိုင်ကယ်စီးတဲ့ ပုံစံထိုင်ခိုင်း၊ ထပ်တလဲလဲ အရည်မရအဖတ်မရတွေမေးပြီး နှိပ်စက်ခဲ့တာတဲ့။ တနွယ်ငင်တစင်ပါဆိုရအောင်လည်း၊ အဲ့ဒီ ကျန်းမာရေးမှူးက အမျိုးလည်းမတော်ပါဘူး။ အမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တယောက်ကို သက်သက်ဆွဲစေ့တဲ့ ဥပဒေမဲ့ မတရားတဲ့လုပ်ရပ်ပါ။  အန်ကယ်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီပဲယင်းစည်းရုံးရေးခရီးစဉ်မှာ အကြမ်းဖက်ခံရတာနဲ့ စာရင် ဒီအဖြစ်က ဘာမှမပြောပလောက်ပါဘူး။  အန်ကယ်ကတော့  လောကဓံ ၈ ပါးကို တော်တော်ခံနိုင်ရည်ရှိတယ်လို့ ပြောရမှာပါ။  ရိုးသားသလို၊ သတ္တိလည်းရှိတဲ့ စစ်သားကြီးပါ။

အန်ကယ်က ကျမတို့ VOA ကနေ တယ်လီဖုန်းဆက်ပြီး အင်တာဗျူးရင် ဘယ်တော့မှ မငြင်းပါဘူး။ အိပ်ယာကနေနှိုးပြီးတောင် မေးခဲ့ကြတာပါ။ ပြည်သူတွေဘက်ကရပ်တည်တဲ့၊ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အကာအကွယ်ပေးခဲ့တဲ့၊ အခုထိလည်း ဒီမိုကရေစီဘက်တော်သားအဖြစ် မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ စစ်သားကောင်းကြီးအဖြစ် မြန်မာ့သမိုင်းမှာ ဂုဏ်ယူဝင့်ကြွားစွာ မှုတ်ကျောက် အတင်ခံနိုင်တဲ့ ပုဂ္ဂိုလ်ကြီးအနေနဲ့ ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါတယ်။

၂၀၁၃ ခုနှစ် က စပြီး ရန်ကုန်မှာ တာဝန်ကျတဲ့အခါ ညနေဘက် သံရုံးဧည့်ခံပွဲတွေမှာ အန်ကယ်နဲ့ ဆုံတိုင်း အမှတ်တရ ရိုက်ဖြစ်တဲ့ပုံလေးတွေ..