Sunday, September 20, 2015



ချစ်ခင်လေးစားရပါတဲ့ မမ SanSan Cynthia Tin အတွက် ကဗျာမပီ၊ စာမမှီတဲ့ မွေးနေ့ဆုမွန်


လူမိုက်တွေရဲ့ ဒီကမ္ဘာတဘက်ခြမ်းကနေ
လွမ်းစာခွေ ပါး ပါရစေ မမရေ။
ဒီအချိန်မှာ ဒီကာလမှာလေ မာတာမြေကို
လှမ်းမျှော်၊ ရမ်းရော်ရင်း အောင်သွယ်တော်ရွှေလမင်းကတဆင့်၊
 မေတ္တာသာ နာနာလေး ချွေသင့်တယ်ထင်ပါရဲ့ မမရေ။

လူမိုက်တွေရဲ့ ဒီကမ္ဘာတဘက်ခြမ်းမှာလ
မြင်ရ၊ တွေ့ရ၊ ကြားရ တာတွေဟာဖြင့်
ဥပဒေအထက်က
ထားစရာမရှိအောင် ကြွယ်ဝသူတွေကြားမှာ
မစိုးမိုးတဲ့ ဥပဒေအောက်က
စားစရာနေစရာ မရှိတဲ့လူတွေက
 ရေဘေး၊ လေဘေး အစထားတဲ့
ငါးပါးရန်စွယ် အန္တရာယ်ကို ကြံ့ကြံ့ခံရင်း
အနေကျပ်၊ အသေကျပ်နဲ့
ဝမ်းတထွာအတွက်
ရာစုနှစ်ဝက်ကို ဖြတ်သန်းနေကြလေရဲ့ မမရေ။

အမိမြေကို ခေတ္တရောက်ခိုက်
ဒါတွေကို ဂရုစိုက်မိလေတော့
မချင့်မရဲ၊ အားမလို အားမရ၊
အရာရာ လက်လှမ်းမမှီ၊ ဉာဏ်မမှီပေါ့။
သတ္တုချရရင်တော့ မမရေ
လူမိုက်တွေရဲ့ ဒီဘက်ကမ္ဘာခြမ်းကို စိတ်မှန်းနဲ့သာ လွမ်းပါလေတော့…

ချစ်ညီမလုံး

1 comment:

  1. ကလင်တန်ဖောင်ဒေးရှင်းက လူသားတွေအကျိုး
    ထရန့်ပိုင် ကုမ္ပဏီ ၄၀၀ ကျော်ကရငွေ သူ့အိတ်ထဲထိုး
    အိမ်ဖြူတော်နား လောလောလတ်လတ်ဖွင့်လိုက်တဲ့ ထရန့်နိုင်ငံတကာဟိုတယ်မှာ ဈေးကြီးပေးတည်းခိုပြီး စီးပွားရေးသမားတွေနဲ့ လက်သိပ်ထိုး

    ReplyDelete