MWEA နဲ့ ကျမ
Unicode
Chapter 1
ကျမ ဖြတ်သန်းခဲ့တဲ့ ၆၅ နှစ်ကျော် ဘဝခရီးမှာ မှတ်တမ်းတင်လို့ရတဲ့ Milestone ဘဝမိုင်တိုင်လေးတွေ ရှိပါတယ်။ မိုင်တိုင်လေးတခုကတော့ MWEA – Myanmar Women Entrepreneur Association ဆိုတဲ့ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း စတင်တည်ထောင်သူတွေထဲက တယောက်အဖြစ် ထဲထဲဝင်ဝင် ဆင်နွှဲခဲ့ရတဲ့ ကိုယ်တွေ့မှတ်တမ်းလေးပါဘဲ။
ဟိုတလောက Than Lwin Htun ကိုအောင်နိုင်က Facebook post တွေမှာ အတိတ်ကအဖြစ်တွေရေးနေတဲ့သူတွေက သူတို့ ဇတ်လမ်းမှာ ဇတ်လိုက်နေရာကဘဲရေးကြမှာပေါ့တဲ့။ ကိုယ်က အရှိန်မသတ်နိုင် Memoir တွေ ရေးနေတာဆိုတော့ ငါ့ကိုများစောင်းပြောနေတာလားလို့။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာက အနာနည်းနည်းသက်သာတယ်တဲ့။ ကာတွန်းဘဂျမ်းကပြောတာလေ။ MWEA တည်ထောင်ရာမှာတော့ ကျမက ဇတ်လိုက်ထက် ဇတ်ပို့လို့ဘဲပြောပါရစေ။
ကျမတို့ ရတနာပုံလုပ်ငန်းစုလီမီတက် က Myanmar Chamber of Commerce ရဲ့ အဆက်အသွယ်နဲ့ Singapore-Indian Chamber of Commerce နဲ့ Consultation Service တွေလုပ်ရပါတယ်။ Chamber of Commerce seminars and training, Pulses & Beans အရောင်းအဝယ်၊ TATA hardware, India made Mahindra Jeep promotion ကိစ္စတွေနဲ့ India ကို ကျမ မကြာခဏဆိုသလို ခရီးထွက်ရပါတယ်။ ၁၉၉၄ နှစ်ကုန်ပိုင်းလောက်က New Delhi နဲ့ Bombay (Mumbai) က အပြန်မှာ ဘန်ကောက်ကတဆင့် ရန်ကုန်ပြန်တဲ့ခရီးတိုလေးမှာ နဘေးခုံမှာ ပညာတတ်လို့ မြင်တာနဲ့ သိနိုင်တဲ့ ကြက်သရေရှိရှိတင့်တယ်တဲ့ အမျိုးသမီးကြီးတယောက်ထိုင်ပါတယ်။ မနေနိုင် မထိုင်နိုင် မိတ်ဆက်ရင်း စပ်စုမိပါတယ်။ Business card လဲကြတော့ ဆရာမကြီးက စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနက ပါမောက္ခ ဒေါ်ရီရီမြင့်ဖြစ်နေတာကိုး။ ဆရာမကြီးရဲ့ ငယ်နံမည်က Mary ဆိုတော့ ရင်းနှီးသူတွေက မမ Mary လို့ခေါ်ကြပါတယ်။ ဆရာမကြီးက ထိုင်းနိုင်ငံ AIT -Asian Institute of Technology မှာလား Chulalongkorn မှာလားမမှတ်မိ၊ တက္ကသိုလ်တခုမှာ စာတမ်းတစောင်လာတင်တာတဲ့။ အကြမ်းဖျဉ်းမှတ်မိသလောက် Financial needs Assessment for street vendor Women အမျိုးသမီး ခေါင်းရွက်ဗျပ်ထိုး ကျဘမ်းဈေးသည်တွေအတွက် ငွေအရင်းအနှီးလိုအပ်ချက် ဆိုတဲ့ အကြောင်းအရာထင်ပါရဲ့။ ကျမကလည်း India ခရီးစဉ်အကြောင်း၊ ပုဂံကယွန်းထည်တွေကို စင်္ကာပူပို့တဲ့အကြောင်း စပ်မိရာရာပြောဖြစ်ပါတယ်။ အော်..ခရီးသွားဟန်လွဲ ဆရာမကြီးနဲ့ စကားပြောဖြစ်တာကို ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်ဆိုလည်း ဆုံဖြစ်ချင်မှ ဆုံဖြစ်ကြမှာပေါ့။
Chapter 2
နောက် သုံးလေးလလောက်ကျတော့ မနုနုရီဆိုတဲ့ အမျိုးသမီးတယောက်က ဆရာမကြီးဒေါ်ရီရီမြင့်က ဆက်သွယ်ခိုင်းလို့ဆိုပြီး ရတနာပုံကို တယ်လီဖုန်းဆက်ပါတယ်။ ဆရာမကြီးက စီးပွားရေးနယ်ပယ်ကအမျိုးသမီးတွေ စုစည်းပြီး ဆင်းရဲတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေကို အရင်းအနှီးပံ့ပိုးပေးချင်လို့တဲ့၊ မနုနုရီရဲ့အိမ်မှာ စကားပြောကြဖို့ဖိတ်ပါတယ်။ မမနုက ဆရာမကြီးရဲ့ စီးပွားရေးတက္ကသိုလ်က တပည့်လည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်တော့ အဆင်ပြေတာပေါ့။ ဆရာမကြီးရဲ့ စီးပွားရေးတက္ကသိုလ်ဆင်းတပည့် အမျိုးသမီးတွေအင်အားကလည်း မသေးဘူး။ ဆရာမကြီးက စီးပွားရေးတက္ကသိုလ် Final Year ကျောင်းသူတွေကို ရန်ကုန်ဆင်ခြေဖုံးက ဈေး ၄ ခုမှာ ခေါင်းရွက်ဗျပ်ထိုး - ပျံကျဈေးသည်တွေကို စစ်တမ်းကောက်ခိုင်းပြီး စာတမ်းပြုစုထားပါတယ်။ ဒီပျံကျဈေးသည်တွေ နေ့ပြန်တိုးသံသရာက ရုန်းမထွက်နိုင်ကြတဲ့အဖြစ်ကနေ ကယ်တင်ချင်တဲ့ ဆရာမကြီးရဲ့စေတနာပါ။
မမနုက ဗိုလ်ချုပ်ဈေးမှာ အထည်ဆိုင်ဖွင့်ထားတော့ စီးပွားရေးလုပ်ဖေါ် အမျိုးသမီး အဆက်အသွယ်တွေ အများကြီးပေါ့။ မမနု အိမ်မှာ ပထမအကြိမ်ဆုံဖြစ်ကြတဲ့သူတွေထဲမှာ သူဌေးမကြီးဒေါ်ဆယ် (ဒေါ်ဆယ့်အကြောင်း အနာဂတ်မျိုးဆက်တွေအတွက် သိတဲ့လူတွေ မှတ်တမ်းတင်သင့်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန် ထူးချွန်တဲ့ အာဂ အမျိုးသမီးကြီးပါ၊ ကိုယ်က ကြားဖူးနားဝ တစွန်းတစဘဲသိလို့။) စာရေးဆရာမကြီးစောမုံညှင်း၊ ရုပ်ရှင်မင်းသမီးကြီးစံရှားတင် (အဲဒီအချိန်က မမစံက ဗိုလ်ချုပ်ဈေးမှာ ကျောက်မျက်ရတနာဆိုင် ဖွင့်ထားတယ်ထင်ပါတယ်)၊ Leather ကုန်တွေထုတ်တဲ့ လာပြီ လာပြီ ဒေါ်သက်ရီ၊ ဒေါ်စိန်စိန်၊ ကင်းကွာစေ့သူဌေးမကြီး မယ်ဗမာ ဒေါ်ခင်မြင့်မြင့်စတဲ့ နံမည်ကြီး အမျိုးသမီးကြီးတွေပါတာပေါ့။ ဆရာမကြီးက သူဖြစ်စေချင်တဲ့ စေတနာကိုရှင်းပြပါတယ်။ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ စီမံခန့်ခွဲရေး ဦးဆောင်နေသူတွေ စုစည်းပြီး Networking လုပ် ဆက်သွယ်ကြ၊ ငွေအရင်းအနှီးလိုအပ်နေတဲ့အမျိုးသမီးတွေကို ဖေးမ ပံ့ပိုးကြဖို့၊ ရည်ရွယ်တဲ့သဘောပေါ့။
တလတကြိမ်ဆုံပြီး အစည်းအဝေးတွေလုပ်ဖြစ်ကြပါတယ်။ ကမကထလုပ်တဲ့သူတွေရဲ့ အိမ်တွေမှာအလှည့်ကျ တာဝန်ယူ ကျွေးမွေး ဧည့်ခံ၊ စည်းဝေးကြ ပျော်စရာကြီးပါဘဲ။ အရင်က တခါမှ မသိခဲ့ဘူးတဲ့သူတွေပေမဲ့ ညီအမတွေလို ခင်မင်ရင်းနှီးသွားကြတာ အမြတ်ပါဘဲ။
အသင်းအနေနဲ့ ထူထောင်ဖို့ တရားဝင်မှတ်ပုံတင်တော့မှ ဒုက္ခနဲ့လှလှတွေ့ကြပါလေရော။ အဲဒီခေတ်က တန်ခိုးထွားတဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်း အမျိုးသမီးရေးရာအသင်းတွေရှိတယ်လေ။ မမနုနဲ့ ဒေါက်တာသက်မွန်ချန်စုတို့ အဖွဲ့က ပြည်ထဲရေးကို ချောင်းပေါက်မတတ်ဝင်ထွက်ခဲ့ကြရတာ။ အမျိူးသမီးတွေစုပြီး တစင်ထောင်မယ်ကြားတော့ အမြင်ကြည်ပုံမရ။ အသင်းစည်းမျဉ်းတွေကို ထုံးစံအတိုင်းရှေ့နေအပ်ပြီးရေးကြ၊ ထောက်လှမ်းရေးတွေကမျက်ခြေမပြတ်ကြည့်ပေါ့။ နောက်ဆုံး မမနုတို့ကို ထောက်လှမ်းရေး နဲ့ စသုံးလုံးက စစ်ပြီး၊ ပြည်ထဲရေးက နိုင်ငံရေးနဲ့ မပတ်သက်ပါဘူးဆိုတဲ့ ခံဝန်ထိုးခိုင်းပါတယ်။ အဲ့ဒီခေတ် စစ်အစိုးရရဲ့ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူးဆိုတဲ့စံပေတံနဲ့ မို့သာ လက်မှတ်ထိုးကြရတာ တကယ်တော့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အရေးတွေအားလုံးဆက်စပ်နေတဲ့ နိုင်ငံ့အရေး နိုင်ငံရေးလုပ်တာဘဲလို့ ကျမခံယူပါတယ်။ လူစစုကတည်းက စီးပွားရေးလုပ်တဲ့ အမျိုးသမီးအချင်းချင်း ဆက်သွယ်၊ ယိုင်းပင်းကြဖို့ပါဆိုလည်း နားမလည်၊ အကြောက်တရားလွှမ်းမိုး၊ ဘယ်သူ့ကိုမှမယုံတဲ့ခေတ်ဆိုး။ အခက်အခဲတွေကကြားက အသင်းကိုတရားဝင်မှတ်ပုံတင်နိုင်ခဲ့ကြပါတယ်။
ဒေါ်စောမုံညှင်းနဲ့ ဒေါ်ဆယ်အပါအဝင် နာယကကြီး ၆ ဦး၊ ဆရာမ မမ Mary ဥိးဆောင်တဲ့ အကြံပေး ၅ ဦး၊ ဥက္ကဋ္ဌ ဒေါ်စိန်စိန်၊ ဒုဥက္ကဋ္ဌ ၂ ဦး၊ ဒေါ်သက်ရီနဲ့ ဒေါ်ခင်မြင့်မြင့်၊ ဘဏ္ဍာရေးမှူး မိုးကုတ်သူဋ္ဌေးမလေး မာမာနဲ့ ဒေါ်တင်ရွှေ။ အတွင်းရေးမှူး နဲ့ တွဲဘက်က ကျမအခင်မင်ဆုံး၊ အချစ်ဆုံး မမ ၂ ယောက်ဖြစ်တဲ့ မမနုနုရီနဲ့ မမလှဝတီ။ Sub Committee ၅ ခုမှာတော့ ကျမက ပြည်တွင်း၊ ပြည်ပဆက်ဆံရေးကော်မတီ တာဝန်ခံပေါ့။ ဗိုလ်ချုပ်ဈေးမှာ ရတနာဆိုင်ဖွင့်တဲ့ RASU တုန်းက သူငယ်ချင်း မြမြဝင်းလည်း မူလ Founder ထဲမှာပါတာပေါ့။
ကျန်တဲ့ကော်မတီတွေကိုတော့ ရှည်နေမှာစိုးလို့ စိတ်ဝင်စားလျင် ဓါတ်ပုံတွေမှာ ဖတ်ကြည့်နိုင်ပါတယ်။
EC အမှုဆောင် ၃၉ ယောက်နဲ့ စတင်ဖွဲ့စည်းပြီး အသင်းဝင်တွေအဖြစ် စီးပွားရေးလုပ်တဲ့ အမျိုးသမီးတွေကို လျှောက်ခွင့်ပေးပါတယ်။ မင်္ဂလာဈေးက အမျိုးသမီးအဖွဲ့တွေတောင် အသင်းဝင်ခဲ့ကြသေးတယ်လို့ မှတ်မိနေပါတယ်။ အသင်းစထောင်တော့ အမှုဆောင်တွေက တယောက်ကို ကျပ် ၂ သောင်းလား ၃ သောင်းလား စီဘဲထည့်ဝင်ခဲ့ကြတာပါ။ ဒီအသင်းကို တချို့လည်း စီးပွားရေးလုပ်ကြမယ်ထင်ပြီး Share ထည့်ပါရစေပြောလိုပြော၊ တချို့ ဝန်ကြီးကတော်တွေကလည်း ဝင်မယ်လို့ဆို၊ ဆရာမကြီးကပြတ်တယ်။ စီးပွားရေးလုပ်ငန်းဦးဆောင်သူ၊ စီမံခန့်ခွဲသူ၊ စီးပွားရေးပညာရှင် ဘဲ Criteria သတ်မှတ်ထားတာမို့ လက်မခံပါဘူး။
အစပိုင်းမှာတော့ လစဉ်အစည်းအဝေးတွေကို EC တွေရဲ့ အိမ်တွေမှာအလှည့်ကျလုပ်ခဲ့ရပေမဲ့၊ နောက်ပိုင်း အသင်းဥက္ကဋ္ဌဒေါ်စိန်စိန်က သူပိုင်တိုက်ခန်းတခုကို ရုံးခန်းအဖြစ်အသုံးပြုခွင့်ပေးပါတယ်။ ရုံးစာရေးတယောက်ငှား။ အတွင်းရေးမှူး ၂ ယောက်အလုပ်ရှုတ်ပေါ့။ ဥက္ကဋ္ဌကြီး မမစိန်က မနက်လင်းတာနဲ့ ဖုန်းဆက်လေ့ရှိပါတယ်။ မင်္ဂလာပါညီမလေးရေ..ဆို busy ဖို့သာပြင်တော့..အစည်းအဝေးတွေဖိတ်တိုင်း ပြည်တွင်းပြည်ကဆက်ဆံရေးကော်မတီက ဒိုင်ခံတက်ပေါ့။
Chapter 3
မှတ်မှတ်ရရ အသင်းကိုယ်စား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့စွန်က AIT - Asian Institute of Technology မှာ NGO Organizational Needs Assessment Workshop သွားတက်ဖြစ်ပါတယ်။ UNDP ရဲ့ အစီအစဉ်နဲ့ ထင်ပါရဲ့။ အဲဒီတုန်းက UNICEF က Dr. Kyaw Win (Vijay) နဲ့YWCA က ဆရာမကြီးတယောက်နဲ့အတူသွားကြတာ။ Workshop က ၃ ရက်ထဲပေမဲ့ ပျော်စရာကောင်း၊ ဗဟုသုတတွေလည်းရပေါ့။ အကောင်းဆုံးကတော့ AIT ဝင်းထဲက ဂေါက်ကွင်းမြက်ခင်းပြင်က ငါးခူကင်၊ ကောက်ညှင်းပေါင်းနဲ့ သင်္ဘောသီးထောင်းပါဘဲ။ ရန်ကုန်ပြန်တဲ့ညက ဥက္ကဋ္ဌကြီးမမစိန် ဦးဆောင်တဲ့ MWEA မမတွေရဲ့ စီစဉ်မှုနဲ့ အိမ်မပြန်ရဘဲ မင်္ဂလာဒုံလေဆိပ်ကနေ တောင်ပြုန်းပွဲတော် ခရီးဆက်ခဲ့ရတဲ့အဖြစ် အခုထိမှတ်မိနေဆဲပါ။ Bus ကားစင်းလုံးငှားပြီး အသင်းသူတွေ ညကြီးမင်းကြီးခရီးထွက်ကြတာ၊ သီချင်းတွေဆိုကြ၊ အလယ်ခေါင်မှာ ကတဲ့သူက။ တသက်လုံး မရောက်ဖူးတဲ့ တောင်ပြုန်းကို အသင်းက မမကြီးတွေရဲ့ ကျေးဇူးနဲ့ ရောက်ဖြစ်ခဲ့ပါတယ်။
လမ်းတလျှောက် ကျမကပေါက်ကရတွေပြော၊ မင်းကလေးအကောက်ခံရဖို့မလွယ်ဘူး၊ ကျမက ရည်းစားများတယ်။ ဘီယာလည်းကြိုက်တယ်၊ လုသောက်နေရမှာ..မမကြီးတွေထဲက တယောက်က လုံး ရေ လျှောက်မပြောနဲ့ နတ်ကြီးတယ်တဲ့။ ဟန့်ရှာတယ်။ ကျမကလည်း ခရီးပန်းတာနဲ့ ရောပြီး အိပ်ပျော်သွားပါတယ်။ တောင်ပြုန်းရောက်တော့ နိုးလာပြီး ကားပေါ်ကအဆင်းမှာ ဘာနဲ့ ရိုက်မိတာလဲမသိလိုက်ဘဲ မှောက်ရက်လဲကျ၊ မျက်မှန်လည်းကွဲ။ သတိရတော့ ကြက်ခြေနီအကူအညီနဲ့ နတ်နန်းတခုဘေးမှာ နားနေခိုင်းတာ၊ ပြန်တဲ့အထိပါဘဲ။ ကျမတို့မိသားစုက နတ်တို့ ယတြာ တို့ အယုံအကြည်မရှိတော့ တောင်ပြုန်းဆိုတာ ကြားဖူးရုံသက်သက်ပါဘဲ။ ပွဲတော်ကလည်း လူတွေကြိတ်ကြိတ်တိုး ဖုန်တွေကလည်းတထောင်းထောင်းလိုက်လာမိတာမှားပေါ့။ ကျမဘာဖြစ်သွားတာလဲမေးကြည့်တော့ ကားပေါ်ကအဆင်း ငှက်ပျောသီးသည်ထမ်းတဲ့ ထမ်းပိုးကအလှည့် ကျမခေါင်းကိုရိုက်မိတာတဲ့။ မကွဲလို့တော်သေး။ မမကြီးတွေက ကဲ မှတ်ပလား - မင်းကလေးကိုပြောချင်ဦးဆိုတဲ့ အကြည့်နဲ့ ပေါ့.. နောက်ဆို ပါးစပ်ပိတ်ထားမှ။ ဒီလိုခရီးတိုလေးတွေ အသင်းအစီအစဉ်နဲ့ ထွက်ဖြစ်ကြပါတယ်။ သံလျင်၊ ကျောက်တန်း၊ သုံးခွ ဘက်က ကရင်ဆိပ်ရွာကိုသွားဖြစ်တဲ့ ခရီးကလည်း မမေ့နိုင်သေးပါဘူး။
Chapter 4
ရန်ကုန်တဝိုက်က မြေနီကုန်းဈေးအပါအဝင် ဈေး ၆ ခုလောက်ထင်ပါတယ်။ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေကို စုစည်းပြီး အတိုးမဲ့ငွေချေးတဲ့ အစီအစဉ်လုပ်ပါတယ်။ ပျံကျဈေးသည်တွေရဲ့ နေ့ပြန်တိုးက ကြောက်စရာပါဘဲ။ မနက်မှာ ငွေတရာချေးရင် ကြွေးရှင်က ၈၀ ဘဲထုတ်ပေးပြီး ညနေကျတော့ ချေးတဲ့သူက ၁၀၀ အပြည့်ဆပ်ရတဲ့အဖြစ်၊ ဒီလိုနဲ့ ဆင်းရဲတွင်းနက်နေကြတဲ့ အမျိုးသမီးတွေကို တဘက်တလမ်းက ပံ့ပိုးပေးချင်တဲ့စေတနာနဲ့ အစပျိုးခဲ့ကြတဲ့ အစီအစဉ်ပါ။
ဆရာမကြီး မမ Mary က Bangladesh က နိုဘဲလ်ဆုရှင် Mohamed Yunus ရဲ့ Grameen Bank Model ကို Replicate လုပ်ချင်ခဲ့တာ။ (Grameen bank က ကျေးလက်ဒေသက ဆင်းရဲတဲ့အမျိုးသမီးတွေကို income generation အတွက် အရင်းအနှီးမတည်ပြီး အချင်းချင်း ပြန်လည်ဖေးမတဲ့ စံနစ်ပေါ့) ရန်ကုန်ကဈေးတွေမှာ ဈေးခေါင်းတွေနဲ့ ညှိ စာရင်းကောက်၊ ၅ ယောက်တစု တာဝန်ယူ။ ငွေချေးတဲ့အခါ မှတ်ပုံတင်အာမခံထား၊ တပတ်ပြည့်တော့ အရင်းအတိုင်းပြန်ဆပ်။ သူတို့ဆပ်တဲ့ငွေကို နောက်တဖွဲ့ကိုချေး၊ Revolving seed money စမ်းသပ်ကြည့်ကြတာပါ။ ငွေပမာဏကို မမှတ်မိတော့ပေးနဲ့ ဈေးသည်တွေအတွက် စည်းမျဉ်းတွေ၊ ရည်ရွယ်ချက်တွေကို ကျမ ကိုယ်တိုင် စာကြမ်းရေး၊ ရတနာပုံက ကလေးတွေက ကွန်ပြူတာနဲ့ ရိုက်၊ ကော်ပီတွေကူးပြီး ဖြန့်ဝေခဲ့ကြပါတယ်။ MWEA ရဲ့ Logo နဲ့ Pamphlet ကလည်း ကျမတို့ ရတနာပုံကဘဲ တာဝန်ယူထုတ်လုပ်ပေးခဲ့တာပါ။ အသင်းက သူဌေးမကြီးတွေထူထောင်တာဆိုတော့ Logo မြန်မာပြည်မြေပုံလေးကို ရွှေနဲ့ Pin ရင်ထိုးလေးတွေလုပ်ကြပါတယ်။ တမတ်သားလောက်တော့ရှိပါတယ်။ တချို့ တတ်နိုင်တဲ့သူတွေက မြေပုံအလယ်က MEWA စာတမ်းကို စိန်စီကြတယ်ထင်ပါရဲ့။ ကျမရဲ့ ရင်ထိုးလေးလည်း ၁၉၉၈ ဒီဇင်ဘာနောက်ပိုင်း ရှာမတွေ့ ဘယ်မှာပျေက်မှန်းမသိတော့ပါဘူး။
အေမရိကန္သံရံုးအႀကီးအကဲ Marilyn Myers, သံအရာရွိ Mark Taylor နဲ႔ UN က အဖြဲ႔ေတြ ကရင္ဆိပ္ရြာေလ့လာေရးခရီး
အသင်းအနေနဲ့ ရန်ကုန်ကဈေးသည်တွေတင်မက ကျေးလက်ဒေသအထိပါ Income generation စမ်းသပ်ကြဖို့ နယ်ချဲ့ခဲ့ကြပါသေးတယ်။ သုံးခွမြို့နယ် ကရင်ဆိပ်ရွာမှာ အမျိုးသမီးတွေ အိမ်မှာနေရင်းဝင်ငွေရအောင် Necktie လည်စီး လက်ချုပ်လိုက်တဲ့အလုပ်ရှာပေးပါတယ်။ Walt Disney Looney tunes design, seasonal necktie တွေ Export လုပ်တဲ့ Garment factory ပိုင်ရှင် ဒေါ်ကြွေကြွေဇင် ရဲ့ အကူအညီထင်ပါတယ်။ ကုန်ကြမ်းတွေဖြန့်၊ ချုပ်ပြီးသားတွေ ချုပ်ခပေး၊ ပြန်သိမ်း အလုပ်တော့ရှုတ်ကြပေမဲ့ ပျော်စရာကြီးပါ။ နောက် အဲဒီရွာက ကွမ်းစိုက်တောင်သူတွေကို ချေးငွေထုတ်ပေးတာလည်း လုပ်ခဲ့ကြပါတယ်။ သံရုံးတွေနဲ့ ကုလအဖွဲ့တွေကလည်း စိတ်ဝင်စားလို့ လေ့လာကြပါတယ်။ ကျမတို့ ချေးငွေမတည်ပေးခဲ့တဲ့ ကရင်ဆိပ်ကျေးရွာက သံလျင် ကျောက်တန်းဘက်မှာဆိုတော့ ကျောက်တန်းဘက်ကရွာတွေကလည်း ပါချင်တာပေါ့။ သူတို့က ပြည်ခိုင်ဖြိုးအသင်းကနေ တာဝန်ယူမယ်ဆိုလို့ အသာလေး ခပ်ခွာခွာနေခဲ့ကြတာပါ။ မမလှဝတီက NLD အမာခံ၊ ကြည့်မြင်တိုင်စည်းထင်တာဘဲ။
ကျမက အသင်းမှာ National & International Relations Sub-committee ရဲ့ Incharge ဆိုတော့ INGO တွေ၊ UN အဖွဲ့တွေက ဖိတ်တဲ့ပွဲတွေ တက်ရတာလက်မလည်၊ တနေ့တော့ UNDP ရဲ့ အစီအစဉ်နဲ့ ဆရာဝန်များအသင်းမှာ private sector က အလုပ်သမားတွေကို HIV/AIDS ကာကွယ်ရေး ပညာပေး ဆွေးနွေးပွဲဖိတ်ပါတယ်။ ထုံးစံအတိုင်း ကျမဘဲ တာဝန်ကျတော့ သွားတက်ရတာပေါ့။ ဆွေးနွေးပွဲကလည်း ကျမတယောက်ဘဲ တက်တာ၊ ဘယ်သူမှ အရေးတယူလာမတက်ကြပါဘူး။ ကျမကလည်း UNAIDS (The Joint United Nations Program on HIV and AIDS is the main advocate for accelerated, comprehensive and coordinated global action on the HIV/AIDS pandemic) ရဲ့ Consultant/Advisor Dr. Owen Wrigley ကို အားနာ၊ ကျမတို့ မြန်မာလုပ်ငန်းရှင်အတော်များများက ပိုက်ဆံဘဲရှာဖို့ အားထုတ်၊ ကိုယ့်အလုပ်သမားတွေကြား ကျန်းမာရေးပညာပေးကျတော့ မလုပ်ချင်ကြဘူးပေါ့။ UNDP က ဆော်သြတာ အားနည်းလို့လည်းဖြစ်နိုင်ပါတယ်။ အားနာပါးနာ Owen ကြီးပညာပေးတာခံယူလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီ Owen ကြီးနဲ့ အမေကြီးကားမှာ ခမည်းခမက်အနေနဲ့ ပြန်ဆုံရတယ်လေ။ သူ့ရဲ့ Step daughter နဲ့ ကျမသားငယ် ဖူးစာဆုံကြပြီး မင်္ဂလာဧည့်ခံပွဲကျတော့ တယောက်နဲ့တယောက် မြင်ဘူးပါတယ်ပေါ့။ အော်..ရေစက်များ..ဆုံကြပုံ.. အခုတော့ မြေး ၃ ယောက်လုထိန်းနေရတဲ့အဖြစ်။
Chapter 5
အသင်းတသင်းထူထောင်ပြီး ပရဟိတလုပ်လုပ်၊ စီးပွားရေးဘဲလုပ်လုပ် Growing Pain လို့ခေါ်တဲ့ ကြီးထွားမှုဒဏ်လည်း နောက်ကပါလာတတ်တဲ့ သဘာဝရှိပါတယ်။ အသင်းနှစ်ပတ်လည်ကို အင်းလျားကန်စောင်းက MBC Myanmar Business Center မှာ လုပ်ခဲ့ကြပါတယ်။ နောက် နိုင်ငံတကာက Speaker တွေလာတဲ့အခါ ရုံးခန်းမှာ သင်တန်းတွေ၊ Workshop တွေလုပ်ပါတယ်။ ကျမကလည်း တက်ခဲ့တဲ့ Workshop တွေ သင်တန်းတွေနဲ့ ပတ်သက်ပြီး ပြန်ရှင်းပြရပါတယ်။ 'ဒီလို သင်တန်းတွေ၊ Workshop တွေအတွက် ကျမတို့ ရတနာပုံက အားလုံး မေတ္တာနဲ့ ကူညီခဲ့တာပါ။ ကျမတို့ ဆီကို Oxford က ပါမောက္ခတယောက်လာပြီး Business Management သင်တန်းပေးတော့ ဒေါက်ခင်စန္ဒာဝင်း (အဲ့ဒီတုန်းက သူက နရဝတ်ဟိုတယ်ပိုင်ရှင်ပေါ့) တက်ပါတယ်။ ညနေကျ သူ့ဟိုတယ်ရဲ့ ဇော်ဂျီ Lounge မှာ အဲဒီ ပါမောက္ခကို ဧည့်ခံတော့ ကျမလိုက်ပို့ပေးခဲ့ရတာမှတ်မိပါသေးတယ်။
MWEA ဆိုတဲ့ အမျိုးသမီး NGO က ရှားရှားပါးပါးဆိုတော့ Bangkok Post သတင်းစာက ၄ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးညီလာခံ အကြိုအဖြစ်နဲ့ Interview ပါတယ်။ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံဆိုတော့ ကိုယ့်တာဝန်ပေါ့။ နဂိုကတည်းက "ဇ" ကလေးလည်းရှိတော့ ပြောချင်ဆိုချင်လေ။ ဆရာမကြီးဒေါ်ရီရီမြင့် တက္ကသိုလ်ရုံးခန်းမှာ ဗျူးဖို့ စီစဉ်၊ ဆရာမကြီး ပီကင်းမှာလုပ်မယ့် နိုင်ငံတကာ အမျိုးသမီးညီလာခံတက်ဖို့ အဝတ်အစားကအစ လိုအပ်တာတွေပြင်ဆင်ပေါ့။ အမေရိကန်သမ္မတကတော် Hillary Clinton လည်းတက်မယ်။ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း Video မိန့်ခွန်းပို့မယ်လေ။ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ကတော့ ကမ္ဘာ့အမျိုးသမီးညီလာခံကို အမျိုးသားတွေဦးဆောင်ပြီး တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Madeline Albright က ပီကင်း အမျိုးသမီးညီလာခံကအပြန် ရန်ကုန်ဝင်ပါတယ်။ အမေရိကန်သံရုံးအကြီးအကဲရဲ့ စီစဉ်မှုနဲ့ ကျမ Madeline Albright နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အဲဒီတုန်းက Madeline Albright ရဲ့ speech writer ဖြစ်တဲ့ Tom Malinowski က အခု လွှတ်တော်အမတ်ဖြစ်နေပါပြီ။
ဥက္ကဋ္ဌကြီး မမစိန်က ဒဂုံမြို့နယ်မှာ နှံ့စပ်တော့ အသင်းအတွက် အဆောက်အဦးကြီးဆောက်ဖို့ သူနေရာရှာဖို့ ကြိုးစားပါတယ်။ အခု ဦးဝိစာရလမ်းထိပ်၊ ဘုရားလမ်းမကြီးပေါ်မှာ ရှိနေတဲ့ MWEA Tower ဆိုတဲ့ အဆောက်အဦကြီးဆောက်ဖို့ မြေနေရာပေါ့။ အဲဒီနေရာက အရင်တုန်းက ၂ ထပ်အိမ်အိုကြီး ဒဂုံမြို့နယ်ကောင်စီ၊ တရားရုံး၊ လူဝင်မှုရုံး အားလုံးစုပေါင်းထားတဲ့ နေရာပါ။ ဒေါင့်မှာ သမဝါယမအသင်းလည်းရှိတယ်ထင်ပါတယ်။ စုပေါင်းရုံးဆိုတော့ ပြည်ခိုင်ဖြိုးအသင်းလည်းရှိတော့တာပေါ့။ အဲဒီမှာဇတ်လမ်းက စ တော့တာပါဘဲ။ မမစိန်က နေရာရအောင် ချဉ်းကပ်တာ ဆွဲအစေ့ခံရမယ့်သဘော။ ပြည်ခိုင်ဖြိုးထဲဝင်ဖို့ အသင်းဝင်လျှောက်လွှာတွေ ပေးလိုက်ပါလေရော။ ကျမကတော့ ကိုယ်ပိုင်ခံယူချက်မူအရ မဝင်ပါဘူး။ မမစိန်ကတော့ ဝင်ချင်မှဝင်ပါပေါ့။ ဒါပေသိ ဝင်ရင်တော့ ဘာလုပ်လုပ် ပိုအဆင်ပြေမယ့်သဘောပေါ့။ နောက် အများသဘောတူ မဝင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမက သံရုံးဧည့်ခံပွဲမှာ ပြောပြဖြစ်ပါတယ်။ ဒီသတင်းက DASSK ဆီရောက်သွားပြီး သူ့ရဲ့ Weekend မိန့်ခွန်းမှာပါသွားပါတယ်။ အမျိုးသမီးအသင်းမှာ ပြည်ခိုင်းဖြိုး အသင်းထဲဝင်သင့်မသင့် ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းလိုက်နိုင်တယ်ဆိုတာကို ချီးကျူးလိုက်တဲ့စကားပါ။
အဲဒါနဲ့ ပတ်သက်ပြီး အသင်းမှာ နည်းနည်း ကသိကအောက်ဖြစ်သွားပုံရပါတယ်။ ကျမလည်း ကြာကြာနေရင် ဒီပြည်ခိုင်ဖြိုးနဲ့ ပတ်သက်ရတော့မယ်။ မဖြစ်ချေဘူးဆိုပြီး အသင်းကနေ ဝမ်းနည်းစွာနဲ့ နှုတ်ထွက်ခဲ့ပါတယ်။ အသင်းကနှုတ်ထွက်ခဲ့ပေမဲ့ ချစ်ခင်ရင်းနှီးခဲ့ မမတွေကိုအခုထိ ချစ်ဆဲပါ။ အထူးသဖြင့် မမလှဝတီ..ရိုးသားပွင့်လင်းတဲ့ ကြည့်မြင်တိုင်က ပတ်ကညောကရင်မကြီး၊ သူ ဥက္ကဋ္ဌဖြစ်ပြီး အဗျူးခံနေတာတွေ တွေ့မိတဲ့အခါတိုင်း MWEA စထူထောင်ကာစ ရုန်းကန်ခဲ့ကြတာတွေ သတိရ။ မမနုနုရီနဲ့တော့ ကြံကြံဖန်ဖန် ဘန်ကောက်မှာ ချိန်းမထားဘဲ မမျှော်လင့်ဘဲ ဆုံဖြစ်သလို ပြည်တော်ပြန်ခွင့်ရတော့လည်း နေပြည်တော်အမြန်လမ်းမှာ နားရင်းဆုံခဲ့ကြပါသေးတယ်။ နောက်တခေါက်ရန်ကုန်ရောက်တော့ မမနု ဆုံးရှာပါပြီ။ မလုံးရဲ့ ဟာသတွေကို တသသပြန်ပြောတတ်တဲ့ မမနု ကိုလွမ်းပါတယ်။
အခုတော့ MWEA အသင်းကြီးက တကယ့် လူဂုဏ်တန် Elite တွေ၊ လုပ်ငန်းရှင် သူကြွယ်မကြီးတွေ (စာရေးဆရာမကြီးစောမုံညှင်းခေါ်တဲ့ အသုံးပါ) နဲ့ ထယ်ထယ်ဝါဝါ ASEAN မှာပါ ဝင်ဆန့်တဲ့ အောင်မြင်တဲ့ အမျိုးသမီးအဖွဲ့ကြီးပေါ့။ သူဌေးမကြီးဒေါ်ထူးရဲ့ သမီး မခိုင်ဇော်လည်း MWEA မှာ ဦးဆောင်နေတာတွေ့ရပြီး Regional မှာ ရှေ့တန်းရောက်နေတာတွေ့ရလို့ ဂုဏ်ယူပါတယ်။ ဒေါက်တာသက်သက်ခိုင်တို့လို ပညာတတ် အမျိုးသမီးတွေလည်းပါရဲ့။ ကြွေကြွေဇင်တယောက်လည်း ဒေသတွင်းအောင်မြင်တဲ့လုပ်ငန်းရှင်တယောက်အနေနဲ့ ဆုယူတာ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။
ဆရာမကြီး ဒေါ်ရီရီမြင့်ရဲ့ Brain Child လို့ပြောရမယ့် MWEA ရဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ ဘဏ်တွေရဲ့ ချေးငွေ လက်လှမ်းမမှီတဲ့ နွမ်းပါးတဲ့အမျိုးသမီးတွေအတွက် ငွေရင်းငွေနှီးမတည်ပေးတဲ့အစီအစဉ်ကို အခက်အခဲတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်ဘူးလို့ ကျမ ၂၀၁၃ ခုနှစ်က ဆရာမကြီးကို ကျမတွေ့ဆုံမေးမြန်းခဲ့တုန်းကပြောဘူးပါတယ်။
ကိုယ်တိုင်မပါဝင်နိုင်တော့ပေမဲ့ အသင်းကြီးတိုးတက်ကြီးပွားလာတာကို မုဒိတာပွားရင်း ဂုဏ်ယူပါတယ်။ မူလ ရည်ရွယ်ရင်းထဲက တခုဖြစ်တဲ့နွမ်းပါးသူတွေကို ကူညီတဲ့အစီအစဉ်လေး ဆက်လုပ်ပေးနိုင်ရင်ကောင်းမှာဘဲလို့ တွေးရင်း...
https://www.youtube.com/watch?v=OT2G14ixBcQ
MWEA Facebook page, about..
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(MWEA) သည် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အကျိုးအမြတ်အတွက် ဘာသာရေးအတွက် မဟုတ်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ပါသည်။ ခေတ်မှီတိုးတက်သော နိုင်ငံတော် သစ်တည်ဆောက်ရာတွင် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းကြီးမှလည်း နိုင်ငံတော် ၏ စီးပွားရေး၊ လူမှု့ရေးတိုးတက်မှု့များကို ပူးပေါင်း ဆောင်ရွက်လျှက်ရှိပါသည်။ စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော အမျိုးသမီးများး၏ အရည်အသွေးအားမြှင့်တင်ပေးရန်အတွက် ပညာရပ်နှင့်ဗဟုသုတဆိုင်ရာဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စီးပွားရေးခ ျိတ်ဆက်နိုင်ရန်အတွက် နိုင်ငံတကာ ခရီးစဉ်များကိုလည်း စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
အသင်းကြီးသည် မြန်မာအမျိုးသမီးများ၏ စီးပွားရေးကဏ္ဍနှင့် စွမ်းအားစုများ စုစည်းမှု့ကိုပေါ်လွင်စေပြီး စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင်လျှက်ရှိသော အမျိုးသမီးများအချင်းချင်း ဆက်သွယ်ရိုင်းပင်းမှု့၊ ဆွေးနွေးညှိနိုင်းမှု့၊ ပူးပေါင်းလုပ်ဆောင်မှု့များကို ဖြစ်ပေါ်စေခြင်း၊ တိုးတက်ခေတ်မှီသော စီးပွားရေးခန့်ခွဲမှု့ နည်းပညာများကိုပြန့်ပွားအောင်ဆောင်ရွက်ပေးနိုင်ခြင်း၊ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးပညာရှင်များနှင့်လည်း ဆက်သွယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသောကြောင့် ယုံကြည်စိတ်ဝင်စားသူများပြားလာပြီး အသင်းသို့ အသင်းဝင်သစ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လှ ျက်ရှိပါသည်။
Zawgyi
MWEA နဲ က်မ
Chapter 1
က်မ ျဖတ္သန္းခဲ့တဲ့ ၆၅ ႏွစ္ေက်ာ္ ဘဝခရီးမွာ မွတ္တမ္းတင္လို႔ရတဲ့ Milestone ဘဝမိုင္တိုင္ေလးေတြ ရွိပါတယ္။ မိုင္တိုင္ေလးတခုကေတာ့ MWEA – Myanmar Women Entrepreneur Association ဆိုတဲ့ ျမန္မာအမ်ိဳးသမီးစြမ္းေဆာင္ရွင္မ်ားအသင္း စတင္တည္ေထာင္သူေတြထဲက တေယာက္အျဖစ္ ထဲထဲဝင္ဝင္ ဆင္ႏႊဲခဲ့ရတဲ့ ကိုယ္ေတြ႕မွတ္တမ္းေလးပါဘဲ။
ဟိုတေလာက Than Lwin Htun ကိုေအာင္ႏိုင္က Facebook post ေတြမွာ အတိတ္ကအျဖစ္ေတြေရးေနတဲ့သူေတြက သူတို႔ ဇတ္လမ္းမွာ ဇတ္လိုက္ေနရာကဘဲေရးၾကမွာေပါ့တဲ့။ ကိုယ္က အရွိန္မသတ္ႏိုင္ Memoir ေတြ ေရးေနတာဆိုေတာ့ ငါ့ကိုမ်ားေစာင္းေျပာေနတာလားလို႔။ ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းတာက အနာနည္းနည္းသက္သာတယ္တဲ့။ ကာတြန္းဘဂ်မ္းကေျပာတာေလ။ MWEA တည္ေထာင္ရာမွာေတာ့ က်မက ဇတ္လိုက္ထက္ ဇတ္ပို႔လို႔ဘဲေျပာပါရေစ။
က်မတို႔ ရတနာပုံလုပ္ငန္းစုလီမီတက္ က Myanmar Chamber of Commerce ရဲ႕ အဆက္အသြယ္နဲ႔ Singapore-Indian Chamber of Commerce နဲ႔ Consultation Service ေတြလုပ္ရပါတယ္။ Chamber of Commerce seminars and training, Pulses & Beans အေရာင္းအဝယ္၊ TATA hardware, India made Mahindra Jeep promotion ကိစၥေတြနဲ႔ India ကို က်မ မၾကာခဏဆိုသလို ခရီးထြက္ရပါတယ္။ ၁၉၉၄ ႏွစ္ကုန္ပိုင္းေလာက္က New Delhi နဲ႔ Bombay (Mumbai) က အျပန္မွာ ဘန္ေကာက္ကတဆင့္ ရန္ကုန္ျပန္တဲ့ခရီးတိုေလးမွာ နေဘးခုံမွာ ပညာတတ္လို႔ ျမင္တာနဲ႔ သိႏိုင္တဲ့ ၾကက္သေရရွိရွိတင့္တယ္တဲ့ အမ်ိဳးသမီးႀကီးတေယာက္ထိုင္ပါတယ္။ မေနႏိုင္ မထိုင္ႏိုင္ မိတ္ဆက္ရင္း စပ္စုမိပါတယ္။ Business card လဲၾကေတာ့ ဆရာမႀကီးက စီးပြားေရးတကၠသိုလ္ စီမံခန႔္ခြဲမႈပညာဌာနက ပါေမာကၡ ေဒၚရီရီျမင့္ျဖစ္ေနတာကိုး။ ဆရာမႀကီးရဲ႕ ငယ္နံမည္က Mary ဆိုေတာ့ ရင္းႏွီးသူေတြက မမ Mary လို႔ေခၚၾကပါတယ္။ ဆရာမႀကီးက ထိုင္းႏိုင္ငံ AIT -Asian Institute of Technology မွာလား Chulalongkorn မွာလားမမွတ္မိ၊ တကၠသိုလ္တခုမွာ စာတမ္းတေစာင္လာတင္တာတဲ့။ အၾကမ္းဖ်ဥ္းမွတ္မိသေလာက္ Financial needs Assessment for street vendor Women အမ်ိဳးသမီး ေခါင္း႐ြက္ဗ်ပ္ထိုး က်ဘမ္းေဈးသည္ေတြအတြက္ ေငြအရင္းအႏွီးလိုအပ္ခ်က္ ဆိုတဲ့ အေၾကာင္းအရာထင္ပါရဲ႕။ က်မကလည္း India ခရီးစဥ္အေၾကာင္း၊ ပုဂံကယြန္းထည္ေတြကို စကၤာပူပို႔တဲ့အေၾကာင္း စပ္မိရာရာေျပာျဖစ္ပါတယ္။ ေအာ္..ခရီးသြားဟန္လြဲ ဆရာမႀကီးနဲ႔ စကားေျပာျဖစ္တာကို ဝမ္းသာပီတိျဖစ္မိပါတယ္။ ေနာက္ဆိုလည္း ဆုံျဖစ္ခ်င္မွ ဆုံျဖစ္ၾကမွာေပါ့။
Chapter 2
ေနာက္ သုံးေလးလေလာက္က်ေတာ့ မႏုႏုရီဆိုတဲ့ အမ်ိဳးသမီးတေယာက္က ဆရာမႀကီးေဒၚရီရီျမင့္က ဆက္သြယ္ခိုင္းလို႔ဆိုၿပီး ရတနာပုံကို တယ္လီဖုန္းဆက္ပါတယ္။ ဆရာမႀကီးက စီးပြားေရးနယ္ပယ္ကအမ်ိဳးသမီးေတြ စုစည္းၿပီး ဆင္းရဲတဲ့ ေခါင္း႐ြက္ဗ်ပ္ထိုး ေဈးသည္ေတြကို အရင္းအႏွီးပံ့ပိုးေပးခ်င္လို႔တဲ့၊ မႏုႏုရီရဲ႕အိမ္မွာ စကားေျပာၾကဖို႔ဖိတ္ပါတယ္။ မမႏုက ဆရာမႀကီးရဲ႕ စီးပြားေရးတကၠသိုလ္က တပည့္လည္းျဖစ္၊ အိမ္နီးခ်င္းလည္းျဖစ္ေတာ့ အဆင္ေျပတာေပါ့။ ဆရာမႀကီးရဲ႕ စီးပြားေရးတကၠသိုလ္ဆင္းတပည့္ အမ်ိဳးသမီးေတြအင္အားကလည္း မေသးဘူး။ ဆရာမႀကီးက စီးပြားေရးတကၠသိုလ္ Final Year ေက်ာင္းသူေတြကို ရန္ကုန္ဆင္ေျခဖုံးက ေဈး ၄ ခုမွာ ေခါင္း႐ြက္ဗ်ပ္ထိုး - ပ်ံက်ေဈးသည္ေတြကို စစ္တမ္းေကာက္ခိုင္းၿပီး စာတမ္းျပဳစုထားပါတယ္။ ဒီပ်ံက်ေဈးသည္ေတြ ေန႔ျပန္တိုးသံသရာက ႐ုန္းမထြက္ႏိုင္ၾကတဲ့အျဖစ္ကေန ကယ္တင္ခ်င္တဲ့ ဆရာမႀကီးရဲ႕ေစတနာပါ။
မမႏုက ဗိုလ္ခ်ဳပ္ေဈးမွာ အထည္ဆိုင္ဖြင့္ထားေတာ့ စီးပြားေရးလုပ္ေဖၚ အမ်ိဳးသမီး အဆက္အသြယ္ေတြ အမ်ားႀကီးေပါ့။ မမႏု အိမ္မွာ ပထမအႀကိမ္ဆုံျဖစ္ၾကတဲ့သူေတြထဲမွာ သူေဌးမႀကီးေဒၚဆယ္ (ေဒၚဆယ့္အေၾကာင္း အနာဂတ္မ်ိဳးဆက္ေတြအတြက္ သိတဲ့လူေတြ မွတ္တမ္းတင္သင့္ပါတယ္။ ကိုယ့္ဒူးကိုယ္ခြၽန္ ထူးခြၽန္တဲ့ အာဂ အမ်ိဳးသမီးႀကီးပါ၊ ကိုယ္က ၾကားဖူးနားဝ တစြန္းတစဘဲသိလို႔။) စာေရးဆရာမႀကီးေစာမုံညႇင္း၊ ႐ုပ္ရွင္မင္းသမီးႀကီးစံရွားတင္ (အဲဒီအခ်ိန္က မမစံက ဗိုလ္ခ်ဳပ္ေဈးမွာ ေက်ာက္မ်က္ရတနာဆိုင္ ဖြင့္ထားတယ္ထင္ပါတယ္)၊ Leather ကုန္ေတြထုတ္တဲ့ လာၿပီ လာၿပီ ေဒၚသက္ရီ၊ ေဒၚစိန္စိန္၊ ကင္းကြာေစ့သူေဌးမႀကီး မယ္ဗမာ ေဒၚခင္ျမင့္ျမင့္စတဲ့ နံမည္ႀကီး အမ်ိဳးသမီးႀကီးေတြပါတာေပါ့။ ဆရာမႀကီးက သူျဖစ္ေစခ်င္တဲ့ ေစတနာကိုရွင္းျပပါတယ္။ အမ်ိဳးသမီးစီးပြားေရးလုပ္ငန္းရွင္ေတြ၊ ပညာရွင္ေတြ၊ စီမံခန႔္ခြဲေရး ဦးေဆာင္ေနသူေတြ စုစည္းၿပီး Networking လုပ္ ဆက္သြယ္ၾက၊ ေငြအရင္းအႏွီးလိုအပ္ေနတဲ့အမ်ိဳးသမီးေတြကို ေဖးမ ပံ့ပိုးၾကဖို႔၊ ရည္႐ြယ္တဲ့သေဘာေပါ့။
တလတႀကိမ္ဆုံၿပီး အစည္းအေဝးေတြလုပ္ျဖစ္ၾကပါတယ္။ ကမကထလုပ္တဲ့သူေတြရဲ႕ အိမ္ေတြမွာအလွည့္က် တာဝန္ယူ ေကြၽးေမြး ဧည့္ခံ၊ စည္းေဝးၾက ေပ်ာ္စရာႀကီးပါဘဲ။ အရင္က တခါမွ မသိခဲ့ဘူးတဲ့သူေတြေပမဲ့ ညီအမေတြလို ခင္မင္ရင္းႏွီးသြားၾကတာ အျမတ္ပါဘဲ။
အသင္းအေနနဲ႔ ထူေထာင္ဖို႔ တရားဝင္မွတ္ပုံတင္ေတာ့မွ ဒုကၡနဲ႔လွလွေတြ႕ၾကပါေလေရာ။ အဲဒီေခတ္က တန္ခိုးထြားတဲ့ မိခင္နဲ႔ကေလးေစာင့္ေရွာက္ေရးအသင္း အမ်ိဳးသမီးေရးရာအသင္းေတြရွိတယ္ေလ။ မမႏုနဲ႔ ေဒါက္တာသက္မြန္ခ်န္စုတို႔ အဖြဲ႕က ျပည္ထဲေရးကို ေခ်ာင္းေပါက္မတတ္ဝင္ထြက္ခဲ့ၾကရတာ။ အမ်ိဴးသမီးေတြစုၿပီး တစင္ေထာင္မယ္ၾကားေတာ့ အျမင္ၾကည္ပုံမရ။ အသင္းစည္းမ်ဥ္းေတြကို ထုံးစံအတိုင္းေရွ႕ေနအပ္ၿပီးေရးၾက၊ ေထာက္လွမ္းေရးေတြကမ်က္ေျခမျပတ္ၾကည့္ေပါ့။ ေနာက္ဆုံး မမႏုတို႔ကို ေထာက္လွမ္းေရး နဲ႔ စသုံးလုံးက စစ္ၿပီး၊ ျပည္ထဲေရးက ႏိုင္ငံေရးနဲ႔ မပတ္သက္ပါဘူးဆိုတဲ့ ခံဝန္ထိုးခိုင္းပါတယ္။ အဲ့ဒီေခတ္ စစ္အစိုးရရဲ႕ ႏိုင္ငံေရးနဲ႔ မပတ္သက္ပါဘူးဆိုတဲ့စံေပတံနဲ႔ မို႔သာ လက္မွတ္ထိုးၾကရတာ တကယ္ေတာ့ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရး အေရးေတြအားလုံးဆက္စပ္ေနတဲ့ ႏိုင္ငံ့အေရး ႏိုင္ငံေရးလုပ္တာဘဲလို႔ က်မခံယူပါတယ္။ လူစစုကတည္းက စီးပြားေရးလုပ္တဲ့ အမ်ိဳးသမီးအခ်င္းခ်င္း ဆက္သြယ္၊ ယိုင္းပင္းၾကဖို႔ပါဆိုလည္း နားမလည္၊ အေၾကာက္တရားလႊမ္းမိုး၊ ဘယ္သူ႔ကိုမွမယုံတဲ့ေခတ္ဆိုး။ အခက္အခဲေတြကၾကားက အသင္းကိုတရားဝင္မွတ္ပုံတင္ႏိုင္ခဲ့ၾကပါတယ္။
ေဒၚေစာမုံညႇင္းနဲ႔ ေဒၚဆယ္အပါအဝင္ နာယကႀကီး ၆ ဦး၊ ဆရာမ မမ Mary ဥိးေဆာင္တဲ့ အႀကံေပး ၅ ဦး၊ ဥကၠ႒ ေဒၚစိန္စိန္၊ ဒုဥကၠ႒ ၂ ဦး၊ ေဒၚသက္ရီနဲ႔ ေဒၚခင္ျမင့္ျမင့္၊ ဘ႑ာေရးမႉး မိုးကုတ္သူေ႒းမေလး မာမာနဲ႔ ေဒၚတင္ေ႐ႊ။ အတြင္းေရးမႉး နဲ႔ တြဲဘက္က က်မအခင္မင္ဆုံး၊ အခ်စ္ဆုံး မမ ၂ ေယာက္ျဖစ္တဲ့ မမႏုႏုရီနဲ႔ မမလွဝတီ။ Sub Committee ၅ ခုမွာေတာ့ က်မက ျပည္တြင္း၊ ျပည္ပဆက္ဆံေရးေကာ္မတီ တာဝန္ခံေပါ့။ ဗိုလ္ခ်ဳပ္ေဈးမွာ ရတနာဆိုင္ဖြင့္တဲ့ RASU တုန္းက သူငယ္ခ်င္း ျမျမဝင္းလည္း မူလ Founder ထဲမွာပါတာေပါ့။
က်န္တဲ့ေကာ္မတီေတြကိုေတာ့ ရွည္ေနမွာစိုးလို႔ စိတ္ဝင္စားလ်င္ ဓါတ္ပုံေတြမွာ ဖတ္ၾကည့္ႏိုင္ပါတယ္။
EC အမႈေဆာင္ ၃၉ ေယာက္နဲ႔ စတင္ဖြဲ႕စည္းၿပီး အသင္းဝင္ေတြအျဖစ္ စီးပြားေရးလုပ္တဲ့ အမ်ိဳးသမီးေတြကို ေလွ်ာက္ခြင့္ေပးပါတယ္။ မဂၤလာေဈးက အမ်ိဳးသမီးအဖြဲ႕ေတြေတာင္ အသင္းဝင္ခဲ့ၾကေသးတယ္လို႔ မွတ္မိေနပါတယ္။ အသင္းစေထာင္ေတာ့ အမႈေဆာင္ေတြက တေယာက္ကို က်ပ္ ၂ ေသာင္းလား ၃ ေသာင္းလား စီဘဲထည့္ဝင္ခဲ့ၾကတာပါ။ ဒီအသင္းကို တခ်ိဳ႕လည္း စီးပြားေရးလုပ္ၾကမယ္ထင္ၿပီး Share ထည့္ပါရေစေျပာလိုေျပာ၊ တခ်ိဳ႕ ဝန္ႀကီးကေတာ္ေတြကလည္း ဝင္မယ္လို႔ဆို၊ ဆရာမႀကီးကျပတ္တယ္။ စီးပြားေရးလုပ္ငန္းဦးေဆာင္သူ၊ စီမံခန႔္ခြဲသူ၊ စီးပြားေရးပညာရွင္ ဘဲ Criteria သတ္မွတ္ထားတာမို႔ လက္မခံပါဘူး။
အစပိုင္းမွာေတာ့ လစဥ္အစည္းအေဝးေတြကို EC ေတြရဲ႕ အိမ္ေတြမွာအလွည့္က်လုပ္ခဲ့ရေပမဲ့၊ ေနာက္ပိုင္း အသင္းဥကၠ႒ေဒၚစိန္စိန္က သူပိုင္တိုက္ခန္းတခုကို ႐ုံးခန္းအျဖစ္အသုံးျပဳခြင့္ေပးပါတယ္။ ႐ုံးစာေရးတေယာက္ငွား။ အတြင္းေရးမႉး ၂ ေယာက္အလုပ္ရႈတ္ေပါ့။ ဥကၠ႒ႀကီး မမစိန္က မနက္လင္းတာနဲ႔ ဖုန္းဆက္ေလ့ရွိပါတယ္။ မဂၤလာပါညီမေလးေရ..ဆို busy ဖို႔သာျပင္ေတာ့..အစည္းအေဝးေတြဖိတ္တိုင္း ျပည္တြင္းျပည္ကဆက္ဆံေရးေကာ္မတီက ဒိုင္ခံတက္ေပါ့။
Chapter 3
မွတ္မွတ္ရရ အသင္းကိုယ္စား ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕စြန္က AIT - Asian Institute of Technology မွာ NGO Organizational Needs Assessment Workshop သြားတက္ျဖစ္ပါတယ္။ UNDP ရဲ႕ အစီအစဥ္နဲ႔ ထင္ပါရဲ႕။ အဲဒီတုန္းက UNICEF က Dr. Kyaw Win (Vijay) နဲ႔YWCA က ဆရာမႀကီးတေယာက္နဲ႔အတူသြားၾကတာ။ Workshop က ၃ ရက္ထဲေပမဲ့ ေပ်ာ္စရာေကာင္း၊ ဗဟုသုတေတြလည္းရေပါ့။ အေကာင္းဆုံးကေတာ့ AIT ဝင္းထဲက ေဂါက္ကြင္းျမက္ခင္းျပင္က ငါးခူကင္၊ ေကာက္ညႇင္းေပါင္းနဲ႔ သေဘၤာသီးေထာင္းပါဘဲ။ ရန္ကုန္ျပန္တဲ့ညက ဥကၠ႒ႀကီးမမစိန္ ဦးေဆာင္တဲ့ MWEA မမေတြရဲ႕ စီစဥ္မႈနဲ႔ အိမ္မျပန္ရဘဲ မဂၤလာဒုံေလဆိပ္ကေန ေတာင္ျပဳန္းပြဲေတာ္ ခရီးဆက္ခဲ့ရတဲ့အျဖစ္ အခုထိမွတ္မိေနဆဲပါ။ Bus ကားစင္းလုံးငွားၿပီး အသင္းသူေတြ ညႀကီးမင္းႀကီးခရီးထြက္ၾကတာ၊ သီခ်င္းေတြဆိုၾက၊ အလယ္ေခါင္မွာ ကတဲ့သူက။ တသက္လုံး မေရာက္ဖူးတဲ့ ေတာင္ျပဳန္းကို အသင္းက မမႀကီးေတြရဲ႕ ေက်းဇူးနဲ႔ ေရာက္ျဖစ္ခဲ့ပါတယ္။
လမ္းတေလွ်ာက္ က်မကေပါက္ကရေတြေျပာ၊ မင္းကေလးအေကာက္ခံရဖို႔မလြယ္ဘူး၊ က်မက ရည္းစားမ်ားတယ္။ ဘီယာလည္းႀကိဳက္တယ္၊ လုေသာက္ေနရမွာ..မမႀကီးေတြထဲက တေယာက္က လုံး ေရ ေလွ်ာက္မေျပာနဲ႔ နတ္ႀကီးတယ္တဲ့။ ဟန႔္ရွာတယ္။ က်မကလည္း ခရီးပန္းတာနဲ႔ ေရာၿပီး အိပ္ေပ်ာ္သြားပါတယ္။ ေတာင္ျပဳန္းေရာက္ေတာ့ ႏိုးလာၿပီး ကားေပၚကအဆင္းမွာ ဘာနဲ႔ ႐ိုက္မိတာလဲမသိလိုက္ဘဲ ေမွာက္ရက္လဲက်၊ မ်က္မွန္လည္းကြဲ။ သတိရေတာ့ ၾကက္ေျခနီအကူအညီနဲ႔ နတ္နန္းတခုေဘးမွာ နားေနခိုင္းတာ၊ ျပန္တဲ့အထိပါဘဲ။ က်မတို႔မိသားစုက နတ္တို႔ ယၾတာ တို႔ အယုံအၾကည္မရွိေတာ့ ေတာင္ျပဳန္းဆိုတာ ၾကားဖူး႐ုံသက္သက္ပါဘဲ။ ပြဲေတာ္ကလည္း လူေတြႀကိတ္ႀကိတ္တိုး ဖုန္ေတြကလည္းတေထာင္းေထာင္းလိုက္လာမိတာမွားေပါ့။ က်မဘာျဖစ္သြားတာလဲေမးၾကည့္ေတာ့ ကားေပၚကအဆင္း ငွက္ေပ်ာသီးသည္ထမ္းတဲ့ ထမ္းပိုးကအလွည့္ က်မေခါင္းကို႐ိုက္မိတာတဲ့။ မကြဲလို႔ေတာ္ေသး။ မမႀကီးေတြက ကဲ မွတ္ပလား - မင္းကေလးကိုေျပာခ်င္ဦးဆိုတဲ့ အၾကည့္နဲ႔ ေပါ့.. ေနာက္ဆို ပါးစပ္ပိတ္ထားမွ။ ဒီလိုခရီးတိုေလးေတြ အသင္းအစီအစဥ္နဲ႔ ထြက္ျဖစ္ၾကပါတယ္။ သံလ်င္၊ ေက်ာက္တန္း၊ သုံးခြ ဘက္က ကရင္ဆိပ္႐ြာကိုသြားျဖစ္တဲ့ ခရီးကလည္း မေမ့ႏိုင္ေသးပါဘူး။
Chapter 4
ရန္ကုန္တဝိုက္က ေျမနီကုန္းေဈးအပါအဝင္ ေဈး ၆ ခုေလာက္ထင္ပါတယ္။ ေခါင္း႐ြက္ဗ်ပ္ထိုးေဈးသည္ေတြကို စုစည္းၿပီး အတိုးမဲ့ေငြေခ်းတဲ့ အစီအစဥ္လုပ္ပါတယ္။ ပ်ံက်ေဈးသည္ေတြရဲ႕ ေန႔ျပန္တိုးက ေၾကာက္စရာပါဘဲ။ မနက္မွာ ေငြတရာေခ်းရင္ ေႂကြးရွင္က ၈၀ ဘဲထုတ္ေပးၿပီး ညေနက်ေတာ့ ေခ်းတဲ့သူက ၁၀၀ အျပည့္ဆပ္ရတဲ့အျဖစ္၊ ဒီလိုနဲ႔ ဆင္းရဲတြင္းနက္ေနၾကတဲ့ အမ်ိဳးသမီးေတြကို တဘက္တလမ္းက ပံ့ပိုးေပးခ်င္တဲ့ေစတနာနဲ႔ အစပ်ိဳးခဲ့ၾကတဲ့ အစီအစဥ္ပါ။
ဆရာမႀကီး မမ Mary က Bangladesh က ႏိုဘဲလ္ဆုရွင္ Mohamed Yunus ရဲ႕ Grameen Bank Model ကို Replicate လုပ္ခ်င္ခဲ့တာ။ (Grameen bank က ေက်းလက္ေဒသက ဆင္းရဲတဲ့အမ်ိဳးသမီးေတြကို income generation အတြက္ အရင္းအႏွီးမတည္ၿပီး အခ်င္းခ်င္း ျပန္လည္ေဖးမတဲ့ စံနစ္ေပါ့) ရန္ကုန္ကေဈးေတြမွာ ေဈးေခါင္းေတြနဲ႔ ညႇိ စာရင္းေကာက္၊ ၅ ေယာက္တစု တာဝန္ယူ။ ေငြေခ်းတဲ့အခါ မွတ္ပုံတင္အာမခံထား၊ တပတ္ျပည့္ေတာ့ အရင္းအတိုင္းျပန္ဆပ္။ သူတို႔ဆပ္တဲ့ေငြကို ေနာက္တဖြဲ႕ကိုေခ်း၊ Revolving seed money စမ္းသပ္ၾကည့္ၾကတာပါ။ ေငြပမာဏကို မမွတ္မိေတာ့ေပမဲ့ ေဈးသည္ေတြအတြက္ စည္းမ်ဥ္းေတြ၊ ရည္႐ြယ္ခ်က္ေတြကို က်မ ကိုယ္တိုင္ စာၾကမ္းေရး၊ ရတနာပုံက ကေလးေတြက ကြန္ျပဴတာနဲ႔ ႐ိုက္၊ ေကာ္ပီေတြကူးၿပီး ျဖန႔္ေဝခဲ့ၾကပါတယ္။ MWEA ရဲ႕ Logo နဲ႔ Pamphlet ကလည္း က်မတို႔ ရတနာပုံကဘဲ တာဝန္ယူထုတ္လုပ္ေပးခဲ့တာပါ။ အသင္းက သူေဌးမႀကီးေတြထူေထာင္တာဆိုေတာ့ Logo ျမန္မာျပည္ေျမပုံေလးကို ေ႐ႊနဲ႔ Pin ရင္ထိုးေလးေတြလုပ္ၾကပါတယ္။ တမတ္သားေလာက္ေတာ့ရွိပါတယ္။ တခ်ိဳ႕ တတ္ႏိုင္တဲ့သူေတြက ေျမပုံအလယ္က MEWA စာတမ္းကို စိန္စီၾကတယ္ထင္ပါရဲ႕။ က်မရဲ႕ ရင္ထိုးေလးလည္း ၁၉၉၈ ဒီဇင္ဘာေနာက္ပိုင္း ရွာမေတြ႕ ဘယ္မွာေပ်က္မွန္းမသိေတာ့ပါဘူး။
အသင္းအေနနဲ႔ ရန္ကုန္ကေဈးသည္ေတြတင္မက ေက်းလက္ေဒသအထိပါ Income generation စမ္းသပ္ၾကဖို႔ နယ္ခ်ဲ႕ခဲ့ၾကပါေသးတယ္။ သုံးခြၿမိဳ႕နယ္ ကရင္ဆိပ္႐ြာမွာ အမ်ိဳးသမီးေတြ အိမ္မွာေနရင္းဝင္ေငြရေအာင္ Necktie လည္စီး လက္ခ်ဳပ္လိုက္တဲ့အလုပ္ရွာေပးပါတယ္။ Walt Disney Looney tunes design, seasonal necktie ေတြ Export လုပ္တဲ့ Garment factory ပိုင္ရွင္ ေဒၚေႂကြေႂကြဇင္ ရဲ႕ အကူအညီထင္ပါတယ္။ ကုန္ၾကမ္းေတြျဖန႔္၊ ခ်ဳပ္ၿပီးသားေတြ ခ်ဳပ္ခေပး၊ ျပန္သိမ္း အလုပ္ေတာ့ရႈတ္ၾကေပမဲ့ ေပ်ာ္စရာႀကီးပါ။ ေနာက္ အဲဒီ႐ြာက ကြမ္းစိုက္ေတာင္သူေတြကို ေခ်းေငြထုတ္ေပးတာလည္း လုပ္ခဲ့ၾကပါတယ္။ သံ႐ုံးေတြနဲ႔ ကုလအဖြဲ႕ေတြကလည္း စိတ္ဝင္စားလို႔ ေလ့လာၾကပါတယ္။ က်မတို႔ ေခ်းေငြမတည္ေပးခဲ့တဲ့ ကရင္ဆိပ္ေက်း႐ြာက သံလ်င္ ေက်ာက္တန္းဘက္မွာဆိုေတာ့ ေက်ာက္တန္းဘက္က႐ြာေတြကလည္း ပါခ်င္တာေပါ့။ သူတို႔က ျပည္ခိုင္ၿဖိဳးအသင္းကေန တာဝန္ယူမယ္ဆိုလို႔ အသာေလး ခပ္ခြာခြာေနခဲ့ၾကတာပါ။ မမလွဝတီက NLD အမာခံ၊ ၾကည့္ျမင္တိုင္စည္းထင္တာဘဲ။
က်မက အသင္းမွာ National & International Relations Sub-committee ရဲ႕ Incharge ဆိုေတာ့ INGO ေတြ၊ UN အဖြဲ႕ေတြက ဖိတ္တဲ့ပြဲေတြ တက္ရတာလက္မလည္၊ တေန႔ေတာ့ UNDP ရဲ႕ အစီအစဥ္နဲ႔ ဆရာဝန္မ်ားအသင္းမွာ private sector က အလုပ္သမားေတြကို HIV/AIDS ကာကြယ္ေရး ပညာေပး ေဆြးေႏြးပြဲဖိတ္ပါတယ္။ ထုံးစံအတိုင္း က်မဘဲ တာဝန္က်ေတာ့ သြားတက္ရတာေပါ့။ ေဆြးေႏြးပြဲကလည္း က်မတေယာက္ဘဲ တက္တာ၊ ဘယ္သူမွ အေရးတယူလာမတက္ၾကပါဘူး။ က်မကလည္း UNAIDS (The Joint United Nations Program on HIV and AIDS is the main advocate for accelerated, comprehensive and coordinated global action on the HIV/AIDS pandemic) ရဲ႕ Consultant/Advisor Dr. Owen Wrigley ကို အားနာ၊ က်မတို႔ ျမန္မာလုပ္ငန္းရွင္အေတာ္မ်ားမ်ားက ပိုက္ဆံဘဲရွာဖို႔ အားထုတ္၊ ကိုယ့္အလုပ္သမားေတြၾကား က်န္းမာေရးပညာေပးက်ေတာ့ မလုပ္ခ်င္ၾကဘူးေပါ့။ UNDP က ေဆာ္ၾသတာ အားနည္းလို႔လည္းျဖစ္ႏိုင္ပါတယ္။ အားနာပါးနာ Owen ႀကီးပညာေပးတာခံယူလိုက္ပါတယ္။ ျဖစ္ခ်င္ေတာ့ အဲဒီ Owen ႀကီးနဲ႔ အေမႀကီးကားမွာ ခမည္းခမက္အေနနဲ႔ ျပန္ဆုံရတယ္ေလ။ သူ႔ရဲ႕ Step daughter နဲ႔ က်မသားငယ္ ဖူးစာဆုံၾကၿပီး မဂၤလာဧည့္ခံပြဲက်ေတာ့ တေယာက္နဲ႔တေယာက္ ျမင္ဘူးပါတယ္ေပါ့။ ေအာ္..ေရစက္မ်ား..ဆုံၾကပုံ.. အခုေတာ့ ေျမး ၃ ေယာက္လုထိန္းေနရတဲ့အျဖစ္။
Chapter 5
အသင္းတသင္းထူေထာင္ၿပီး ပရဟိတလုပ္လုပ္၊ စီးပြားေရးဘဲလုပ္လုပ္ Growing Pain လို႔ေခၚတဲ့ ႀကီးထြားမႈဒဏ္လည္း ေနာက္ကပါလာတတ္တဲ့ သဘာဝရွိပါတယ္။ အသင္းႏွစ္ပတ္လည္ကို အင္းလ်ားကန္ေစာင္းက MBC Myanmar Business Center မွာ လုပ္ခဲ့ၾကပါတယ္။ ေနာက္ ႏိုင္ငံတကာက Speaker ေတြလာတဲ့အခါ ႐ုံးခန္းမွာ သင္တန္းေတြ၊ Workshop ေတြလုပ္ပါတယ္။ က်မကလည္း တက္ခဲ့တဲ့ Workshop ေတြ သင္တန္းေတြနဲ႔ ပတ္သက္ၿပီး ျပန္ရွင္းျပရပါတယ္။ 'ဒီလို သင္တန္းေတြ၊ Workshop ေတြအတြက္ က်မတို႔ ရတနာပုံက အားလုံး ေမတၱာနဲ႔ ကူညီခဲ့တာပါ။ က်မတို႔ ဆီကို Oxford က ပါေမာကၡတေယာက္လာၿပီး Business Management သင္တန္းေပးေတာ့ ေဒါက္ခင္စႏၵာဝင္း (အဲ့ဒီတုန္းက သူက နရဝတ္ဟိုတယ္ပိုင္ရွင္ေပါ့) တက္ပါတယ္။ ညေနက် သူ႔ဟိုတယ္ရဲ႕ ေဇာ္ဂ်ီ Lounge မွာ အဲဒီ ပါေမာကၡကို ဧည့္ခံေတာ့ က်မလိုက္ပို႔ေပးခဲ့ရတာမွတ္မိပါေသးတယ္။
MWEA ဆိုတဲ့ အမ်ိဳးသမီး NGO က ရွားရွားပါးပါးဆိုေတာ့ Bangkok Post သတင္းစာက ၄ ႀကိမ္ေျမာက္ ႏိုင္ငံတကာအမ်ိဳးသမီးညီလာခံ အႀကိဳအျဖစ္နဲ႔ Interview ပါတယ္။ ႏိုင္ငံတကာဆက္ဆံေရးတာဝန္ခံဆိုေတာ့ ကိုယ့္တာဝန္ေပါ့။ နဂိုကတည္းက "ဇ" ကေလးလည္းရွိေတာ့ ေျပာခ်င္ဆိုခ်င္ေလ။ ဆရာမႀကီးေဒၚရီရီျမင့္ တကၠသိုလ္႐ုံးခန္းမွာ ဗ်ဴးဖို႔ စီစဥ္၊ ဆရာမႀကီး ပီကင္းမွာလုပ္မယ့္ ႏိုင္ငံတကာ အမ်ိဳးသမီးညီလာခံတက္ဖို႔ အဝတ္အစားကအစ လိုအပ္တာေတြျပင္ဆင္ေပါ့။ အေမရိကန္သမၼတကေတာ္ Hillary Clinton လည္းတက္မယ္။ ေနအိမ္အက်ယ္ခ်ဳပ္က်ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကလည္း Video မိန႔္ခြန္းပို႔မယ္ေလ။ ျမန္မာႏိုင္ငံက ကိုယ္စားလွယ္အဖြဲ႕ကေတာ့ ကမာၻ႔အမ်ိဳးသမီးညီလာခံကို အမ်ိဳးသားေတြဦးေဆာင္ၿပီး တက္ေရာက္ခဲ့ၾကပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Madeline Albright က ပီကင္း အမ်ိဳးသမီးညီလာခံကအျပန္ ရန္ကုန္ဝင္ပါတယ္။ အေမရိကန္သံ႐ုံးအႀကီးအကဲရဲ႕ စီစဥ္မႈနဲ႔ က်မ Madeline Albright နဲ႔ ေတြ႕ဆုံခြင့္ရခဲ့ပါတယ္။ အဲဒီတုန္းက Madeline Albright ရဲ႕ speech writer ျဖစ္တဲ့ Tom Malinowski က အခု လႊတ္ေတာ္အမတ္ျဖစ္ေနပါၿပီ။
ဥကၠ႒ႀကီး မမစိန္က ဒဂုံၿမိဳ႕နယ္မွာ ႏွံ႔စပ္ေတာ့ အသင္းအတြက္ အေဆာက္အဦးႀကီးေဆာက္ဖို႔ သူေနရာရွာဖို႔ ႀကိဳးစားပါတယ္။ အခု ဦးဝိစာရလမ္းထိပ္၊ ဘုရားလမ္းမႀကီးေပၚမွာ ရွိေနတဲ့ MWEA Tower ဆိုတဲ့ အေဆာက္အဦႀကီးေဆာက္ဖို႔ ေျမေနရာေပါ့။ အဲဒီေနရာက အရင္တုန္းက ၂ ထပ္အိမ္အိုႀကီး ဒဂုံၿမိဳ႕နယ္ေကာင္စီ၊ တရား႐ုံး၊ လူဝင္မႈ႐ုံး အားလုံးစုေပါင္းထားတဲ့ ေနရာပါ။ ေဒါင့္မွာ သမဝါယမအသင္းလည္းရွိတယ္ထင္ပါတယ္။ စုေပါင္း႐ုံးဆိုေတာ့ ျပည္ခိုင္ၿဖိဳးအသင္းလည္းရွိေတာ့တာေပါ့။ အဲဒီမွာဇတ္လမ္းက စ ေတာ့တာပါဘဲ။ မမစိန္က ေနရာရေအာင္ ခ်ဥ္းကပ္တာ ဆြဲအေစ့ခံရမယ့္သေဘာ။ ျပည္ခိုင္ၿဖိဳးထဲဝင္ဖို႔ အသင္းဝင္ေလွ်ာက္လႊာေတြ ေပးလိုက္ပါေလေရာ။ က်မကေတာ့ ကိုယ္ပိုင္ခံယူခ်က္မူအရ မဝင္ပါဘူး။ မမစိန္ကေတာ့ ဝင္ခ်င္မွဝင္ပါေပါ့။ ဒါေပသိ ဝင္ရင္ေတာ့ ဘာလုပ္လုပ္ ပိုအဆင္ေျပမယ့္သေဘာေပါ့။ ေနာက္ အမ်ားသေဘာတူ မဝင္ၾကဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္လို႔ ထင္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး က်မက သံ႐ုံးဧည့္ခံပြဲမွာ ေျပာျပျဖစ္ပါတယ္။ ဒီသတင္းက DASSK ဆီေရာက္သြားၿပီး သူ႔ရဲ႕ Weekend မိန႔္ခြန္းမွာပါသြားပါတယ္။ အမ်ိဳးသမီးအသင္းမွာ ျပည္ခိုင္းၿဖိဳး အသင္းထဲဝင္သင့္မသင့္ ဒီမိုကေရစီနည္းနဲ႔ ေျဖရွင္းလိုက္ႏိုင္တယ္ဆိုတာကို ခ်ီးက်ဴးလိုက္တဲ့စကားပါ။
အဲဒါနဲ႔ ပတ္သက္ၿပီး အသင္းမွာ နည္းနည္း ကသိကေအာက္ျဖစ္သြားပုံရပါတယ္။ က်မလည္း ၾကာၾကာေနရင္ ဒီျပည္ခိုင္ၿဖိဳးနဲ႔ ပတ္သက္ရေတာ့မယ္။ မျဖစ္ေခ်ဘူးဆိုၿပီး အသင္းကေန ဝမ္းနည္းစြာနဲ႔ ႏႈတ္ထြက္ခဲ့ပါတယ္။ အသင္းကႏႈတ္ထြက္ခဲ့ေပမဲ့ ခ်စ္ခင္ရင္းႏွီးခဲ့ မမေတြကိုအခုထိ ခ်စ္ဆဲပါ။ အထူးသျဖင့္ မမလွဝတီ..႐ိုးသားပြင့္လင္းတဲ့ ၾကည့္ျမင္တိုင္က ပတ္ကေညာကရင္မႀကီး၊ သူ ဥကၠ႒ျဖစ္ၿပီး အဗ်ဴးခံေနတာေတြ ေတြ႕မိတဲ့အခါတိုင္း MWEA စထူေထာင္ကာစ ႐ုန္းကန္ခဲ့ၾကတာေတြ သတိရ။ မမႏုႏုရီနဲ႔ေတာ့ ႀကံႀကံဖန္ဖန္ ဘန္ေကာက္မွာ ခ်ိန္းမထားဘဲ မေမွ်ာ္လင့္ဘဲ ဆုံျဖစ္သလို ျပည္ေတာ္ျပန္ခြင့္ရေတာ့လည္း ေနျပည္ေတာ္အျမန္လမ္းမွာ နားရင္းဆုံခဲ့ၾကပါေသးတယ္။ ေနာက္တေခါက္ရန္ကုန္ေရာက္ေတာ့ မမႏု ဆုံးရွာပါၿပီ။ မလုံးရဲ႕ ဟာသေတြကို တသသျပန္ေျပာတတ္တဲ့ မမႏု ကိုလြမ္းပါတယ္။
အခုေတာ့ MWEA အသင္းႀကီးက တကယ့္ လူဂုဏ္တန္ Elite ေတြ၊ လုပ္ငန္းရွင္ သူႂကြယ္မႀကီးေတြ (စာေရးဆရာမႀကီးေစာမုံညႇင္းေခၚတဲ့ အသုံးပါ) နဲ႔ ထယ္ထယ္ဝါဝါ ASEAN မွာပါ ဝင္ဆန႔္တဲ့ ေအာင္ျမင္တဲ့ အမ်ိဳးသမီးအဖြဲ႕ႀကီးေပါ့။ သူေဌးမႀကီးေဒၚထူးရဲ႕ သမီး မခိုင္ေဇာ္လည္း MWEA မွာ ဦးေဆာင္ေနတာေတြ႕ရၿပီး Regional မွာ ေရွ႕တန္းေရာက္ေနတာေတြ႕ရလို႔ ဂုဏ္ယူပါတယ္။ ေဒါက္တာသက္သက္ခိုင္တို႔လို ပညာတတ္ အမ်ိဳးသမီးေတြလည္းပါရဲ႕။ ေႂကြေႂကြဇင္တေယာက္လည္း ေဒသတြင္းေအာင္ျမင္တဲ့လုပ္ငန္းရွင္တေယာက္အေနနဲ႔ ဆုယူတာ သတင္းေတြမွာ ဖတ္လိုက္ရပါတယ္။
ဆရာမႀကီး ေဒၚရီရီျမင့္ရဲ႕ Brain Child လို႔ေျပာရမယ့္ MWEA ရဲ႕ မူလ ရည္႐ြယ္ခ်က္ျဖစ္တဲ့ ဘဏ္ေတြရဲ႕ ေခ်းေငြ လက္လွမ္းမမွီတဲ့ ႏြမ္းပါးတဲ့အမ်ိဳးသမီးေတြအတြက္ ေငြရင္းေငြႏွီးမတည္ေပးတဲ့အစီအစဥ္ကို အခက္အခဲေတြနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆက္မလုပ္ျဖစ္ဘူးလို႔ က်မ ၂၀၁၃ ခုႏွစ္က ဆရာမႀကီးကို က်မေတြ႕ဆုံေမးျမန္းခဲ့တုန္းကေျပာဘူးပါတယ္။
ကိုယ္တိုင္မပါဝင္ႏိုင္ေတာ့ေပမဲ့ အသင္းႀကီးတိုးတက္ႀကီးပြားလာတာကို မုဒိတာပြားရင္း ဂုဏ္ယူပါတယ္။ မူလ ရည္႐ြယ္ရင္းထဲက တခုျဖစ္တဲ့ႏြမ္းပါးသူေတြကို ကူညီတဲ့အစီအစဥ္ေလး ဆက္လုပ္ေပးႏိုင္ရင္ေကာင္းမွာဘဲလို႔ ေတြးရင္း...
https://www.youtube.com/watch?v=OT2G14ixBcQ
Ref: MWEA Facebook page, about..
ျမန္မာအမ်ိဳးသမီးစီးပြားေရးစြမ္းေဆာင္ရွင္မ်ားအသင္း(MWEA) သည္ ၁၉၉၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁၂) ရက္ေန႔တြင္ စတင္တည္ေထာင္ခဲ့ၿပီး အက်ိဳးအျမတ္အတြက္ ဘာသာေရးအတြက္ မဟုတ္သည့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းအျဖစ္ ရပ္တည္ခဲ့ပါသည္။ ေခတ္မွီတိုးတက္ေသာ ႏိုင္ငံေတာ္ သစ္တည္ေဆာက္ရာတြင္ ျမန္မာအမ်ိဳးသမီး စီးပြားေရး စြမ္းေဆာင္ရွင္မ်ားအသင္းႀကီးမွလည္း ႏိုင္ငံေတာ္ ၏ စီးပြားေရး၊ လူမႈ႕ေရးတိုးတက္မႈ႕မ်ားကို ပူးေပါင္း ေဆာင္႐ြက္လွ်က္ရွိပါသည္။ စီးပြားေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနေသာ အမ်ိဳးသမီးမ်ားး၏ အရည္အေသြးအားျမႇင့္တင္ေပးရန္အတြက္ ပညာရပ္ႏွင့္ဗဟုသုတဆိုင္ရာေဟာေျပာပြဲ၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ စီးပြားေရးခ ်ိတ္ဆက္ႏိုင္ရန္အတြက္ ႏိုင္ငံတကာ ခရီးစဥ္မ်ားကိုလည္း စီစဥ္ေဆာင္႐ြက္လွ်က္ရွိပါသည္။
အသင္းႀကီးသည္ ျမန္မာအမ်ိဳးသမီးမ်ား၏ စီးပြားေရးက႑ႏွင့္ စြမ္းအားစုမ်ား စုစည္းမႈ႕ကိုေပၚလြင္ေစၿပီး စီးပြားေရးလုပ္ငန္းမ်ားတြင္ ဦးေဆာင္လုပ္ကိုင္လွ်က္ရွိေသာ အမ်ိဳးသမီးမ်ားအခ်င္းခ်င္း ဆက္သြယ္႐ိုင္းပင္းမႈ႕၊ ေဆြးေႏြးညႇိႏိုင္းမႈ႕၊ ပူးေပါင္းလုပ္ေဆာင္မႈ႕မ်ားကို ျဖစ္ေပၚေစျခင္း၊ တိုးတက္ေခတ္မွီေသာ စီးပြားေရးခန႔္ခြဲမႈ႕ နည္းပညာမ်ားကိုျပန႔္ပြားေအာင္ေဆာင္႐ြက္ေပးႏိုင္ျခင္း၊ ျပည္တြင္း၊ ျပည္ပမွ စီးပြားေရးပညာရွင္မ်ားႏွင့္လည္း ဆက္သြယ္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးေသာေၾကာင့္ ယုံၾကည္စိတ္ဝင္စားသူမ်ားျပားလာၿပီး အသင္းသို႔ အသင္းဝင္သစ္မ်ား တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုဝင္ေရာက္လွ ်က္ရွိပါသည္။