Wednesday, June 27, 2018


ကွေးသောလက်မဆန့်မီ...


အော်..လူတယောက်..အသိတယောက်..ရုတ်တရက်ဆုံးသွားတာကြုံတဲ့အခါတိုင်း…ငါလည်း..ဒီလိုမျိုး.အချိန်မရွေး.သေသွားနိုင်တာဘဲလို့ အမြဲတွေးမိပါတယ်။ မသေဆေးဆိုတာလည်း ရှိမှမရှိတာဘဲလေ၊ အတိတ်က စောင့်ထိန်းခဲ့တဲ့ သီလဆိုတဲ့ အကြောင်းတရားကြောင့် ကံ-အကျိုးပေးလည်းပါတာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြရင်..အော်..သီလနည်းခဲ့တာကိုး.လို့ပြောလေ့ရှိတာကြားဖူးပါတယ်။ မတော်တဆ Accident ကြောင့်သေကြရတာတွေကလည်း နေ့စဉ်နဲ့အမျှကြားနေ၊ တွေ့နေရတာပါဘဲ။ ဒါ့ကြောင့် သေခြင်းတရားဆိုတာ လူရယ်လို့..သတ္တဝါရယ်လို့ဖြစ်လာရင်..တနေ့မဟုတ်တနေ့သေကြရမှာပါဘဲ။

လွန်ခဲ့တဲ့ ၈ နှစ်လောက်စပြီး ရန်ကုန်ကို တာဝန်နဲ့လာခဲ့ရတဲ့ အကြိမ်မနည်းတော့ပါဘူး။ ၃ လ တကြိမ်အလှည့်ကျ၊ ၂ နှစ် အချိန်ပြည့်တကြိမ် စသဖြင့်ပေါ့လေ။ ဒီရုံးခန်းကိုစရောက်ကတည်းက မျက်နှာချင်းဆိုင်ရုံးက လူတွေက မျက်နှာထားတွေက ခပ်တည်တည်တွေပါဘဲ။ ရုံးနီးချင်းရယ်လို့ ဖေါ်ဖေါ်ရွေရွေမရှိကြပါဘူး။ လုံခြုံရေးအစောင့်ကအစ ကိုယ်ကပြုံးပြတာတောင် မမြင်ချင်ဟန်ဆောင်နေတဲ့အဖြစ်။ ဘာဖြစ်လို့များပါလိမ့်လို့ပေါ့။ စစ်အစိုးရ အဆက်ဆက် လေလှိုင်းထဲကလူသတ်သမား၊ ရန်တိုက်ပေးတဲ့ သတင်းဌာန စတဲ့ သတင်းစာတွေရဲ့ ဝါဒဖြန့် Brain washed ကြော်ငြာတွေက သူတို့ရင်ထဲအခုထိရှိနေဆဲထင်ပါရဲ့၊ အဲဒီရုံးခန်းကတကယ်တော့ အငြိမ်းစား ဗိုလ်ချုပ်တယောက် ဦးစီးတဲ့ သမဝါယမအသင်းရုံးခန်းတဲ့။ အခန်းကလည်း အဲဒီဗိုလ်ချုပ်ပိုင်တာဘဲဖြစ်ဖို့များပါတယ်။

ကျမဆိုတဲ့ မလုံးကလည်း မျက်နှာကို ဘယ်အခြေအနေဖြစ်ဖြစ်ပြုံးနေတဲ့ သဘာဝရှိလေတော့ လုံခြုံရေး အစောင့် ၂ ယောက်က ကျမအပြုံးနဲ့ တိုက်ခိုက်မှုဒဏ်ကို ကြာရှည်တောင့်မခံနိုင်တော့ဘဲ နှုတ်ဆက်၊ မေးထူးခေါ်ပြောကနေ ခင်ခင်မင်မင်ဖြစ်လာကြပါတယ်။ တခုခု စုပြီးလုပ်စားတဲ့အခါတွေမှာလည်း သူတို့ကိုပါကျွေးပေါ့။  သူတို့ရုံးက ဝန်ထမ်းတွေကတော့ ကျမတို့နဲ့ ဓါတ်လှေကားမှာဆုံရင်တောင် အခုထိမျက်နှာလွှဲနေကြဆဲပါဘဲ။ ဒါပေမဲ့ ဝန်ထမ်းတွေအများကြီးထဲက အမျိုးသမီးတယောက်ကတော့ ကျမကိုတွေ့တိုင်း ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ရှာတယ်။ အသက် ၅၀ ဝန်းကျင်အရွယ်၊ သင့်တင့်တဲ့ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်ကြည့်ကောင်းတဲ့၊ ရွက်ကြမ်းရေကျိုထက်သာတဲ့အလှပိုင်ရှင်တယောက်ပါ။ မဖြူမညို စိုပြေတဲ့ အသားအရေပိုင်ရှင်ဟာ မနက်တိုင်း သပ်ရပ်လှပစွာ သနပ်ခါးပါးကွက်ကို ယဉ်ယဉ်လေး လိမ်းထားပြီး ပန်းအမြဲပန်လေ့ရှိတာသတိထားမိပါတယ်။  သူ့ကိုကြည့်လိုက်တာနဲ့ စိတ်ထဲမှာ သနပ်ခါးနဲ့ ပန်းရနံ့ သင်းပြန့်ပြန့်ရသလို ခံစားမိတယ်။ သူတို့ရုံးရဲ့ အမျိုးသမီးတွေယူနီဖေါင်းက အပေါ်ကပန်းရောင်၊ ထမီကခရမ်းပြာဆိုတော့ တခြားလူတွေ ဝတ်တာထက် သူနဲ့ ပိုလိုက်ဖက်ပြီး ကျက်သရေရှိတာနဲ့ ကျမက တွေ့တိုင်း စ ပါတယ်။ အန်တီလည်း အဲဒီယူနီဖေါင်းဝတ်ချင်တယ်လို့။ သူက အန်တီကြိုက်ရင် အစဝယ်ပေး ချုပ်ပေးမယ်တဲ့။ သူက အဲဒီရုံးမှာ ဘာအလုပ်လုပ်တာလဲ မစစပ်စုဘူးပေမဲ့ တွေ့လိုက်တိုင်း မုန့်ဟင်းခါးသွားဝယ်လိုက်၊ မုန့်နဲ့ လဘက်ရည်ပြေးဝယ်လိုက်၊ တက်လိုက်ဆင်းလိုက် ခဏခဏ လုပ်နေတာမြင်တော့ အော်..သူ့ကြည့်ရတာ ရုံးအကူများဖြစ်နေမလား၊ သန့်ရှင်းရေး ဝန်ထမ်းလည်းဖြစ်နိုင်တာဘဲလေလို့တော့တွေးမိပါတယ်။

ရန်ကုန်ကိုတာဝန်နဲ့ လာတဲ့အခါတိုင်း ရုံးနားနီးချင်း လုံခြုံရေးအစောင့် ၂ ယောက်နဲ့ အဲဒီခင်ဖို့ကောင်းတဲ့အမျိုးသမီးအတွက် လက်ဆောင်ပစ္စည်းအတိုအထွာလေးတွေကို ကျမပေးနေကျပါဘဲ။ အရင်က ကျမတို့ရုံးမှာ လုံခြုံရေးအစောင့်မရှိခင်က အဲဒီရုံးက လုံခြုံရေးလူကြီး ၂ ယောက်က ကျမတို့ကို စောင့်ရှောက်ပေးခဲ့တာပါ။ ကျမကို ပြည်ပအသံလွှင့်ဌာနကမို့ အရင်ကအမြင်မကြည်လင်ခဲ့ပေမဲ့ ကျမလည်း စစ်တပ်ထဲမှာ ပဲစားကြီးလာတာကိုသိသွားတော့ ပြောရဲဆိုရဲ ဖြစ်လာကြပါတယ်။ ဒီတခေါက် ကျမ ရန်ကုန်ပြန်ရောက်တော့ အဲဒီအမျိုးသမီးကို မတွေ့ရသေးခင် လုံခြုံရေး ၂ ယောက်ကို လက်ဆောင်အရင်ပေးမိပါတယ်။ အဲ..နောက်တနေ့ သူနဲ့လည်းတွေ့ရော..အန်တီနော်..အဘတွေကိုတော့ လက်ဆောင်ပေးပြီး ကျမကျတော့မပေးဘူးလို့ ရန်ထောင်ပါတော့တယ်။ အဲဒါနဲ့ သူ့အတွက် နှုတ်ခမ်းနီတတောင့်ပေးလိုက်တော့ ကျေနပ်တဲ့အပြုံးနဲ့ အန်တီက ကျမအတွက် သတိရမယ်ဆိုတာ သိပြီးသားပါတဲ့။ သူက အန်တီ ဒီတခေါက်အကြားကြီးနေမှ ပြန်လာတယ်နော်၊ ဟော..ခဏလေးနဲ့ ပြန်တော့မယ်..ကျမကတော့လွမ်းနေမှာဘဲ။ ရိုက်ကူးရေးရှိလို့ ကျမရှိုးထုတ်ထားပြီး ဓါတ်လှေကားမှာဆုံတိုင်း..အန်တီက ဘာဝတ်ဝတ်လှတယ်နော်..ကျမအောက်ဆင်းမလို့ အန်တီဘာစားချင်လဲပြော..ဝယ်ခဲ့ပေးမယ်၊ အန်တီ တယောက်တည်း လား..ခိုင်းစရာရှိရင်ခေါ်နော်..အားမနာနဲ့..စသဖြင့်..တွေ့တိုင်း ဟန်ဆောင်တာမဟုတ်ဘဲ ရွှန်းရွှန်းဝေအောင်ပြောတတ်တဲ့ အမျိုးသမီးပေါ့။

ပြီးခဲ့တဲ့ ၃ ပတ်လောက်က ကျမရုံးက လဲ့ဝင်းနဲ့ လုံခြုံရေး ခင်ဇော်လတ်က မနက်စောစော ပြူးတူးပြဲတဲနဲ့ အန်တီ ဟိုဘက်ရုံးက အန်တီနဲ့ ခင်တဲ့ အမျိုးသမီးလေ..ညကဆုံးလို့တဲ့။ ဘုရား.ဘုရား..အဲဒီတရုံးလုံးမှာ သူနဲ့ အစောင့် ၂ ယောက်ကိုဘဲ သိတဲ့ကျမ ဘာပြောရမှန်းတောင်မသိတဲ့အဖြစ်။ သူ့ကိုသာ ခင်နေတာ တခါမှ နံမည်လည်းမမေးမိဘူး။ အိမ်ထောင်ရှိလား၊ သားသမီးရှိလားလည်း မစပ်စုမိ။ ဟဲ့မေးကြပါဦး..ဘယ်နေ့ အသုဘချမှာလဲ။ လိုက်ပို့ကြရအောင်။ အသုဘက ရွာထုံးစံ ၃ ရက်ထားပြီးမှချမှာတဲ့။ ရေဝေးနဲ့ ထိန်ပင် မှာမချဘူးတဲ့။ သူ့ရွာက သုဿန်မှာ မြေမြှုတ်မှာတဲ့။

အသုဘချတဲ့နေ့က လဲ့ဝင်းတယောက်ဘဲ ရုံးကိုယ်စားလိုက်ပို့ဖြစ်ပါတယ်။ သူတို့ရုံးကလည်း ပစ္စည်းတင်တဲ့ ကားအသေးလေးနဲ့ ဆိုတော့ လဲ့ဝင်းပါမှ လူ ၅ ယောက်ဘဲ လိုက်ပို့ကြတာတဲ့။ အသုဘကူငွေကို လဲ့ဝင်းနဲ့ လူကြုံပါးပေါ့။ လိုက်ပို့ချင်ပေမဲ့ သေတဲ့လူဘဲသိတဲ့ အသုဘဆိုတော့လည်း စိတ်လျှော့လိုက်ပါတယ်။
သူဆုံးမယ့်ည..ရုံးအပြန် ဓါတ်လှေကားထဲမှာ ရုံးက မေခ နဲ့ဆုံတော့..သူက တက်လိုက်ဆင်းလိုက်လုပ်ရတာ မောတယ်လို့ ညည်းတယ်တဲ့။ မေခကလည်း မောရင်..ဆေးပေးမယ်လို့ ပြောမိသေးတယ်တဲ့။ ခင်ဇော်လတ်ကတော့ အဲ့အမကြီး နေသိပ်မကောင်းလို့ ဆေးခန်းသွားပြတာတွေ့လိုက်တယ်တဲ့။

လဲ့ဝင်းရဲ့ အသုဘပို့အပြန် သတင်းစာရှင်လင်းပွဲကြားရတဲ့ ပရိဿတ်ခမျာ..ဟင်..ဟယ်..ဖြစ်ကြပြီး..စုတ်တသတ်သတ်ဖြစ်ကြရတယ်။ လဲ့ဝင်းသိတာက အဲဒီအမျိုးသမီးက လှိုင်သာယာဘက်သွားတဲ့လမ်း မီးခွက်ဈေးနားက စနေမရပ်ကွက်ကနေ ဘတ်စကားစီးပြီး ရုံးတက်တယ်ပေါ့။ ဒါပေမဲ့ အသုဘက သူ့အရပ်ကနေ ချတာမဟုတ်ဘဲ တွံတေးကနေ အတော်ဝေးတဲ့ ကားလမ်းတောင်သိပ်မပေါက်တဲ့ ခလောက်ချိုက်ဆိုတဲ့ရွာကနေချတာတဲ့။ လဲ့ဝင်းတို့သွားတဲ့ကားရွှံ့နစ်လို့ တော်တော်ဒုက္ခရောက်ခဲ့တယ်ဆိုဘဲ။ ဘာဖြစ်လို့သူ့ရွာက မချဘဲ သူများရွာကချတာလဲဆိုတော့..အဲဒီမှာ..ဇတ်လမ်းက စတော့တာ..

သူတို့တရုံးလုံးက သူ့ကို သားသမီး ၅ ယောက်နဲ့ မုဆိုးမတယောက်အဖြစ်ဘဲသိကြတာဆိုဘဲ။ အခုတော့ သူ့လက်ရှိ ယောက်ကျားရဲ့ ရွာ သုဿန်မှာ ချတာတဲ့။ ဆုံးသွားတဲ့ယောက်ကျားရဲ့ တပ်ပင်စင်ဆက်ထုတ်ချင်တာနဲ့ နောက်အိမ်ထောင်ပြုတာကို အသိမပေးဘဲထားတာတဲ့။ အခုယူတဲ့ အမျိုးသားကလည်း ယူထားတာ လ ပိုင်းဘဲရှိသေးပြီး သူမဆုံးခင် တပတ်မှာ လေဖြတ်သွားတယ်ဆိုဘဲ။ သားသမီး ၅ ယောက်မှာ ၃ ယောက်က အိမ်ထောင်ခွဲ၊ သမီး ၂ ယောက်ကတော့ အဒေါ်တွေနဲ့ နေပြီး ၁၀ တန်း တက်နေဆဲ။ ပူအိုက်စွတ်စိုလှတဲ့ရာသီဥတုနဲ့ နေပြင်းတော့ ရွာကအိမ်ရှေ့မှာ ပြင်ထားတဲ့ ၃ ရက်ကြာပြီဖြစ်တဲ့ သူ့အလောင်းက အတော်လေးရုပ်ပျက်စပြုနေပြီး အနံ့အသက်တောင်မကောင်းရှာတော့ဘူးတဲ့။ သုဿန်ဆိုတာကလည်း လယ်ကွင်းထဲမှာဘဲ မြေမြှုတ်တာတဲ့။

သူတို့ရုံးကလိုက်ပို့တဲ့ လူကြီးက သူရုံးကနေယူထားတဲ့ ချေးငွေတွေကို လျှော်ပစ်တဲ့အကြောင်းနဲ့ သွားလိုရာသွားနိုင်ပြီဆိုတဲ့ အမိန့်စာ ပေးခဲ့တယ်တဲ့။ လေဖြတ်ထားတဲ့ သူ့အမျိုသားက စကားတောင်မပြောနိုင်တော့ဘူးတဲ့။ သမီး ၂ ယောက်ကတော့ အမေယောက်ကျားယူလို့ စိတ်နာပြီး အသုဘတောင် လာမပို့ကြဘူးတဲ့။ သမီးတွေကသာ သူ့ကို စိတ်နာနေတာ၊ သူက ကျမပေးတဲ့ နှုတ်ခမ်းနီကို သမီးကိုပေးမှာလို့ ပြောဘူးတယ်လေ။ အိမ်ထောင်သည် သားတွေဘဲ အသုဘလာကြတာတွေ့ခဲ့တယ်တဲ့။

အော်..ကြားရတာနဲ့တင်..မောလိုက်တာ။ သူ့ခမျာ..အားကိုးရှာလိုက်တာ..အားမကိုးရဘဲ..တသက်လုံးပြုစုရမယ့်အဖြစ်ကနေ..ရက်တိုတိုနဲ့ ဝဋ်ကျွတ်သွားတာကိုဘဲ ကံကောင်းတယ်လို့ ပြောရမလားဘဲ..စိတ်ဖိစီးမှုတွေများပြီး..နှလုံးနဲ့ သွေးတိုးရှိတာသတိမထားဘဲ နေမိလို့..အခုလိုရုတ်တရက် heart attack ရသွားတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူဟာ ကျမနဲ့ စတွေ့ကတည်းက အပြုံးမပျက်၊ မညည်းမညူ၊ အလှမပျက်၊ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး အပျိုကြီးတယောက်လိုပါဘဲ။

ဒါနဲ့ သူ့နံမည်က…ဒေါ်တင်တင်လှ..တဲ့။ လူနဲ့ နံမည်နဲ့ လိုက်ဖက်လှပါပေတယ်..တင်တင်လှရေ..တင်တင်လှတယောက် ဒီဘဝရဲ့ အမောတွေ အဆုံးသတ်ပြီးပြီမို့ ကောင်းရာသုဂတိလားပါစေကြောင်း…အန်တီကြီးက..မေတ္တာပို့သလိုက်ပါတယ်…

Wednesday, June 20, 2018


“အိုခြင်းအနုပညာ”


အသက် ၆၅ နှစ်နဲ့ သေခြင်းအကြား လူအများစုဟာ..အရွယ်အားဖြင့်..အိုပြီလို့ပြောရမှာဖြစ်ပါတယ်လို့ အစချီတဲ့ post လေးတခုကို မိတ်ဆွေတယောက်က Share လုပ်လိုက်ပါတယ်။ မူရင်း တင်တဲ့ Steve Korker က July 15, 2016 က post လုပ်ထားတာပါ။ သူကလည်း သူ့သူငယ်ချင်း Alan S Bame က သူ့ဆီကိုပို့လိုက်တဲ့ အိုခြင်းအနုပညာလို့ခေါ်ရမယ့် လူတိုင်းသိသင့်တဲ့ လုပ်သင့်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စာစုလေးကို မျှဝေခဲ့တာပါ။ မူရင်း English ကနေ တတ်နိုင်သလောက်ဘာသာပြန်ကြည့်လိုက်ပါတယ်။  (စကားချပ်၊ အို၊နာ၊သေဘေးထဲက ကိုယ်နဲ့ ရွယ်တူ အိုနေကြပြီဖြစ်တဲ့ မိတ်ဆွေတွေအနေနဲ့ လောဘ၊ မောဟ၊ ဒေါသ ကင်းအောင် တရားအားထုတ်နိုင်တယ်ဆိုတာ အားလုံးသိပြီးမို့ ဆရာမကြီးမလုပ်ပါရစေနဲ့။ ဒါပေသိ ကိုယ့်လို အချိန်ပြည့်အားမထုတ်နိုင်တဲ့သူတွေ ဒီလောကီဘောင်ကနေ ရုန်းမထွက်နိုင်တဲ့သူတွေကို ဖတ်စေချင်လို့ ဘိုလိုကနေမြန်မာလို ဆီလျော်အောင်ပြန်ထားတာပါ။ အမှားပါရင်..ခွေးလွှတ်..အဲလေ..ခွင့်လွှတ်ကြပါရန်။)

၁။ ကိုယ်စုထားတဲ့ပိုက်ဆံတွေကို သုံးဖို့အချိန်တန်နေပါပြီ။ သုံးရင်း ပျော်ပျော်ဘဲနေပစ်လိုက်ပါ။ ချွေးနည်းစာထဲကနေ ဒီလိုငွေစုထားနိုင်ဖို့ ကိုယ်ဘယ်လောက်ခြိုးခြံချွေတာခဲ့ရသလဲ၊ စွန့်လွှတ်အနစ်နာခံခဲ့ရသလဲဆိုတာကို နားလည်မှာမဟုတ်လောက်တဲ့ သူတွေအတွက် ဆက်ပြီးစုထားဖို့ စိတ်မကူးပါနဲ့။ သား ဒါမှမဟုတ် ချွေးမက ကိုယ်စုဆောင်းထားတဲ့ချွေးနည်းစာတွေကို အရင်းအနှီးလုပ်ရအောင်ဆိုတဲ့ ဧရာမအကြံအစည်လောက် သင့်အတွက် အန္တရာယ်များတာမရှိနိုင်ဘူးဆိုတာကို အမြဲသတိချပ်နေဖို့ပါဘဲ။ အထူးသတိပေးချက်ကတော့ ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ အကြံဟာ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါမှမဟုတ် မဆုံးရှုံးနိုင်ပါဘူးလို့ အာမခံချက်တွေဘဲပေးရင်တောင်မှ ဒီအချိန်ဟာရင်းနှီးမြှုပ်နှံဖို့ အချိန်ကောင်းမဟုတ်တော့ပါဘူးဆိုတာပါဘဲ။ ဒါတွေကပြဿနာတွေနဲ့ စိုးရိမ်ပူပန်မှုတွေကိုသာ သယ်ဆောင်လာမှာဖြစ်ပါတယ်။ ဒီအချိန်ဟာ ကိုယ့်အတွက် အေးအေးဆေးဆေးနဲ့ ဆိတ်ငြိမ်ရာမှာ ပျော်ပျော်ရွှင်ရွှင်နေဖို့ အချိန်ကျရောက်နေပါပြီ။

၂။ သားသမီးတွေ၊ မြေးတွေရဲ့ ငွေရေးကြေးရေးအခြေအနေအတွက် စိတ်ပူနေတာတွေကို ရပ်တန်းကရပ်ပါ။ ကိုယ့်စုထားတဲ့ ပိုက်ဆံ ကိုယ့်အတွက်ဘဲသုံးတဲ့အတွက် စိတ်မကောင်းဖြစ်မနေပါနဲ့။ သားသမီးတွေကို အတတ်နိုင်ဆုံး လူလားမြောက်တဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်၊ သွန်သင်ခဲ့ပြီးဖြစ်ပါတယ်။ ပညာရေး၊ စားစရာ၊ နေစရာ စတာတွေနဲ့ တတ်နိုင်သလောက် ပံ့ပိုးခဲ့ပြီးပါပြီ။ သူတို့ဘဝ သူတို့ကိုယ်တိုင် တာဝန်ယူကြရတော့မှာဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာအတွက် သိပ်အကြီးအကျယ်အားမထုတ်ရဘဲ ကျန်းမာတဲ့နေထိုင်မှုနဲ့ ရှင်သန်ဖို့လိုပါတယ်။ နေ့စဉ် လမ်းလျှောက်တာမျိုး သင့်တင့်တဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ ကောင်းကောင်းစားပြီး ပျော်အောင်အိပ်ပါ။ နေမကောင်းဖြစ်ဖို့ လွယ်သလို၊ ကျန်းမာအောင်နေနိုင်ဖို့ကလည်း တဖြည်းဖြည်းခက်လာလို့ပါဘဲ။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့လိုပါတယ်။ ကိုယ့်အတွက်လိုအပ်တဲ့ဆေးဝါးနဲ့ ခန္ဒာကိုယ်အတွက်လိုအပ်ချက်တွေကို အမြဲလိုလို သတိထားနေရမှာဖြစ်ပါတယ်။ နေကောင်းနေတဲ့အချိန်မှာလည်း ကိုယ့်ဆရာဝန်နဲ့ အမြဲထိတွေ့ ဆက်သွယ်ပြီး ဆေးစစ်တာတွေပုံမှန်လုပ်နေဖို့လိုပါတယ်။ ကိုယ့်ကျန်းမာရေးအခြေအနေအတွက် ဆရာဝန်နဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့။

၎။ ကိုယ့်အတွက် ထူးထူးခြားခြားဖြစ်မယ့်၊ အကောင်းဆုံး၊ အလှဆုံး၊ အကြိုက်ဆုံးကိုဘဲ ဝယ်ပါ။ အဓိကရည်မှန်းချက်ကတော့ ကိုယ့်ပိုက်ဆံကို ကိုယ့်ရဲ့ အဖေါ်မွန်နဲ့အတူ ပျော်ရွှင်စွာ သုံးစွဲပါ။ တနေ့ကျရင် သူမရှိတော့တဲ့အခါ ကိုယ့်ကသူ့ကို လွမ်းကျန်ရစ်မှာဖြစ်နိုင်သလို၊ ကိုယ်ကအရင်သွားနှင့်တာလည်းဖြစ်နိုင်တယ်လေ။ အဲဒီအခါကျမှ ပိုက်ဆံတွေက ကိုယ့်ကိုဘယ်လိုနည်းနဲ့မှ ချွေးသိပ်လို့မရနိုင်ပါဘူး။ ဒါ့ကြောင့် နှစ်ယောက်အတူတူရှိတုန်း လိုအပ်တာကို စိတ်ချမ်းချမ်းသာသာနဲ့ သုံးဖို့ ဝန်မလေးပါနဲ့။

၅။ အသေးအဖွဲတွေအတွက် စိတ်အပင်ပန်းမခံပါနဲ့။ ဘဝမှာ အခက်အခဲတွေ၊ ခရီးကြမ်းတွေအားလုံးကို ကျော်ဖြတ်ခဲ့ပြီးပြီလေ။ စိတ်ချမ်းသာစရာ အမှတ်တရလေးတွေရှိသလို၊ စိတ်ပျက်စရာ အဖြစ်အပျက်တွေလည်းရှိခဲ့မှာပါဘဲ။ စိတ်ပျက်ခဲ့ရတဲအတိတ်တွေက ကိုယ့်ကို စိတ်ဓါတ်ကျအောင်ဆွဲချနေတာမျိုး အဖြစ်မခံပါနဲ့၊ မကြုံရသေးတဲ့ အနာဂတ်ကိုလည်း တွေးပြီးကြောက်နေဖို့မလိုပါဘူး။ လက်ရှိ ပစ္စုပ္ပန်ကိုဘဲရှုပြီး စိတ်ချမ်းသာသလိုနေပါ။ အသေးအဖွဲဒုက္ခတွေကို သိပ်မကြာခင်မှာဘဲ မေ့သွားမှာပါ။

၆။ ဘယ်အသက်အရွယ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာ အမြဲရှင်သန်နေပါစေ။ ကိုယ့်ရဲ့ လက်တွဲဖေါ်ကို ချစ်ပါ၊ ကိုယ့်ဘဝကို မြတ်နိုးပါ။ မိသားစုအပေါ် မေတ္တာထားချစ်ခင်ပါ။ အိမ်နီးချင်းတွေကို ခင်မင်ရင်နှီးစွာဆက်ဆံပါ။ လူတယောက်ဟာ ထက်မြက်တဲ့အသိဉာဏ်နဲ့ နွေးထွေးတဲ့မေတ္တာပိုင်ဆိုင်နေသရွေ့ အသက်ဘယ်လောက်ကြီးကြီး အိုတယ်လို့ ပြောလို့မရသေးဘူးဆိုတာကို မမေ့ပါနဲ့တဲ့။

၇။ ကိုယ်ရော၊ စိတ်ပါ၊ နှစ်ရပ်စလုံးအတွက် ဂုဏ်ယူဝံ့ကြွားတတ်ပါစေ။ ဆံပင်အလှပြင်ဆိုင် ဒါမှမဟုတ် ဆံသဆိုင်ကို သွားနေကျအတိုင်းသွားပါ။ အသားအရေနဲ့ သွားကျန်းမာရေးကိုလည်း ပုံမှန်ပြုပြင်ထိန်းသိမ်းပါ။ ကိုယ်ကြိုက်တဲ့ရေမွှေး၊ ကိုယ်လိမ်းနေကျ Cream, lotion စတာတွေကိုလည်း ပုံမှန်ဝယ်ယူသုံးစွဲပါ။ ကိုယ်ကပြင်ပြင်ဆင်ဆင် ကြော့ကြော့မော့်မော့် ဆိုရင်စိတ်ကလည်း အလိုလိုကြည်လင်ပြီး၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်တွေ ပိုပြီး ခိုင်မာလာမှာပါ။

၈။ ကိုယ့်အသက်အရွယ်နဲ့ အဆင်ပြေမယ့် ဖက်ရှင်ကို မျက်ခြေမပြတ်ပါစေနဲ့။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ စတိုင်လ်ကိုတော့ ထိန်းထားပါ။ လောကကြီးမှာ လူကြီးတွေက လူငယ်တွေရဲ့ ခေတ်ပေါ်ဖက်ရှင်တွေကို လိုက်ဝတ်တာလောက် စိတ်ပျက်စရာကောင်းတာ အဆင်မပြေတာမရှိပါဘူး။ ကိုယ်နဲ့ ဘယ်အဝတ်အစားကလိုက်ဖက်တယ်၊ ကြည့်ကောင်းတယ်ဆိုတာ ကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ပိုင်ဟန်၊ စတိုင်လ် ကို ထိန်းထားပါ။၊ ဒီလို ဝတ်စားပြင်ဆင်တာကိုက ကိုယ်ဘယ်သူဘယ်ဝါဆိုတာကို ပြသတဲ့ အမှတ်သင်္ကေတ လည်းဖြစ်ပါတယ်။

၉။ ကိုယ့်ပတ်ဝန်းကျင်သာမက ကမ္ဘာတဝန်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အချိန်နဲ့တပြေးညီ အမြဲတန်းသိနေဖို့လိုပါတယ်။ သတင်းစာဖတ်ပါ။ သတင်းကြည့်ပါ။ အင်တာနက် online ကနေ ဘယ်သူတွေဘာပြောနေသလဲ၊ ဘာလုပ်နေကြသလဲ ကြည့်ပါ။ Email account ကိုလည်းအမြဲသုံးပေးပါ။ Social networks တွေကိုလည်း သုံးပါ။ နှစ်ပေါင်းများစွာမတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အံ့အားသင့်ရလောက်အောင်ပြန်ဆက်သွယ်နိုင်ပါလိမ့်မယ်။ ဘယ်အသက်အရွယ်ဘဲဖြစ်ဖြစ် ကိုယ့်အသိတွေ ဘာတွေဖြစ်နေကြသလဲ ဆိုတာ သိနိုင်ဖို့ အဆင်အသွယ်မပြတ်ဖို့ အရေးကြီးပါတယ်။

၁၀။ လူငယ်တွေနဲ့ သူတို့ရဲ့ သဘောထားအမြင်တွေကို လေးစားပါ။ ကိုယ့်ရဲ့ ထင်မြင်ချက်တွေနဲ့ တူတာတွေရှိသလို၊ မတူတာတွေလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေက အနာဂတ်ကိုပုံဖေါ်ပြီး ကမ္ဘာကြီးကို သူတို့ရဲ့ လမ်းညွှန်မှုနဲ့ ခရီးဆက်ကြမှာဖြစ်လို့ပါဘဲ။ အကြံပေးပါ၊ ဝေဖန်ပြစ်တင်တာတွေမလုပ်ပါနဲ့။ မနေ့က အသိဉာဏ်ပညာတွေဟာ ဒီနေ့ထိ သက်ရောက်မှုရှိနေတဲဘဲဆိုတာကို မမေ့ကြဖို့ ကြိုးစားပြီးသတိပေးနေဖို့တော့လိုပါတယ်။

၁၁။ ငါတို့တုန်းကတော့ ဆိုတဲ့စကားကို ဘယ်တော့မှ မသုံးမိပါစေနဲ့။ အခုချိန်မှာကိုယ်လည်းရှိနေဆဲပါဘဲ။ ကိုယ်အသက်ရှင်နေသေးသရွေ့ ကိုယ်ဟာ ဒီခေတ်ဒီအချိန်ထဲက တစိတ်တပိုင်းအဖြစ်ရှိနေမှာပါ။ အရင်တုန်းက ကိုယ့်အသက်အရွယ်အရ နုပျိုတဲ့ ဘဝကိုဖြတ်သန်းခဲ့ဘူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အသက်ကြီးလာပေမဲ့ အရင်ကအတိုင်း စိတ်ပျိုကိုယ်နုဆိုသလို ပျော်ရွှင်စွာနဲ့ ဘဝကိုစိတ်ချမ်းသာစွာနဲ့ နေထိုင်တတ်ဖို့လိုပါတယ်။

၁၂။ တချို့ကရွှေထီးဆောင်ခဲ့ရတဲ့ဘဝကို တမ်းတကောင်းတမ်းတနေမှာဖြစ်သလို၊ တချို့ကလည်း ခါးခါးသီးသီး ညည်းငြူနေတာတွေရှိတတ်ပါတယ်။ လူ့ဘဝဟာ အင်မတန်မှ တိုတောင်းတာမို့ ကျန်ရှိနေသေးတဲ့အချိန်တွေကို အလဟဿ မဖြုန်းတီးပစ်ကြပါနဲ့။ အကောင်းမြင်စိတ်နဲ့ ကျက်သရေရှိတဲ့လူတွေနဲ့ဘဲ ရွေးပြီးပေါင်းပါ။ စိတ်ပျက်စရာတွေပျောက်ပြီး တနေ့ထက်တနေ့ ပိုပြီး စိတ်ချမ်းသာစရာတွေနဲ့ ဘဲကြုံရဖို့မျာပါးတယ်။ လောကကြီးကို မကျေမနပ်၊ ခါးသီးနေတဲ့သူတွေနဲ့ အတူတူနေရတာဟာ အသက်ပိုတိုစေပါတယ်။

၁၃။ ငွေရေးကြေးရေး ပူစရာမရှိရင်..သားသမီးတွေ၊ မြေးတွေနဲ့ဘဲနေတော့မယ်လို့ ဘယ်တော့မှစိတ်မကူးမိပါစေနဲ့။ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေရတာကောင်းတာပေါ့လို့ဆိုပေမဲ့၊ ကိုယ့်အတွက် သီးသန့် လွတ်လပ်မှုလိုပါတယ်။ သားသမီးနဲ့ မြေးတွေကလည်း သူတို့ကိုယ်ပိုင် သီးခြားလွတ်လပ်မှုရှိဖို့လိုတာပါဘဲ။ ကိုယ့်ရဲ့ဘဝအဖေါ်မရှိတော့ဘူးဆိုရင်လည်း ကိုယ်နဲ့ သဘောထားချင်းတိုက်ဆိုင်တဲ့ အဖေါ်တယောက်နဲ့ အတူတူနေပြီး အပြန်အလှန်ဖေးမ ကူညီနိုင်ကြပါတယ်။ ဒါကလည်း တယောက်တည်းနေလို့မဖြစ်ဘူး၊ အကူအညီလိုတယ်ဆိုမှပါ။ ကိုယ့်ဘာသာနေနိုင်ရင် အကောင်းဆုံးပါဘဲ။

၁၄။ ကိုယ့်ဝါသနာတွေကို လုံးဝပစ်မထားပါနဲ့။ ဘာမှ ဝါသနာမပါဘူးဆိုရင်လည်း စိတ်ဝင်စားစရာ တခုခုကို လုပ်ကြည့်ပါ။ ခရီးသွားတာ၊ တောင်တက်တာ၊ ချက်ပြုတ်တာ၊ စာဖတ်တာ၊ ကခုန်တာ စသဖြင့် တခုခုကို စမ်းပြီးလုပ်လို့ရပါတယ်။ ခွေးကလေး၊ ကြောင်ကလေးမွေးကြည့်မလား၊ ခြံထဲမှာ အပင်စိုက်မလား၊ အပျော်ဖဲကစားမလား၊ ကျားထိုးမလား၊ ချက်စ်ကစားမလား၊ ဒိုမီနိုကစားမလား၊ ဂေါက်ရိုက်မလား။ ပန်းချီဆွဲချင်ရင်လည်း ဆွဲပေါ့။ စေတနာ့ဝန်ထမ်းလုပ်မလား။ စိတ်ဝင်စားစရာ ပစ္စည်းလေးတွေစုမလား။ အဲဒီထဲက ကြိုက်တခုခု ကိုရွေးပြီး အပျော်သဘောလုပ်ကြည့်လို့ရပါတယ်။

၁၅။ အပြင်ထွက်ချင်စိတ်မရှိရင်တောင်မှ ဖိတ်ကြားတာတွေကို ကြိုးစားပြီးလက်ခံပေးပါ။ နှစ်ခြင်းမင်္ဂလာ၊ ဘွဲ့ယူအခမ်းအနား၊ မွေးနေ့ပွဲတွေ၊ မင်္ဂလာဆောင်တွေ၊ ညီလာခံတွေ ဖိတ်ရင်သွားဖြစ်အောင်ကြိုးစားပါ။ အိမ်ထဲမှာဘဲ ကုတ်မနေဘဲ မတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေတွေကော၊ မိတ်ဆွေအသစ်တွေကိုပါ သွားတွေ့ပါ။ ဒါပေမဲ့ အဖိတ်မခံရတဲ့အခါမှာလည်း စိတ်အနှောက်အယှက်မဖြစ်ပါနဲ့။ တချို့ပွဲတွေက နေရာအကန့်အသတ်ရှိသလို၊ တချို့ကလည်း ဧည့်ဝတ်မကြေတတ်ကြဘူးလေ။ တခါတလေ အိမ်ကနေ အပြင်ထွက်ပေးဖို့က အရေးကြီးဆုံးပါဘဲ။ ပြတိုက်ဖြစ်ဖြစ်၊ ပန်းခြံထဲဖြစ်ဖြစ် လမ်းလျှောက်ပြီး သွားကြည့်လိုက်ပါ။

၁၆။ ရိုးရိုးဘဲတွေးပါ။ နည်းနည်းပြောပြီး များများနားထောင်ပေးပါ။ တချို့လူတွေကတော့ နားထောင်တဲ့လူ တကယ်ဘဲ စိတ်ဝင်စားသလား၊ စိတ်မဝင်စားဘူးလားဆိုတာ လုံးဝဂရုမစိုက်ဘဲ ကိုယ့်နောက်ကြောင်းတွေ မရပ်မနားပြောတတ်ကြပါတယ်။  ရှေ့လျှောက် သူတို့နဲ့ စကားပြောချင်စိတ်မရှိအောင် လုပ်တဲ့ မဟာနည်းလမ်းပါဘဲ။ ပထမနားထောင်ပြီးမှ ဖြေစရာရှိတာပြောပါ။ ရှည်ရှည်ဝေးဝေးပြောပြီး မဆိုင်တာတွေ ချော်တောမငေါ့ဖို့လိုပါတယ်။ သိချင်လို့ မေးရင်တော့ပြောပါ။ နူးညံ့တဲ့လေသံနဲ့ပြောပါ။ တကယ်လိုလို့ထောက်ပြတာကလွဲရင် အပြစ်တင်တာတွေ၊ ဝေဖန်တာတွေ အတတ်နိုင်ဆုံးရှောင်ပါ။ အရှိအတိုင်း အခြေအနေကို ကြိုးစားပြီးလက်ခံလိုက်ပါ။ လူ့သဘာဝအရ အပြစ်တင်သံတွေကို သည်းခံနိုင်စွမ်းသိပ်မရှိကြပါဘူး။ လူတိုင်းလိုလို ဒုက္ခတွေနဲ့ ရင်ဆိုင်ကြရတာဘဲဖြစ်ပါတယ်။ ဒါ့ကြောင့် အမြဲလိုလို ကောင်းတာလေးတွေကို ရှာကြံပြီး ပြောတတ်ဖို့လိုပါတယ်။

၁၇။ အသက်ကြီးလာတာနဲ့ အမျှ နာကျင်တာတွေ၊ မအီမသာဖြစ်တာတွေက ဆက်တိုက်ဆိုသလိုကြုံနေရမှာပါဘဲ။ လူတိုင်းမလွဲမသွေဖြတ်သန်းရမယ့် ဘဝသံသရာထဲက အစိတ်အပိုင်းတခုအဖြစ် နာခြင်းဝေဒနာကို လက်ခံရမှာဖြစ်ပေမဲ့ ဥပါဒ္ဒန်ကြောင့် ဥပါဒ်မဖြစ်ပါစေနဲ့။ ဖြစ်နိုင်ရင် စိတ်ထဲမှာ မထားပါနဲ့။ ဝေဒနာတွေက ကိုယ့်ဘဝထဲကိုနောက်မှဝင်လာတာပါ။ ဝေဒနာကိုဘဲ အာရုံစိုက်နေတော့မယ်ဆိုရင် အရင်တုန်းက ကိုယ်ရဲ့ ပုံရိပ်ပျောက်သွားပါလိမ့်မယ်။

၁၈။ တစုံတယောက်က ကိုယ့်ကို စိတ်မချမ်းသာလုပ်ခဲ့တယ်ဆိုရင်၊ အဲဒီလူကိုခွင့်လွှတ်လိုက်ပါ။ ကိုယ်ကသူများကို လုပ်ခဲ့တယ်ဆိုရင်လည်း တောင်းပန်လိုက်ပါ။ စိတ်မချမ်းမြေ့စရာတွေကို ကိုယ်နဲ့အတူ သယ်ပိုးမနေပါနဲ့။ ဝမ်းနည်းစရာ၊ နာကျည်းမှုတွေကိုဘဲ ပိုက်ထွေးမိသလိုဖြစ်နေပါလိမ့်မယ်။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာက ဒီအရွယ်မှာ ကိစ္စမရှိတော့ပါဘူး။ အသိတယောက်ကပြောပြဘူးပါတယ်။ နာကျည်းမှုတွေကို ဆုတ်ကိုင်ထားတာက အဆိပ်ပုလင်းကိုကိုင်ပြီး တဖက်က စိတ်နာနေတဲ့လူ သေမယ့်နေ့ကို မျှော်နေရသလိုပါဘဲတဲ့။ အဆိပ်ကိုလည်းမယူပါနဲ့၊ ခွင့်လွှတ်ပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ ကိုယ့်ဘဝကိုယ်ဘာသာ ဆက်ပြီးလျှောက်လှမ်းပါတဲ့။

၁၉။ ကိုယ် အခိုင်အမာယုံကြည် ကိုးကွယ်တာတခုရှိရင် တန်ဖိုးထားပါ။ ဒါပေမဲ့ ကိုယ်ယုံကြည်ကိုးကွယ်တာကို သူများတွေ လိုက်ယုံကြည်လာအောင် ဆွဲဆောင်ဖို့ မကြိုးစားပါနဲ့။ အချိန်ကုန်မခံပါနဲ့။ ကိုယ်ဘယ်လောက်ပြောပြော သူတို့ကိုယ်တိုင် ရွေးချယ်မှုက အခရာကျတာမို့ ကိုယ်ဘဲ စိတ်ပျက်လက်ပျက်ဖြစ်ရမှာပါ။ ကိုယ့်ရဲ့ ယုံကြည်ကိုးကွယ်မှုကို နမူနာပြလို့ရအောင် ကျင့်ကြံအားထုတ်ပါ။ ကိုယ်ယုံကြည်တာကို ပိုက်ထွေးပြီး ဘဝကိုရှင်သန်ပါ။

၂၀။ ရယ်ရယ်မောမောနေပါ။ ဘာဘဲတွေ့တွေ့ ပျော်ပျော်ကြီး ရယ်မောပစ်လိုက်ပါ။ ကိုယ်ဟာ ကံကောင်းတဲ့သူတွေထဲကတယောက်ဆိုတာ အမြဲသိနေဖို့လိုပါတယ်။ ဒီလို ၆၅ နှစ်အထိအောင် အသက်ရှင်နေထိုင်နိုင်ခဲ့တာကိုက ကုသိုလ်ထူးလို့ပါဘဲ။ လူတော်တော်များများ ဒီလို ၆၅ နှစ်ကျော်တဲ့ သက်တမ်းတခုအထိ မနေခဲ့ကြရဘူးလေ။ ကိုယ်နေနိုင်ခဲ့ပြီပေါ့။ ဒါ့ကြောင့် ရယ်ရယ်မောမောနေပါလို့ပြောတာပါ။ ကိုယ်ဘယ်လိုအခြေအနေဘဲရောက်ရောက် ဟာသအမြင်လေးနဲ့ ကြည်နူးတတ်ဖို့လိုပါတယ်။

၂၁။ တခြားလူတွေက ကိုယ့်အကြောင်းပြောတာတွေကို ဂရုမစိုက်ပါနဲ့။ သူတို့ ကိုယ့်အကြောင်းဘာတွေ တွေးနေပါလိမ့်ဆိုတာကို ပိုပြီးတောင်မှ ဂရုစိုက်စရာမလိုပါဘူး။ သူတို့ကတော့ ပြောနေတွေးနေမှာပါဘဲ။ ကိုယ့်ဘဝမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူသင့်ပါတယ်။ သူများတွေပြောချင်တာပြောပါစေ၊ စိတ်မပူပင်စရာမလိုပါဘူး။ ကိုယ့်မှာ ရေးစရာတွေအများကြီးရှိနေဆဲဆိုတော့ တခြားသူတွေဘာထင်ထင် အချိန်ကုန်မခံဘဲ ဆက်ရေးပါ။ ငြိမ်းချမ်းစွာ၊ အနားယူပြီး အတတ်နိုင်ဆုံးပျော်ပျော်ကြီးနေဖို့ အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း..၆၅ နှစ်အထက် မိတ်ဆွေတွေကို သံချောင်းခေါက်လိုက်ရပါကြောင်း..သူတော်ကောင်းအပေါင်းတို့..


Steve Korker
Many of us are between 65 and death, i.e. old. My friend Alan S Bame sent me this excellent list for aging . . . and I have to agree it's good advice to follow. I'm particularly interested in tune with #19.
1. It’s time to use the money you saved up. Use it and enjoy it. Don’t just keep it for those who may have no notion of the sacrifices you made to get it. Remember there is nothing more dangerous than a son or daughter-in-law with big ideas for your hard-earned capital. Warning: This is also a bad time for investments, even if it seems wonderful or fool-proof. They only bring problems and worries. This is a time for you to enjoy some peace and quiet.
2. Stop worrying about the financial situation of your children and grandchildren, and don’t feel bad spending your money on yourself. You’ve taken care of them for many years, and you’ve taught them what you could. You gave them an education, food, shelter and support. The responsibility is now theirs to earn their own money.
3. Keep a healthy life, without great physical effort. Do moderate exercise (like walking every day), eat well and get your sleep. It’s easy to become sick, and it gets harder to remain healthy. That is why you need to keep yourself in good shape and be aware of your medical and physical needs. Keep in touch with your doctor, do tests even when you’re feeling well. Stay informed.
4. Always buy the best, most beautiful items for your significant other. The key goal is to enjoy your money with your partner. One day one of you will miss the other, and the money will not provide any comfort then, enjoy it together.
5. Don’t stress over the little things. You’ve already overcome so much in your life. You have good memories and bad ones, but the important thing is the present. Don’t let the past drag you down and don’t let the future frighten you. Feel good in the now. Small issues will soon be forgotten.
6. Regardless of age, always keep love alive. Love your partner, love life, love your family, love your neighbor and remember: “A man is not old as long as he has intelligence and affection.”
7. Be proud, both inside and out. Don’t stop going to your hair salon or barber, do your nails, go to the dermatologist and the dentist, keep your perfumes and creams well stocked. When you are well-maintained on the outside, it seeps in, making you feel proud and strong.
8. Don’t lose sight of fashion trends for your age, but keep your own sense of style. There’s nothing worse than an older person trying to wear the current fashion among youngsters. You’ve developed your own sense of what looks good on you – keep it and be proud of it. It’s part of who you are.
9. ALWAYS stay up-to-date. Read newspapers, watch the news. Go online and read what people are saying. Make sure you have an active email account and try to use some of those social networks. You’ll be surprised what old friends you’ll meet. Keeping in touch with what is going on and with the people you know is important at any age.
10. Respect the younger generation and their opinions. They may not have the same ideals as you, but they are the future, and will take the world in their direction. Give advice, not criticism, and try to remind them that yesterday’s wisdom still applies today.
11. Never use the phrase: “In my time.” Your time is now. As long as you’re alive, you are part of this time. You may have been younger, but you are still you now, having fun and enjoying life.
12. Some people embrace their golden years, while others become bitter and surly. Life is too short to waste your days on the latter. Spend your time with positive, cheerful people, it’ll rub off on you and your days will seem that much better. Spending your time with bitter people will make you older and harder to be around.
13. Do not surrender to the temptation of living with your children or grandchildren (if you have a financial choice, that is). Sure, being surrounded by family sounds great, but we all need our privacy. They need theirs and you need yours. If you’ve lost your partner (our deepest condolences), then find a person to move in with you and help out. Even then, do so only if you feel you really need the help or do not want to live alone.
14. Don’t abandon your hobbies. If you don’t have any, make new ones. You can travel, hike, cook, read, dance. You can adopt a cat or a dog, grow a garden, play cards, checkers, chess, dominoes, golf. You can paint, volunteer or just collect certain items. Find something you like and spend some real time having fun with it.
15. Even if you don’t feel like it, try to accept invitations. Baptisms, graduations, birthdays, weddings, conferences. Try to go. Get out of the house, meet people you haven’t seen in a while, experience something new (or something old). But don’t get upset when you’re not invited. Some events are limited by resources, and not everyone can be hosted. The important thing is to leave the house from time to time. Go to museums, go walk through a field. Get out there.
16. Be a conversationalist. Talk less and listen more. Some people go on and on about the past, not caring if their listeners are really interested. That’s a great way of reducing their desire to speak with you. Listen first and answer questions, but don’t go off into long stories unless asked to. Speak in courteous tones and try not to complain or criticize too much unless you really need to. Try to accept situations as they are. Everyone is going through the same things, and people have a low tolerance for hearing complaints. Always find some good things to say as well.
17. Pain and discomfort go hand in hand with getting older. Try not to dwell on them but accept them as a part of the cycle of life we’re all going through. Try to minimize them in your mind. They are not who you are, they are something that life added to you. If they become your entire focus, you lose sight of the person you used to be.
18. If you’ve been offended by someone – forgive them. If you’ve offended someone - apologize. Don’t drag around resentment with you. It only serves to make you sad and bitter. It doesn’t matter who was right. Someone once said: “Holding a grudge is like taking poison and expecting the other person to die.” Don’t take that poison. Forgive, forget and move on with your life.
19. If you have a strong belief, savor it. But don’t waste your time trying to convince others. They will make their own choices no matter what you tell them, and it will only bring you frustration. Live your faith and set an example. Live true to your beliefs and let that memory sway them.
20. Laugh. Laugh A LOT. Laugh at everything. Remember, you are one of the lucky ones. You managed to have a life, a long one. Many never get to this age, never get to experience a full life. But you did. So what’s not to laugh about? Find the humor in your situation.
21. Take no notice of what others say about you and even less notice of what they might be thinking. They’ll do it anyway, and you should have pride in yourself and what you’ve achieved. Let them talk and don’t worry. They have no idea about your history, your memories and the life you’ve lived so far. There’s still much to be written, so get busy writing and don’t waste time thinking about what others might think. Now is the time to be at rest, at peace and as happy as you can be!
AND, as Alan's message suggests. REMEMBER: “Life is too short to drink bad wine.” Or, in my case, bad Arnold Palmer.