Thursday, December 17, 2020

ကြုံတောင့်ကြုံခဲ..ဆရာကြီးဦးဘခင်တရားစခန်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က Facebook မှာ တင်ခဲ့တဲ့ Post ကို မှတ်တမ်းအနေနဲ့ Blog မှာ ပြန်တင်တာဖြစ်ပါတယ်။

အမျိုးတို့ရေ။ နှစ်မကုန်ခင် ခွင့်လက်ကျန်လေးရတုန်း Maryland နဲ့ Pennsylvania နယ်စပ်မှာရှိတဲ့ Wesminster ဆိုတဲ့မြို့လေးနားက ဆရာကြီးဦးဘခင်ရဲ့ တောရတရားစခန်းလေးမှာ Weekend Meditation သင်တန်းတက်ဖြစ်ပါတယ်။ ခါးခွဲထားတော့ ထိုင်တာ၊ ထတာအစက ညှာညှာတာတာလေးနဲ့ နေနေရတဲ့အချိန်ဆိုတော့၊ ကိုယ့်ကိုကိုယ်လည်း တရားမှတ်ဖို့ ငြိမ်ငြိမ်နဲ့ ကြာကြာထိုင်နိုင်ပါ့မလားလို့ သံသယတွေနဲ့ သွားဖြစ်ခဲ့တာပါ။ သွားဖြစ်တဲ့အကြောင်းကလည်း အိမ်နီးချင်း အားကိုးရတဲ့ သမီးဝါဝါမော်က မာမီအေးကုသိုလ်လုပ်တဲ့ ကြာဇံသုတ်လာပို့ရင်း၊ သူ ဦးဘခင်တရားစခန်းမှာ ၁၀ ရက် တရားမှတ်သင်တန်းတက်ဖို့သွားမယ်လို့ ပြောပြတော့၊ ထုံးစံအတိုင်း စပ်စုချင်တဲ့ ဖွားလုံးက အန်တီလည်း လိုက်လို့ရရင်လိုက်ချင်တယ်လို့ လျှာရှည်မိရာက Online ကနေ Register လုပ်ကြည့်လိုက်တော့ လက်ခံတဲ့အကြောင်းပြန်လာပါတယ်။ ဒါနဲ့ အိမ်နီးချင်း၊ သမီးလိုရင်းနှီးနေတဲ့ မီမီး (ယမင်းလှသူဇာ) ရယ်၊ ဖွားလုံးရယ်၊ မဝါမောင်းတဲ့ကားနဲ့ ဆရာကြီးဦးဘခင်တရားစခန်းကို မြန်းခဲ့ကြပါတယ်။


အဲဒီတရားစခန်းကို လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က တခေါက်ရောက်ဘူးပါတယ်။ အိမ်ကနေ တ နာရီခွဲနီးပါးမောင်းရတဲ့ မြို့ပြင်ကို လီလီနဲ့ သွားခဲ့ကြဘူးပါတယ်။ ညနေခင်း နေဝင်ရီတရောမှာ လမ်းပျောက်ပြီး သင်းချိုင်းထဲတောင်ရောက်သွားခဲ့ပါသေးတယ်။ နံမည်ကြီးလှတဲ့ ဆရာကြီးဦးဘခင်တရားစခန်းကို ဝင်ချင်တယ်ဆိုပြီး မကြာခဏတွေးမိပေမဲ့ စိတ်ကနေဘဲရောက်ခဲ့တာ။ အခုတော့ တကယ်ရောက်ဖြစ်ခဲ့ပါပြီ။ ရောက်မယ့်ရောက်တော့လည်း ဆောင်းဦးမှာ ပထမဆုံးနှင်းကျတဲ့နေ့ဖြစ်နေပြန်ရော။




ငယ်သူငယ်ချင်းတချို့ ရန်ကုန်က ဦးဘခင်တရားစခန်းဝင်ဘူးတဲ့သူတွေပြောပြလို့ ဝစီပိတ်၊ သက်သတ်လွတ်နဲ့ ဥပုသ်စောင့်ရတယ်လို့ ကြားဘူးထားပါတယ်။ အခု စခန်းက ဘုန်းကြီးမရှိ၊ လူပုဂ္ဂိုလ်က တရားနည်းပြဖြစ်ပါတယ်။ တရားထိုင်တဲ့ ဓမ္မရုံမှာ ဘုရားဆင်းတုမထားပါဘူး။ လူမျိုးဘာသာမရွေး တရားမှတ်နိုင်အောင် ဆင်းတုမထားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆရာကြီးဦးဘခင်ဓါတ်ပုံနဲ့ ဆရာမကြီးရဲ့ ပုံတွေကို ဂါရဝပြုထားပါတယ်။ ဓမ္မာရုံရဲ့ ခေါင်းရင်းဘက်မှာ ကမ္ဘာအေးစေတီတဆူတည်ထားပြီး ဆင်းတုတော်တွေက အဲဒီမှာ ပူဇောထားပါတယ်။


မနက် ၄ နာရီခွဲကနေ ၅နာရီခွဲ တရားမှတ်၊ ၅ နာရီခွဲမှာ စုပေါင်းဘုရားဝတ်ပြု တရားနာ။ ၆ နာရီခွဲကနေ ၈ နာရီအထိ မနက်စာစားပြီး အနားယူ။ ၈ နာရီကနေ ၉ နာရီ တရားထိုင်၊ ၉နာရီခွဲမှာ တယောက်ချင်းစီ တရားစစ်မေး။ ၁၀ နာရီကနေ ၁၁ နာရီတရားထိုင်။ ၁၁ နာရီမှာ စုပေါင်းဝတ်ပြုပြီး နေ့လည် ၁ နာရီထိ ထမင်းစား၊ အနားယူ။ ၁ နာရီကနေ ၂ နာရီတရားထိုင်၊ နာရီဝက်နားပြီး။ ၃ နာရီမှာ တရားထိုင်၊ ၃ နာရီခွဲမှာနား၊ ၄ နာရီကနေ ၅ နာရီ တရားမှတ်။ ၅ နာရီခွဲမှာ တရားစစ် ၆ နာရီခွဲကနေ ၈ နာရီအထိ ထမင်းစား၊ အနားယူပြီး ၈ နာရီမှာ စုပေါင်းဝတ်ပြု ၉ နာရီအထိ တရားမှတ်ပြီး တန်းဖြုတ်ပေါ့။ စုပေါင်းဝတ်ပြုအစမှာ ဆရာမကြီးရွတ်ဆိုပူဇော်တဲ့ ဘုရားပင့်၊ နတ်သိကြားတွေပင့်နဲ့ အသံနဲ့ ဖွင့်ပါတယ်။ တနာရီတရားမှတ်ပြီးတိုင်း မေတ္တာသုတ်ဖွင့်ပါတယ်။ တရားစခန်းဝင်သူ ၂၅ ယောက်မှာ မြန်မာ အမျိုးသမီး ၅ယောက် (အနီးအနားမှာနေတဲ့ ဆရာဝန်မလေး ၂ ယောက် နဲ့ ဖွားလုံးတို့ ၃ ယောက်)၊ ဗီယက်နမ်အမျိုးသမီးတယောက်၊ Hindu ဆရာဝန်စုံတွဲနဲ့ ကျန်တာတွေက မျက်နှာဖြူတွေချည်းဘဲ။ Australia ကနေလာတဲ့လူလည်းပါတယ်။ Hippy လို စုံတွဲတတွဲလည်းလာကြတယ်။ ပါဠိကနေ English လိုဘာသာပြန်ထားတာကို နည်းပြဆရာက သူတို့တွေကိုပေးထားပြီးသားဆိုတော့ အားလုံးအဆုံးမှာ သာဓုခေါ်ကြပါတယ်။ နမောတဿ၊ သရဏဂုံသုံးပါး၊ ငါးပါး၊ ရှစ်ပါးသီလကိုလည်း ပါဠိလို ဆရာက တိုင်ပေးတိုင်း ညီညီညာညာ ရိုရိုသေသေ ရွတ်ဆိုကြတာတွေ့ရတော့ ကြည်နူးမိပါတယ်။ သင်တန်းသူအသစ် Fresher တွေက ၈ ပါးသီလယူဖို့မလိုဘူးတဲ့။ ထမင်းစားဆောင်က Hall ထဲမှာ စားစရာ၊ သောက်စရာတွေ မျိုးစုံ အလျှံပယ်၊ Rest ပေးတဲ့အချိန်မှာ ကြိူက်တာယူသုံးဆောင်ဖို့ခွင့်ပြုထားတယ်။ စားသောက်ပြီး ကိုယ့်ပန်းကန်ကိုယ်ဆေးကြောသုတ်သင်ပြီး ယူတဲ့နေရာပြန်ထားရပါတယ်။ ကျား-မ သီးသန့်ခွဲထားပေးတယ်။



တရားမှတ်တာကတော့ မဂ္ဂင် ၈ ပါး ဗုဒ္ဒလမ်းစဉ်ကို လက်တွေ့ကျင့်ကြံအားထုတ်ရတာပါဘဲ။ ဗုဒ္ဒဘာသာရဲ့ အနှစ်သာရ နေ့စဉ်လူနေမှုဘဝမှာ လက်တွေ့ကျင့်သုံးရတဲ့ ဗုဒ္ဒလမ်းစဉ်ပါဘဲ။ သီလ၊ သမာဓိ၊ ပညာ ၈ ပါးသော အလယ်အလတ်ကျင့်စဉ်အရ၊ ပထမ သီလဆောက်တည်ရပါတယ်။ ငါးပါး၊ ရှစ်ပါး၊ ကိုယ်ထိန်းနိုင်တဲ့သီလဆောက်တည်ပြီး၊ သမာဓိခိုင်တော့မှ၊ ဝိပဿနာဆိုတဲ့ ပညာကို ဆက်အားထုတ်ရမယ့်သဘောပါ။



သီလ Morality ကနေစပြောရမယ်ဆိုရင်.. သမ္မာဝါစာ (အမှန်ပြောခြင်း) Right Speech, သမ္မာကမန ္တ(အမှန်လုပ်ခြင်း) Right Action and သမ္မာအာဇီ၀ (အမှန်အသက်မွေးခြင်း) Right Livelihood. Right speech/ wrong speech ဘာမှမဖြစ်ရအောင် ဝစီပိတ်ခိုင်းလိုက်တာပါဘဲ။

ဒါလေးများ ဘာခက်လို့လဲပေါ့။ လက်တွေ့ကျတော့ ဒိုးခနဲ့ လှလှတွေ့တော့တာပါဘဲ။ နေဖို့ပေးတဲ့ အခန်းက ၃ ယောက်ခန်း။ ၂ ထပ်ကုတင်တလုံးနဲ့ တယောက်အိပ်ကုတင်တလုံး။ အမေရီကားက Motel တွေ အဆင့်ထက်သာတဲ့ ရေချိုးခန်းအိမ်သာ သန့်ပြန့်အဆင်ပြေတဲ့အခန်းပါ။ တရားစခန်း ဝင်တဲ့လူ မ-၁၅၊ ကျား-၁၀ ရှိပါတယ်။ မဝါနဲ့ တခန်းတည်းနေရပါတယ်။ ၃ ယောက်ခန်းမှာ ၂ ယောက်ပေါ့။ တစိမ်းနဲ့ဆိုရင်တော့ ဝစီပိတ်ကဘာခက်မှာလဲ။ ပြုံးပြရုံပေါ့။ မဝါနဲ့က တွေ့တာနဲ့ သားအမိတွေလို တွတ်ထိုးနေကြဆိုတော့၊ ပါးစပ်ပိတ်ထားရတာ တော်တော်ခက်တာဘဲ။ ရန်ဖြစ်ထားလို့ မခေါ်မပြောနေရသလိုခံစားရတာ။ တညအိပ်ပြီးနောက်တနေ့ တရားဖြုတ်အနားပေးတဲ့အချိန် မဝါက အခန်းပြင်ထွက်သွားပြီးပြန်အလာ ဝစီပိတ်ကိုမေ့ပြီး သမီးရေသွားချိုးတာလားလို့မေးမိတယ်။ မဝါကပြုံးပြတော့မှ ဟောတော့မေ့လို့ဆိုပြီး..ဘရိတ်အုပ်လိုက်ရတာ။ နောက်တော့ အကျင့်ရသွားပါတယ်။ သီလအရ သမ္မအာဇီဝ-အသက်ဝမ်းကျောင်းနဲ့ နေ့စဉ်လူနေမှုဘဝမှာလည်း မတရားတာမလုပ်တော့ သီလအသင့်အတင့်ရှိပြီလို့ ပြောရမှာပေါ့လေ။ (အရင်ကလုပ်ထားတဲ့ အပြစ်တွေကို တရားစခန်းဝင်တုန်း၊ ခဏမေ့ထားလိုက်တယ်။)



သမာဓိ Concentration – သမ္မာဝါယာမ (အမှန်အားထုတ်ခြင်း) Right Effort သမ္မာသတိ (အမှန်အောက်မေ့ခြင်း) ။ Right Mindfulness and သမ္မာသမာဓိ (အမှန်တည်ငြိမ်ခြင်း) Right Concentration… သမာဓိ..ကတော့..ဖျားဖျား..တ..ယူရတယ်။ အသက်ကသေခါနီးဆိုတော့လည်း ငရဲကြောက်ကြောက်နဲ့ မဆိုသလောက် တရားထိုင်ဘူးပါတယ်။ အင်းစိန်လမ်းက ညောင်ကန်အေးဆရာတော်ကျောင်းမှာ အခါတွင်း ၁၀ ရက်စခန်းမကြာခဏဝင်ဘူးပါတယ်။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာရင်း ထိုင်ခဲ့ဘူးတဲ့နည်းနဲ့က ရင်းနှီးနေခဲ့တာ။ နောက် ပဋိစ္စသမုပါဒ်ကိုလည်း အနည်းအပါးတီးမိခေါက်မိလောက်တော့ လေ့လာထားဘူးပါတယ်။ ရာစုနှစ်ရဲ့ လေးပုံတပုံလောက်တယောက်တည်းနေခဲ့တော့လည်း ဆိတ်ငြိမ်နေတဲ့အခါမှာ တရားထိုင်ဖြစ်ပါတယ်။ သတိရှိရှိနဲ့ မှတ်တဲ့သဘောပါ။ ဆရာကြီးဦးဘခင်စခန်းအတွက် Registration လုပ်တော့ ပုံစံဖြည့်ရပါတယ်။ အဲဒီမှာမေးထားတာက တရားစခန်းဝင်ဘူးလား၊ ဘယ်လိုနည်းနဲ့ထိုင်ဘူးလဲ။ စသဖြင့်ပေါ့။ အော်..တရားထိုင်တာတွေနဲ့ ပတ်သက်ရင်တော့ ကိုယ်က မူကြိုအဆင့်ထက်မပိုဘူးလို့ သဘောထားပြီး လူသစ်တန်းအနေနဲ့ ဘဲ ဖြည့်ထားတာ။ White lies ဆိုပေမဲ့ မုသာဝါဒတော့ Minus ပြပြီးသား။



သမာဓိလေ့ကျင့်ခန်းက အာနပါန ဝင်လေ၊ ထွက်လေနဲ့ နှာဝနဲ့ အပေါ်နှုတ်ခမ်းကြား လေထိတဲ့အသိကိုသတိနဲ့ မှတ်ရတာပါ။ ဒါလေးများ ရှူတယ်၊ ထုတ်တယ်။ ထိတယ်ပေါ့။ အောင်မြတ်လေး မှတ်ကြည့်တော့မှ အလွယ်ဆုံးအသက်ရှူတာကို တချိန်လုံးမှတ်ရတာ အခက်ဆုံးဖြစ်တော့တာပါဘဲ။ မဟာစည်နည်းလို ဝေဒနာလည်းမရှုရတော့ အာရုံစိုက်ရတာအတော်အားထုတ်ရပါတယ်။ ခါးခွဲထားတာ နာလံထဆိုပေမဲ့ မထင်မှတ်လောက်အောင် တနာရီအပြည့်ခြေမကြင်ဘဲထိုင်နိုင်ပါတယ်။ အာနပါနက ရှုနေကျမဟုတ်တော့ အစပိုင်းမှာခက်ပါတယ်။ ဆရာတရားစစ်တဲ့အချိန် မြင်တာ၊ ဖြစ်တာပြောဆိုတော့၊ ထိုင်နေကျ တည်ငြိမ်လာရင် စိတ်ကအေးဆေးပြီး နဖူးအထက်ပိုင်းမှာ လင်းနေသလို၊ မျက်စေ့ထဲမှာလည်း ခရမ်းပြာအရောင်စက်ဝိုင်းက ဝေးသွားလိုက်နီးလာလိုက်နဲ့ လူရောစိတ်ကိုပေါ့ပါးပြီး တခါတလေ လူပါပျောက်သွားသလိုခံစားရတာကိုပြောပြမိတော့၊ အဲဒါတွေမေ့ထားလိုက်ပါတဲ့၊ သဘောကတော့ “A little knowledge is a dangerous thing” ပေါ့။

မြင်တာတွေ၊ ခံစားရတာတွေက ပျောက်သွားတတ်ပါတယ်တယ်တဲ့။ မသေမချင်းမပျောက်တာက အာနပါနပါဘဲတဲ့။ အဲဒါကြောင့် အာနပါနမှတ်နေရင်း စိတ်ပြန့်လွင့်ရင် အသက်ပြင်းပြင်းရှှုသွင်းပြီး ပြန်အာရုံစိုက်ကြည့်ဖို့ တိုက်တွန်းပါတယ်။ သူ့နည်းအတိုင်း အာရုံစိုက်လိုက်မှတ်တဲ့အခါ နှာသီးဖြားကထွက်တဲ့လေ နှုတ်ခမ်းအပေါ်ကိုထိတဲ့အသိခံစားမိလာပါတယ်။ နောက်တခါတရားစစ်တော့..ဆရာ့နည်းကအိုကေပါတယ်။

ဒါပေသိ..သိတဲ့အတိုင်း.. My mind is wandering around the world and been to Rangoon from time to time လို့ဖြေခဲ့ရပါသေးတယ်။ အဲဒီ နှာဖြားကထွက်တဲ့လေက နူးညံ့လွန်းတော့ သိပ်မသိသာဘူးလေ။ နောက်တခါတရားစစ်တော့ This breath is really delicate and it’s barely noticeable. It’s like unbearable lightness of being ဆိုတော့ ဆရာနဲ့ ဓမ္မမိတ်ဆွေတွေက ပွဲကျသွားပါလေရော။ ဆရာကတရားထိုင်ရင် စိတ်ပြန့်လွင့်တာများရင် ချုပ်မထားဘဲ နေသာသလိုထိုင်၊ လမ်းထလျှောက်၊ Flexible ဖြစ်အောင်နေခိုင်းပါတယ်။ မဟာစည်မှာလို စင်္ကြန်လျှောက်တာမပါပေမဲ့ လမ်းလျှောက်ပြီး အညောင်းဖြေလို့ရပါတယ်။

၃ ရက်တရားစခန်းကနေ သမာဓိရအောင် အားထုတ်ခဲ့တာ နှမ်းတစေ့တောင်မဟုတ် သဲတပွင့်ရဲ့ အပုံတရာပုံတပုံလောက်၊ အထိုက်အလျောက်ရခဲ့တယ်ဘဲဆိုပါစို့။ ၁၀ ရက်စခန်းမှာ ၅ ရက်က သမာဓိသဘောသိအောင် ကျင့်၊ ကျန် ၅ ရက်က ပညာသဘောကို သိအောင်ကျင့်ကြံအားထုတ်ခိုင်း တာဖြစ်ပါတယ်။ ပညာ Wisdom – သမ္မာဒိဌိ (အမှန်သိခြင်း) Right Understanding and သမ္မာသင်္ကပ (အမှန်ကြံစည်ခြင်း) Right Aspiration. သမာဓိကိုတောင် မူကြိုအဆင့် မပြီးခဲ့ဘဲ ပြန်လာခဲ့တဲ့ အတွေ့အကြုံကို မျှဝေလိုက်တာပါ။ အိမ်မှာဆက်ပြီးမှတ်ဖို့ ဆရာကတိုက်တွန်းပါတယ်။ နွေရာသီ ၁၀ ရက်စခန်းအတွက် စိတ်ကိုပြင်ဆင်နေမိပါတယ်…ငယ်ငယ်ကတည်းက ဦးဘခင်တရားစခန်းဝင်ခဲ့တဲ့ သူငယ်ချင်းတွေကပြောကြမှာဘဲ။ မိလုံးတယောက်အခုမှ ဘာအရူးထပြီး တရားစခန်းဝင်၊ အကျွတ်တရားရနေပါလိမ့်ပေါ့… 

နည်းပြဆရာက ဘယ်ဘာသာဝင်မဆို ဗုဒ္ဒဘာသာကို လေ့လာချင်ရင် ဗုဒ္ဒဟောခဲ့တဲ့ ကာလာမသုတ်အရ၊ သူများအပြော၊ အကြားမဟုတ် ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ပါလို့ အခုလိုဖတ်ပြပါတယ်။

“When the Buddha was alive, he said to the Kāḷāmas: Now look, you Kāḷāmas. Be not misled by report or tradition or hearsay. Be not misled by proficiency in the collections, nor by reason or logic, nor after reflection on and approval of some theory; nor because it conforms with one’s inclination nor out of respect for the prestige of a teacher. But Kāḷāmas, when you know for yourselves, these things are unwholesome, these things are blameworthy, these things are censured by the intelligent; these things, when practiced and observed, conduce to loss and sorrow; then do 11 you reject them. But if at any time you know for yourselves, these things are wholesome, these things are blameless, these things are praised by the intelligent; these things when practiced and observed are conducive to welfare and happiness; then Kāḷāmas should you, having practiced them, abide therein.”

http://www.internationalmeditationcenter.org/

 

Zawgyi

ႀကံဳေတာင့္ႀကံဳခဲ..ဆရာႀကီးဦးဘခင္တရားစခန္း

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၁၄ ရက္ေန႔က Facebook မွာ တင္ခဲ့တဲ့ Post ကို မွတ္တမ္းအေနနဲ႕ Blog မွာ ျပန္တင္တာျဖစ္ပါတယ္။

အမ်ိဳးတို႔ေရ။ ႏွစ္မကုန္ခင္ ခြင့္လက္က်န္ေလးရတုန္း Maryland နဲ႔ Pennsylvania နယ္စပ္မွာရွိတဲ့ Wesminster ဆိုတဲ့ၿမိဳ႕ေလးနားက ဆရာႀကီးဦးဘခင္ရဲ႕ ေတာရတရားစခန္းေလးမွာ Weekend Meditation သင္တန္းတက္ျဖစ္ပါတယ္။ ခါးခြဲထားေတာ့ ထိုင္တာ၊ ထတာအစက ညွာညွာတာတာေလးနဲ႔ ေနေနရတဲ့အခ်ိန္ဆိုေတာ့၊ ကိုယ့္ကိုကိုယ္လည္း တရားမွတ္ဖို႔ ၿငိမ္ၿငိမ္နဲ႔ ၾကာၾကာထိုင္ႏိုင္ပါ့မလားလို႔ သံသယေတြနဲ႔ သြားျဖစ္ခဲ့တာပါ။ သြားျဖစ္တဲ့အေၾကာင္းကလည္း အိမ္နီးခ်င္း အားကိုးရတဲ့ သမီးဝါဝါေမာ္က မာမီေအးကုသိုလ္လုပ္တဲ့ ၾကာဇံသုတ္လာပို႔ရင္း၊ သူ ဦးဘခင္တရားစခန္းမွာ ၁၀ ရက္ တရားမွတ္သင္တန္းတက္ဖို႔သြားမယ္လို႔ ေျပာျပေတာ့၊ ထံုးစံအတိုင္း စပ္စုခ်င္တဲ့ ဖြားလံုးက အန္တီလည္း လိုက္လို႔ရရင္လိုက္ခ်င္တယ္လို႔ လွ်ာရွည္မိရာက Online ကေန Register လုပ္ၾကည့္လိုက္ေတာ့ လက္ခံတဲ့အေၾကာင္းျပန္လာပါတယ္။ ဒါနဲ႔ အိမ္နီးခ်င္း၊ သမီးလိုရင္းႏွီးေနတဲ့ မီမီး (ယမင္းလွသူဇာ) ရယ္၊ ဖြားလံုးရယ္၊ မဝါေမာင္းတဲ့ကားနဲ႔ ဆရာႀကီးဦးဘခင္တရားစခန္းကို ျမန္းခဲ့ၾကပါတယ္။




အဲဒီတရားစခန္းကို လြန္ခဲ့တဲ့ ၁၈ နွစ္ေလာက္က တေခါက္ေရာက္ဘူးပါတယ္။ အိမ္ကေန တ နာရီခြဲနီးပါးေမာင္းရတဲ့ ၿမိဳ႕ုျပင္ကို လီလီနဲ႔ သြားခဲ့ၾကဘူးပါတယ္။ ညေနခင္း ေနဝင္ရီတေရာမွာ လမ္းေပ်ာက္ၿပီး သင္းခ်ိဳင္းထဲေတာင္ေရာက္သြားခဲ့ပါေသးတယ္။ နံမည္ႀကီးလွတဲ့ ဆရာႀကီးဦးဘခင္တရားစခန္းကို ဝင္ခ်င္တယ္ဆိုၿပီး မၾကာခဏေတြးမိေပမဲ့ စိတ္ကေနဘဲေရာက္ခဲ့တာ။ အခုေတာ့ တကယ္ေရာက္ျဖစ္ခဲ့ပါၿပီ။ ေရာက္မယ့္ေရာက္ေတာ့လည္း ေဆာင္းဦးမွာ ပထမဆံုးႏွင္းက်တဲ့ေန႔ျဖစ္ေနျပန္ေရာ။




ငယ္သူငယ္ခ်င္းတခ်ိဳ႕ ရန္ကုန္က ဦးဘခင္တရားစခန္းဝင္ဘူးတဲ့သူေတြေျပာျပလို႔ ဝစီပိတ္၊ သက္သတ္လြတ္နဲ႔ ဥပုသ္ေစာင့္ရတယ္လို႔ ၾကားဘူးထားပါတယ္။ အခု စခန္းက ဘုန္းႀကီးမရွိ၊ လူပုဂၢိဳလ္က တရားနည္းျပျဖစ္ပါတယ္။ တရားထိုင္တဲ့ ဓမၼရံုမွာ ဘုရားဆင္းတုမထားပါဘူး။ လူမ်ိဳးဘာသာမေရြး တရားမွတ္ႏိုင္ေအာင္ ဆင္းတုမထားတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဆရာႀကီးဦးဘခင္ဓါတ္ပံုနဲ႔ ဆရာမႀကီးရဲ႕ ပံုေတြကို ဂါရဝျပဳထားပါတယ္။ ဓမၼာရံုရဲ႕ ေခါင္းရင္းဘက္မွာ ကမၻာေအးေစတီတဆူတည္ထားၿပီး ဆင္းတုေတာ္ေတြက အဲဒီမွာ ပူေဇာ္ထားပါတယ္။




မနက္ ၄ နာရီခြဲကေန ၅နာရီခြဲ တရားမွတ္၊ ၅ နာရီခြဲမွာ စုေပါင္းဘုရားဝတ္ျပဳ တရားနာ။ ၆ နာရီခြဲကေန ၈ နာရီအထိ မနက္စာစားၿပီး အနားယူ။ ၈ နာရီကေန ၉ နာရီ တရားထိုင္၊ ၉နာရီခြဲမွာ တေယာက္ခ်င္းစီ တရားစစ္ေမး။ ၁၀ နာရီကေန ၁၁ နာရီတရားထိုင္။ ၁၁ နာရီမွာ စုေပါင္းဝတ္ျပဳၿပီး ေန ႔လည္ ၁ နာရီထိ ထမင္းစား၊ အနားယူ။ ၁ နာရီကေန ၂ နာရီတရားထိုင္၊ နာရီဝက္နားၿပီး။ ၃ နာရီမွာ တရားထိုင္၊ ၃ နာရီခြဲမွာနား၊ ၄ နာရီကေန ၅ နာရီ တရားမွတ္။ ၅ နာရီခြဲမွာ တရားစစ္ ၆ နာရီခြဲကေန ၈ နာရီအထိ ထမင္းစား၊ အနားယူၿပီး ၈ နာရီမွာ စုေပါင္းဝတ္ျပဳ ၉ နာရီအထိ တရားမွတ္ၿပီး တန္းျဖဳတ္ေပါ့။ စုေပါင္းဝတ္ျပဳအစမွာ ဆရာမႀကီးရြတ္ဆိုပူေဇာ္တဲ့ ဘုရားပင့္၊ နတ္သိၾကားေတြပင့္နဲ႔ အသံနဲ့ ဖြင့္ပါတယ္။ တနာရီတရားမွတ္ၿပီးတိုင္း ေမတၱာသုတ္ဖြင့္ပါတယ္။ တရားစခန္းဝင္သူ ၂၅ ေယာက္မွာ ျမန္မာ အမ်ိဳးသမီး ၅ေယာက္ (အနီးအနားမွာေနတဲ့ ဆရာဝန္မေလး ၂ ေယာက္ နဲ႔ ဖြားလံုးတို႔ ၃ ေယာက္)၊ ဗီယက္နမ္အမ်ိဳးသမီးတေယာက္၊ Hindu ဆရာဝန္စံုတြဲနဲ႔ က်န္တာေတြက မ်က္ႏွာျဖဴေတြခ်ည္းဘဲ။ Australia ကေနလာတဲ့လူလည္းပါတယ္။ Hippy လို စံုတြဲတတြဲလည္းလာၾကတယ္။ ပါဠိကေန English လိုဘာသာျပန္ထားတာကို နည္းျပဆရာက သူတို႔ေတြကိုေပးထားၿပီးသားဆိုေတာ့ အားလံုးအဆံုးမွာ သာဓုေခၚၾကပါတယ္။ နေမာတႆ၊ သရဏဂံုသံုးပါး၊ ငါးပါး၊ ရွစ္ပါးသီလကိုလည္း ပါဠိလို ဆရာက တိုင္ေပးတိုင္း ညီညီညာညာ ရိုရိုေသေသ ရြတ္ဆိုၾကတာေတြ႔ရေတာ့ ၾကည္ႏူးမိပါတယ္။



သင္တန္းသူအသစ္ Fresher ေတြက ၈ ပါးသီလယူဖို႔မလိုဘူးတဲ့။ ထမင္းစားေဆာင္က Hall ထဲမွာ စားစရာ၊ ေသာက္စရာေတြ မ်ိဳးစံု အလွ်ံပယ္၊ Rest ေပးတဲ့အခ်ိန္မွာ ႀကိဴက္တာယူသံုးေဆာင္ဖို႔ခြင့္ျပဳထားတယ္။ စားေသာက္ၿပီး ကိုယ့္ပန္းကန္ကိုယ္ေဆးေၾကာသုတ္သင္ၿပီး ယူတဲ့ေနရာျပန္ထားရပါတယ္။ က်ား-မ သီးသန္႔ခြဲထားေပးတယ္။




တရားမွတ္တာကေတာ့ မဂၢင္ ၈ ပါး ဗုဒၵလမ္းစဥ္ကို လက္ေတြ႔က်င့္ႀကံအားထုတ္ရတာပါဘဲ။ ဗုဒၵဘာသာရဲ႕ အႏွစ္သာရ ေန႔စဥ္လူေနမႈဘဝမွာ လက္ေတြ႔က်င့္သံုးရတဲ့ ဗုဒၵလမ္းစဥ္ပါဘဲ။ သီလ၊ သမာဓိ၊ ပညာ ၈ ပါးေသာ အလယ္အလတ္က်င့္စဥ္အရ၊ ပထမ သီလေဆာက္တည္ရပါတယ္။ ငါးပါး၊ ရွစ္ပါး၊ ကိုယ္ထိန္းႏိုင္တဲ့သီလေဆာက္တည္ၿပီး၊ သမာဓိခိုင္ေတာ့မွ၊ ဝိပႆနာဆိုတဲ့ ပညာကို ဆက္အားထုတ္ရမယ့္သေဘာပါ။ သီလ Morality ကေနစေျပာရမယ္ဆိုရင္.. သမၼာ၀ါစာ (အမွန္ေျပာျခင္း) Right Speech, သမၼာကမႏ ၱ(အမွန္လုပ္ျခင္း) Right Action and သမၼာအာဇီ၀ (အမွန္အသက္ေမြးျခင္း) Right Livelihood. Right speech/ wrong speech ဘာမွမျဖစ္ရေအာင္ ဝစီပိတ္ခိုင္းလိုက္တာပါဘဲ။




ဒါေလးမ်ား ဘာခက္လို႔လဲေပါ့။ လက္ေတြ႔က်ေတာ့ ဒိုးခနဲ႔ လွလွေတြ႔ေတာ့တာပါဘဲ။ ေနဖို႔ေပးတဲ့ အခန္းက ၃ ေယာက္ခန္း။ ၂ ထပ္ကုတင္တလံုးနဲ႔ တေယာက္အိပ္ကုတင္တလံုး။ အေမရီကားက Motel ေတြ အဆင့္ထက္သာတဲ့ ေရခ်ိဳးခန္းအိမ္သာ သန္႔ျပန္႔အဆင္ေျပတဲ့အခန္းပါ။ တရားစခန္း ဝင္တဲ့လူ မ-၁၅၊ က်ား-၁၀ ရွိပါတယ္။ မဝါနဲ႔ တခန္းတည္းေနရပါတယ္။ ၃ ေယာက္ခန္းမွာ ၂ ေယာက္ေပါ့။ တစိမ္းနဲ႔ဆိုရင္ေတာ့ ဝစီပိတ္ကဘာခက္မွာလဲ။ ၿပံဳးျပရံုေပါ့။ မဝါနဲ႔က ေတြ႔တာနဲ႔ သားအမိေတြလို တြတ္ထိုးေနၾကဆိုေတာ့၊ ပါးစပ္ပိတ္ထားရတာ ေတာ္ေတာ္ခက္တာဘဲ။ ရန္ျဖစ္ထားလို႔ မေခၚမေျပာေနရသလိုခံစားရတာ။ တညအိပ္ၿပီးေနာက္တေန႔ တရားျဖဳတ္အနားေပးတဲ့အခ်ိန္ မဝါက အခန္းျပင္ထြက္သြားၿပီးျပန္အလာ ဝစီပိတ္ကိုေမ့ၿပီး သမီးေရသြားခ်ိဳးတာလားလို႔ေမးမိတယ္။ မဝါကၿပံဳးျပေတာ့မွ ေဟာေတာ့ေမ့လို႔ဆိုၿပီး..ဘရိတ္အုပ္လိုက္ရတာ။ ေနာက္ေတာ့ အက်င့္ရသြားပါတယ္။ သီလအရ သမၼအာဇီဝ-အသက္ဝမ္းေက်ာင္းနဲ႔ ေန႔စဥ္လူေနမႈဘဝမွာလည္း မတရားတာမလုပ္ေတာ့ သီလအသင့္အတင့္ရွိၿပီလို႔ ေျပာရမွာေပါ့ေလ။ (အရင္ကလုပ္ထားတဲ့ အျပစ္ေတြကို တရားစခန္းဝင္တုန္း၊ ခဏေမ့ထားလိုက္တယ္။)




သမာဓိ Concentration – သမၼာ၀ါယာမ (အမွန္အားထုတ္ျခင္း) Right Effort သမၼာသတိ (အမွန္ေအာက္ေမ့ျခင္း) ။ Right Mindfulness and သမၼာသမာဓိ (အမွန္တည္ၿငိမ္ျခင္း) Right Concentration… သမာဓိ..ကေတာ့..ဖ်ားဖ်ား..တ..ယူရတယ္။ အသက္ကေသခါနီးဆိုေတာ့လည္း ငရဲေၾကာက္ေၾကာက္နဲ႔ မဆိုသေလာက္ တရားထိုင္ဘူးပါတယ္။ အင္းစိန္လမ္းက ေညာင္ကန္ေအးဆရာေတာ္ေက်ာင္းမွာ အခါတြင္း ၁၀ ရက္စခန္းမၾကာခဏဝင္ဘူးပါတယ္။ မဟာစည္ဆရာေတာ္ဘုရားႀကီးရဲ႕ အလုပ္ေပးတရားနာရင္း ထိုင္ခဲ့ဘူးတဲ့နည္းနဲ႔က ရင္းႏွီးေနခဲ့တာ။ ေနာက္ ပဋိစၥသမုပါဒ္ကိုလည္း အနည္းအပါးတီးမိေခါက္မိေလာက္ေတာ့ ေလ့လာထားဘူးပါတယ္။ ရာစုႏွစ္ရဲ႕ ေလးပံုတပံုေလာက္တေယာက္တည္းေနခဲ့ေတာ့လည္း ဆိတ္ၿငိမ္ေနတဲ့အခါမွာ တရားထိုင္ျဖစ္ပါတယ္။ သတိရွိရွိနဲ႔ မွတ္တဲ့သေဘာပါ။ ဆရာႀကီးဦးဘခင္စခန္းအတြက္ Registration လုပ္ေတာ့ ပံုစံျဖည့္ရပါတယ္။ အဲဒီမွာေမးထားတာက တရားစခန္းဝင္ဘူးလား၊ ဘယ္လိုနည္းနဲ႔ထိုင္ဘူးလဲ။ စသျဖင့္ေပါ့။ ေအာ္..တရားထိုင္တာေတြနဲ႔ ပတ္သက္ရင္ေတာ့ ကိုယ္က မူႀကိဳအဆင့္ထက္မပိုဘူးလို႔ သေဘာထားၿပီး လူသစ္တန္းအေနနဲ႔ ဘဲ ျဖည့္ထားတာ။ White lies ဆိုေပမဲ့ မုသာဝါဒေတာ့ Minus ျပၿပီးသား။

သမာဓိေလ့က်င့္ခန္းက အာနပါန ဝင္ေလ၊ ထြက္ေလနဲ႔ ႏွာဝနဲ႔ အေပၚႏႈတ္ခမ္းၾကား ေလထိတဲ့အသိကိုသတိနဲ႔ မွတ္ရတာပါ။ ဒါေလးမ်ား ရွဴတယ္၊ ထုတ္တယ္။ ထိတယ္ေပါ့။ ေအာင္ျမတ္ေလး မွတ္ၾကည့္ေတာ့မွ အလြယ္ဆံုးအသက္ရွဴတာကို တခ်ိန္လံုးမွတ္ရတာ အခက္ဆံုးျဖစ္ေတာ့တာပါဘဲ။ မဟာစည္နည္းလို ေဝဒနာလည္းမရႈရေတာ့ အာရံုစိုက္ရတာအေတာ္အားထုတ္ရပါတယ္။ ခါးခြဲထားတာ နာလံထဆိုေပမဲ့ မထင္မွတ္ေလာက္ေအာင္ တနာရီအျပည့္ေျခမၾကင္ဘဲထိုင္ႏိုင္ပါတယ္။ အာနပါနက ရႈေနက်မဟုတ္ေတာ့ အစပိုင္းမွာခက္ပါတယ္။ ဆရာတရားစစ္တဲ့အခ်ိန္ ျမင္တာ၊ ျဖစ္တာေျပာဆိုေတာ့၊ ထိုင္ေနက် တည္ၿငိမ္လာရင္ စိတ္ကေအးေဆးၿပီး နဖူးအထက္ပိုင္းမွာ လင္းေနသလို၊ မ်က္ေစ့ထဲမွာလည္း ခရမ္းျပာအေရာင္စက္ဝိုင္းက ေဝးသြားလိုက္နီးလာလိုက္နဲ႔ လူေရာစိတ္ကိုေပါ့ပါးၿပီး တခါတေလ လူပါေပ်ာက္သြားသလိုခံစားရတာကိုေျပာျပမိေတာ့၊ အဲဒါေတြေမ့ထားလိုက္ပါတဲ့၊ သေဘာကေတာ့ “A little knowledge is a dangerous thing” ေပါ့။

ျမင္တာေတြ၊ ခံစားရတာေတြက ေပ်ာက္သြားတတ္ပါတယ္တယ္တဲ့။ မေသမခ်င္းမေပ်ာက္တာက အာနပါနပါဘဲတဲ့။ အဲဒါေၾကာင့္ အာနပါနမွတ္ေနရင္း စိတ္ျပန္႔လြင့္ရင္ အသက္ျပင္းျပင္းရွႈသြင္းၿပီး ျပန္အာရံုစိုက္ၾကည့္ဖို႔ တိုက္တြန္းပါတယ္။ သူ႔နည္းအတိုင္း အာရံုစိုက္လိုက္မွတ္တဲ့အခါ ႏွာသီးျဖားကထြက္တဲ့ေလ ႏႈတ္ခမ္းအေပၚကိုထိတဲ့အသိခံစားမိလာပါတယ္။ ေနာက္တခါတရားစစ္ေတာ့..ဆရာ့နည္းကအိုေကပါတယ္။ ဒါေပသိ..သိတဲ့အတိုင္း.. My mind is wandering around the world and been to Rangoon from time to time လို႔ေျဖခဲ့ရပါေသးတယ္။ အဲဒီ ႏွာျဖားကထြက္တဲ့ေလက ႏူးညံ့လြန္းေတာ့ သိပ္မသိသာဘူးေလ။ ေနာက္တခါတရားစစ္ေတာ့ This breath is really delicate and it’s barely noticeable. It’s like unbearable lightness of being ဆိုေတာ့ ဆရာနဲ႔ ဓမၼမိတ္ေဆြေတြက ပြဲက်သြားပါေလေရာ။ ဆရာကတရားထိုင္ရင္ စိတ္ျပန္႔လြင့္တာမ်ားရင္ ခ်ဳပ္မထားဘဲ ေနသာသလိုထိုင္၊ လမ္းထေလွ်ာက္၊ Flexible ျဖစ္ေအာင္ေနခိုင္းပါတယ္။ မဟာစည္မွာလို စၾကၤန္ေလွ်ာက္တာမပါေပမဲ့ လမ္းေလွ်ာက္ၿပီး အေညာင္းေျဖလို႔ရပါတယ္။

၃ ရက္တရားစခန္းကေန သမာဓိရေအာင္ အားထုတ္ခဲ့တာ ႏွမ္းတေစ့ေတာင္မဟုတ္ သဲတပြင့္ရဲ႕ အပံုတရာပံုတပံုေလာက္၊ အထိုက္အေလ်ာက္ရခဲ့တယ္ဘဲဆိုပါစို႔။ ၁၀ ရက္စခန္းမွာ ၅ ရက္က သမာဓိသေဘာသိေအာင္ က်င့္၊ က်န္ ၅ ရက္က ပညာသေဘာကို သိေအာင္က်င့္ႀကံအားထုတ္ခိုင္း တာျဖစ္ပါတယ္။ ပညာ Wisdom – သမၼာဒိဌိ (အမွန္သိျခင္း) Right Understanding and သမၼာသကၤပ (အမွန္ႀကံစည္ျခင္း) Right Aspiration.

သမာဓိကိုေတာင္ မူႀကိဳအဆင့္ မၿပီးခဲ့ဘဲ ျပန္လာခဲ့တဲ့ အေတြ႔အႀကံဳကို မွ်ေဝလိုက္တာပါ။ အိမ္မွာဆက္ၿပီးမွတ္ဖို႔ ဆရာကတိုက္တြန္းပါတယ္။ ေႏြရာသီ ၁၀ ရက္စခန္းအတြက္ စိတ္ကိုျပင္ဆင္ေနမိပါတယ္…ငယ္ငယ္ကတည္းက ဦးဘခင္တရားစခန္းဝင္ခဲ့တဲ့ သူငယ္ခ်င္းေတြကေျပာၾကမွာဘဲ။ မိလံုးတေယာက္အခုမွ ဘာအရူးထၿပီး တရားစခန္းဝင္၊ အကၽြတ္တရားရေနပါလိ္မ့္ေပါ့… နည္းျပဆရာက ဘယ္ဘာသာဝင္မဆို ဗုဒၵဘာသာကို ေလ့လာခ်င္ရင္ ဗုဒၵေဟာခဲ့တဲ့ ကာလာမသုတ္အရ၊ သူမ်ားအေျပာ၊ အၾကားမဟုတ္ ကိုယ္တိုင္လက္ေတြ႔လုပ္ၾကည့္ပါလို႔ အခုလိုဖတ္ျပပါတယ္။

“When the Buddha was alive, he said to the Kāḷāmas: Now look, you Kāḷāmas. Be not misled by report or tradition or hearsay. Be not misled by proficiency in the collections, nor by reason or logic, nor after reflection on and approval of some theory; nor because it conforms with one’s inclination nor out of respect for the prestige of a teacher. But Kāḷāmas, when you know for yourselves, these things are unwholesome, these things are blameworthy, these things are censured by the intelligent; these things, when practiced and observed, conduce to loss and sorrow; then do 11 you reject them. But if at any time you know for yourselves, these things are wholesome, these things are blameless, these things are praised by the intelligent; these things when practiced and observed are conducive to welfare and happiness; then Kāḷāmas should you, having practiced them, abide therein.”

Tuesday, October 20, 2020

အေဖ အသက္ ၁၀၀ ျပည့္အမွတ္တရ... 



အော်...ဘာလိုလိုနဲ့ အဖေဆုံးတာ ၁၀ နှစ်တောင်ရှိသွားပြီ။ အသက် ၉၀ မှာဆုံးတာဆိုတော့ အဖေရှိသေးရင် အခုဆို အသက် ၁၀၀ ပြည့်တဲ့နှစ်ပေါ့။ တိုင်းပြည်အခြေအနေအရ ပြန်လို့မရတဲ့ အချိန်ဆိုတော့ အဖေ့နောက်ဆုံးခရီးမှာ အဝေးကနေဘဲ ကန်တော့ဖြစ်ပါတယ်။ အဖေက နောက်ဆုံးနေမကောင်းဖြစ်တော့၊ ဆေးရုံမသွားခင် သူခန္ဓာကိုယ်လှူထားတဲ့ Certificate ကို သူကိုယ်တိုင်ယူပြီး ဆေးရုံကုတင်ခေါင်းရင်းမှာ တင်ထားတာတဲ့။  အဖေမဆုံးခင် ဖုန်းပြောဖြစ်တော့ သူနေကောင်းတယ်တဲ့၊ စိတ်မပူနဲ့တဲ့၊ အဆင်ပြေအောင်နေတဲ့။ သူ့မြေးတွေအကြောင်းမေး၊ အဖေက မလုံးကလေး ၃ ယောက် ဖိုးပါ၊ ဖိုးတာနဲ့ ဝါဝါ တို့ရဲ့ ပညာရေး Status ကို အမြဲမေး။ သူက ရန်ကုန်မှာ ပြုစုမယ့်လူတွေ ဝိုင်းဝိုင်းလည်နေတာတဲ့၊ ခပ်ပျော်ပျော်၊ ရယ်ရယ်မောမောဘဲပြောနေတာ။ သူဘာမှမဖြစ်သလိုပါဘဲ။ မဆုံးခင်အချိန်အထိ သတိအမြဲရှိနေခဲ့တယ်လို့ ယူဆရပါတယ်။ အဖေ့ကို ဆေးရုံမှာအနီးကပ်ပြုစုတဲ့ သမီးအကြီးဆုံးဒေါက်တာမေမြင့်ဦးရဲ့ မွေးနေ့က အောက်တိုဘာလ ၁၇ ရက်နေ့၊ ခဲအိုဒေါက်တာခင်မောင်သွင်က သူ့ဇနီး အဖေ့အနားမှာ နေ့ညပြုစုနေရလို့ပင်ပန်းတာရယ်၊ မွေးနေ့ Breakfast စားဖို့ အပြင်ခေါ်ထုတ်တဲ့အချိန်နောက်ပိုင်း၊ အဲဒီနေ့မှာဘဲ အဖေဆုံးသွားတာဆိုတော့ လွတ်လွတ်ကျွတ်ကျွတ် ဘဝကူးပြောင်းနိုင်ခဲ့ပုံရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့အဖေ၊ မသေခင် သူ့ပိုင်ဆိုင်မှုတွေ အားလုံး သားကြီးနံမည်နဲ့ လွှဲပေးခဲ့၊ လှူစရာရှိတာတွေ အပြတ်လှူ (နိုင်ငံတော်ကပေးအပ်တဲ့ ဆုတွေကို ရခိုင်ပြည်နယ်ကပြတိုက်ကိုလှူခဲ့တာ၊ ပါလီမန်အစိုးရလက်ထက်က ရခဲ့တဲ့ ၃ ကျပ်သား ဇေယျကျော်ထင်ရွှေပြား အပါအဝင် ဆုတံဆိပ်တွေ)၊ ပိုင်ဆိုင်တာဆိုလို့ သုဝဏ္ဏ လူကြီးမွဲရပ်ကွက်က အိမ်အိုလေးတလုံးပါ။ သူ့သားကြီးကိုဝေလင်းအောင်ကိုလည်း မှာခဲ့တယ်။  မောင်နှမတွေ ဥမကွဲသိုက်မပျက် ချစ်ချစ်ခင်ခင်နေကြဖို့။ 

အမေကလည်း အဖေ့ထက်တောင် လောဘနည်းပါတယ်။ နှစ်ဘက်အမျိုး ဘယ်သူလာလာ၊ မငြိုညင်ဘူး။ လျက်လျော ပေးကမ်းတဲ့နေရာမှာ စံပြ၊ သူလုပ်နိုင်တဲ့ အထိ နေ့စဉ် ဆွမ်းလောင်းမပျက်၊ ဗိုလ်မှူးကြီးကတော်ဆိုပြီး နားပေါက်တောင်မရှိတဲ့အမေပါ။ ဘာလက်ဝတ်ရတနာမှ မမက်၊ ဆံပင်ကို အမြဲဘီးစပတ်နဲ့ ထုံးတော့ လက်ဝတ်ရတနာဆိုလို့ ရွှေဘီးတချောင်းဘဲပိုင်တာ။ အလှဖီးမဟုတ်၊ တကယ်ဖီးလို့ရတဲ့ ရွှေဘီး။ အမေ့ မိဘလက်ထက်ကတည်းကသုံးခဲ့တဲ့ရွှေဘီး။ သေတဲ့အထိ မျက်နှာမှာ မိတ်ကပ်မလိမ်းဖူးဘူး၊ မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ သနပ်ခါးရေကြဲလိမ်းတာ။ အသက် ၉၀ အရွယ်သေတဲ့အထိ အမေ့အသားက ဝင်းနုစိုပြေ၊ မှဲ့ပေါက်ကင်းစင်နေတာပါဘဲတဲ့။ အမေက အဖေဆုံးပြီး ၉ လအကြာ၊ အသက် ၉၀ အရွယ်မှာဆုံးပါတယ်။ အမေဆုံးပြီး ၂ လအကြာမှာ မလုံးပြည်တော်ပြန်ခွင့်ရပါတယ်။ 

အဖေနဲ့ အမေက ညီအကိုမောင်နှမ မရှိကြတော့၊(အဖေက ညီတယောက်ရှိခဲ့ပေမဲ့ ငယ်ငယ်နဲ့ ဆုံးသွားတယ်တဲ့၊ အမေက အမ ၂ ယောက်စလုံး စစ်ပြေးချိန် တောရွာမှာ အဆုတ်ရောဂါနဲ့  ဆုံးကြတာတဲ့) သားသမီး ၇ ယောက်စလုံး ကိုမေတ္တာအပြည့်နဲ့ ချစ်ခဲ့၊ ကျွေးမွေးပြုစုခဲ့လို့ ဒီနေ့အထိ သိပ်ချစ်ကြတဲ့မောင်နှမတွေအဖြစ်၊ အမျိုးတွေကော၊ မိတ်ဆွေ အသိုင်းအဝိုင်းတွေကပါ ချီးကျူးကြရတဲ့အထိပါဘဲ။  မေတ္တာရတဲ့ ကလေးတွေက မေတ္တာထားတတ်ကြတဲ့ သဘာဝပါ။  သားသမီး ၇ ယောက်စလုံး ပညာတတ်၊ အသက်မွေးမှုပညာပြည့်စုံကြသလို၊(ဆရာဝန်၊ စစ်ဗိုလ်၊ လေယာဉ်မှူးကြီး၊ တက္ကသိုလ်ကထိက၊ အင်ဂျင်နီယာ၊ လေကြောင်းပြအရာရှိ ) မြေးတွေ၊ မြစ်တွေအထိ ပညာထူးချွန်ကြတာ အဖေနဲ့အမေတို့ရဲ့ DNA မျိုးဗီဇ ကောင်းလို့ဖြစ်မှာပါ။

တခါတလေ Facebook မှာတွေ့ဘူးပါတယ်။မောင်နှမတွေ သိပ်ချစ်ကြတယ်လား၊ အမွေကောခွဲပြီးကြပြီလားတဲ့။ မောင်နှမ ၇ ယောက် မိဘ ထားခဲ့တဲ့အမွေခွဲလိုက်ကြတာ၊ ဘာသံမှမကြားရ၊ အားလုံး အညီအမျှ၊ အမွေမခွဲခင်ကလည်း တယောက်လိုရင် ရှိတဲ့တယောက်က ကူတာပါဘဲ။ အမကြီးနဲ့ အကိုကလည်း အကြီးတွေ ပီသပါပေတယ်။ မောင် ၃ ယောက်ကလည်း ချစ်စရာကောင်း၊ ယောင်းမတွေလည်း မေ့ထားလို့မရ၊ အဖေနဲ့အမေက ချွေးမတွေ၊ သားမက်တွေကို သားသမီးအရင်းတွေလိုဘဲ ချစ်ခဲ့ကြပါတယ်။ အမလတ်မကြည်ကတော့ အအေးဆုံး၊ ဘယ်သူ့ကိုမှ ဒုက္ခမပေး၊ အမေနဲ့အဖေကို မဆုံးခင်အချိန်အထိ အနီးကပ်ပြုစုခဲ့တဲ့ တုနှိုင်းမရတဲ့ ကုသိုလ်ကြောင့်၊ အမေကြီးကားမှာ အိမ်အကြီးကြီး၊ ကားအကြီးကြီးနဲ့ မကြောင့်မကျ၊ မတောင့်မတ ပြည့်စုံစွာ တဦးတည်းသောသမီး ဆရာဝန်မရဲ့ မြေးတွေကို ပျော်ပျော်ကြီးထိန်း နေလေရဲ့။  

နိုင်ငံခြားရေးဝန်ကြီးဌာန MOFA 80 Assistant Officer/ Attaché batch အတူတူဝင်ခဲ့ကြတဲ့ သူငယ်ချင်းကျော်ဝင်းက Colonel ချစ်မြိုင်ရဲ့ သားငယ်ဒေါက်တာချစ်ခင်ဝေ၊  သူ့အဖေ Biography ရေးနေတာကို ကူညီပေးနေတော့ ကျော်ဝင်းက ညည်းအဖေ့အကြောင်းလည်းရေးပါလားတဲ့။ ကျော်ဝင်းက ညည်းတို့အဖေတွေခေတ်က တပ်မတော်က သိပ်လေးစားစရာကောင်းတယ်တဲ့။ ဒီခေတ်စစ်တပ်နဲ့ တခြားစီဘဲတဲ့။ အဖေ့အကြောင်းက ရေးမယ်ဆိုအများကြီးပါဘဲ။ ရေးမယ်လို့ကြံစည်နေတာလည်း ကြာပါပြီ။ အလုပ်တဖက်နဲ့ ရေးရင် Concentration လုပ်ရတာအဆင်မပြေ၊ စာရေးတယ်ဆိုတာကလည်း စိတ်ကူးကောင်းအောင် mood ကလည်းပါမှ။ ပင်စင်ယူမှ ရေးမလားလို့ စိတ်ကူးနေတာ။ ခေတ်ကာလက  ရောဂန္တရကပ်ဆိုက်နေလေတော့၊ ရေးစရာရှိတာရေးထားမှ။ တော်ကြာ ကပ်ထဲပါမပါ ပြောလို့မရ။ 

ရေးမယ်ဆိုရင်လည်း မှတ်တမ်းမှတ်ရာပြည့်စုံဖို့လိုပါတယ်။ အဖေက ရှေးခေတ်စစ်သားပီပီ၊ စည်းကမ်းကြီးတော့ မှတ်တမ်းတွေစံနစ်တကျရှိပါတယ်။ ၁၀ တန်းအောင်လက်မှတ်ကအစ၊ ခရီးသွားမှတ်တမ်းတွေအဆုံးပေါ့။ အဖေ့မှတ်တမ်းတွေထဲက ရေးချင်တဲ့ သမိုင်းကတော့ ကပ္ပလီကျွန်းပြန်တွေအကြောင်းပါဘဲ။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ အဖေက ကအိန္ဒိယသမုဒ္ဒရာထဲက ကပ္ပလီကျွန်းမှာ တသက်တကျွန်းကျနေတဲ့ မြန်မာတိုင်းရင်းသားတွေ ပြည်တော်ပြန်ခေါ်ယူရေးအဖွဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ယူခဲ့ရတဲ့ Mission Accomplishment မှတ်တမ်းကို ပြန်ပြောပြချင်တာပါ။ 

ဗြိတိသျှတွေ မြန်မာပြည်အောက်ပိုင်းကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ ၁၈၂၄ ကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်အတွင်း (မြန်မာနိုင်ငံကို ၁၉၁၉ ကနေ ၁၉၃၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အဖြစ် အုပ်ချုပ်ခဲ့တဲ့ ကာလတွေအတွင်း) တသက်တကျွန်းကျတဲ့ အကျဉ်သားတွေ ကို ကပ္ပလီကျွန်း-နီကိုဘာကျွန်းစု Andaman and Nicobar Islands ကို ပို့ခဲ့တာကြောင့် သူတို့ရဲ့ ဆွေစဉ်မျိုးဆက်တွေက ပြည်တော်ပြန်ချင်ကြလို့ မေတ္တာရပ်ခံခဲ့ကြတာတဲ့။ အဲ့ဒီမှတ်တမ်းတွေ အဖေသိမ်းထားခဲ့တာကို့external hard drive နဲ့ ကူးလာတာ တနှစ်ရှိပြီ။ ရေးမှဖြစ်တော့မယ်။ စောင့်မျှော် ဖတ်ရှုအားပေးကြပါ အမျိုးတို့ရေ..အားမွေးလိုက်ပါဦးမည်။ ရေးမယ်ဆိုတာလည်း ဖတ်စေချင်လို့၊ စာအုပ်ထုတ်တဲ့အဆင့်တော့ လက်လှမ်းမှီမယ်မထင်ပါဘူး။ ဒါပေသိ Facebook အားကိုးနဲ့ အဖေ့ နှစ် ၁၀၀ ပြည့်အမှတ်တရ ရေးကြည့်ပါဦးမယ်။

ဒီခေတ်လူငယ်တွေ စိတ်ဝင်စားမယ်လို့ မထင်ပါဘူး။ သူတို့လေးတွေ ၈၈၈၈ သမိုင်းတောင် သိပ်မသိကြတာ၊ တော်လှန်ရေးကောင်စီအစိုးရဆိုတာ ဘာလဲလို့ မေးကောင်းမေးနိုင်ပါတယ်။ 

Zawgyi

ေအာ္...ဘာလိုလိုနဲ႔ အေဖဆံုးတာ ၁၀ နွစ္ေတာင္ရွိသြားၿပီ။ အသက္ ၉၀ မွာဆံုးတာဆိုေတာ့ အေဖရွိေသးရင္ အခုဆို အသက္ ၁၀၀ ျပည့္တဲ့ႏွစ္ေပါ့။ တိုင္းျပည္အေျခအေနအရ ျပန္လို႔မရတဲ့ အခ်ိန္ဆိုေတာ့ အေဖ့ေနာက္ဆံုးခရီးမွာ အေဝးကေနဘဲ ကန္ေတာ့ျဖစ္ပါတယ္။ အေဖက ေနာက္ဆံုးေနမေကာင္းျဖစ္ေတာ့၊ ေဆးရံုမသြားခင္ သူခႏၶာကိုယ္လွဴထားတဲ့ Certificate ကို သူကိုယ္တိုင္ယူၿပီး ေဆးရံုကုတင္ေခါင္းရင္းမွာ တင္ထားတာတဲ့။  အေဖမဆံုးခင္ ဖုန္းေျပာျဖစ္ေတာ့ သူေနေကာင္းတယ္တဲ့၊ စိတ္မပူနဲ႔တဲ့၊ အဆင္ေျပေအာင္ေနတဲ့။ သူ႔ေျမးေတြအေၾကာင္းေမး၊ အေဖက မလံုးကေလး ၃ ေယာက္ ဖိုးပါ၊ ဖိုးတာနဲ႔ ဝါဝါ တို႔ရဲ႔ ပညာေရး Status ကို အၿမဲေမး။ သူက ရန္ကုန္မွာ ျပဳစုမယ့္လူေတြ ဝိုင္းဝိုင္းလည္ေနတာတဲ့၊ ခပ္ေပ်ာ္ေပ်ာ္၊ ရယ္ရယ္ေမာေမာဘဲေျပာေနတာ။ သူဘာမွမျဖစ္သလိုပါဘဲ။ မဆံုးခင္အခ်ိန္အထိ သတိအၿမဲရွိေနခဲ့တယ္လို႔ ယူဆရပါတယ္။ အေဖ့ကို ေဆးရံုမွာအနီးကပ္ျပဳစုတဲ့ သမီးအႀကီးဆံုးေဒါက္တာေမျမင့္ဦးရဲ႕ ေမြးေန႔က ေအာက္တိုဘာလ ၁၇ ရက္ေန႔၊ ခဲအိုေဒါက္တာခင္ေမာင္သြင္က သူ႔ဇနီး အေဖ့အနားမွာ ေန႔ညျပဳစုေနရလို႔ပင္ပန္းတာရယ္၊ ေမြးေန႔ Breakfast စားဖို႔ အျပင္ေခၚထုတ္တဲ့အခ်ိန္ေနာက္ပိုင္း၊ အဲဒီေန႔မွာဘဲ အေဖဆံုးသြားတာဆိုေတာ့ လြတ္လြတ္ကၽြတ္ကၽြတ္ ဘဝကူးေျပာင္းႏိုင္ခဲ့ပံုရပါတယ္။

ေလာဘ၊ ေဒါသ၊ ေမာဟ ကင္းတဲ့အေဖ၊ မေသခင္ သူ႔ပိုင္ဆိုင္မႈေတြ အားလံုး သားႀကီးနံမည္နဲ႔ လႊဲေပးခဲ့၊ လွဴစရာရွိတာေတြ အျပတ္လွဴ (ႏိုင္ငံေတာ္ကေပးအပ္တဲ့ ဆုေတြကို ရခိုင္ျပည္နယ္ကျပတိုက္ကိုလွဴခဲ့တာ၊ ပါလီမန္အစိုးရလက္ထက္က ရခဲ့တဲ့ ၃ က်ပ္သား ေဇယ်ေက်ာ္ထင္ေရႊျပား အပါအဝင္ ဆုတံဆိပ္ေတြ)၊ ပိုင္ဆိုင္တာဆိုလို႔ သုဝဏၰ လူႀကီးမြဲရပ္ကြက္က အိမ္အိုေလးတလံုးပါ။ သူ႔သားႀကီးကိုေဝလင္းေအာင္ကိုလည္း မွာခဲ့တယ္။  ေမာင္ႏွမေတြ ဥမကြဲသိုက္မပ်က္ ခ်စ္ခ်စ္ခင္ခင္ေနၾကဖို႔။ 

အေမကလည္း အေဖ့ထက္ေတာင္ ေလာဘနည္းပါတယ္။ နွစ္ဘက္အမ်ိဳး ဘယ္သူလာလာ၊ မၿငိဳညင္ဘူး။ လ်က္ေလ်ာ ေပးကမ္းတဲ့ေနရာမွာ စံျပ၊ သူလုပ္ႏိုင္တဲ့ အထိ ေန႔စဥ္ ဆြမ္းေလာင္းမပ်က္၊ ဗိုလ္မွဴးႀကီးကေတာ္ဆိုၿပီး နားေပါက္ေတာင္မရွိတဲ့အေမပါ။ ဘာလက္ဝတ္ရတနာမွ မမက္၊ ဆံပင္ကို အၿမဲဘီးစပတ္နဲ႔ ထံုးေတာ့ လက္ဝတ္ရတနာဆိုလို႔ ေရႊဘီးတေခ်ာင္းဘဲပိုင္တာ။ အလွဖီးမဟုတ္၊ တကယ္ဖီးလို႔ရတဲ့ ေရႊဘီး။ အေမ့ မိဘလက္ထက္ကတည္းကသံုးခဲ့တဲ့ေရႊဘီး။ ေသတဲ့အထိ မ်က္နွာမွာ မိတ္ကပ္မလိမ္းဖူးဘူး၊ မိုးလင္း မ်က္နွာသစ္ၿပီးတာနဲ႔ သနပ္ခါးေရၾကဲလိမ္းတာ။ အသက္ ၉၀ အရြယ္ေသတဲ့အထိ အေမ့အသားက ဝင္းႏုစိုေျပ၊ မွဲ႔ေပါက္ကင္းစင္ေနတာပါဘဲတဲ့။ အေမက အေဖဆံုးၿပီး ၉ လအၾကာ၊ အသက္ ၉၀ အရြယ္မွာဆံုးပါတယ္။ အေမဆံုးၿပီး ၂ လအၾကာမွာ မလံုးျပည္ေတာ္ျပန္ခြင့္ရပါတယ္။ 

အေဖနဲ႔ အေမက ညီအကိုေမာင္ႏွမ မရွိၾကေတာ့၊(အေဖက ညီတေယာက္ရွိခဲ့ေပမဲ့ ငယ္ငယ္နဲ႔ ဆံုးသြားတယ္တဲ့၊ အေမက အမ ၂ ေယာက္စလံုး စစ္ေျပးခ်ိန္ ေတာရြာမွာ အဆုတ္ေရာဂါနဲ႔  ဆံုးၾကတာတဲ့) သားသမီး ၇ ေယာက္စလံုး ကိုေမတၱာအျပည့္နဲ႔ ခ်စ္ခဲ့၊ ေကၽြးေမြးျပဳစုခဲ့လို႔ ဒီေန႔အထိ သိပ္ခ်စ္ၾကတဲ့ေမာင္ႏွမေတြအျဖစ္၊ အမ်ိဳးေတြေကာ၊ မိတ္ေဆြ အသိုင္းအဝိုင္းေတြကပါ ခ်ီးက်ဴးၾကရတဲ့အထိပါဘဲ။  ေမတၱာရတဲ့ ကေလးေတြက ေမတၱာထားတတ္ၾကတဲ့ သဘာဝပါ။  သားသမီး ၇ ေယာက္စလံုး ပညာတတ္၊ အသက္ေမြးမႈပညာျပည့္စံုၾကသလို၊(ဆရာဝန္၊ စစ္ဗိုလ္၊ ေလယာဥ္မွဴးႀကီး၊ တကၠသိုလ္ကထိက၊ အင္ဂ်င္နီယာ၊ ေလေၾကာင္းျပအရာရွိ ) ေျမးေတြ၊ ျမစ္ေတြအထိ ပညာထူးခၽြန္ၾကတာ အေဖနဲ႔အေမတို႔ရဲ႕ DNA မ်ိဳးဗီဇ ေကာင္းလို႔ျဖစ္မွာပါ။

တခါတေလ Facebook မွာေတြ႔ဘူးပါတယ္။ေမာင္ႏွမေတြ သိပ္ခ်စ္ၾကတယ္လား၊ အေမြေကာခြဲၿပီးၾကၿပီလားတဲ့။ ေမာင္ႏွမ ၇ ေယာက္ မိဘ ထားခဲ့တဲ့အေမြခြဲလိုက္ၾကတာ၊ ဘာသံမွမၾကားရ၊ အားလံုး အညီအမွ်၊ အေမြမခြဲခင္ကလည္း တေယာက္လိုရင္ ရွိတဲ့တေယာက္က ကူတာပါဘဲ။ အမႀကီးနဲ႔ အကိုကလည္း အႀကီးေတြ ပီသပါေပတယ္။ ေမာင္ ၃ ေယာက္ကလည္း ခ်စ္စရာေကာင္း၊ ေယာင္းမေတြလည္း ေမ့ထားလို႔မရ၊ အေဖနဲ႔အေမက ေခၽြးမေတြ၊ သားမက္ေတြကို သားသမီးအရင္းေတြလိုဘဲ ခ်စ္ခဲ့ၾကပါတယ္။ အမလတ္မၾကည္ကေတာ့ အေအးဆံုး၊ ဘယ္သူ႔ကိုမွ ဒုကၡမေပး၊ အေမနဲ႔အေဖကို မဆံုးခင္အခ်ိန္အထိ အနီးကပ္ျပဳစုခဲ့တဲ့ တုႏိႈင္းမရတဲ့ ကုသိုလ္ေၾကာင့္၊ အေမႀကီးကားမွာ အိမ္အႀကီးႀကီး၊ ကားအႀကီးႀကီးနဲ့ မေၾကာင့္မက်၊ မေတာင့္မတ ျပည့္စံုစြာ တဦးတည္းေသာသမီး ဆရာဝန္မရဲ႔ ေျမးေတြကို ေပ်ာ္ေပ်ာ္ႀကီးထိန္း ေနေလရဲ႕။  

ႏိုင္ငံျခားေရးဝန္ႀကီးဌာန MOFA 80 Assistant Officer/ Attaché batch အတူတူဝင္ခဲ့ၾကတဲ့ သူငယ္ခ်င္းေက်ာ္ဝင္းက Colonel ခ်စ္ၿမိဳင္ရဲ႕ သားငယ္ေဒါက္တာခ်စ္ခင္ေဝ၊  သူ႔အေဖ Biography ေရးေနတာကို ကူညီေပးေနေတာ့ ေက်ာ္ဝင္းက ညည္းအေဖ့အေၾကာင္းလည္းေရးပါလားတဲ့။ ေက်ာ္ဝင္းက ညည္းတို႔အေဖေတြေခတ္က တပ္မေတာ္က သိပ္ေလးစားစရာေကာင္းတယ္တဲ့။ ဒီေခတ္စစ္တပ္နဲ႔ တျခားစီဘဲတဲ့။ အေဖ့အေၾကာင္းက ေရးမယ္ဆိုအမ်ားႀကီးပါဘဲ။ ေရးမယ္လို႔ႀကံစည္ေနတာလည္း ၾကာပါၿပီ။ အလုပ္တဖက္နဲ႔ ေရးရင္ Concentration လုပ္ရတာအဆင္မေျပ၊ စာေရးတယ္ဆိုတာကလည္း စိတ္ကူးေကာင္းေအာင္ mood ကလည္းပါမွ။ ပင္စင္ယူမွ ေရးမလားလို႔ စိတ္ကူးေနတာ။ ေခတ္ကာလက  ေရာဂႏၲရကပ္ဆိုက္ေနေလေတာ့၊ ေရးစရာရွိတာေရးထားမွ။ ေတာ္ၾကာ ကပ္ထဲပါမပါ ေျပာလို႔မရ။ 

ေရးမယ္ဆိုရင္လည္း မွတ္တမ္းမွတ္ရာျပည့္စံုဖို႔လိုပါတယ္။ အေဖက ေရွးေခတ္စစ္သားပီပီ၊ စည္းကမ္းႀကီးေတာ့ မွတ္တမ္းေတြစံနစ္တက်ရွိပါတယ္။ ၁၀ တန္းေအာင္လက္မွတ္ကအစ၊ ခရီးသြားမွတ္တမ္းေတြအဆံုးေပါ့။ အေဖ့မွတ္တမ္းေတြထဲက ေရးခ်င္တဲ့ သမိုင္းကေတာ့ ကပၸလီကၽြန္းျပန္ေတြအေၾကာင္းပါဘဲ။ ေတာ္လွန္ေရးေကာင္စီအစိုးရလက္ထက္မွာ အေဖက ကအိႏၵိယသမုဒၵရာထဲက ကပၸလီကၽြန္းမွာ တသက္တကၽြန္းက်ေနတဲ့ ျမန္မာတိုင္းရင္းသားေတြ ျပည္ေတာ္ျပန္ေခၚယူေရးအဖြဲ႔ ေခါင္းေဆာင္အေနနဲ႔ တာဝန္ယူခဲ့ရတဲ့ Mission Accomplishment မွတ္တမ္းကို ျပန္ေျပာျပခ်င္တာပါ။ 

ၿဗိတိသွ်ေတြ ျမန္မာျပည္ေအာက္ပိုင္းကို ကိုလိုနီနယ္ခ်ဲ႔ခဲ့တဲ့ ၁၈၂၄ ကေန လြတ္လပ္ေရးရတဲ့ ၁၉၄၈ ခုႏွစ္အတြင္း (ျမန္မာႏိုင္ငံကို ၁၉၁၉ ကေန ၁၉၃၇ ခုႏွစ္အထိ အိႏၵိယႏိုင္ငံရဲ႕ ျပည္နယ္အျဖစ္ အုပ္ခ်ဳပ္ခဲ့တဲ့ ကာလေတြအတြင္း) တသက္တကၽြန္းက်တဲ့ အက်ဥ္သားေတြ ကို ကပၸလီကၽြန္း-နီကိုဘာကၽြန္းစု Andaman and Nicobar Islands ကို ပို႔ခဲ့တာေၾကာင့္ သူတို႔ရဲ႕ ေဆြစဥ္မ်ိဳးဆက္ေတြက ျပည္ေတာ္ျပန္ခ်င္ၾကလို႔ ေမတၱာရပ္ခံခဲ့ၾကတာတဲ့။ အဲ့ဒီမွတ္တမ္းေတြ အေဖသိမ္းထားခဲ့တာကို ့external hard drive နဲ႔ ကူးလာတာ တႏွစ္ရွိၿပီ။ ေရးမွျဖစ္ေတာ့မယ္။ ေစာင့္ေမွ်ာ္ ဖတ္ရႈအားေပးၾကပါ အမ်ိဳးတို႔ေရ..အားေမြးလိုက္ပါဦးမည္။ ေရးမယ္ဆိုတာလည္း ဖတ္ေစခ်င္လို႔၊ စာအုပ္ထုတ္တဲ့အဆင့္ေတာ့ လက္လွမ္းမွီမယ္မထင္ပါဘူး။ ဒါေပသိ Facebook အားကိုးနဲ႔ အေဖ့ ႏွစ္ ၁၀၀ ျပည့္အမွတ္တရ ေရးၾကည့္ပါဦးမယ္။

ဒီေခတ္လူငယ္ေတြ စိတ္ဝင္စားမယ္လို႔ မထင္ပါဘူး။ သူတို႔ေလးေတြ ၈၈၈၈ သမိုင္းေတာင္ သိပ္မသိၾကတာ၊ ေတာ္လွန္ေရးေကာင္စီအစိုးရဆိုတာ ဘာလဲလို႔ ေမးေကာင္းေမးႏိုင္ပါတယ္။ 

Wednesday, July 29, 2020

MWEA နဲ႔ က်မ

MWEA နဲ့ ကျမ

Unicode
Chapter 1
ကျမ ဖြတ်သန်းခဲ့တဲ့ ၆၅ နှစ်ကျော် ဘဝခရီးမှာ မှတ်တမ်းတင်လို့ရတဲ့ Milestone ဘဝမိုင်တိုင်လေးတွေ ရှိပါတယ်။ မိုင်တိုင်လေးတခုကတော့ MWEA – Myanmar Women Entrepreneur Association ဆိုတဲ့ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း စတင်တည်ထောင်သူတွေထဲက တယောက်အဖြစ် ထဲထဲဝင်ဝင် ဆင်နွှဲခဲ့ရတဲ့ ကိုယ်တွေ့မှတ်တမ်းလေးပါဘဲ။

ဟိုတလောက Than Lwin Htun ကိုအောင်နိုင်က Facebook post တွေမှာ အတိတ်ကအဖြစ်တွေရေးနေတဲ့သူတွေက သူတို့ ဇတ်လမ်းမှာ ဇတ်လိုက်နေရာကဘဲရေးကြမှာပေါ့တဲ့။ ကိုယ်က အရှိန်မသတ်နိုင် Memoir တွေ ရေးနေတာဆိုတော့ ငါ့ကိုများစောင်းပြောနေတာလားလို့။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာက အနာနည်းနည်းသက်သာတယ်တဲ့။ ကာတွန်းဘဂျမ်းကပြောတာလေ။ MWEA တည်ထောင်ရာမှာတော့ ကျမက ဇတ်လိုက်ထက် ဇတ်ပို့လို့ဘဲပြောပါရစေ။

ကျမတို့ ရတနာပုံလုပ်ငန်းစုလီမီတက် က Myanmar Chamber of Commerce ရဲ့ အဆက်အသွယ်နဲ့ Singapore-Indian Chamber of Commerce နဲ့ Consultation Service တွေလုပ်ရပါတယ်။ Chamber of Commerce seminars and training, Pulses & Beans အရောင်းအဝယ်၊ TATA hardware, India made Mahindra Jeep promotion ကိစ္စတွေနဲ့ India ကို ကျမ မကြာခဏဆိုသလို ခရီးထွက်ရပါတယ်။ ၁၉၉၄ နှစ်ကုန်ပိုင်းလောက်က New Delhi နဲ့ Bombay (Mumbai) က အပြန်မှာ ဘန်ကောက်ကတဆင့် ရန်ကုန်ပြန်တဲ့ခရီးတိုလေးမှာ နဘေးခုံမှာ ပညာတတ်လို့ မြင်တာနဲ့ သိနိုင်တဲ့ ကြက်သရေရှိရှိတင့်တယ်တဲ့ အမျိုးသမီးကြီးတယောက်ထိုင်ပါတယ်။ မနေနိုင် မထိုင်နိုင် မိတ်ဆက်ရင်း စပ်စုမိပါတယ်။ Business card လဲကြတော့ ဆရာမကြီးက စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနက ပါမောက္ခ ဒေါ်ရီရီမြင့်ဖြစ်နေတာကိုး။ ဆရာမကြီးရဲ့ ငယ်နံမည်က Mary ဆိုတော့ ရင်းနှီးသူတွေက မမ Mary လို့ခေါ်ကြပါတယ်။ ဆရာမကြီးက ထိုင်းနိုင်ငံ AIT -Asian Institute of Technology မှာလား Chulalongkorn မှာလားမမှတ်မိ၊ တက္ကသိုလ်တခုမှာ စာတမ်းတစောင်လာတင်တာတဲ့။ အကြမ်းဖျဉ်းမှတ်မိသလောက် Financial needs Assessment for street vendor Women အမျိုးသမီး ခေါင်းရွက်ဗျပ်ထိုး ကျဘမ်းဈေးသည်တွေအတွက် ငွေအရင်းအနှီးလိုအပ်ချက် ဆိုတဲ့ အကြောင်းအရာထင်ပါရဲ့။ ကျမကလည်း India ခရီးစဉ်အကြောင်း၊ ပုဂံကယွန်းထည်တွေကို စင်္ကာပူပို့တဲ့အကြောင်း စပ်မိရာရာပြောဖြစ်ပါတယ်။ အော်..ခရီးသွားဟန်လွဲ ဆရာမကြီးနဲ့ စကားပြောဖြစ်တာကို ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်ဆိုလည်း ဆုံဖြစ်ချင်မှ ဆုံဖြစ်ကြမှာပေါ့။

Chapter 2
နောက် သုံးလေးလလောက်ကျတော့ မနုနုရီဆိုတဲ့ အမျိုးသမီးတယောက်က ဆရာမကြီးဒေါ်ရီရီမြင့်က ဆက်သွယ်ခိုင်းလို့ဆိုပြီး ရတနာပုံကို တယ်လီဖုန်းဆက်ပါတယ်။ ဆရာမကြီးက စီးပွားရေးနယ်ပယ်ကအမျိုးသမီးတွေ စုစည်းပြီး ဆင်းရဲတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေကို အရင်းအနှီးပံ့ပိုးပေးချင်လို့တဲ့၊ မနုနုရီရဲ့အိမ်မှာ စကားပြောကြဖို့ဖိတ်ပါတယ်။ မမနုက ဆရာမကြီးရဲ့ စီးပွားရေးတက္ကသိုလ်က တပည့်လည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်တော့ အဆင်ပြေတာပေါ့။ ဆရာမကြီးရဲ့ စီးပွားရေးတက္ကသိုလ်ဆင်းတပည့် အမျိုးသမီးတွေအင်အားကလည်း မသေးဘူး။ ဆရာမကြီးက စီးပွားရေးတက္ကသိုလ် Final Year ကျောင်းသူတွေကို ရန်ကုန်ဆင်ခြေဖုံးက ဈေး ၄ ခုမှာ ခေါင်းရွက်ဗျပ်ထိုး - ပျံကျဈေးသည်တွေကို စစ်တမ်းကောက်ခိုင်းပြီး စာတမ်းပြုစုထားပါတယ်။ ဒီပျံကျဈေးသည်တွေ နေ့ပြန်တိုးသံသရာက ရုန်းမထွက်နိုင်ကြတဲ့အဖြစ်ကနေ ကယ်တင်ချင်တဲ့ ဆရာမကြီးရဲ့စေတနာပါ။

မမနုက ဗိုလ်ချုပ်ဈေးမှာ အထည်ဆိုင်ဖွင့်ထားတော့ စီးပွားရေးလုပ်ဖေါ် အမျိုးသမီး အဆက်အသွယ်တွေ အများကြီးပေါ့။ မမနု အိမ်မှာ ပထမအကြိမ်ဆုံဖြစ်ကြတဲ့သူတွေထဲမှာ သူဌေးမကြီးဒေါ်ဆယ် (ဒေါ်ဆယ့်အကြောင်း အနာဂတ်မျိုးဆက်တွေအတွက် သိတဲ့လူတွေ မှတ်တမ်းတင်သင့်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန် ထူးချွန်တဲ့ အာဂ အမျိုးသမီးကြီးပါ၊ ကိုယ်က ကြားဖူးနားဝ တစွန်းတစဘဲသိလို့။) စာရေးဆရာမကြီးစောမုံညှင်း၊ ရုပ်ရှင်မင်းသမီးကြီးစံရှားတင် (အဲဒီအချိန်က မမစံက ဗိုလ်ချုပ်ဈေးမှာ ကျောက်မျက်ရတနာဆိုင် ဖွင့်ထားတယ်ထင်ပါတယ်)၊ Leather ကုန်တွေထုတ်တဲ့ လာပြီ လာပြီ ဒေါ်သက်ရီ၊ ဒေါ်စိန်စိန်၊ ကင်းကွာစေ့သူဌေးမကြီး မယ်ဗမာ ဒေါ်ခင်မြင့်မြင့်စတဲ့ နံမည်ကြီး အမျိုးသမီးကြီးတွေပါတာပေါ့။ ဆရာမကြီးက သူဖြစ်စေချင်တဲ့ စေတနာကိုရှင်းပြပါတယ်။ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ စီမံခန့်ခွဲရေး ဦးဆောင်နေသူတွေ စုစည်းပြီး Networking လုပ် ဆက်သွယ်ကြ၊ ငွေအရင်းအနှီးလိုအပ်နေတဲ့အမျိုးသမီးတွေကို ဖေးမ ပံ့ပိုးကြဖို့၊ ရည်ရွယ်တဲ့သဘောပေါ့။

တလတကြိမ်ဆုံပြီး အစည်းအဝေးတွေလုပ်ဖြစ်ကြပါတယ်။ ကမကထလုပ်တဲ့သူတွေရဲ့ အိမ်တွေမှာအလှည့်ကျ တာဝန်ယူ ကျွေးမွေး ဧည့်ခံ၊ စည်းဝေးကြ ပျော်စရာကြီးပါဘဲ။ အရင်က တခါမှ မသိခဲ့ဘူးတဲ့သူတွေပေမဲ့ ညီအမတွေလို ခင်မင်ရင်းနှီးသွားကြတာ အမြတ်ပါဘဲ။

အသင်းအနေနဲ့ ထူထောင်ဖို့ တရားဝင်မှတ်ပုံတင်တော့မှ ဒုက္ခနဲ့လှလှတွေ့ကြပါလေရော။ အဲဒီခေတ်က တန်ခိုးထွားတဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်း အမျိုးသမီးရေးရာအသင်းတွေရှိတယ်လေ။ မမနုနဲ့ ဒေါက်တာသက်မွန်ချန်စုတို့ အဖွဲ့က ပြည်ထဲရေးကို ချောင်းပေါက်မတတ်ဝင်ထွက်ခဲ့ကြရတာ။ အမျိူးသမီးတွေစုပြီး တစင်ထောင်မယ်ကြားတော့ အမြင်ကြည်ပုံမရ။ အသင်းစည်းမျဉ်းတွေကို ထုံးစံအတိုင်းရှေ့နေအပ်ပြီးရေးကြ၊ ထောက်လှမ်းရေးတွေကမျက်ခြေမပြတ်ကြည့်ပေါ့။ နောက်ဆုံး မမနုတို့ကို ထောက်လှမ်းရေး နဲ့ စသုံးလုံးက စစ်ပြီး၊ ပြည်ထဲရေးက နိုင်ငံရေးနဲ့ မပတ်သက်ပါဘူးဆိုတဲ့ ခံဝန်ထိုးခိုင်းပါတယ်။ အဲ့ဒီခေတ် စစ်အစိုးရရဲ့ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူးဆိုတဲ့စံပေတံနဲ့ မို့သာ လက်မှတ်ထိုးကြရတာ တကယ်တော့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အရေးတွေအားလုံးဆက်စပ်နေတဲ့ နိုင်ငံ့အရေး နိုင်ငံရေးလုပ်တာဘဲလို့ ကျမခံယူပါတယ်။ လူစစုကတည်းက စီးပွားရေးလုပ်တဲ့ အမျိုးသမီးအချင်းချင်း ဆက်သွယ်၊ ယိုင်းပင်းကြဖို့ပါဆိုလည်း နားမလည်၊ အကြောက်တရားလွှမ်းမိုး၊ ဘယ်သူ့ကိုမှမယုံတဲ့ခေတ်ဆိုး။ အခက်အခဲတွေကကြားက အသင်းကိုတရားဝင်မှတ်ပုံတင်နိုင်ခဲ့ကြပါတယ်။






ဒေါ်စောမုံညှင်းနဲ့ ဒေါ်ဆယ်အပါအဝင် နာယကကြီး ၆ ဦး၊ ဆရာမ မမ Mary ဥိးဆောင်တဲ့ အကြံပေး ၅ ဦး၊ ဥက္ကဋ္ဌ ဒေါ်စိန်စိန်၊ ဒုဥက္ကဋ္ဌ ၂ ဦး၊ ဒေါ်သက်ရီနဲ့ ဒေါ်ခင်မြင့်မြင့်၊ ဘဏ္ဍာရေးမှူး မိုးကုတ်သူဋ္ဌေးမလေး မာမာနဲ့ ဒေါ်တင်ရွှေ။ အတွင်းရေးမှူး နဲ့ တွဲဘက်က ကျမအခင်မင်ဆုံး၊ အချစ်ဆုံး မမ ၂ ယောက်ဖြစ်တဲ့ မမနုနုရီနဲ့ မမလှဝတီ။ Sub Committee ၅ ခုမှာတော့ ကျမက ပြည်တွင်း၊ ပြည်ပဆက်ဆံရေးကော်မတီ တာဝန်ခံပေါ့။ ဗိုလ်ချုပ်ဈေးမှာ ရတနာဆိုင်ဖွင့်တဲ့ RASU တုန်းက သူငယ်ချင်း မြမြဝင်းလည်း မူလ Founder ထဲမှာပါတာပေါ့။
ကျန်တဲ့ကော်မတီတွေကိုတော့ ရှည်နေမှာစိုးလို့ စိတ်ဝင်စားလျင် ဓါတ်ပုံတွေမှာ ဖတ်ကြည့်နိုင်ပါတယ်။
EC အမှုဆောင် ၃၉ ယောက်နဲ့ စတင်ဖွဲ့စည်းပြီး အသင်းဝင်တွေအဖြစ် စီးပွားရေးလုပ်တဲ့ အမျိုးသမီးတွေကို လျှောက်ခွင့်ပေးပါတယ်။ မင်္ဂလာဈေးက အမျိုးသမီးအဖွဲ့တွေတောင် အသင်းဝင်ခဲ့ကြသေးတယ်လို့ မှတ်မိနေပါတယ်။ အသင်းစထောင်တော့ အမှုဆောင်တွေက တယောက်ကို ကျပ် ၂ သောင်းလား ၃ သောင်းလား စီဘဲထည့်ဝင်ခဲ့ကြတာပါ။ ဒီအသင်းကို တချို့လည်း စီးပွားရေးလုပ်ကြမယ်ထင်ပြီး Share ထည့်ပါရစေပြောလိုပြော၊ တချို့ ဝန်ကြီးကတော်တွေကလည်း ဝင်မယ်လို့ဆို၊ ဆရာမကြီးကပြတ်တယ်။ စီးပွားရေးလုပ်ငန်းဦးဆောင်သူ၊ စီမံခန့်ခွဲသူ၊ စီးပွားရေးပညာရှင် ဘဲ Criteria သတ်မှတ်ထားတာမို့ လက်မခံပါဘူး။
အစပိုင်းမှာတော့ လစဉ်အစည်းအဝေးတွေကို EC တွေရဲ့ အိမ်တွေမှာအလှည့်ကျလုပ်ခဲ့ရပေမဲ့၊ နောက်ပိုင်း အသင်းဥက္ကဋ္ဌဒေါ်စိန်စိန်က သူပိုင်တိုက်ခန်းတခုကို ရုံးခန်းအဖြစ်အသုံးပြုခွင့်ပေးပါတယ်။ ရုံးစာရေးတယောက်ငှား။ အတွင်းရေးမှူး ၂ ယောက်အလုပ်ရှုတ်ပေါ့။ ဥက္ကဋ္ဌကြီး မမစိန်က မနက်လင်းတာနဲ့ ဖုန်းဆက်လေ့ရှိပါတယ်။ မင်္ဂလာပါညီမလေးရေ..ဆို busy ဖို့သာပြင်တော့..အစည်းအဝေးတွေဖိတ်တိုင်း ပြည်တွင်းပြည်ကဆက်ဆံရေးကော်မတီက ဒိုင်ခံတက်ပေါ့။

Chapter 3
မှတ်မှတ်ရရ အသင်းကိုယ်စား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့စွန်က AIT - Asian Institute of Technology မှာ NGO Organizational Needs Assessment Workshop သွားတက်ဖြစ်ပါတယ်။ UNDP ရဲ့ အစီအစဉ်နဲ့ ထင်ပါရဲ့။ အဲဒီတုန်းက UNICEF က Dr. Kyaw Win (Vijay) နဲ့YWCA က ဆရာမကြီးတယောက်နဲ့အတူသွားကြတာ။ Workshop က ၃ ရက်ထဲပေမဲ့ ပျော်စရာကောင်း၊ ဗဟုသုတတွေလည်းရပေါ့။ အကောင်းဆုံးကတော့ AIT ဝင်းထဲက ဂေါက်ကွင်းမြက်ခင်းပြင်က ငါးခူကင်၊ ကောက်ညှင်းပေါင်းနဲ့ သင်္ဘောသီးထောင်းပါဘဲ။ ရန်ကုန်ပြန်တဲ့ညက ဥက္ကဋ္ဌကြီးမမစိန် ဦးဆောင်တဲ့ MWEA မမတွေရဲ့ စီစဉ်မှုနဲ့ အိမ်မပြန်ရဘဲ မင်္ဂလာဒုံလေဆိပ်ကနေ တောင်ပြုန်းပွဲတော် ခရီးဆက်ခဲ့ရတဲ့အဖြစ် အခုထိမှတ်မိနေဆဲပါ။ Bus ကားစင်းလုံးငှားပြီး အသင်းသူတွေ ညကြီးမင်းကြီးခရီးထွက်ကြတာ၊ သီချင်းတွေဆိုကြ၊ အလယ်ခေါင်မှာ ကတဲ့သူက။ တသက်လုံး မရောက်ဖူးတဲ့ တောင်ပြုန်းကို အသင်းက မမကြီးတွေရဲ့ ကျေးဇူးနဲ့ ရောက်ဖြစ်ခဲ့ပါတယ်။

လမ်းတလျှောက် ကျမကပေါက်ကရတွေပြော၊ မင်းကလေးအကောက်ခံရဖို့မလွယ်ဘူး၊ ကျမက ရည်းစားများတယ်။ ဘီယာလည်းကြိုက်တယ်၊ လုသောက်နေရမှာ..မမကြီးတွေထဲက တယောက်က လုံး ရေ လျှောက်မပြောနဲ့ နတ်ကြီးတယ်တဲ့။ ဟန့်ရှာတယ်။ ကျမကလည်း ခရီးပန်းတာနဲ့ ရောပြီး အိပ်ပျော်သွားပါတယ်။ တောင်ပြုန်းရောက်တော့ နိုးလာပြီး ကားပေါ်ကအဆင်းမှာ ဘာနဲ့ ရိုက်မိတာလဲမသိလိုက်ဘဲ မှောက်ရက်လဲကျ၊ မျက်မှန်လည်းကွဲ။ သတိရတော့ ကြက်ခြေနီအကူအညီနဲ့ နတ်နန်းတခုဘေးမှာ နားနေခိုင်းတာ၊ ပြန်တဲ့အထိပါဘဲ။ ကျမတို့မိသားစုက နတ်တို့ ယတြာ တို့ အယုံအကြည်မရှိတော့ တောင်ပြုန်းဆိုတာ ကြားဖူးရုံသက်သက်ပါဘဲ။ ပွဲတော်ကလည်း လူတွေကြိတ်ကြိတ်တိုး ဖုန်တွေကလည်းတထောင်းထောင်းလိုက်လာမိတာမှားပေါ့။ ကျမဘာဖြစ်သွားတာလဲမေးကြည့်တော့ ကားပေါ်ကအဆင်း ငှက်ပျောသီးသည်ထမ်းတဲ့ ထမ်းပိုးကအလှည့် ကျမခေါင်းကိုရိုက်မိတာတဲ့။ မကွဲလို့တော်သေး။ မမကြီးတွေက ကဲ မှတ်ပလား - မင်းကလေးကိုပြောချင်ဦးဆိုတဲ့ အကြည့်နဲ့ ပေါ့.. နောက်ဆို ပါးစပ်ပိတ်ထားမှ။ ဒီလိုခရီးတိုလေးတွေ အသင်းအစီအစဉ်နဲ့ ထွက်ဖြစ်ကြပါတယ်။ သံလျင်၊ ကျောက်တန်း၊ သုံးခွ ဘက်က ကရင်ဆိပ်ရွာကိုသွားဖြစ်တဲ့ ခရီးကလည်း မမေ့နိုင်သေးပါဘူး။

Chapter 4
ရန်ကုန်တဝိုက်က မြေနီကုန်းဈေးအပါအဝင် ဈေး ၆ ခုလောက်ထင်ပါတယ်။ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေကို စုစည်းပြီး အတိုးမဲ့ငွေချေးတဲ့ အစီအစဉ်လုပ်ပါတယ်။ ပျံကျဈေးသည်တွေရဲ့ နေ့ပြန်တိုးက ကြောက်စရာပါဘဲ။ မနက်မှာ ငွေတရာချေးရင် ကြွေးရှင်က ၈၀ ဘဲထုတ်ပေးပြီး ညနေကျတော့ ချေးတဲ့သူက ၁၀၀ အပြည့်ဆပ်ရတဲ့အဖြစ်၊ ဒီလိုနဲ့ ဆင်းရဲတွင်းနက်နေကြတဲ့ အမျိုးသမီးတွေကို တဘက်တလမ်းက ပံ့ပိုးပေးချင်တဲ့စေတနာနဲ့ အစပျိုးခဲ့ကြတဲ့ အစီအစဉ်ပါ။

ဆရာမကြီး မမ Mary က Bangladesh က နိုဘဲလ်ဆုရှင် Mohamed Yunus ရဲ့ Grameen Bank Model ကို Replicate လုပ်ချင်ခဲ့တာ။ (Grameen bank က ကျေးလက်ဒေသက ဆင်းရဲတဲ့အမျိုးသမီးတွေကို income generation အတွက် အရင်းအနှီးမတည်ပြီး အချင်းချင်း ပြန်လည်ဖေးမတဲ့ စံနစ်ပေါ့) ရန်ကုန်ကဈေးတွေမှာ ဈေးခေါင်းတွေနဲ့ ညှိ စာရင်းကောက်၊ ၅ ယောက်တစု တာဝန်ယူ။ ငွေချေးတဲ့အခါ မှတ်ပုံတင်အာမခံထား၊ တပတ်ပြည့်တော့ အရင်းအတိုင်းပြန်ဆပ်။ သူတို့ဆပ်တဲ့ငွေကို နောက်တဖွဲ့ကိုချေး၊ Revolving seed money စမ်းသပ်ကြည့်ကြတာပါ။ ငွေပမာဏကို မမှတ်မိတော့ပေးနဲ့ ဈေးသည်တွေအတွက် စည်းမျဉ်းတွေ၊ ရည်ရွယ်ချက်တွေကို ကျမ ကိုယ်တိုင် စာကြမ်းရေး၊ ရတနာပုံက ကလေးတွေက ကွန်ပြူတာနဲ့ ရိုက်၊ ကော်ပီတွေကူးပြီး ဖြန့်ဝေခဲ့ကြပါတယ်။ MWEA ရဲ့ Logo နဲ့ Pamphlet ကလည်း ကျမတို့ ရတနာပုံကဘဲ တာဝန်ယူထုတ်လုပ်ပေးခဲ့တာပါ။ အသင်းက သူဌေးမကြီးတွေထူထောင်တာဆိုတော့ Logo မြန်မာပြည်မြေပုံလေးကို ရွှေနဲ့ Pin ရင်ထိုးလေးတွေလုပ်ကြပါတယ်။ တမတ်သားလောက်တော့ရှိပါတယ်။ တချို့ တတ်နိုင်တဲ့သူတွေက မြေပုံအလယ်က MEWA စာတမ်းကို စိန်စီကြတယ်ထင်ပါရဲ့။ ကျမရဲ့ ရင်ထိုးလေးလည်း ၁၉၉၈ ဒီဇင်ဘာနောက်ပိုင်း ရှာမတွေ့ ဘယ်မှာပျေက်မှန်းမသိတော့ပါဘူး။



အေမရိကန္သံရံုးအႀကီးအကဲ Marilyn Myers, သံအရာရွိ Mark Taylor နဲ႔ UN က အဖြဲ႔ေတြ ကရင္ဆိပ္ရြာေလ့လာေရးခရီး

အသင်းအနေနဲ့ ရန်ကုန်ကဈေးသည်တွေတင်မက ကျေးလက်ဒေသအထိပါ Income generation စမ်းသပ်ကြဖို့ နယ်ချဲ့ခဲ့ကြပါသေးတယ်။ သုံးခွမြို့နယ် ကရင်ဆိပ်ရွာမှာ အမျိုးသမီးတွေ အိမ်မှာနေရင်းဝင်ငွေရအောင် Necktie လည်စီး လက်ချုပ်လိုက်တဲ့အလုပ်ရှာပေးပါတယ်။ Walt Disney Looney tunes design, seasonal necktie တွေ Export လုပ်တဲ့ Garment factory ပိုင်ရှင် ဒေါ်ကြွေကြွေဇင် ရဲ့ အကူအညီထင်ပါတယ်။ ကုန်ကြမ်းတွေဖြန့်၊ ချုပ်ပြီးသားတွေ ချုပ်ခပေး၊ ပြန်သိမ်း အလုပ်တော့ရှုတ်ကြပေမဲ့ ပျော်စရာကြီးပါ။ နောက် အဲဒီရွာက ကွမ်းစိုက်တောင်သူတွေကို ချေးငွေထုတ်ပေးတာလည်း လုပ်ခဲ့ကြပါတယ်။ သံရုံးတွေနဲ့ ကုလအဖွဲ့တွေကလည်း စိတ်ဝင်စားလို့ လေ့လာကြပါတယ်။ ကျမတို့ ချေးငွေမတည်ပေးခဲ့တဲ့ ကရင်ဆိပ်ကျေးရွာက သံလျင် ကျောက်တန်းဘက်မှာဆိုတော့ ကျောက်တန်းဘက်ကရွာတွေကလည်း ပါချင်တာပေါ့။ သူတို့က ပြည်ခိုင်ဖြိုးအသင်းကနေ တာဝန်ယူမယ်ဆိုလို့ အသာလေး ခပ်ခွာခွာနေခဲ့ကြတာပါ။ မမလှဝတီက NLD အမာခံ၊ ကြည့်မြင်တိုင်စည်းထင်တာဘဲ။

ကျမက အသင်းမှာ National & International Relations Sub-committee ရဲ့ Incharge ဆိုတော့ INGO တွေ၊ UN အဖွဲ့တွေက ဖိတ်တဲ့ပွဲတွေ တက်ရတာလက်မလည်၊ တနေ့တော့ UNDP ရဲ့ အစီအစဉ်နဲ့ ဆရာဝန်များအသင်းမှာ private sector က အလုပ်သမားတွေကို HIV/AIDS ကာကွယ်ရေး ပညာပေး ဆွေးနွေးပွဲဖိတ်ပါတယ်။ ထုံးစံအတိုင်း ကျမဘဲ တာဝန်ကျတော့ သွားတက်ရတာပေါ့။ ဆွေးနွေးပွဲကလည်း ကျမတယောက်ဘဲ တက်တာ၊ ဘယ်သူမှ အရေးတယူလာမတက်ကြပါဘူး။ ကျမကလည်း UNAIDS (The Joint United Nations Program on HIV and AIDS is the main advocate for accelerated, comprehensive and coordinated global action on the HIV/AIDS pandemic) ရဲ့ Consultant/Advisor Dr. Owen Wrigley ကို အားနာ၊ ကျမတို့ မြန်မာလုပ်ငန်းရှင်အတော်များများက ပိုက်ဆံဘဲရှာဖို့ အားထုတ်၊ ကိုယ့်အလုပ်သမားတွေကြား ကျန်းမာရေးပညာပေးကျတော့ မလုပ်ချင်ကြဘူးပေါ့။ UNDP က ဆော်သြတာ အားနည်းလို့လည်းဖြစ်နိုင်ပါတယ်။ အားနာပါးနာ Owen ကြီးပညာပေးတာခံယူလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီ Owen ကြီးနဲ့ အမေကြီးကားမှာ ခမည်းခမက်အနေနဲ့ ပြန်ဆုံရတယ်လေ။ သူ့ရဲ့ Step daughter နဲ့ ကျမသားငယ် ဖူးစာဆုံကြပြီး မင်္ဂလာဧည့်ခံပွဲကျတော့ တယောက်နဲ့တယောက် မြင်ဘူးပါတယ်ပေါ့။ အော်..ရေစက်များ..ဆုံကြပုံ.. အခုတော့ မြေး ၃ ယောက်လုထိန်းနေရတဲ့အဖြစ်။

Chapter 5

အသင်းတသင်းထူထောင်ပြီး ပရဟိတလုပ်လုပ်၊ စီးပွားရေးဘဲလုပ်လုပ် Growing Pain လို့ခေါ်တဲ့ ကြီးထွားမှုဒဏ်လည်း နောက်ကပါလာတတ်တဲ့ သဘာဝရှိပါတယ်။ အသင်းနှစ်ပတ်လည်ကို အင်းလျားကန်စောင်းက MBC Myanmar Business Center မှာ လုပ်ခဲ့ကြပါတယ်။ နောက် နိုင်ငံတကာက Speaker တွေလာတဲ့အခါ ရုံးခန်းမှာ သင်တန်းတွေ၊ Workshop တွေလုပ်ပါတယ်။ ကျမကလည်း တက်ခဲ့တဲ့ Workshop တွေ သင်တန်းတွေနဲ့ ပတ်သက်ပြီး ပြန်ရှင်းပြရပါတယ်။ 'ဒီလို သင်တန်းတွေ၊ Workshop တွေအတွက် ကျမတို့ ရတနာပုံက အားလုံး မေတ္တာနဲ့ ကူညီခဲ့တာပါ။ ကျမတို့ ဆီကို Oxford က ပါမောက္ခတယောက်လာပြီး Business Management သင်တန်းပေးတော့ ဒေါက်ခင်စန္ဒာဝင်း (အဲ့ဒီတုန်းက သူက နရဝတ်ဟိုတယ်ပိုင်ရှင်ပေါ့) တက်ပါတယ်။ ညနေကျ သူ့ဟိုတယ်ရဲ့ ဇော်ဂျီ Lounge မှာ အဲဒီ ပါမောက္ခကို ဧည့်ခံတော့ ကျမလိုက်ပို့ပေးခဲ့ရတာမှတ်မိပါသေးတယ်။




MWEA ဆိုတဲ့ အမျိုးသမီး NGO က ရှားရှားပါးပါးဆိုတော့ Bangkok Post သတင်းစာက ၄ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးညီလာခံ အကြိုအဖြစ်နဲ့ Interview ပါတယ်။ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံဆိုတော့ ကိုယ့်တာဝန်ပေါ့။ နဂိုကတည်းက "ဇ" ကလေးလည်းရှိတော့ ပြောချင်ဆိုချင်လေ။ ဆရာမကြီးဒေါ်ရီရီမြင့် တက္ကသိုလ်ရုံးခန်းမှာ ဗျူးဖို့ စီစဉ်၊ ဆရာမကြီး ပီကင်းမှာလုပ်မယ့် နိုင်ငံတကာ အမျိုးသမီးညီလာခံတက်ဖို့ အဝတ်အစားကအစ လိုအပ်တာတွေပြင်ဆင်ပေါ့။ အမေရိကန်သမ္မတကတော် Hillary Clinton လည်းတက်မယ်။ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း Video မိန့်ခွန်းပို့မယ်လေ။ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ကတော့ ကမ္ဘာ့အမျိုးသမီးညီလာခံကို အမျိုးသားတွေဦးဆောင်ပြီး တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Madeline Albright က ပီကင်း အမျိုးသမီးညီလာခံကအပြန် ရန်ကုန်ဝင်ပါတယ်။ အမေရိကန်သံရုံးအကြီးအကဲရဲ့ စီစဉ်မှုနဲ့ ကျမ Madeline Albright နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အဲဒီတုန်းက Madeline Albright ရဲ့ speech writer ဖြစ်တဲ့ Tom Malinowski က အခု လွှတ်တော်အမတ်ဖြစ်နေပါပြီ။

ဥက္ကဋ္ဌကြီး မမစိန်က ဒဂုံမြို့နယ်မှာ နှံ့စပ်တော့ အသင်းအတွက် အဆောက်အဦးကြီးဆောက်ဖို့ သူနေရာရှာဖို့ ကြိုးစားပါတယ်။ အခု ဦးဝိစာရလမ်းထိပ်၊ ဘုရားလမ်းမကြီးပေါ်မှာ ရှိနေတဲ့ MWEA Tower ဆိုတဲ့ အဆောက်အဦကြီးဆောက်ဖို့ မြေနေရာပေါ့။ အဲဒီနေရာက အရင်တုန်းက ၂ ထပ်အိမ်အိုကြီး ဒဂုံမြို့နယ်ကောင်စီ၊ တရားရုံး၊ လူဝင်မှုရုံး အားလုံးစုပေါင်းထားတဲ့ နေရာပါ။ ဒေါင့်မှာ သမဝါယမအသင်းလည်းရှိတယ်ထင်ပါတယ်။ စုပေါင်းရုံးဆိုတော့ ပြည်ခိုင်ဖြိုးအသင်းလည်းရှိတော့တာပေါ့။ အဲဒီမှာဇတ်လမ်းက စ တော့တာပါဘဲ။ မမစိန်က နေရာရအောင် ချဉ်းကပ်တာ ဆွဲအစေ့ခံရမယ့်သဘော။ ပြည်ခိုင်ဖြိုးထဲဝင်ဖို့ အသင်းဝင်လျှောက်လွှာတွေ ပေးလိုက်ပါလေရော။ ကျမကတော့ ကိုယ်ပိုင်ခံယူချက်မူအရ မဝင်ပါဘူး။ မမစိန်ကတော့ ဝင်ချင်မှဝင်ပါပေါ့။ ဒါပေသိ ဝင်ရင်တော့ ဘာလုပ်လုပ် ပိုအဆင်ပြေမယ့်သဘောပေါ့။ နောက် အများသဘောတူ မဝင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမက သံရုံးဧည့်ခံပွဲမှာ ပြောပြဖြစ်ပါတယ်။ ဒီသတင်းက DASSK ဆီရောက်သွားပြီး သူ့ရဲ့ Weekend မိန့်ခွန်းမှာပါသွားပါတယ်။ အမျိုးသမီးအသင်းမှာ ပြည်ခိုင်းဖြိုး အသင်းထဲဝင်သင့်မသင့် ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းလိုက်နိုင်တယ်ဆိုတာကို ချီးကျူးလိုက်တဲ့စကားပါ။

အဲဒါနဲ့ ပတ်သက်ပြီး အသင်းမှာ နည်းနည်း ကသိကအောက်ဖြစ်သွားပုံရပါတယ်။ ကျမလည်း ကြာကြာနေရင် ဒီပြည်ခိုင်ဖြိုးနဲ့ ပတ်သက်ရတော့မယ်။ မဖြစ်ချေဘူးဆိုပြီး အသင်းကနေ ဝမ်းနည်းစွာနဲ့ နှုတ်ထွက်ခဲ့ပါတယ်။ အသင်းကနှုတ်ထွက်ခဲ့ပေမဲ့ ချစ်ခင်ရင်းနှီးခဲ့ မမတွေကိုအခုထိ ချစ်ဆဲပါ။ အထူးသဖြင့် မမလှဝတီ..ရိုးသားပွင့်လင်းတဲ့ ကြည့်မြင်တိုင်က ပတ်ကညောကရင်မကြီး၊ သူ ဥက္ကဋ္ဌဖြစ်ပြီး အဗျူးခံနေတာတွေ တွေ့မိတဲ့အခါတိုင်း MWEA စထူထောင်ကာစ ရုန်းကန်ခဲ့ကြတာတွေ သတိရ။ မမနုနုရီနဲ့တော့ ကြံကြံဖန်ဖန် ဘန်ကောက်မှာ ချိန်းမထားဘဲ မမျှော်လင့်ဘဲ ဆုံဖြစ်သလို ပြည်တော်ပြန်ခွင့်ရတော့လည်း နေပြည်တော်အမြန်လမ်းမှာ နားရင်းဆုံခဲ့ကြပါသေးတယ်။ နောက်တခေါက်ရန်ကုန်ရောက်တော့ မမနု ဆုံးရှာပါပြီ။ မလုံးရဲ့ ဟာသတွေကို တသသပြန်ပြောတတ်တဲ့ မမနု ကိုလွမ်းပါတယ်။

အခုတော့ MWEA အသင်းကြီးက တကယ့် လူဂုဏ်တန် Elite တွေ၊ လုပ်ငန်းရှင် သူကြွယ်မကြီးတွေ (စာရေးဆရာမကြီးစောမုံညှင်းခေါ်တဲ့ အသုံးပါ) နဲ့ ထယ်ထယ်ဝါဝါ ASEAN မှာပါ ဝင်ဆန့်တဲ့ အောင်မြင်တဲ့ အမျိုးသမီးအဖွဲ့ကြီးပေါ့။ သူဌေးမကြီးဒေါ်ထူးရဲ့ သမီး မခိုင်ဇော်လည်း MWEA မှာ ဦးဆောင်နေတာတွေ့ရပြီး Regional မှာ ရှေ့တန်းရောက်နေတာတွေ့ရလို့ ဂုဏ်ယူပါတယ်။ ဒေါက်တာသက်သက်ခိုင်တို့လို ပညာတတ် အမျိုးသမီးတွေလည်းပါရဲ့။ ကြွေကြွေဇင်တယောက်လည်း ဒေသတွင်းအောင်မြင်တဲ့လုပ်ငန်းရှင်တယောက်အနေနဲ့ ဆုယူတာ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။

ဆရာမကြီး ဒေါ်ရီရီမြင့်ရဲ့ Brain Child လို့ပြောရမယ့် MWEA ရဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ ဘဏ်တွေရဲ့ ချေးငွေ လက်လှမ်းမမှီတဲ့ နွမ်းပါးတဲ့အမျိုးသမီးတွေအတွက် ငွေရင်းငွေနှီးမတည်ပေးတဲ့အစီအစဉ်ကို အခက်အခဲတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်ဘူးလို့ ကျမ ၂၀၁၃ ခုနှစ်က ဆရာမကြီးကို ကျမတွေ့ဆုံမေးမြန်းခဲ့တုန်းကပြောဘူးပါတယ်။

ကိုယ်တိုင်မပါဝင်နိုင်တော့ပေမဲ့ အသင်းကြီးတိုးတက်ကြီးပွားလာတာကို မုဒိတာပွားရင်း ဂုဏ်ယူပါတယ်။ မူလ ရည်ရွယ်ရင်းထဲက တခုဖြစ်တဲ့နွမ်းပါးသူတွေကို ကူညီတဲ့အစီအစဉ်လေး ဆက်လုပ်ပေးနိုင်ရင်ကောင်းမှာဘဲလို့ တွေးရင်း...
https://www.youtube.com/watch?v=OT2G14ixBcQ

MWEA Facebook page, about..
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(MWEA) သည် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အကျိုးအမြတ်အတွက် ဘာသာရေးအတွက် မဟုတ်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ပါသည်။ ခေတ်မှီတိုးတက်သော နိုင်ငံတော် သစ်တည်ဆောက်ရာတွင် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းကြီးမှလည်း နိုင်ငံတော် ၏ စီးပွားရေး၊ လူမှု့ရေးတိုးတက်မှု့များကို ပူးပေါင်း ဆောင်ရွက်လျှက်ရှိပါသည်။ စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော အမျိုးသမီးများး၏ အရည်အသွေးအားမြှင့်တင်ပေးရန်အတွက် ပညာရပ်နှင့်ဗဟုသုတဆိုင်ရာဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စီးပွားရေးခ ျိတ်ဆက်နိုင်ရန်အတွက် နိုင်ငံတကာ ခရီးစဉ်များကိုလည်း စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
အသင်းကြီးသည် မြန်မာအမျိုးသမီးများ၏ စီးပွားရေးကဏ္ဍနှင့် စွမ်းအားစုများ စုစည်းမှု့ကိုပေါ်လွင်စေပြီး စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင်လျှက်ရှိသော အမျိုးသမီးများအချင်းချင်း ဆက်သွယ်ရိုင်းပင်းမှု့၊ ဆွေးနွေးညှိနိုင်းမှု့၊ ပူးပေါင်းလုပ်ဆောင်မှု့များကို ဖြစ်ပေါ်စေခြင်း၊ တိုးတက်ခေတ်မှီသော စီးပွားရေးခန့်ခွဲမှု့ နည်းပညာများကိုပြန့်ပွားအောင်ဆောင်ရွက်ပေးနိုင်ခြင်း၊ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးပညာရှင်များနှင့်လည်း ဆက်သွယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသောကြောင့် ယုံကြည်စိတ်ဝင်စားသူများပြားလာပြီး အသင်းသို့ အသင်းဝင်သစ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လှ ျက်ရှိပါသည်။

Zawgyi

MWEA နဲ က်မ

Chapter 1
က်မ ျဖတ္သန္းခဲ့တဲ့ ၆၅ ႏွစ္ေက်ာ္ ဘဝခရီးမွာ မွတ္တမ္းတင္လို႔ရတဲ့ Milestone ဘဝမိုင္တိုင္ေလးေတြ ရွိပါတယ္။ မိုင္တိုင္ေလးတခုကေတာ့ MWEA – Myanmar Women Entrepreneur Association ဆိုတဲ့ ျမန္မာအမ်ိဳးသမီးစြမ္းေဆာင္ရွင္မ်ားအသင္း စတင္တည္ေထာင္သူေတြထဲက တေယာက္အျဖစ္ ထဲထဲဝင္ဝင္ ဆင္ႏႊဲခဲ့ရတဲ့ ကိုယ္ေတြ႕မွတ္တမ္းေလးပါဘဲ။
ဟိုတေလာက Than Lwin Htun ကိုေအာင္ႏိုင္က Facebook post ေတြမွာ အတိတ္ကအျဖစ္ေတြေရးေနတဲ့သူေတြက သူတို႔ ဇတ္လမ္းမွာ ဇတ္လိုက္ေနရာကဘဲေရးၾကမွာေပါ့တဲ့။ ကိုယ္က အရွိန္မသတ္ႏိုင္ Memoir ေတြ ေရးေနတာဆိုေတာ့ ငါ့ကိုမ်ားေစာင္းေျပာေနတာလားလို႔။ ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းတာက အနာနည္းနည္းသက္သာတယ္တဲ့။ ကာတြန္းဘဂ်မ္းကေျပာတာေလ။ MWEA တည္ေထာင္ရာမွာေတာ့ က်မက ဇတ္လိုက္ထက္ ဇတ္ပို႔လို႔ဘဲေျပာပါရေစ။

က်မတို႔ ရတနာပုံလုပ္ငန္းစုလီမီတက္ က Myanmar Chamber of Commerce ရဲ႕ အဆက္အသြယ္နဲ႔ Singapore-Indian Chamber of Commerce နဲ႔ Consultation Service ေတြလုပ္ရပါတယ္။ Chamber of Commerce seminars and training, Pulses & Beans အေရာင္းအဝယ္၊ TATA hardware, India made Mahindra Jeep promotion ကိစၥေတြနဲ႔ India ကို က်မ မၾကာခဏဆိုသလို ခရီးထြက္ရပါတယ္။ ၁၉၉၄ ႏွစ္ကုန္ပိုင္းေလာက္က New Delhi နဲ႔ Bombay (Mumbai) က အျပန္မွာ ဘန္ေကာက္ကတဆင့္ ရန္ကုန္ျပန္တဲ့ခရီးတိုေလးမွာ နေဘးခုံမွာ ပညာတတ္လို႔ ျမင္တာနဲ႔ သိႏိုင္တဲ့ ၾကက္သေရရွိရွိတင့္တယ္တဲ့ အမ်ိဳးသမီးႀကီးတေယာက္ထိုင္ပါတယ္။ မေနႏိုင္ မထိုင္ႏိုင္ မိတ္ဆက္ရင္း စပ္စုမိပါတယ္။ Business card လဲၾကေတာ့ ဆရာမႀကီးက စီးပြားေရးတကၠသိုလ္ စီမံခန႔္ခြဲမႈပညာဌာနက ပါေမာကၡ ေဒၚရီရီျမင့္ျဖစ္ေနတာကိုး။ ဆရာမႀကီးရဲ႕ ငယ္နံမည္က Mary ဆိုေတာ့ ရင္းႏွီးသူေတြက မမ Mary လို႔ေခၚၾကပါတယ္။ ဆရာမႀကီးက ထိုင္းႏိုင္ငံ AIT -Asian Institute of Technology မွာလား Chulalongkorn မွာလားမမွတ္မိ၊ တကၠသိုလ္တခုမွာ စာတမ္းတေစာင္လာတင္တာတဲ့။ အၾကမ္းဖ်ဥ္းမွတ္မိသေလာက္ Financial needs Assessment for street vendor Women အမ်ိဳးသမီး ေခါင္း႐ြက္ဗ်ပ္ထိုး က်ဘမ္းေဈးသည္ေတြအတြက္ ေငြအရင္းအႏွီးလိုအပ္ခ်က္ ဆိုတဲ့ အေၾကာင္းအရာထင္ပါရဲ႕။ က်မကလည္း India ခရီးစဥ္အေၾကာင္း၊ ပုဂံကယြန္းထည္ေတြကို စကၤာပူပို႔တဲ့အေၾကာင္း စပ္မိရာရာေျပာျဖစ္ပါတယ္။ ေအာ္..ခရီးသြားဟန္လြဲ ဆရာမႀကီးနဲ႔ စကားေျပာျဖစ္တာကို ဝမ္းသာပီတိျဖစ္မိပါတယ္။ ေနာက္ဆိုလည္း ဆုံျဖစ္ခ်င္မွ ဆုံျဖစ္ၾကမွာေပါ့။

Chapter 2
ေနာက္ သုံးေလးလေလာက္က်ေတာ့ မႏုႏုရီဆိုတဲ့ အမ်ိဳးသမီးတေယာက္က ဆရာမႀကီးေဒၚရီရီျမင့္က ဆက္သြယ္ခိုင္းလို႔ဆိုၿပီး ရတနာပုံကို တယ္လီဖုန္းဆက္ပါတယ္။ ဆရာမႀကီးက စီးပြားေရးနယ္ပယ္ကအမ်ိဳးသမီးေတြ စုစည္းၿပီး ဆင္းရဲတဲ့ ေခါင္း႐ြက္ဗ်ပ္ထိုး ေဈးသည္ေတြကို အရင္းအႏွီးပံ့ပိုးေပးခ်င္လို႔တဲ့၊ မႏုႏုရီရဲ႕အိမ္မွာ စကားေျပာၾကဖို႔ဖိတ္ပါတယ္။ မမႏုက ဆရာမႀကီးရဲ႕ စီးပြားေရးတကၠသိုလ္က တပည့္လည္းျဖစ္၊ အိမ္နီးခ်င္းလည္းျဖစ္ေတာ့ အဆင္ေျပတာေပါ့။ ဆရာမႀကီးရဲ႕ စီးပြားေရးတကၠသိုလ္ဆင္းတပည့္ အမ်ိဳးသမီးေတြအင္အားကလည္း မေသးဘူး။ ဆရာမႀကီးက စီးပြားေရးတကၠသိုလ္ Final Year ေက်ာင္းသူေတြကို ရန္ကုန္ဆင္ေျခဖုံးက ေဈး ၄ ခုမွာ ေခါင္း႐ြက္ဗ်ပ္ထိုး - ပ်ံက်ေဈးသည္ေတြကို စစ္တမ္းေကာက္ခိုင္းၿပီး စာတမ္းျပဳစုထားပါတယ္။ ဒီပ်ံက်ေဈးသည္ေတြ ေန႔ျပန္တိုးသံသရာက ႐ုန္းမထြက္ႏိုင္ၾကတဲ့အျဖစ္ကေန ကယ္တင္ခ်င္တဲ့ ဆရာမႀကီးရဲ႕ေစတနာပါ။

မမႏုက ဗိုလ္ခ်ဳပ္ေဈးမွာ အထည္ဆိုင္ဖြင့္ထားေတာ့ စီးပြားေရးလုပ္ေဖၚ အမ်ိဳးသမီး အဆက္အသြယ္ေတြ အမ်ားႀကီးေပါ့။ မမႏု အိမ္မွာ ပထမအႀကိမ္ဆုံျဖစ္ၾကတဲ့သူေတြထဲမွာ သူေဌးမႀကီးေဒၚဆယ္ (ေဒၚဆယ့္အေၾကာင္း အနာဂတ္မ်ိဳးဆက္ေတြအတြက္ သိတဲ့လူေတြ မွတ္တမ္းတင္သင့္ပါတယ္။ ကိုယ့္ဒူးကိုယ္ခြၽန္ ထူးခြၽန္တဲ့ အာဂ အမ်ိဳးသမီးႀကီးပါ၊ ကိုယ္က ၾကားဖူးနားဝ တစြန္းတစဘဲသိလို႔။) စာေရးဆရာမႀကီးေစာမုံညႇင္း၊ ႐ုပ္ရွင္မင္းသမီးႀကီးစံရွားတင္ (အဲဒီအခ်ိန္က မမစံက ဗိုလ္ခ်ဳပ္ေဈးမွာ ေက်ာက္မ်က္ရတနာဆိုင္ ဖြင့္ထားတယ္ထင္ပါတယ္)၊ Leather ကုန္ေတြထုတ္တဲ့ လာၿပီ လာၿပီ ေဒၚသက္ရီ၊ ေဒၚစိန္စိန္၊ ကင္းကြာေစ့သူေဌးမႀကီး မယ္ဗမာ ေဒၚခင္ျမင့္ျမင့္စတဲ့ နံမည္ႀကီး အမ်ိဳးသမီးႀကီးေတြပါတာေပါ့။ ဆရာမႀကီးက သူျဖစ္ေစခ်င္တဲ့ ေစတနာကိုရွင္းျပပါတယ္။ အမ်ိဳးသမီးစီးပြားေရးလုပ္ငန္းရွင္ေတြ၊ ပညာရွင္ေတြ၊ စီမံခန႔္ခြဲေရး ဦးေဆာင္ေနသူေတြ စုစည္းၿပီး Networking လုပ္ ဆက္သြယ္ၾက၊ ေငြအရင္းအႏွီးလိုအပ္ေနတဲ့အမ်ိဳးသမီးေတြကို ေဖးမ ပံ့ပိုးၾကဖို႔၊ ရည္႐ြယ္တဲ့သေဘာေပါ့။

တလတႀကိမ္ဆုံၿပီး အစည္းအေဝးေတြလုပ္ျဖစ္ၾကပါတယ္။ ကမကထလုပ္တဲ့သူေတြရဲ႕ အိမ္ေတြမွာအလွည့္က် တာဝန္ယူ ေကြၽးေမြး ဧည့္ခံ၊ စည္းေဝးၾက ေပ်ာ္စရာႀကီးပါဘဲ။ အရင္က တခါမွ မသိခဲ့ဘူးတဲ့သူေတြေပမဲ့ ညီအမေတြလို ခင္မင္ရင္းႏွီးသြားၾကတာ အျမတ္ပါဘဲ။

အသင္းအေနနဲ႔ ထူေထာင္ဖို႔ တရားဝင္မွတ္ပုံတင္ေတာ့မွ ဒုကၡနဲ႔လွလွေတြ႕ၾကပါေလေရာ။ အဲဒီေခတ္က တန္ခိုးထြားတဲ့ မိခင္နဲ႔ကေလးေစာင့္ေရွာက္ေရးအသင္း အမ်ိဳးသမီးေရးရာအသင္းေတြရွိတယ္ေလ။ မမႏုနဲ႔ ေဒါက္တာသက္မြန္ခ်န္စုတို႔ အဖြဲ႕က ျပည္ထဲေရးကို ေခ်ာင္းေပါက္မတတ္ဝင္ထြက္ခဲ့ၾကရတာ။ အမ်ိဴးသမီးေတြစုၿပီး တစင္ေထာင္မယ္ၾကားေတာ့ အျမင္ၾကည္ပုံမရ။ အသင္းစည္းမ်ဥ္းေတြကို ထုံးစံအတိုင္းေရွ႕ေနအပ္ၿပီးေရးၾက၊ ေထာက္လွမ္းေရးေတြကမ်က္ေျခမျပတ္ၾကည့္ေပါ့။ ေနာက္ဆုံး မမႏုတို႔ကို ေထာက္လွမ္းေရး နဲ႔ စသုံးလုံးက စစ္ၿပီး၊ ျပည္ထဲေရးက ႏိုင္ငံေရးနဲ႔ မပတ္သက္ပါဘူးဆိုတဲ့ ခံဝန္ထိုးခိုင္းပါတယ္။ အဲ့ဒီေခတ္ စစ္အစိုးရရဲ႕ ႏိုင္ငံေရးနဲ႔ မပတ္သက္ပါဘူးဆိုတဲ့စံေပတံနဲ႔ မို႔သာ လက္မွတ္ထိုးၾကရတာ တကယ္ေတာ့ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရး အေရးေတြအားလုံးဆက္စပ္ေနတဲ့ ႏိုင္ငံ့အေရး ႏိုင္ငံေရးလုပ္တာဘဲလို႔ က်မခံယူပါတယ္။ လူစစုကတည္းက စီးပြားေရးလုပ္တဲ့ အမ်ိဳးသမီးအခ်င္းခ်င္း ဆက္သြယ္၊ ယိုင္းပင္းၾကဖို႔ပါဆိုလည္း နားမလည္၊ အေၾကာက္တရားလႊမ္းမိုး၊ ဘယ္သူ႔ကိုမွမယုံတဲ့ေခတ္ဆိုး။ အခက္အခဲေတြကၾကားက အသင္းကိုတရားဝင္မွတ္ပုံတင္ႏိုင္ခဲ့ၾကပါတယ္။
ေဒၚေစာမုံညႇင္းနဲ႔ ေဒၚဆယ္အပါအဝင္ နာယကႀကီး ၆ ဦး၊ ဆရာမ မမ Mary ဥိးေဆာင္တဲ့ အႀကံေပး ၅ ဦး၊ ဥကၠ႒ ေဒၚစိန္စိန္၊ ဒုဥကၠ႒ ၂ ဦး၊ ေဒၚသက္ရီနဲ႔ ေဒၚခင္ျမင့္ျမင့္၊ ဘ႑ာေရးမႉး မိုးကုတ္သူေ႒းမေလး မာမာနဲ႔ ေဒၚတင္ေ႐ႊ။ အတြင္းေရးမႉး နဲ႔ တြဲဘက္က က်မအခင္မင္ဆုံး၊ အခ်စ္ဆုံး မမ ၂ ေယာက္ျဖစ္တဲ့ မမႏုႏုရီနဲ႔ မမလွဝတီ။ Sub Committee ၅ ခုမွာေတာ့ က်မက ျပည္တြင္း၊ ျပည္ပဆက္ဆံေရးေကာ္မတီ တာဝန္ခံေပါ့။ ဗိုလ္ခ်ဳပ္ေဈးမွာ ရတနာဆိုင္ဖြင့္တဲ့ RASU တုန္းက သူငယ္ခ်င္း ျမျမဝင္းလည္း မူလ Founder ထဲမွာပါတာေပါ့။
က်န္တဲ့ေကာ္မတီေတြကိုေတာ့ ရွည္ေနမွာစိုးလို႔ စိတ္ဝင္စားလ်င္ ဓါတ္ပုံေတြမွာ ဖတ္ၾကည့္ႏိုင္ပါတယ္။
EC အမႈေဆာင္ ၃၉ ေယာက္နဲ႔ စတင္ဖြဲ႕စည္းၿပီး အသင္းဝင္ေတြအျဖစ္ စီးပြားေရးလုပ္တဲ့ အမ်ိဳးသမီးေတြကို ေလွ်ာက္ခြင့္ေပးပါတယ္။ မဂၤလာေဈးက အမ်ိဳးသမီးအဖြဲ႕ေတြေတာင္ အသင္းဝင္ခဲ့ၾကေသးတယ္လို႔ မွတ္မိေနပါတယ္။ အသင္းစေထာင္ေတာ့ အမႈေဆာင္ေတြက တေယာက္ကို က်ပ္ ၂ ေသာင္းလား ၃ ေသာင္းလား စီဘဲထည့္ဝင္ခဲ့ၾကတာပါ။ ဒီအသင္းကို တခ်ိဳ႕လည္း စီးပြားေရးလုပ္ၾကမယ္ထင္ၿပီး Share ထည့္ပါရေစေျပာလိုေျပာ၊ တခ်ိဳ႕ ဝန္ႀကီးကေတာ္ေတြကလည္း ဝင္မယ္လို႔ဆို၊ ဆရာမႀကီးကျပတ္တယ္။ စီးပြားေရးလုပ္ငန္းဦးေဆာင္သူ၊ စီမံခန႔္ခြဲသူ၊ စီးပြားေရးပညာရွင္ ဘဲ Criteria သတ္မွတ္ထားတာမို႔ လက္မခံပါဘူး။
အစပိုင္းမွာေတာ့ လစဥ္အစည္းအေဝးေတြကို EC ေတြရဲ႕ အိမ္ေတြမွာအလွည့္က်လုပ္ခဲ့ရေပမဲ့၊ ေနာက္ပိုင္း အသင္းဥကၠ႒ေဒၚစိန္စိန္က သူပိုင္တိုက္ခန္းတခုကို ႐ုံးခန္းအျဖစ္အသုံးျပဳခြင့္ေပးပါတယ္။ ႐ုံးစာေရးတေယာက္ငွား။ အတြင္းေရးမႉး ၂ ေယာက္အလုပ္ရႈတ္ေပါ့။ ဥကၠ႒ႀကီး မမစိန္က မနက္လင္းတာနဲ႔ ဖုန္းဆက္ေလ့ရွိပါတယ္။ မဂၤလာပါညီမေလးေရ..ဆို busy ဖို႔သာျပင္ေတာ့..အစည္းအေဝးေတြဖိတ္တိုင္း ျပည္တြင္းျပည္ကဆက္ဆံေရးေကာ္မတီက ဒိုင္ခံတက္ေပါ့။

Chapter 3
မွတ္မွတ္ရရ အသင္းကိုယ္စား ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕စြန္က AIT - Asian Institute of Technology မွာ NGO Organizational Needs Assessment Workshop သြားတက္ျဖစ္ပါတယ္။ UNDP ရဲ႕ အစီအစဥ္နဲ႔ ထင္ပါရဲ႕။ အဲဒီတုန္းက UNICEF က Dr. Kyaw Win (Vijay) နဲ႔YWCA က ဆရာမႀကီးတေယာက္နဲ႔အတူသြားၾကတာ။ Workshop က ၃ ရက္ထဲေပမဲ့ ေပ်ာ္စရာေကာင္း၊ ဗဟုသုတေတြလည္းရေပါ့။ အေကာင္းဆုံးကေတာ့ AIT ဝင္းထဲက ေဂါက္ကြင္းျမက္ခင္းျပင္က ငါးခူကင္၊ ေကာက္ညႇင္းေပါင္းနဲ႔ သေဘၤာသီးေထာင္းပါဘဲ။ ရန္ကုန္ျပန္တဲ့ညက ဥကၠ႒ႀကီးမမစိန္ ဦးေဆာင္တဲ့ MWEA မမေတြရဲ႕ စီစဥ္မႈနဲ႔ အိမ္မျပန္ရဘဲ မဂၤလာဒုံေလဆိပ္ကေန ေတာင္ျပဳန္းပြဲေတာ္ ခရီးဆက္ခဲ့ရတဲ့အျဖစ္ အခုထိမွတ္မိေနဆဲပါ။ Bus ကားစင္းလုံးငွားၿပီး အသင္းသူေတြ ညႀကီးမင္းႀကီးခရီးထြက္ၾကတာ၊ သီခ်င္းေတြဆိုၾက၊ အလယ္ေခါင္မွာ ကတဲ့သူက။ တသက္လုံး မေရာက္ဖူးတဲ့ ေတာင္ျပဳန္းကို အသင္းက မမႀကီးေတြရဲ႕ ေက်းဇူးနဲ႔ ေရာက္ျဖစ္ခဲ့ပါတယ္။
လမ္းတေလွ်ာက္ က်မကေပါက္ကရေတြေျပာ၊ မင္းကေလးအေကာက္ခံရဖို႔မလြယ္ဘူး၊ က်မက ရည္းစားမ်ားတယ္။ ဘီယာလည္းႀကိဳက္တယ္၊ လုေသာက္ေနရမွာ..မမႀကီးေတြထဲက တေယာက္က လုံး ေရ ေလွ်ာက္မေျပာနဲ႔ နတ္ႀကီးတယ္တဲ့။ ဟန႔္ရွာတယ္။ က်မကလည္း ခရီးပန္းတာနဲ႔ ေရာၿပီး အိပ္ေပ်ာ္သြားပါတယ္။ ေတာင္ျပဳန္းေရာက္ေတာ့ ႏိုးလာၿပီး ကားေပၚကအဆင္းမွာ ဘာနဲ႔ ႐ိုက္မိတာလဲမသိလိုက္ဘဲ ေမွာက္ရက္လဲက်၊ မ်က္မွန္လည္းကြဲ။ သတိရေတာ့ ၾကက္ေျခနီအကူအညီနဲ႔ နတ္နန္းတခုေဘးမွာ နားေနခိုင္းတာ၊ ျပန္တဲ့အထိပါဘဲ။ က်မတို႔မိသားစုက နတ္တို႔ ယၾတာ တို႔ အယုံအၾကည္မရွိေတာ့ ေတာင္ျပဳန္းဆိုတာ ၾကားဖူး႐ုံသက္သက္ပါဘဲ။ ပြဲေတာ္ကလည္း လူေတြႀကိတ္ႀကိတ္တိုး ဖုန္ေတြကလည္းတေထာင္းေထာင္းလိုက္လာမိတာမွားေပါ့။ က်မဘာျဖစ္သြားတာလဲေမးၾကည့္ေတာ့ ကားေပၚကအဆင္း ငွက္ေပ်ာသီးသည္ထမ္းတဲ့ ထမ္းပိုးကအလွည့္ က်မေခါင္းကို႐ိုက္မိတာတဲ့။ မကြဲလို႔ေတာ္ေသး။ မမႀကီးေတြက ကဲ မွတ္ပလား - မင္းကေလးကိုေျပာခ်င္ဦးဆိုတဲ့ အၾကည့္နဲ႔ ေပါ့.. ေနာက္ဆို ပါးစပ္ပိတ္ထားမွ။ ဒီလိုခရီးတိုေလးေတြ အသင္းအစီအစဥ္နဲ႔ ထြက္ျဖစ္ၾကပါတယ္။ သံလ်င္၊ ေက်ာက္တန္း၊ သုံးခြ ဘက္က ကရင္ဆိပ္႐ြာကိုသြားျဖစ္တဲ့ ခရီးကလည္း မေမ့ႏိုင္ေသးပါဘူး။

Chapter 4
ရန္ကုန္တဝိုက္က ေျမနီကုန္းေဈးအပါအဝင္ ေဈး ၆ ခုေလာက္ထင္ပါတယ္။ ေခါင္း႐ြက္ဗ်ပ္ထိုးေဈးသည္ေတြကို စုစည္းၿပီး အတိုးမဲ့ေငြေခ်းတဲ့ အစီအစဥ္လုပ္ပါတယ္။ ပ်ံက်ေဈးသည္ေတြရဲ႕ ေန႔ျပန္တိုးက ေၾကာက္စရာပါဘဲ။ မနက္မွာ ေငြတရာေခ်းရင္ ေႂကြးရွင္က ၈၀ ဘဲထုတ္ေပးၿပီး ညေနက်ေတာ့ ေခ်းတဲ့သူက ၁၀၀ အျပည့္ဆပ္ရတဲ့အျဖစ္၊ ဒီလိုနဲ႔ ဆင္းရဲတြင္းနက္ေနၾကတဲ့ အမ်ိဳးသမီးေတြကို တဘက္တလမ္းက ပံ့ပိုးေပးခ်င္တဲ့ေစတနာနဲ႔ အစပ်ိဳးခဲ့ၾကတဲ့ အစီအစဥ္ပါ။

ဆရာမႀကီး မမ Mary က Bangladesh က ႏိုဘဲလ္ဆုရွင္ Mohamed Yunus ရဲ႕ Grameen Bank Model ကို Replicate လုပ္ခ်င္ခဲ့တာ။ (Grameen bank က ေက်းလက္ေဒသက ဆင္းရဲတဲ့အမ်ိဳးသမီးေတြကို income generation အတြက္ အရင္းအႏွီးမတည္ၿပီး အခ်င္းခ်င္း ျပန္လည္ေဖးမတဲ့ စံနစ္ေပါ့) ရန္ကုန္ကေဈးေတြမွာ ေဈးေခါင္းေတြနဲ႔ ညႇိ စာရင္းေကာက္၊ ၅ ေယာက္တစု တာဝန္ယူ။ ေငြေခ်းတဲ့အခါ မွတ္ပုံတင္အာမခံထား၊ တပတ္ျပည့္ေတာ့ အရင္းအတိုင္းျပန္ဆပ္။ သူတို႔ဆပ္တဲ့ေငြကို ေနာက္တဖြဲ႕ကိုေခ်း၊ Revolving seed money စမ္းသပ္ၾကည့္ၾကတာပါ။ ေငြပမာဏကို မမွတ္မိေတာ့ေပမဲ့ ေဈးသည္ေတြအတြက္ စည္းမ်ဥ္းေတြ၊ ရည္႐ြယ္ခ်က္ေတြကို က်မ ကိုယ္တိုင္ စာၾကမ္းေရး၊ ရတနာပုံက ကေလးေတြက ကြန္ျပဴတာနဲ႔ ႐ိုက္၊ ေကာ္ပီေတြကူးၿပီး ျဖန႔္ေဝခဲ့ၾကပါတယ္။ MWEA ရဲ႕ Logo နဲ႔ Pamphlet ကလည္း က်မတို႔ ရတနာပုံကဘဲ တာဝန္ယူထုတ္လုပ္ေပးခဲ့တာပါ။ အသင္းက သူေဌးမႀကီးေတြထူေထာင္တာဆိုေတာ့ Logo ျမန္မာျပည္ေျမပုံေလးကို ေ႐ႊနဲ႔ Pin ရင္ထိုးေလးေတြလုပ္ၾကပါတယ္။ တမတ္သားေလာက္ေတာ့ရွိပါတယ္။ တခ်ိဳ႕ တတ္ႏိုင္တဲ့သူေတြက ေျမပုံအလယ္က MEWA စာတမ္းကို စိန္စီၾကတယ္ထင္ပါရဲ႕။ က်မရဲ႕ ရင္ထိုးေလးလည္း ၁၉၉၈ ဒီဇင္ဘာေနာက္ပိုင္း ရွာမေတြ႕ ဘယ္မွာေပ်က္မွန္းမသိေတာ့ပါဘူး။

အသင္းအေနနဲ႔ ရန္ကုန္ကေဈးသည္ေတြတင္မက ေက်းလက္ေဒသအထိပါ Income generation စမ္းသပ္ၾကဖို႔ နယ္ခ်ဲ႕ခဲ့ၾကပါေသးတယ္။ သုံးခြၿမိဳ႕နယ္ ကရင္ဆိပ္႐ြာမွာ အမ်ိဳးသမီးေတြ အိမ္မွာေနရင္းဝင္ေငြရေအာင္ Necktie လည္စီး လက္ခ်ဳပ္လိုက္တဲ့အလုပ္ရွာေပးပါတယ္။ Walt Disney Looney tunes design, seasonal necktie ေတြ Export လုပ္တဲ့ Garment factory ပိုင္ရွင္ ေဒၚေႂကြေႂကြဇင္ ရဲ႕ အကူအညီထင္ပါတယ္။ ကုန္ၾကမ္းေတြျဖန႔္၊ ခ်ဳပ္ၿပီးသားေတြ ခ်ဳပ္ခေပး၊ ျပန္သိမ္း အလုပ္ေတာ့ရႈတ္ၾကေပမဲ့ ေပ်ာ္စရာႀကီးပါ။ ေနာက္ အဲဒီ႐ြာက ကြမ္းစိုက္ေတာင္သူေတြကို ေခ်းေငြထုတ္ေပးတာလည္း လုပ္ခဲ့ၾကပါတယ္။ သံ႐ုံးေတြနဲ႔ ကုလအဖြဲ႕ေတြကလည္း စိတ္ဝင္စားလို႔ ေလ့လာၾကပါတယ္။ က်မတို႔ ေခ်းေငြမတည္ေပးခဲ့တဲ့ ကရင္ဆိပ္ေက်း႐ြာက သံလ်င္ ေက်ာက္တန္းဘက္မွာဆိုေတာ့ ေက်ာက္တန္းဘက္က႐ြာေတြကလည္း ပါခ်င္တာေပါ့။ သူတို႔က ျပည္ခိုင္ၿဖိဳးအသင္းကေန တာဝန္ယူမယ္ဆိုလို႔ အသာေလး ခပ္ခြာခြာေနခဲ့ၾကတာပါ။ မမလွဝတီက NLD အမာခံ၊ ၾကည့္ျမင္တိုင္စည္းထင္တာဘဲ။

က်မက အသင္းမွာ National & International Relations Sub-committee ရဲ႕ Incharge ဆိုေတာ့ INGO ေတြ၊ UN အဖြဲ႕ေတြက ဖိတ္တဲ့ပြဲေတြ တက္ရတာလက္မလည္၊ တေန႔ေတာ့ UNDP ရဲ႕ အစီအစဥ္နဲ႔ ဆရာဝန္မ်ားအသင္းမွာ private sector က အလုပ္သမားေတြကို HIV/AIDS ကာကြယ္ေရး ပညာေပး ေဆြးေႏြးပြဲဖိတ္ပါတယ္။ ထုံးစံအတိုင္း က်မဘဲ တာဝန္က်ေတာ့ သြားတက္ရတာေပါ့။ ေဆြးေႏြးပြဲကလည္း က်မတေယာက္ဘဲ တက္တာ၊ ဘယ္သူမွ အေရးတယူလာမတက္ၾကပါဘူး။ က်မကလည္း UNAIDS (The Joint United Nations Program on HIV and AIDS is the main advocate for accelerated, comprehensive and coordinated global action on the HIV/AIDS pandemic) ရဲ႕ Consultant/Advisor Dr. Owen Wrigley ကို အားနာ၊ က်မတို႔ ျမန္မာလုပ္ငန္းရွင္အေတာ္မ်ားမ်ားက ပိုက္ဆံဘဲရွာဖို႔ အားထုတ္၊ ကိုယ့္အလုပ္သမားေတြၾကား က်န္းမာေရးပညာေပးက်ေတာ့ မလုပ္ခ်င္ၾကဘူးေပါ့။ UNDP က ေဆာ္ၾသတာ အားနည္းလို႔လည္းျဖစ္ႏိုင္ပါတယ္။ အားနာပါးနာ Owen ႀကီးပညာေပးတာခံယူလိုက္ပါတယ္။ ျဖစ္ခ်င္ေတာ့ အဲဒီ Owen ႀကီးနဲ႔ အေမႀကီးကားမွာ ခမည္းခမက္အေနနဲ႔ ျပန္ဆုံရတယ္ေလ။ သူ႔ရဲ႕ Step daughter နဲ႔ က်မသားငယ္ ဖူးစာဆုံၾကၿပီး မဂၤလာဧည့္ခံပြဲက်ေတာ့ တေယာက္နဲ႔တေယာက္ ျမင္ဘူးပါတယ္ေပါ့။ ေအာ္..ေရစက္မ်ား..ဆုံၾကပုံ.. အခုေတာ့ ေျမး ၃ ေယာက္လုထိန္းေနရတဲ့အျဖစ္။

Chapter 5
အသင္းတသင္းထူေထာင္ၿပီး ပရဟိတလုပ္လုပ္၊ စီးပြားေရးဘဲလုပ္လုပ္ Growing Pain လို႔ေခၚတဲ့ ႀကီးထြားမႈဒဏ္လည္း ေနာက္ကပါလာတတ္တဲ့ သဘာဝရွိပါတယ္။ အသင္းႏွစ္ပတ္လည္ကို အင္းလ်ားကန္ေစာင္းက MBC Myanmar Business Center မွာ လုပ္ခဲ့ၾကပါတယ္။ ေနာက္ ႏိုင္ငံတကာက Speaker ေတြလာတဲ့အခါ ႐ုံးခန္းမွာ သင္တန္းေတြ၊ Workshop ေတြလုပ္ပါတယ္။ က်မကလည္း တက္ခဲ့တဲ့ Workshop ေတြ သင္တန္းေတြနဲ႔ ပတ္သက္ၿပီး ျပန္ရွင္းျပရပါတယ္။ 'ဒီလို သင္တန္းေတြ၊ Workshop ေတြအတြက္ က်မတို႔ ရတနာပုံက အားလုံး ေမတၱာနဲ႔ ကူညီခဲ့တာပါ။ က်မတို႔ ဆီကို Oxford က ပါေမာကၡတေယာက္လာၿပီး Business Management သင္တန္းေပးေတာ့ ေဒါက္ခင္စႏၵာဝင္း (အဲ့ဒီတုန္းက သူက နရဝတ္ဟိုတယ္ပိုင္ရွင္ေပါ့) တက္ပါတယ္။ ညေနက် သူ႔ဟိုတယ္ရဲ႕ ေဇာ္ဂ်ီ Lounge မွာ အဲဒီ ပါေမာကၡကို ဧည့္ခံေတာ့ က်မလိုက္ပို႔ေပးခဲ့ရတာမွတ္မိပါေသးတယ္။

MWEA ဆိုတဲ့ အမ်ိဳးသမီး NGO က ရွားရွားပါးပါးဆိုေတာ့ Bangkok Post သတင္းစာက ၄ ႀကိမ္ေျမာက္ ႏိုင္ငံတကာအမ်ိဳးသမီးညီလာခံ အႀကိဳအျဖစ္နဲ႔ Interview ပါတယ္။ ႏိုင္ငံတကာဆက္ဆံေရးတာဝန္ခံဆိုေတာ့ ကိုယ့္တာဝန္ေပါ့။ နဂိုကတည္းက "ဇ" ကေလးလည္းရွိေတာ့ ေျပာခ်င္ဆိုခ်င္ေလ။ ဆရာမႀကီးေဒၚရီရီျမင့္ တကၠသိုလ္႐ုံးခန္းမွာ ဗ်ဴးဖို႔ စီစဥ္၊ ဆရာမႀကီး ပီကင္းမွာလုပ္မယ့္ ႏိုင္ငံတကာ အမ်ိဳးသမီးညီလာခံတက္ဖို႔ အဝတ္အစားကအစ လိုအပ္တာေတြျပင္ဆင္ေပါ့။ အေမရိကန္သမၼတကေတာ္ Hillary Clinton လည္းတက္မယ္။ ေနအိမ္အက်ယ္ခ်ဳပ္က်ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကလည္း Video မိန႔္ခြန္းပို႔မယ္ေလ။ ျမန္မာႏိုင္ငံက ကိုယ္စားလွယ္အဖြဲ႕ကေတာ့ ကမာၻ႔အမ်ိဳးသမီးညီလာခံကို အမ်ိဳးသားေတြဦးေဆာင္ၿပီး တက္ေရာက္ခဲ့ၾကပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Madeline Albright က ပီကင္း အမ်ိဳးသမီးညီလာခံကအျပန္ ရန္ကုန္ဝင္ပါတယ္။ အေမရိကန္သံ႐ုံးအႀကီးအကဲရဲ႕ စီစဥ္မႈနဲ႔ က်မ Madeline Albright နဲ႔ ေတြ႕ဆုံခြင့္ရခဲ့ပါတယ္။ အဲဒီတုန္းက Madeline Albright ရဲ႕ speech writer ျဖစ္တဲ့ Tom Malinowski က အခု လႊတ္ေတာ္အမတ္ျဖစ္ေနပါၿပီ။

ဥကၠ႒ႀကီး မမစိန္က ဒဂုံၿမိဳ႕နယ္မွာ ႏွံ႔စပ္ေတာ့ အသင္းအတြက္ အေဆာက္အဦးႀကီးေဆာက္ဖို႔ သူေနရာရွာဖို႔ ႀကိဳးစားပါတယ္။ အခု ဦးဝိစာရလမ္းထိပ္၊ ဘုရားလမ္းမႀကီးေပၚမွာ ရွိေနတဲ့ MWEA Tower ဆိုတဲ့ အေဆာက္အဦႀကီးေဆာက္ဖို႔ ေျမေနရာေပါ့။ အဲဒီေနရာက အရင္တုန္းက ၂ ထပ္အိမ္အိုႀကီး ဒဂုံၿမိဳ႕နယ္ေကာင္စီ၊ တရား႐ုံး၊ လူဝင္မႈ႐ုံး အားလုံးစုေပါင္းထားတဲ့ ေနရာပါ။ ေဒါင့္မွာ သမဝါယမအသင္းလည္းရွိတယ္ထင္ပါတယ္။ စုေပါင္း႐ုံးဆိုေတာ့ ျပည္ခိုင္ၿဖိဳးအသင္းလည္းရွိေတာ့တာေပါ့။ အဲဒီမွာဇတ္လမ္းက စ ေတာ့တာပါဘဲ။ မမစိန္က ေနရာရေအာင္ ခ်ဥ္းကပ္တာ ဆြဲအေစ့ခံရမယ့္သေဘာ။ ျပည္ခိုင္ၿဖိဳးထဲဝင္ဖို႔ အသင္းဝင္ေလွ်ာက္လႊာေတြ ေပးလိုက္ပါေလေရာ။ က်မကေတာ့ ကိုယ္ပိုင္ခံယူခ်က္မူအရ မဝင္ပါဘူး။ မမစိန္ကေတာ့ ဝင္ခ်င္မွဝင္ပါေပါ့။ ဒါေပသိ ဝင္ရင္ေတာ့ ဘာလုပ္လုပ္ ပိုအဆင္ေျပမယ့္သေဘာေပါ့။ ေနာက္ အမ်ားသေဘာတူ မဝင္ၾကဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္လို႔ ထင္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး က်မက သံ႐ုံးဧည့္ခံပြဲမွာ ေျပာျပျဖစ္ပါတယ္။ ဒီသတင္းက DASSK ဆီေရာက္သြားၿပီး သူ႔ရဲ႕ Weekend မိန႔္ခြန္းမွာပါသြားပါတယ္။ အမ်ိဳးသမီးအသင္းမွာ ျပည္ခိုင္းၿဖိဳး အသင္းထဲဝင္သင့္မသင့္ ဒီမိုကေရစီနည္းနဲ႔ ေျဖရွင္းလိုက္ႏိုင္တယ္ဆိုတာကို ခ်ီးက်ဴးလိုက္တဲ့စကားပါ။

အဲဒါနဲ႔ ပတ္သက္ၿပီး အသင္းမွာ နည္းနည္း ကသိကေအာက္ျဖစ္သြားပုံရပါတယ္။ က်မလည္း ၾကာၾကာေနရင္ ဒီျပည္ခိုင္ၿဖိဳးနဲ႔ ပတ္သက္ရေတာ့မယ္။ မျဖစ္ေခ်ဘူးဆိုၿပီး အသင္းကေန ဝမ္းနည္းစြာနဲ႔ ႏႈတ္ထြက္ခဲ့ပါတယ္။ အသင္းကႏႈတ္ထြက္ခဲ့ေပမဲ့ ခ်စ္ခင္ရင္းႏွီးခဲ့ မမေတြကိုအခုထိ ခ်စ္ဆဲပါ။ အထူးသျဖင့္ မမလွဝတီ..႐ိုးသားပြင့္လင္းတဲ့ ၾကည့္ျမင္တိုင္က ပတ္ကေညာကရင္မႀကီး၊ သူ ဥကၠ႒ျဖစ္ၿပီး အဗ်ဴးခံေနတာေတြ ေတြ႕မိတဲ့အခါတိုင္း MWEA စထူေထာင္ကာစ ႐ုန္းကန္ခဲ့ၾကတာေတြ သတိရ။ မမႏုႏုရီနဲ႔ေတာ့ ႀကံႀကံဖန္ဖန္ ဘန္ေကာက္မွာ ခ်ိန္းမထားဘဲ မေမွ်ာ္လင့္ဘဲ ဆုံျဖစ္သလို ျပည္ေတာ္ျပန္ခြင့္ရေတာ့လည္း ေနျပည္ေတာ္အျမန္လမ္းမွာ နားရင္းဆုံခဲ့ၾကပါေသးတယ္။ ေနာက္တေခါက္ရန္ကုန္ေရာက္ေတာ့ မမႏု ဆုံးရွာပါၿပီ။ မလုံးရဲ႕ ဟာသေတြကို တသသျပန္ေျပာတတ္တဲ့ မမႏု ကိုလြမ္းပါတယ္။

အခုေတာ့ MWEA အသင္းႀကီးက တကယ့္ လူဂုဏ္တန္ Elite ေတြ၊ လုပ္ငန္းရွင္ သူႂကြယ္မႀကီးေတြ (စာေရးဆရာမႀကီးေစာမုံညႇင္းေခၚတဲ့ အသုံးပါ) နဲ႔ ထယ္ထယ္ဝါဝါ ASEAN မွာပါ ဝင္ဆန႔္တဲ့ ေအာင္ျမင္တဲ့ အမ်ိဳးသမီးအဖြဲ႕ႀကီးေပါ့။ သူေဌးမႀကီးေဒၚထူးရဲ႕ သမီး မခိုင္ေဇာ္လည္း MWEA မွာ ဦးေဆာင္ေနတာေတြ႕ရၿပီး Regional မွာ ေရွ႕တန္းေရာက္ေနတာေတြ႕ရလို႔ ဂုဏ္ယူပါတယ္။ ေဒါက္တာသက္သက္ခိုင္တို႔လို ပညာတတ္ အမ်ိဳးသမီးေတြလည္းပါရဲ႕။ ေႂကြေႂကြဇင္တေယာက္လည္း ေဒသတြင္းေအာင္ျမင္တဲ့လုပ္ငန္းရွင္တေယာက္အေနနဲ႔ ဆုယူတာ သတင္းေတြမွာ ဖတ္လိုက္ရပါတယ္။

ဆရာမႀကီး ေဒၚရီရီျမင့္ရဲ႕ Brain Child လို႔ေျပာရမယ့္ MWEA ရဲ႕ မူလ ရည္႐ြယ္ခ်က္ျဖစ္တဲ့ ဘဏ္ေတြရဲ႕ ေခ်းေငြ လက္လွမ္းမမွီတဲ့ ႏြမ္းပါးတဲ့အမ်ိဳးသမီးေတြအတြက္ ေငြရင္းေငြႏွီးမတည္ေပးတဲ့အစီအစဥ္ကို အခက္အခဲေတြနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆက္မလုပ္ျဖစ္ဘူးလို႔ က်မ ၂၀၁၃ ခုႏွစ္က ဆရာမႀကီးကို က်မေတြ႕ဆုံေမးျမန္းခဲ့တုန္းကေျပာဘူးပါတယ္။

ကိုယ္တိုင္မပါဝင္ႏိုင္ေတာ့ေပမဲ့ အသင္းႀကီးတိုးတက္ႀကီးပြားလာတာကို မုဒိတာပြားရင္း ဂုဏ္ယူပါတယ္။ မူလ ရည္႐ြယ္ရင္းထဲက တခုျဖစ္တဲ့ႏြမ္းပါးသူေတြကို ကူညီတဲ့အစီအစဥ္ေလး ဆက္လုပ္ေပးႏိုင္ရင္ေကာင္းမွာဘဲလို႔ ေတြးရင္း...
https://www.youtube.com/watch?v=OT2G14ixBcQ

Ref: MWEA Facebook page, about..

ျမန္မာအမ်ိဳးသမီးစီးပြားေရးစြမ္းေဆာင္ရွင္မ်ားအသင္း(MWEA) သည္ ၁၉၉၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁၂) ရက္ေန႔တြင္ စတင္တည္ေထာင္ခဲ့ၿပီး အက်ိဳးအျမတ္အတြက္ ဘာသာေရးအတြက္ မဟုတ္သည့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းအျဖစ္ ရပ္တည္ခဲ့ပါသည္။ ေခတ္မွီတိုးတက္ေသာ ႏိုင္ငံေတာ္ သစ္တည္ေဆာက္ရာတြင္ ျမန္မာအမ်ိဳးသမီး စီးပြားေရး စြမ္းေဆာင္ရွင္မ်ားအသင္းႀကီးမွလည္း ႏိုင္ငံေတာ္ ၏ စီးပြားေရး၊ လူမႈ႕ေရးတိုးတက္မႈ႕မ်ားကို ပူးေပါင္း ေဆာင္႐ြက္လွ်က္ရွိပါသည္။ စီးပြားေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနေသာ အမ်ိဳးသမီးမ်ားး၏ အရည္အေသြးအားျမႇင့္တင္ေပးရန္အတြက္ ပညာရပ္ႏွင့္ဗဟုသုတဆိုင္ရာေဟာေျပာပြဲ၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ စီးပြားေရးခ ်ိတ္ဆက္ႏိုင္ရန္အတြက္ ႏိုင္ငံတကာ ခရီးစဥ္မ်ားကိုလည္း စီစဥ္ေဆာင္႐ြက္လွ်က္ရွိပါသည္။
အသင္းႀကီးသည္ ျမန္မာအမ်ိဳးသမီးမ်ား၏ စီးပြားေရးက႑ႏွင့္ စြမ္းအားစုမ်ား စုစည္းမႈ႕ကိုေပၚလြင္ေစၿပီး စီးပြားေရးလုပ္ငန္းမ်ားတြင္ ဦးေဆာင္လုပ္ကိုင္လွ်က္ရွိေသာ အမ်ိဳးသမီးမ်ားအခ်င္းခ်င္း ဆက္သြယ္႐ိုင္းပင္းမႈ႕၊ ေဆြးေႏြးညႇိႏိုင္းမႈ႕၊ ပူးေပါင္းလုပ္ေဆာင္မႈ႕မ်ားကို ျဖစ္ေပၚေစျခင္း၊ တိုးတက္ေခတ္မွီေသာ စီးပြားေရးခန႔္ခြဲမႈ႕ နည္းပညာမ်ားကိုျပန႔္ပြားေအာင္ေဆာင္႐ြက္ေပးႏိုင္ျခင္း၊ ျပည္တြင္း၊ ျပည္ပမွ စီးပြားေရးပညာရွင္မ်ားႏွင့္လည္း ဆက္သြယ္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးေသာေၾကာင့္ ယုံၾကည္စိတ္ဝင္စားသူမ်ားျပားလာၿပီး အသင္းသို႔ အသင္းဝင္သစ္မ်ား တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုဝင္ေရာက္လွ ်က္ရွိပါသည္။