Thursday, December 17, 2020

ကြုံတောင့်ကြုံခဲ..ဆရာကြီးဦးဘခင်တရားစခန်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က Facebook မှာ တင်ခဲ့တဲ့ Post ကို မှတ်တမ်းအနေနဲ့ Blog မှာ ပြန်တင်တာဖြစ်ပါတယ်။

အမျိုးတို့ရေ။ နှစ်မကုန်ခင် ခွင့်လက်ကျန်လေးရတုန်း Maryland နဲ့ Pennsylvania နယ်စပ်မှာရှိတဲ့ Wesminster ဆိုတဲ့မြို့လေးနားက ဆရာကြီးဦးဘခင်ရဲ့ တောရတရားစခန်းလေးမှာ Weekend Meditation သင်တန်းတက်ဖြစ်ပါတယ်။ ခါးခွဲထားတော့ ထိုင်တာ၊ ထတာအစက ညှာညှာတာတာလေးနဲ့ နေနေရတဲ့အချိန်ဆိုတော့၊ ကိုယ့်ကိုကိုယ်လည်း တရားမှတ်ဖို့ ငြိမ်ငြိမ်နဲ့ ကြာကြာထိုင်နိုင်ပါ့မလားလို့ သံသယတွေနဲ့ သွားဖြစ်ခဲ့တာပါ။ သွားဖြစ်တဲ့အကြောင်းကလည်း အိမ်နီးချင်း အားကိုးရတဲ့ သမီးဝါဝါမော်က မာမီအေးကုသိုလ်လုပ်တဲ့ ကြာဇံသုတ်လာပို့ရင်း၊ သူ ဦးဘခင်တရားစခန်းမှာ ၁၀ ရက် တရားမှတ်သင်တန်းတက်ဖို့သွားမယ်လို့ ပြောပြတော့၊ ထုံးစံအတိုင်း စပ်စုချင်တဲ့ ဖွားလုံးက အန်တီလည်း လိုက်လို့ရရင်လိုက်ချင်တယ်လို့ လျှာရှည်မိရာက Online ကနေ Register လုပ်ကြည့်လိုက်တော့ လက်ခံတဲ့အကြောင်းပြန်လာပါတယ်။ ဒါနဲ့ အိမ်နီးချင်း၊ သမီးလိုရင်းနှီးနေတဲ့ မီမီး (ယမင်းလှသူဇာ) ရယ်၊ ဖွားလုံးရယ်၊ မဝါမောင်းတဲ့ကားနဲ့ ဆရာကြီးဦးဘခင်တရားစခန်းကို မြန်းခဲ့ကြပါတယ်။


အဲဒီတရားစခန်းကို လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က တခေါက်ရောက်ဘူးပါတယ်။ အိမ်ကနေ တ နာရီခွဲနီးပါးမောင်းရတဲ့ မြို့ပြင်ကို လီလီနဲ့ သွားခဲ့ကြဘူးပါတယ်။ ညနေခင်း နေဝင်ရီတရောမှာ လမ်းပျောက်ပြီး သင်းချိုင်းထဲတောင်ရောက်သွားခဲ့ပါသေးတယ်။ နံမည်ကြီးလှတဲ့ ဆရာကြီးဦးဘခင်တရားစခန်းကို ဝင်ချင်တယ်ဆိုပြီး မကြာခဏတွေးမိပေမဲ့ စိတ်ကနေဘဲရောက်ခဲ့တာ။ အခုတော့ တကယ်ရောက်ဖြစ်ခဲ့ပါပြီ။ ရောက်မယ့်ရောက်တော့လည်း ဆောင်းဦးမှာ ပထမဆုံးနှင်းကျတဲ့နေ့ဖြစ်နေပြန်ရော။




ငယ်သူငယ်ချင်းတချို့ ရန်ကုန်က ဦးဘခင်တရားစခန်းဝင်ဘူးတဲ့သူတွေပြောပြလို့ ဝစီပိတ်၊ သက်သတ်လွတ်နဲ့ ဥပုသ်စောင့်ရတယ်လို့ ကြားဘူးထားပါတယ်။ အခု စခန်းက ဘုန်းကြီးမရှိ၊ လူပုဂ္ဂိုလ်က တရားနည်းပြဖြစ်ပါတယ်။ တရားထိုင်တဲ့ ဓမ္မရုံမှာ ဘုရားဆင်းတုမထားပါဘူး။ လူမျိုးဘာသာမရွေး တရားမှတ်နိုင်အောင် ဆင်းတုမထားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆရာကြီးဦးဘခင်ဓါတ်ပုံနဲ့ ဆရာမကြီးရဲ့ ပုံတွေကို ဂါရဝပြုထားပါတယ်။ ဓမ္မာရုံရဲ့ ခေါင်းရင်းဘက်မှာ ကမ္ဘာအေးစေတီတဆူတည်ထားပြီး ဆင်းတုတော်တွေက အဲဒီမှာ ပူဇောထားပါတယ်။


မနက် ၄ နာရီခွဲကနေ ၅နာရီခွဲ တရားမှတ်၊ ၅ နာရီခွဲမှာ စုပေါင်းဘုရားဝတ်ပြု တရားနာ။ ၆ နာရီခွဲကနေ ၈ နာရီအထိ မနက်စာစားပြီး အနားယူ။ ၈ နာရီကနေ ၉ နာရီ တရားထိုင်၊ ၉နာရီခွဲမှာ တယောက်ချင်းစီ တရားစစ်မေး။ ၁၀ နာရီကနေ ၁၁ နာရီတရားထိုင်။ ၁၁ နာရီမှာ စုပေါင်းဝတ်ပြုပြီး နေ့လည် ၁ နာရီထိ ထမင်းစား၊ အနားယူ။ ၁ နာရီကနေ ၂ နာရီတရားထိုင်၊ နာရီဝက်နားပြီး။ ၃ နာရီမှာ တရားထိုင်၊ ၃ နာရီခွဲမှာနား၊ ၄ နာရီကနေ ၅ နာရီ တရားမှတ်။ ၅ နာရီခွဲမှာ တရားစစ် ၆ နာရီခွဲကနေ ၈ နာရီအထိ ထမင်းစား၊ အနားယူပြီး ၈ နာရီမှာ စုပေါင်းဝတ်ပြု ၉ နာရီအထိ တရားမှတ်ပြီး တန်းဖြုတ်ပေါ့။ စုပေါင်းဝတ်ပြုအစမှာ ဆရာမကြီးရွတ်ဆိုပူဇော်တဲ့ ဘုရားပင့်၊ နတ်သိကြားတွေပင့်နဲ့ အသံနဲ့ ဖွင့်ပါတယ်။ တနာရီတရားမှတ်ပြီးတိုင်း မေတ္တာသုတ်ဖွင့်ပါတယ်။ တရားစခန်းဝင်သူ ၂၅ ယောက်မှာ မြန်မာ အမျိုးသမီး ၅ယောက် (အနီးအနားမှာနေတဲ့ ဆရာဝန်မလေး ၂ ယောက် နဲ့ ဖွားလုံးတို့ ၃ ယောက်)၊ ဗီယက်နမ်အမျိုးသမီးတယောက်၊ Hindu ဆရာဝန်စုံတွဲနဲ့ ကျန်တာတွေက မျက်နှာဖြူတွေချည်းဘဲ။ Australia ကနေလာတဲ့လူလည်းပါတယ်။ Hippy လို စုံတွဲတတွဲလည်းလာကြတယ်။ ပါဠိကနေ English လိုဘာသာပြန်ထားတာကို နည်းပြဆရာက သူတို့တွေကိုပေးထားပြီးသားဆိုတော့ အားလုံးအဆုံးမှာ သာဓုခေါ်ကြပါတယ်။ နမောတဿ၊ သရဏဂုံသုံးပါး၊ ငါးပါး၊ ရှစ်ပါးသီလကိုလည်း ပါဠိလို ဆရာက တိုင်ပေးတိုင်း ညီညီညာညာ ရိုရိုသေသေ ရွတ်ဆိုကြတာတွေ့ရတော့ ကြည်နူးမိပါတယ်။ သင်တန်းသူအသစ် Fresher တွေက ၈ ပါးသီလယူဖို့မလိုဘူးတဲ့။ ထမင်းစားဆောင်က Hall ထဲမှာ စားစရာ၊ သောက်စရာတွေ မျိုးစုံ အလျှံပယ်၊ Rest ပေးတဲ့အချိန်မှာ ကြိူက်တာယူသုံးဆောင်ဖို့ခွင့်ပြုထားတယ်။ စားသောက်ပြီး ကိုယ့်ပန်းကန်ကိုယ်ဆေးကြောသုတ်သင်ပြီး ယူတဲ့နေရာပြန်ထားရပါတယ်။ ကျား-မ သီးသန့်ခွဲထားပေးတယ်။



တရားမှတ်တာကတော့ မဂ္ဂင် ၈ ပါး ဗုဒ္ဒလမ်းစဉ်ကို လက်တွေ့ကျင့်ကြံအားထုတ်ရတာပါဘဲ။ ဗုဒ္ဒဘာသာရဲ့ အနှစ်သာရ နေ့စဉ်လူနေမှုဘဝမှာ လက်တွေ့ကျင့်သုံးရတဲ့ ဗုဒ္ဒလမ်းစဉ်ပါဘဲ။ သီလ၊ သမာဓိ၊ ပညာ ၈ ပါးသော အလယ်အလတ်ကျင့်စဉ်အရ၊ ပထမ သီလဆောက်တည်ရပါတယ်။ ငါးပါး၊ ရှစ်ပါး၊ ကိုယ်ထိန်းနိုင်တဲ့သီလဆောက်တည်ပြီး၊ သမာဓိခိုင်တော့မှ၊ ဝိပဿနာဆိုတဲ့ ပညာကို ဆက်အားထုတ်ရမယ့်သဘောပါ။



သီလ Morality ကနေစပြောရမယ်ဆိုရင်.. သမ္မာဝါစာ (အမှန်ပြောခြင်း) Right Speech, သမ္မာကမန ္တ(အမှန်လုပ်ခြင်း) Right Action and သမ္မာအာဇီ၀ (အမှန်အသက်မွေးခြင်း) Right Livelihood. Right speech/ wrong speech ဘာမှမဖြစ်ရအောင် ဝစီပိတ်ခိုင်းလိုက်တာပါဘဲ။

ဒါလေးများ ဘာခက်လို့လဲပေါ့။ လက်တွေ့ကျတော့ ဒိုးခနဲ့ လှလှတွေ့တော့တာပါဘဲ။ နေဖို့ပေးတဲ့ အခန်းက ၃ ယောက်ခန်း။ ၂ ထပ်ကုတင်တလုံးနဲ့ တယောက်အိပ်ကုတင်တလုံး။ အမေရီကားက Motel တွေ အဆင့်ထက်သာတဲ့ ရေချိုးခန်းအိမ်သာ သန့်ပြန့်အဆင်ပြေတဲ့အခန်းပါ။ တရားစခန်း ဝင်တဲ့လူ မ-၁၅၊ ကျား-၁၀ ရှိပါတယ်။ မဝါနဲ့ တခန်းတည်းနေရပါတယ်။ ၃ ယောက်ခန်းမှာ ၂ ယောက်ပေါ့။ တစိမ်းနဲ့ဆိုရင်တော့ ဝစီပိတ်ကဘာခက်မှာလဲ။ ပြုံးပြရုံပေါ့။ မဝါနဲ့က တွေ့တာနဲ့ သားအမိတွေလို တွတ်ထိုးနေကြဆိုတော့၊ ပါးစပ်ပိတ်ထားရတာ တော်တော်ခက်တာဘဲ။ ရန်ဖြစ်ထားလို့ မခေါ်မပြောနေရသလိုခံစားရတာ။ တညအိပ်ပြီးနောက်တနေ့ တရားဖြုတ်အနားပေးတဲ့အချိန် မဝါက အခန်းပြင်ထွက်သွားပြီးပြန်အလာ ဝစီပိတ်ကိုမေ့ပြီး သမီးရေသွားချိုးတာလားလို့မေးမိတယ်။ မဝါကပြုံးပြတော့မှ ဟောတော့မေ့လို့ဆိုပြီး..ဘရိတ်အုပ်လိုက်ရတာ။ နောက်တော့ အကျင့်ရသွားပါတယ်။ သီလအရ သမ္မအာဇီဝ-အသက်ဝမ်းကျောင်းနဲ့ နေ့စဉ်လူနေမှုဘဝမှာလည်း မတရားတာမလုပ်တော့ သီလအသင့်အတင့်ရှိပြီလို့ ပြောရမှာပေါ့လေ။ (အရင်ကလုပ်ထားတဲ့ အပြစ်တွေကို တရားစခန်းဝင်တုန်း၊ ခဏမေ့ထားလိုက်တယ်။)



သမာဓိ Concentration – သမ္မာဝါယာမ (အမှန်အားထုတ်ခြင်း) Right Effort သမ္မာသတိ (အမှန်အောက်မေ့ခြင်း) ။ Right Mindfulness and သမ္မာသမာဓိ (အမှန်တည်ငြိမ်ခြင်း) Right Concentration… သမာဓိ..ကတော့..ဖျားဖျား..တ..ယူရတယ်။ အသက်ကသေခါနီးဆိုတော့လည်း ငရဲကြောက်ကြောက်နဲ့ မဆိုသလောက် တရားထိုင်ဘူးပါတယ်။ အင်းစိန်လမ်းက ညောင်ကန်အေးဆရာတော်ကျောင်းမှာ အခါတွင်း ၁၀ ရက်စခန်းမကြာခဏဝင်ဘူးပါတယ်။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာရင်း ထိုင်ခဲ့ဘူးတဲ့နည်းနဲ့က ရင်းနှီးနေခဲ့တာ။ နောက် ပဋိစ္စသမုပါဒ်ကိုလည်း အနည်းအပါးတီးမိခေါက်မိလောက်တော့ လေ့လာထားဘူးပါတယ်။ ရာစုနှစ်ရဲ့ လေးပုံတပုံလောက်တယောက်တည်းနေခဲ့တော့လည်း ဆိတ်ငြိမ်နေတဲ့အခါမှာ တရားထိုင်ဖြစ်ပါတယ်။ သတိရှိရှိနဲ့ မှတ်တဲ့သဘောပါ။ ဆရာကြီးဦးဘခင်စခန်းအတွက် Registration လုပ်တော့ ပုံစံဖြည့်ရပါတယ်။ အဲဒီမှာမေးထားတာက တရားစခန်းဝင်ဘူးလား၊ ဘယ်လိုနည်းနဲ့ထိုင်ဘူးလဲ။ စသဖြင့်ပေါ့။ အော်..တရားထိုင်တာတွေနဲ့ ပတ်သက်ရင်တော့ ကိုယ်က မူကြိုအဆင့်ထက်မပိုဘူးလို့ သဘောထားပြီး လူသစ်တန်းအနေနဲ့ ဘဲ ဖြည့်ထားတာ။ White lies ဆိုပေမဲ့ မုသာဝါဒတော့ Minus ပြပြီးသား။



သမာဓိလေ့ကျင့်ခန်းက အာနပါန ဝင်လေ၊ ထွက်လေနဲ့ နှာဝနဲ့ အပေါ်နှုတ်ခမ်းကြား လေထိတဲ့အသိကိုသတိနဲ့ မှတ်ရတာပါ။ ဒါလေးများ ရှူတယ်၊ ထုတ်တယ်။ ထိတယ်ပေါ့။ အောင်မြတ်လေး မှတ်ကြည့်တော့မှ အလွယ်ဆုံးအသက်ရှူတာကို တချိန်လုံးမှတ်ရတာ အခက်ဆုံးဖြစ်တော့တာပါဘဲ။ မဟာစည်နည်းလို ဝေဒနာလည်းမရှုရတော့ အာရုံစိုက်ရတာအတော်အားထုတ်ရပါတယ်။ ခါးခွဲထားတာ နာလံထဆိုပေမဲ့ မထင်မှတ်လောက်အောင် တနာရီအပြည့်ခြေမကြင်ဘဲထိုင်နိုင်ပါတယ်။ အာနပါနက ရှုနေကျမဟုတ်တော့ အစပိုင်းမှာခက်ပါတယ်။ ဆရာတရားစစ်တဲ့အချိန် မြင်တာ၊ ဖြစ်တာပြောဆိုတော့၊ ထိုင်နေကျ တည်ငြိမ်လာရင် စိတ်ကအေးဆေးပြီး နဖူးအထက်ပိုင်းမှာ လင်းနေသလို၊ မျက်စေ့ထဲမှာလည်း ခရမ်းပြာအရောင်စက်ဝိုင်းက ဝေးသွားလိုက်နီးလာလိုက်နဲ့ လူရောစိတ်ကိုပေါ့ပါးပြီး တခါတလေ လူပါပျောက်သွားသလိုခံစားရတာကိုပြောပြမိတော့၊ အဲဒါတွေမေ့ထားလိုက်ပါတဲ့၊ သဘောကတော့ “A little knowledge is a dangerous thing” ပေါ့။

မြင်တာတွေ၊ ခံစားရတာတွေက ပျောက်သွားတတ်ပါတယ်တယ်တဲ့။ မသေမချင်းမပျောက်တာက အာနပါနပါဘဲတဲ့။ အဲဒါကြောင့် အာနပါနမှတ်နေရင်း စိတ်ပြန့်လွင့်ရင် အသက်ပြင်းပြင်းရှှုသွင်းပြီး ပြန်အာရုံစိုက်ကြည့်ဖို့ တိုက်တွန်းပါတယ်။ သူ့နည်းအတိုင်း အာရုံစိုက်လိုက်မှတ်တဲ့အခါ နှာသီးဖြားကထွက်တဲ့လေ နှုတ်ခမ်းအပေါ်ကိုထိတဲ့အသိခံစားမိလာပါတယ်။ နောက်တခါတရားစစ်တော့..ဆရာ့နည်းကအိုကေပါတယ်။

ဒါပေသိ..သိတဲ့အတိုင်း.. My mind is wandering around the world and been to Rangoon from time to time လို့ဖြေခဲ့ရပါသေးတယ်။ အဲဒီ နှာဖြားကထွက်တဲ့လေက နူးညံ့လွန်းတော့ သိပ်မသိသာဘူးလေ။ နောက်တခါတရားစစ်တော့ This breath is really delicate and it’s barely noticeable. It’s like unbearable lightness of being ဆိုတော့ ဆရာနဲ့ ဓမ္မမိတ်ဆွေတွေက ပွဲကျသွားပါလေရော။ ဆရာကတရားထိုင်ရင် စိတ်ပြန့်လွင့်တာများရင် ချုပ်မထားဘဲ နေသာသလိုထိုင်၊ လမ်းထလျှောက်၊ Flexible ဖြစ်အောင်နေခိုင်းပါတယ်။ မဟာစည်မှာလို စင်္ကြန်လျှောက်တာမပါပေမဲ့ လမ်းလျှောက်ပြီး အညောင်းဖြေလို့ရပါတယ်။

၃ ရက်တရားစခန်းကနေ သမာဓိရအောင် အားထုတ်ခဲ့တာ နှမ်းတစေ့တောင်မဟုတ် သဲတပွင့်ရဲ့ အပုံတရာပုံတပုံလောက်၊ အထိုက်အလျောက်ရခဲ့တယ်ဘဲဆိုပါစို့။ ၁၀ ရက်စခန်းမှာ ၅ ရက်က သမာဓိသဘောသိအောင် ကျင့်၊ ကျန် ၅ ရက်က ပညာသဘောကို သိအောင်ကျင့်ကြံအားထုတ်ခိုင်း တာဖြစ်ပါတယ်။ ပညာ Wisdom – သမ္မာဒိဌိ (အမှန်သိခြင်း) Right Understanding and သမ္မာသင်္ကပ (အမှန်ကြံစည်ခြင်း) Right Aspiration. သမာဓိကိုတောင် မူကြိုအဆင့် မပြီးခဲ့ဘဲ ပြန်လာခဲ့တဲ့ အတွေ့အကြုံကို မျှဝေလိုက်တာပါ။ အိမ်မှာဆက်ပြီးမှတ်ဖို့ ဆရာကတိုက်တွန်းပါတယ်။ နွေရာသီ ၁၀ ရက်စခန်းအတွက် စိတ်ကိုပြင်ဆင်နေမိပါတယ်…ငယ်ငယ်ကတည်းက ဦးဘခင်တရားစခန်းဝင်ခဲ့တဲ့ သူငယ်ချင်းတွေကပြောကြမှာဘဲ။ မိလုံးတယောက်အခုမှ ဘာအရူးထပြီး တရားစခန်းဝင်၊ အကျွတ်တရားရနေပါလိမ့်ပေါ့… 

နည်းပြဆရာက ဘယ်ဘာသာဝင်မဆို ဗုဒ္ဒဘာသာကို လေ့လာချင်ရင် ဗုဒ္ဒဟောခဲ့တဲ့ ကာလာမသုတ်အရ၊ သူများအပြော၊ အကြားမဟုတ် ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ပါလို့ အခုလိုဖတ်ပြပါတယ်။

“When the Buddha was alive, he said to the Kāḷāmas: Now look, you Kāḷāmas. Be not misled by report or tradition or hearsay. Be not misled by proficiency in the collections, nor by reason or logic, nor after reflection on and approval of some theory; nor because it conforms with one’s inclination nor out of respect for the prestige of a teacher. But Kāḷāmas, when you know for yourselves, these things are unwholesome, these things are blameworthy, these things are censured by the intelligent; these things, when practiced and observed, conduce to loss and sorrow; then do 11 you reject them. But if at any time you know for yourselves, these things are wholesome, these things are blameless, these things are praised by the intelligent; these things when practiced and observed are conducive to welfare and happiness; then Kāḷāmas should you, having practiced them, abide therein.”

http://www.internationalmeditationcenter.org/

 

Zawgyi

ႀကံဳေတာင့္ႀကံဳခဲ..ဆရာႀကီးဦးဘခင္တရားစခန္း

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၁၄ ရက္ေန႔က Facebook မွာ တင္ခဲ့တဲ့ Post ကို မွတ္တမ္းအေနနဲ႕ Blog မွာ ျပန္တင္တာျဖစ္ပါတယ္။

အမ်ိဳးတို႔ေရ။ ႏွစ္မကုန္ခင္ ခြင့္လက္က်န္ေလးရတုန္း Maryland နဲ႔ Pennsylvania နယ္စပ္မွာရွိတဲ့ Wesminster ဆိုတဲ့ၿမိဳ႕ေလးနားက ဆရာႀကီးဦးဘခင္ရဲ႕ ေတာရတရားစခန္းေလးမွာ Weekend Meditation သင္တန္းတက္ျဖစ္ပါတယ္။ ခါးခြဲထားေတာ့ ထိုင္တာ၊ ထတာအစက ညွာညွာတာတာေလးနဲ႔ ေနေနရတဲ့အခ်ိန္ဆိုေတာ့၊ ကိုယ့္ကိုကိုယ္လည္း တရားမွတ္ဖို႔ ၿငိမ္ၿငိမ္နဲ႔ ၾကာၾကာထိုင္ႏိုင္ပါ့မလားလို႔ သံသယေတြနဲ႔ သြားျဖစ္ခဲ့တာပါ။ သြားျဖစ္တဲ့အေၾကာင္းကလည္း အိမ္နီးခ်င္း အားကိုးရတဲ့ သမီးဝါဝါေမာ္က မာမီေအးကုသိုလ္လုပ္တဲ့ ၾကာဇံသုတ္လာပို႔ရင္း၊ သူ ဦးဘခင္တရားစခန္းမွာ ၁၀ ရက္ တရားမွတ္သင္တန္းတက္ဖို႔သြားမယ္လို႔ ေျပာျပေတာ့၊ ထံုးစံအတိုင္း စပ္စုခ်င္တဲ့ ဖြားလံုးက အန္တီလည္း လိုက္လို႔ရရင္လိုက္ခ်င္တယ္လို႔ လွ်ာရွည္မိရာက Online ကေန Register လုပ္ၾကည့္လိုက္ေတာ့ လက္ခံတဲ့အေၾကာင္းျပန္လာပါတယ္။ ဒါနဲ႔ အိမ္နီးခ်င္း၊ သမီးလိုရင္းႏွီးေနတဲ့ မီမီး (ယမင္းလွသူဇာ) ရယ္၊ ဖြားလံုးရယ္၊ မဝါေမာင္းတဲ့ကားနဲ႔ ဆရာႀကီးဦးဘခင္တရားစခန္းကို ျမန္းခဲ့ၾကပါတယ္။




အဲဒီတရားစခန္းကို လြန္ခဲ့တဲ့ ၁၈ နွစ္ေလာက္က တေခါက္ေရာက္ဘူးပါတယ္။ အိမ္ကေန တ နာရီခြဲနီးပါးေမာင္းရတဲ့ ၿမိဳ႕ုျပင္ကို လီလီနဲ႔ သြားခဲ့ၾကဘူးပါတယ္။ ညေနခင္း ေနဝင္ရီတေရာမွာ လမ္းေပ်ာက္ၿပီး သင္းခ်ိဳင္းထဲေတာင္ေရာက္သြားခဲ့ပါေသးတယ္။ နံမည္ႀကီးလွတဲ့ ဆရာႀကီးဦးဘခင္တရားစခန္းကို ဝင္ခ်င္တယ္ဆိုၿပီး မၾကာခဏေတြးမိေပမဲ့ စိတ္ကေနဘဲေရာက္ခဲ့တာ။ အခုေတာ့ တကယ္ေရာက္ျဖစ္ခဲ့ပါၿပီ။ ေရာက္မယ့္ေရာက္ေတာ့လည္း ေဆာင္းဦးမွာ ပထမဆံုးႏွင္းက်တဲ့ေန႔ျဖစ္ေနျပန္ေရာ။




ငယ္သူငယ္ခ်င္းတခ်ိဳ႕ ရန္ကုန္က ဦးဘခင္တရားစခန္းဝင္ဘူးတဲ့သူေတြေျပာျပလို႔ ဝစီပိတ္၊ သက္သတ္လြတ္နဲ႔ ဥပုသ္ေစာင့္ရတယ္လို႔ ၾကားဘူးထားပါတယ္။ အခု စခန္းက ဘုန္းႀကီးမရွိ၊ လူပုဂၢိဳလ္က တရားနည္းျပျဖစ္ပါတယ္။ တရားထိုင္တဲ့ ဓမၼရံုမွာ ဘုရားဆင္းတုမထားပါဘူး။ လူမ်ိဳးဘာသာမေရြး တရားမွတ္ႏိုင္ေအာင္ ဆင္းတုမထားတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဆရာႀကီးဦးဘခင္ဓါတ္ပံုနဲ႔ ဆရာမႀကီးရဲ႕ ပံုေတြကို ဂါရဝျပဳထားပါတယ္။ ဓမၼာရံုရဲ႕ ေခါင္းရင္းဘက္မွာ ကမၻာေအးေစတီတဆူတည္ထားၿပီး ဆင္းတုေတာ္ေတြက အဲဒီမွာ ပူေဇာ္ထားပါတယ္။




မနက္ ၄ နာရီခြဲကေန ၅နာရီခြဲ တရားမွတ္၊ ၅ နာရီခြဲမွာ စုေပါင္းဘုရားဝတ္ျပဳ တရားနာ။ ၆ နာရီခြဲကေန ၈ နာရီအထိ မနက္စာစားၿပီး အနားယူ။ ၈ နာရီကေန ၉ နာရီ တရားထိုင္၊ ၉နာရီခြဲမွာ တေယာက္ခ်င္းစီ တရားစစ္ေမး။ ၁၀ နာရီကေန ၁၁ နာရီတရားထိုင္။ ၁၁ နာရီမွာ စုေပါင္းဝတ္ျပဳၿပီး ေန ႔လည္ ၁ နာရီထိ ထမင္းစား၊ အနားယူ။ ၁ နာရီကေန ၂ နာရီတရားထိုင္၊ နာရီဝက္နားၿပီး။ ၃ နာရီမွာ တရားထိုင္၊ ၃ နာရီခြဲမွာနား၊ ၄ နာရီကေန ၅ နာရီ တရားမွတ္။ ၅ နာရီခြဲမွာ တရားစစ္ ၆ နာရီခြဲကေန ၈ နာရီအထိ ထမင္းစား၊ အနားယူၿပီး ၈ နာရီမွာ စုေပါင္းဝတ္ျပဳ ၉ နာရီအထိ တရားမွတ္ၿပီး တန္းျဖဳတ္ေပါ့။ စုေပါင္းဝတ္ျပဳအစမွာ ဆရာမႀကီးရြတ္ဆိုပူေဇာ္တဲ့ ဘုရားပင့္၊ နတ္သိၾကားေတြပင့္နဲ႔ အသံနဲ့ ဖြင့္ပါတယ္။ တနာရီတရားမွတ္ၿပီးတိုင္း ေမတၱာသုတ္ဖြင့္ပါတယ္။ တရားစခန္းဝင္သူ ၂၅ ေယာက္မွာ ျမန္မာ အမ်ိဳးသမီး ၅ေယာက္ (အနီးအနားမွာေနတဲ့ ဆရာဝန္မေလး ၂ ေယာက္ နဲ႔ ဖြားလံုးတို႔ ၃ ေယာက္)၊ ဗီယက္နမ္အမ်ိဳးသမီးတေယာက္၊ Hindu ဆရာဝန္စံုတြဲနဲ႔ က်န္တာေတြက မ်က္ႏွာျဖဴေတြခ်ည္းဘဲ။ Australia ကေနလာတဲ့လူလည္းပါတယ္။ Hippy လို စံုတြဲတတြဲလည္းလာၾကတယ္။ ပါဠိကေန English လိုဘာသာျပန္ထားတာကို နည္းျပဆရာက သူတို႔ေတြကိုေပးထားၿပီးသားဆိုေတာ့ အားလံုးအဆံုးမွာ သာဓုေခၚၾကပါတယ္။ နေမာတႆ၊ သရဏဂံုသံုးပါး၊ ငါးပါး၊ ရွစ္ပါးသီလကိုလည္း ပါဠိလို ဆရာက တိုင္ေပးတိုင္း ညီညီညာညာ ရိုရိုေသေသ ရြတ္ဆိုၾကတာေတြ႔ရေတာ့ ၾကည္ႏူးမိပါတယ္။



သင္တန္းသူအသစ္ Fresher ေတြက ၈ ပါးသီလယူဖို႔မလိုဘူးတဲ့။ ထမင္းစားေဆာင္က Hall ထဲမွာ စားစရာ၊ ေသာက္စရာေတြ မ်ိဳးစံု အလွ်ံပယ္၊ Rest ေပးတဲ့အခ်ိန္မွာ ႀကိဴက္တာယူသံုးေဆာင္ဖို႔ခြင့္ျပဳထားတယ္။ စားေသာက္ၿပီး ကိုယ့္ပန္းကန္ကိုယ္ေဆးေၾကာသုတ္သင္ၿပီး ယူတဲ့ေနရာျပန္ထားရပါတယ္။ က်ား-မ သီးသန္႔ခြဲထားေပးတယ္။




တရားမွတ္တာကေတာ့ မဂၢင္ ၈ ပါး ဗုဒၵလမ္းစဥ္ကို လက္ေတြ႔က်င့္ႀကံအားထုတ္ရတာပါဘဲ။ ဗုဒၵဘာသာရဲ႕ အႏွစ္သာရ ေန႔စဥ္လူေနမႈဘဝမွာ လက္ေတြ႔က်င့္သံုးရတဲ့ ဗုဒၵလမ္းစဥ္ပါဘဲ။ သီလ၊ သမာဓိ၊ ပညာ ၈ ပါးေသာ အလယ္အလတ္က်င့္စဥ္အရ၊ ပထမ သီလေဆာက္တည္ရပါတယ္။ ငါးပါး၊ ရွစ္ပါး၊ ကိုယ္ထိန္းႏိုင္တဲ့သီလေဆာက္တည္ၿပီး၊ သမာဓိခိုင္ေတာ့မွ၊ ဝိပႆနာဆိုတဲ့ ပညာကို ဆက္အားထုတ္ရမယ့္သေဘာပါ။ သီလ Morality ကေနစေျပာရမယ္ဆိုရင္.. သမၼာ၀ါစာ (အမွန္ေျပာျခင္း) Right Speech, သမၼာကမႏ ၱ(အမွန္လုပ္ျခင္း) Right Action and သမၼာအာဇီ၀ (အမွန္အသက္ေမြးျခင္း) Right Livelihood. Right speech/ wrong speech ဘာမွမျဖစ္ရေအာင္ ဝစီပိတ္ခိုင္းလိုက္တာပါဘဲ။




ဒါေလးမ်ား ဘာခက္လို႔လဲေပါ့။ လက္ေတြ႔က်ေတာ့ ဒိုးခနဲ႔ လွလွေတြ႔ေတာ့တာပါဘဲ။ ေနဖို႔ေပးတဲ့ အခန္းက ၃ ေယာက္ခန္း။ ၂ ထပ္ကုတင္တလံုးနဲ႔ တေယာက္အိပ္ကုတင္တလံုး။ အေမရီကားက Motel ေတြ အဆင့္ထက္သာတဲ့ ေရခ်ိဳးခန္းအိမ္သာ သန္႔ျပန္႔အဆင္ေျပတဲ့အခန္းပါ။ တရားစခန္း ဝင္တဲ့လူ မ-၁၅၊ က်ား-၁၀ ရွိပါတယ္။ မဝါနဲ႔ တခန္းတည္းေနရပါတယ္။ ၃ ေယာက္ခန္းမွာ ၂ ေယာက္ေပါ့။ တစိမ္းနဲ႔ဆိုရင္ေတာ့ ဝစီပိတ္ကဘာခက္မွာလဲ။ ၿပံဳးျပရံုေပါ့။ မဝါနဲ႔က ေတြ႔တာနဲ႔ သားအမိေတြလို တြတ္ထိုးေနၾကဆိုေတာ့၊ ပါးစပ္ပိတ္ထားရတာ ေတာ္ေတာ္ခက္တာဘဲ။ ရန္ျဖစ္ထားလို႔ မေခၚမေျပာေနရသလိုခံစားရတာ။ တညအိပ္ၿပီးေနာက္တေန႔ တရားျဖဳတ္အနားေပးတဲ့အခ်ိန္ မဝါက အခန္းျပင္ထြက္သြားၿပီးျပန္အလာ ဝစီပိတ္ကိုေမ့ၿပီး သမီးေရသြားခ်ိဳးတာလားလို႔ေမးမိတယ္။ မဝါကၿပံဳးျပေတာ့မွ ေဟာေတာ့ေမ့လို႔ဆိုၿပီး..ဘရိတ္အုပ္လိုက္ရတာ။ ေနာက္ေတာ့ အက်င့္ရသြားပါတယ္။ သီလအရ သမၼအာဇီဝ-အသက္ဝမ္းေက်ာင္းနဲ႔ ေန႔စဥ္လူေနမႈဘဝမွာလည္း မတရားတာမလုပ္ေတာ့ သီလအသင့္အတင့္ရွိၿပီလို႔ ေျပာရမွာေပါ့ေလ။ (အရင္ကလုပ္ထားတဲ့ အျပစ္ေတြကို တရားစခန္းဝင္တုန္း၊ ခဏေမ့ထားလိုက္တယ္။)




သမာဓိ Concentration – သမၼာ၀ါယာမ (အမွန္အားထုတ္ျခင္း) Right Effort သမၼာသတိ (အမွန္ေအာက္ေမ့ျခင္း) ။ Right Mindfulness and သမၼာသမာဓိ (အမွန္တည္ၿငိမ္ျခင္း) Right Concentration… သမာဓိ..ကေတာ့..ဖ်ားဖ်ား..တ..ယူရတယ္။ အသက္ကေသခါနီးဆိုေတာ့လည္း ငရဲေၾကာက္ေၾကာက္နဲ႔ မဆိုသေလာက္ တရားထိုင္ဘူးပါတယ္။ အင္းစိန္လမ္းက ေညာင္ကန္ေအးဆရာေတာ္ေက်ာင္းမွာ အခါတြင္း ၁၀ ရက္စခန္းမၾကာခဏဝင္ဘူးပါတယ္။ မဟာစည္ဆရာေတာ္ဘုရားႀကီးရဲ႕ အလုပ္ေပးတရားနာရင္း ထိုင္ခဲ့ဘူးတဲ့နည္းနဲ႔က ရင္းႏွီးေနခဲ့တာ။ ေနာက္ ပဋိစၥသမုပါဒ္ကိုလည္း အနည္းအပါးတီးမိေခါက္မိေလာက္ေတာ့ ေလ့လာထားဘူးပါတယ္။ ရာစုႏွစ္ရဲ႕ ေလးပံုတပံုေလာက္တေယာက္တည္းေနခဲ့ေတာ့လည္း ဆိတ္ၿငိမ္ေနတဲ့အခါမွာ တရားထိုင္ျဖစ္ပါတယ္။ သတိရွိရွိနဲ႔ မွတ္တဲ့သေဘာပါ။ ဆရာႀကီးဦးဘခင္စခန္းအတြက္ Registration လုပ္ေတာ့ ပံုစံျဖည့္ရပါတယ္။ အဲဒီမွာေမးထားတာက တရားစခန္းဝင္ဘူးလား၊ ဘယ္လိုနည္းနဲ႔ထိုင္ဘူးလဲ။ စသျဖင့္ေပါ့။ ေအာ္..တရားထိုင္တာေတြနဲ႔ ပတ္သက္ရင္ေတာ့ ကိုယ္က မူႀကိဳအဆင့္ထက္မပိုဘူးလို႔ သေဘာထားၿပီး လူသစ္တန္းအေနနဲ႔ ဘဲ ျဖည့္ထားတာ။ White lies ဆိုေပမဲ့ မုသာဝါဒေတာ့ Minus ျပၿပီးသား။

သမာဓိေလ့က်င့္ခန္းက အာနပါန ဝင္ေလ၊ ထြက္ေလနဲ႔ ႏွာဝနဲ႔ အေပၚႏႈတ္ခမ္းၾကား ေလထိတဲ့အသိကိုသတိနဲ႔ မွတ္ရတာပါ။ ဒါေလးမ်ား ရွဴတယ္၊ ထုတ္တယ္။ ထိတယ္ေပါ့။ ေအာင္ျမတ္ေလး မွတ္ၾကည့္ေတာ့မွ အလြယ္ဆံုးအသက္ရွဴတာကို တခ်ိန္လံုးမွတ္ရတာ အခက္ဆံုးျဖစ္ေတာ့တာပါဘဲ။ မဟာစည္နည္းလို ေဝဒနာလည္းမရႈရေတာ့ အာရံုစိုက္ရတာအေတာ္အားထုတ္ရပါတယ္။ ခါးခြဲထားတာ နာလံထဆိုေပမဲ့ မထင္မွတ္ေလာက္ေအာင္ တနာရီအျပည့္ေျခမၾကင္ဘဲထိုင္ႏိုင္ပါတယ္။ အာနပါနက ရႈေနက်မဟုတ္ေတာ့ အစပိုင္းမွာခက္ပါတယ္။ ဆရာတရားစစ္တဲ့အခ်ိန္ ျမင္တာ၊ ျဖစ္တာေျပာဆိုေတာ့၊ ထိုင္ေနက် တည္ၿငိမ္လာရင္ စိတ္ကေအးေဆးၿပီး နဖူးအထက္ပိုင္းမွာ လင္းေနသလို၊ မ်က္ေစ့ထဲမွာလည္း ခရမ္းျပာအေရာင္စက္ဝိုင္းက ေဝးသြားလိုက္နီးလာလိုက္နဲ႔ လူေရာစိတ္ကိုေပါ့ပါးၿပီး တခါတေလ လူပါေပ်ာက္သြားသလိုခံစားရတာကိုေျပာျပမိေတာ့၊ အဲဒါေတြေမ့ထားလိုက္ပါတဲ့၊ သေဘာကေတာ့ “A little knowledge is a dangerous thing” ေပါ့။

ျမင္တာေတြ၊ ခံစားရတာေတြက ေပ်ာက္သြားတတ္ပါတယ္တယ္တဲ့။ မေသမခ်င္းမေပ်ာက္တာက အာနပါနပါဘဲတဲ့။ အဲဒါေၾကာင့္ အာနပါနမွတ္ေနရင္း စိတ္ျပန္႔လြင့္ရင္ အသက္ျပင္းျပင္းရွႈသြင္းၿပီး ျပန္အာရံုစိုက္ၾကည့္ဖို႔ တိုက္တြန္းပါတယ္။ သူ႔နည္းအတိုင္း အာရံုစိုက္လိုက္မွတ္တဲ့အခါ ႏွာသီးျဖားကထြက္တဲ့ေလ ႏႈတ္ခမ္းအေပၚကိုထိတဲ့အသိခံစားမိလာပါတယ္။ ေနာက္တခါတရားစစ္ေတာ့..ဆရာ့နည္းကအိုေကပါတယ္။ ဒါေပသိ..သိတဲ့အတိုင္း.. My mind is wandering around the world and been to Rangoon from time to time လို႔ေျဖခဲ့ရပါေသးတယ္။ အဲဒီ ႏွာျဖားကထြက္တဲ့ေလက ႏူးညံ့လြန္းေတာ့ သိပ္မသိသာဘူးေလ။ ေနာက္တခါတရားစစ္ေတာ့ This breath is really delicate and it’s barely noticeable. It’s like unbearable lightness of being ဆိုေတာ့ ဆရာနဲ႔ ဓမၼမိတ္ေဆြေတြက ပြဲက်သြားပါေလေရာ။ ဆရာကတရားထိုင္ရင္ စိတ္ျပန္႔လြင့္တာမ်ားရင္ ခ်ဳပ္မထားဘဲ ေနသာသလိုထိုင္၊ လမ္းထေလွ်ာက္၊ Flexible ျဖစ္ေအာင္ေနခိုင္းပါတယ္။ မဟာစည္မွာလို စၾကၤန္ေလွ်ာက္တာမပါေပမဲ့ လမ္းေလွ်ာက္ၿပီး အေညာင္းေျဖလို႔ရပါတယ္။

၃ ရက္တရားစခန္းကေန သမာဓိရေအာင္ အားထုတ္ခဲ့တာ ႏွမ္းတေစ့ေတာင္မဟုတ္ သဲတပြင့္ရဲ႕ အပံုတရာပံုတပံုေလာက္၊ အထိုက္အေလ်ာက္ရခဲ့တယ္ဘဲဆိုပါစို႔။ ၁၀ ရက္စခန္းမွာ ၅ ရက္က သမာဓိသေဘာသိေအာင္ က်င့္၊ က်န္ ၅ ရက္က ပညာသေဘာကို သိေအာင္က်င့္ႀကံအားထုတ္ခိုင္း တာျဖစ္ပါတယ္။ ပညာ Wisdom – သမၼာဒိဌိ (အမွန္သိျခင္း) Right Understanding and သမၼာသကၤပ (အမွန္ႀကံစည္ျခင္း) Right Aspiration.

သမာဓိကိုေတာင္ မူႀကိဳအဆင့္ မၿပီးခဲ့ဘဲ ျပန္လာခဲ့တဲ့ အေတြ႔အႀကံဳကို မွ်ေဝလိုက္တာပါ။ အိမ္မွာဆက္ၿပီးမွတ္ဖို႔ ဆရာကတိုက္တြန္းပါတယ္။ ေႏြရာသီ ၁၀ ရက္စခန္းအတြက္ စိတ္ကိုျပင္ဆင္ေနမိပါတယ္…ငယ္ငယ္ကတည္းက ဦးဘခင္တရားစခန္းဝင္ခဲ့တဲ့ သူငယ္ခ်င္းေတြကေျပာၾကမွာဘဲ။ မိလံုးတေယာက္အခုမွ ဘာအရူးထၿပီး တရားစခန္းဝင္၊ အကၽြတ္တရားရေနပါလိ္မ့္ေပါ့… နည္းျပဆရာက ဘယ္ဘာသာဝင္မဆို ဗုဒၵဘာသာကို ေလ့လာခ်င္ရင္ ဗုဒၵေဟာခဲ့တဲ့ ကာလာမသုတ္အရ၊ သူမ်ားအေျပာ၊ အၾကားမဟုတ္ ကိုယ္တိုင္လက္ေတြ႔လုပ္ၾကည့္ပါလို႔ အခုလိုဖတ္ျပပါတယ္။

“When the Buddha was alive, he said to the Kāḷāmas: Now look, you Kāḷāmas. Be not misled by report or tradition or hearsay. Be not misled by proficiency in the collections, nor by reason or logic, nor after reflection on and approval of some theory; nor because it conforms with one’s inclination nor out of respect for the prestige of a teacher. But Kāḷāmas, when you know for yourselves, these things are unwholesome, these things are blameworthy, these things are censured by the intelligent; these things, when practiced and observed, conduce to loss and sorrow; then do 11 you reject them. But if at any time you know for yourselves, these things are wholesome, these things are blameless, these things are praised by the intelligent; these things when practiced and observed are conducive to welfare and happiness; then Kāḷāmas should you, having practiced them, abide therein.”